Yoyarlay added 2 new photos.
လူတိုင္းမွာ အိပ္မက္ကုိယ္စီရွိၾကပါတယ္။ ဒါေပမဲ့ အိပ္မက္ကို တိတိက်က် တိုင္းတာလို႕ မရသလို ဘယ္ေလာက္ထိေ၀းတယ္ဆိုတာလည္း ေျပာဖို႕ခက္ ပါလိမ့္မယ္။
ေတးေရး ကိုစေနကေတာ့ အိုင္းရင္းဇင္မာျမင့္၊ ခ်မ္းခ်မ္း၊ ေနေန၊ ၀တ္ရည္ထက္၊ မီးႏို၊ ေက်ာ္သီဟ၊အမ္မလီေမာင္၊ ျဖဴျဖဴဟန္၊အိစက္ညက္ေညာ
ေကေကမိုး၊ ေကာင္းေကာင္း၊ စတဲ့ အဆိုေတာ္ေတြနဲ႕အတူ မိုင္ ၁၆၀၀ အေ၀းက အိပ္မက္ရယ္လို႕ အေတြးအျမင္သစ္နဲ႕ ဂီတသံစဥ္မ်ားကို ပရိသတ္ထံ တင္ဆက္လိုက္ပါျပီ။
၂၀၁၆ ဇန္န၀ါရီ ၅ ရက္ေန႕က The Sun Music မွ ျဖန္႔ခ်ိခဲ့တဲ့ “မိုင္ ၁၆၀၀ အေ၀းက အိပ္မက္”ဆိုတဲ့ ေတး စီးရီးကို ကိုယ္တိုင္ေရးစပ္သီကံုးျပီး ထုတ္ေ၀ ခဲ့တဲ့ ေတးေရးေတးဆို ကိုစေနကို ႐ိုးရာေလးမွ သြားေရာက္ေတြ႕ဆံုအင္တာဗ်ဴးခဲ့ပါတယ္။
ေမး - စီးရီးအမည္ေလးက ဆန္းတယ္ေနာ္ အစ္ကို၊ ဒီ Title ကို ေပးျဖစ္ခဲ့တဲ့ အေၾကာင္း ရင္းကို ေျပာျပေပးပါလား။
ေျဖ - စီးရီး Title ကို “မိုင္ ၁၆၀၀ အေ၀းက အိပ္မက္”လို႕ အမည္ေပးရတဲ့ အေၾကာင္း ရင္းက လူတိုင္းမွာ အိပ္မက္တစ္ခုေတာ့ ရွိၾကတယ္။ အိမ္ခန္းငွား၊ ဘတ္စ္ကားတိုး စီးေနရသူမွာ ကိုယ္ပိုင္ျခံတိုက္ၾကီးကားၾကီး နဲ႕ ေနခ်င္တဲ့ အိပ္မက္ရွိတယ္။ ေစ်းေရာင္း စီးပြားရွာတဲ့သူေတြ မီလ်ံနာၾကီးေတြျဖစ္ခ်င္ တဲ့အိပ္မက္ရွိတယ္။ အႏုပညာ ၀ါသနာပါ သူေတြမွာ ဒါ႐ုိက္တာၾကီး၊ မင္းသားမင္းသမီး အဆိုေတာ္ၾကီးျဖစ္ ခ်င္တဲ့ အိပ္မက္ရွိ တယ္။ လူၾကီးလူငယ္အားလံုးရဲ႕ လိုအင္ဆႏၵစိတ္ကူးေမွ်ာ္လင့္ခ်က္ေတြဟာ အိပ္မက္ေလးတစ္ခုလိုပါပဲ။ မိုင္ ၁၆၀၀ ဆိုတာက အလွမ္းကြာေ၀းတာကို ကိန္းဂဏန္း နဲ႕ႏႈိင္းယွဥ္ျပခ်င္တဲ့ အဓိပၸာယ္ေလးပါ။ အိပ္မက္ခ်င္းတူေပမယ့္ အကြာအေ၀းခ်င္းတူခ်င္ မွတူမယ္၊ ၾကိဳးစားအားထုတ္မႈတူခ်င္မွတူမယ္။
ေမး - အႏုပညာေလာကထဲစတင္ဝင္ေရာက္ခ့ဲခ်ိန္နဲ႕ဝင္ေရာက္ခ့ဲပံုေျပာျပေပးပါလား။
ေျဖ - ၂၀၀၁ မွာ “မင္းသာကိုယ့္ရဲ႕ အရာရာတိုင္း” ဆိုတဲ့ စီးရီးကို စေနဆိုတဲ့ နာမည္နဲ႔ ကိုယ္တိုင္သီဆိုျပီး အႏု ပညာေလာကကို စတင္၀င္ေရာက္ခဲ့ ပါတယ္။ ၂၀၀၉ က်မွ ေတးေရးစီစဥ္သူအျဖစ္နဲ႕ ပထမဆံုး “အရင္တိုင္း ထက္” ဆိုတဲ့ စုေပါင္းေခြကို ထုတ္ခဲ့ဖူးပါတယ္။
ေမး - သီခ်င္းကိုကိုယ္တိုင္ဆိုရန္အစီအစဥ္ရွိမရွိ သိပါရေစ။
ေျဖ - ေလာေလာဆယ္ေတာ့ ကိုယ္တိုင္ဆိုဖို႕ အစီအစဥ္မရွိေသးပါဘူး။
ေမး - စီးရီးမွာပါ၀င္တဲ့အဆိုေတာ္ေတြက အေတာ္ေလးစံုတယ္ေနာ္။ အဆိုေတာ္ေတြကို ကိုယ္တိုင္ ေရြးခ်ယ္ခ့ဲ တာလား။ သူတို႕အတြက္ေရးေပး ခ့ဲတာေတြကိုစုစည္းထားတာလား။
ေျဖ - သီခ်င္းေတြက မ်ားေသာအားျဖင့္ ကၽြန္ေတာ္ေရးစုထားတဲ့ သီခ်င္းေတြျဖစ္ျပီး သီခ်င္းနဲ႕လိုက္ဖက္တဲ့ အဆိုေတာ္ေတြကို သူငယ္ခ်င္းေတြ ဆီကတဆင့္ မိတ္ဆက္ေပးခဲ့ျပီး ကၽြန္ေတာ္ကိုယ္တိုင္ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါ
တယ္။တခ်ိဳ႕က်ေတာ့ သူတို႕ၾကိဳက္တဲ့ ပံုစံနဲ႕ ဆိုခ်င္တဲ့ သီခ်င္း မ်ိဳးကို ျပန္ေရးေပးထားတာလည္းရွိပါတယ္။
ေမး - ဒီအေခြထဲမွာ ပါ၀င္တဲ့ သီခ်င္းအမ်ိဳးအစားေတြနဲ႔ အႏွစ္သက္ဆံုး သီခ်င္းရွိရင္ ေျပာျပေပးပါလား။
ေျဖ - R&B Pop Rock Modern Rock စံုစံုလင္လင္ပါပါတယ္။ “အရင္တိုင္းထက္” အေခြထက္ သီခ်င္းပံုစံပိုစံုပါ တယ္။ သီခ်င္းအားလံုးကို ကၽြန္ေတာ္အားရႏွစ္သက္သလို အဆိုေတာ္ေတြအားလံုးကလည္း ပိုင္ႏုိင္စြာ သီဆိုေပး ထားပါတယ္။
ေမး - အႏုပညာရွင္တစ္ေယာက္အေနနဲ႕ အႏုပညာအေပၚ ခံယူခ်က္ကို ေျပာျပေပးပါလား။
ေျဖ - ကၽြန္ေတာ့္သေဘာကေတာ့ အႏုပညာမွာ အေကာင္းဆံုး ဆိုတာမရွိဘူး။
ေကာင္းတယ္၊ ပိုေကာင္းတယ္၊ ၾကိဳက္တယ္၊ အရမ္းၾကိဳက္တယ္ ဒီလိုပဲရွိမယ္။ ဒါကေတာ့ သူ႕အၾကိဳက္၊ ကိုယ့္အၾကိဳက္မတူႏုိင္ ၾကေတာ့ ေျပာ လို႕ရတာေပါ့။ ဒါေပမဲ့ ဒီေန႕အထိ ဂီတသံစဥ္ေတြကို မထပ္ပဲ Melody အမ်ိဳးမ်ိဳးေရးစပ္ႏိုင္ၾက သလို ေနာက္ လည္းဆက္ျပီး ပံုစံသစ္ သံစဥ္သစ္ အမ်ားၾကီးကို ဖန္တီးႏိုင္ေနမွာပဲဆိုေတာ့ အႏုပညာ မွာ ဖန္တီးမႈေတြ အျမဲရွိေနမွာပါပဲ။ ဒါက ကၽြန္ေတာ့္ရဲ႕ အႏုပညာအေပၚခံယူခ်က္ပါ။
ေမး - လက္ရွိေအာင္ျမင္မႈအေပၚ ေက်နပ္မႈအတိုင္းအတာနဲ႕ ဘာေတြ ဆက္လုပ္ဖို႕ ရည္မွန္းထားလဲ ဆိုတာကို ပရိသတ္ကိုေျပာျပေပးပါလား။
ေျဖ - လက္ရွိေအာင္ျမင္မႈရယ္လို႕ ကၽြန္ေတာ့္မွာေျပာစရာအေထြအထူး မရွိေသးပါဘူး။ ကၽြန္ေတာ္ၾကိဳးစားျပီး ေရးသားစီစဥ္ခဲ့တဲ့ စီးရီေခြေလး အစအဆံုးေအာင္ျမင္ စြာျပီးေျမာက္ျပီး ပရိသတ္ေရွ႕ေက်နပ္အားရစြာနဲ႕ တင္ျပေပးႏိုင္ခဲ့တာဟာ ကၽြန္ေတာ့္ရင္ထဲမွာ ေအာင္ျမင္မႈတစ္ခုရရွိသြားသလိုပါပဲ။ ေရွ႕ဆက္ျပီးေတာ့လည္း ကၽြန္ေတာ္၀ါသနာပါတဲ့ ဂီတအႏုပညာကို တတ္ႏိုင္တဲ့အခ်ိန္ေတြထဲမွာ ပိုေကာင္း ပိုျပည့္စံုေအာင္ ဆက္လက္ ၾကိဳးစားသြားမွာပါ။ အထူးသျဖင့္ ၀ါသနာပါျပီး အရည္အခ်င္းရွိ္တဲ့ လူငယ္မ်ိဳးဆက္သစ္ေလးေတြကို အခြင့္အလမ္း သစ္အေနနဲ႕ ဦးစားေပးျပီး ပါရမီျဖည့္ေပးခ်င္တယ္။ ပထမအေခြ “အရင္တိုင္းတက္” ဆိုတဲ့အေခြ မွာေရာ အခု “မိုင္ ၁၆၀၀ အေ၀းက အိပ္မက္” အေခြမွာပါ လက္ရွိေအာင္ျမင္ေက်ာ္ၾကားေနတဲ့ အဆိုေတာ္ေတြရဲ႕အကူအညီနဲ႕ အသစ္လူငယ္ေလးေတြကို အႏုပညာလမ္းေၾကာင္းေပၚ တြဲေခၚျပီး သူတို႕ရဲ႕ အိပ္မက္ရွိရာကိုပို႕ေပးခ်င္ပါတယ္။
ေမး - ဒီအႏုပညာကို ဝါသနာအရလုပ္ေပမဲ့ ေငြေၾကးနဲ႔ပတ္သက္တဲ့ သေဘာထား ကို ေျပာျပေပးပါလား။
ေျဖ - အႏုပညာတစ္ခု ေကာင္းတယ္ မေကာင္းဘူးဆို တာ ေငြေၾကး အနည္းအမ်ားနဲ႕ မဆိုင္ေပမဲ့ ေငြေၾကး ေထာက္ပံ့ႏုိင္မွ လုပ္ေဆာင္ အေကာင္အထည္ေဖာ္ႏုိင္တာပါ။ ကၽြန္ေတာ္၀ါသနာပါတယ္ဆို႐ံုနဲ႕ ဘယ္သူမွ စတူဒီယို၊ တီး၀ိုင္း၊ ဒါ႐ုိက္တာ၊ ေၾကာ္ျငာ စတာေတြက အလကားကူညီေပးမွာမဟုတ္ပါဘူး။ ကံေကာင္းတာက ကၽြန္ေတာ့္ကို နားလည္ခ်စ္ခင္တဲ့ သူငယ္ခ်င္းေတြဆီက အကူအညီအမ်ားၾကီးရတာေတာ့ အမွန္ပါပဲ။ အထူးသျဖင့္ အခေၾကးေငြမၾကည့္ပဲ ပါ၀င္ကူညီသီဆိုေပးထားတဲ့ အဆိုေတာ္ေတြကို အမ်ားၾကီး ေက်းဇူးတင္ပါ တယ္။ သူတို႕ရဲ႕ကူညီမႈေၾကာင့္ လည္း ကၽြန္ေတာ့္မွာ တတ္ႏိုင္တဲ့ေငြေၾကးနဲ႕ “မိုင္ ၁၆၀၀ အေ၀းက အိပ္မက္”ကို ဆက္လက္အေကာင္ အထည္ေဖာ္ႏိုင္ခဲ့သလို ၀ါသနာပါတဲ့ အႏုပညာကိုလည္း ဆက္လက္လုပ္ေဆာင္ဖို႕ ယံုၾကည္ခ်က္ေတြ၊ ခြန္အားေတြ အမ်ားၾကီးရလာပါတယ္။ အက်ိဳးအျမတ္အေန နဲ႕ေတာ့ ဘာမွေမွ်ာ္လင့္ မထားပါဘူး။ ေအာင္ျမင္သြားရင္ အႏုပညာ၀ါသနာပါတဲ့ ညီအစ္ကိုေမာင္ႏွမေတြ သူတို႕ရဲ႕အိပ္မက္ရွိရာ စင္ျမင့္ေပၚကို ေရာက္သြားတာျမင္ရရင္ ဒါဟာ ကၽြန္ေတာ့္အတြက္ ေအာင္ျမင္မႈနဲ႕ အက်ိဳးအျမတ္ပါပဲ။
ကိုစေနရဲ႕ ဒီအေခြေလးကို ဘယ္ေတာ့ထြက္မွာလဲ ေမးတဲ့ပရိသတ္ မ်ားအတြက္
"စာနယ္ဇင္းမိတ္ဆက္ပြဲကို ၂၀၁၅ ႏွစ္ဦးပိုင္းမွာ က်င္းပခဲ့ေပမဲ့ Mixing ပိုင္းမွာ အေတာ္ေလးၾကိဳးစားထားတာမို႕ အခ်ိန္ယူေနရတာပါ၊ ခရီးက အလွမ္း ကြာေ၀းျပီး မိုင္ ၁၆၀၀ ေတာင္မွ ေ၀းတာမို႕ အနည္းငယ္ၾကာသြားတာပါ" လို႕ ဟာသေႏွာ လ်ွက္ ေျပာၾကားသြားပါတယ္။ ဒီဇင္ဘာ ၅ ရက္ေန႕က CD ထြက္ရွိထားတဲ့ မိုင္ ၁၆၀၀ အေ၀းက အိပ္မက္ ေခြကို DVD အျဖစ္ April လေလာက္မွ ထြက္ႏိုင္ေအာင္ စီစဥ္ေနေၾကာင္းလည္း ကိုစေနက ေျပာၾကားသြားပါတယ္။
မွတ္ခ်က္ - ႐ိုးရာေလးပရိသတ္မ်ားထဲမွ ဒီပို႕စ္ကို share လုပ္ျပီး Like အမ်ားဆံုးရတဲ့ ပရိသတ္ (၁၀) ဦးကို “မိုင္ ၁၆၀၀အေ၀းကအိပ္မက္”သီခ်င္းေခြကို ေမတၱာလက္ေဆာင္
ေပးအပ္သြားပါမည္။
စံ၀န္းနီ (႐ိုးရာေလး) www.yoyarlay.com #swn_yyl #interview_yyl
(Unicode Version)
“မိုင် ၁၆၀၀ အဝေးက အိပ်မက်”
လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ အိပ်မက်ကို တိတိကျကျ တိုင်းတာလို့ မရသလို ဘယ်လောက်ထိဝေးတယ်ဆိုတာလည်း ပြောဖို့ခက် ပါလိမ့်မယ်။
တေးရေး ကိုစနေကတော့ အဆိုတော်များဖြစ်တဲ့ အိုင်းရင်းဇင်မာမြင့်၊ ချမ်းချမ်း၊ ဝတ်ရည်ထက်၊ မီးနို၊ ကျော်သီဟ၊အမ်မလီမောင်၊ ဖြူဖြူဟန်၊ နေနေ၊
ကေကေမိုး၊ ကောင်းကောင်း၊ အိစက်ညက်ညော စတဲ့ အဆိုတော်တွေနဲ့အတူ မိုင် ၁၆၀၀ အဝေးက အိပ်မက်ရယ်လို့ အတွေးအမြင်သစ်နဲ့ ဂီတသံစဉ်များကို ပရိသတ်ထံ တင်ဆက်လိုက်ပါပြီ။ ၂၀၁၆ ဇန်နဝါရီ ၅ ရက်နေ့က The Sun Music မှ ဖြန့်ချိခဲ့တဲ့ “မိုင် ၁၆၀၀ အဝေးက အိပ်မက်”ဆိုတဲ့ တေး စီးရီးကို ကိုယ်တိုင်ရေးစပ်သီကုံးပြီး ထုတ်ဝေ ခဲ့တဲ့ တေးရေးတေးဆို ကိုစနေကို ရိုးရာလေးမှ သွားရောက်တွေ့ဆုံ အင်တာဗျူးခဲ့ပါတယ်။
မေး - စီးရီးအမည်လေးက ဆန်းတယ်နော် အစ်ကို၊ ဒီ Title ကို ပေးဖြစ်ခဲ့တဲ့ အကြောင်း ရင်းကို ပြောပြပေးပါလား။
ဖြေ - စီးရီး Title ကို “မိုင် ၁၆၀၀ အဝေးက အိပ်မက်”လို့ အမည်ပေးရတဲ့ အကြောင်း ရင်းက လူတိုင်းမှာ အိပ်မက်တစ်ခုတော့ ရှိကြတယ်။ အိမ်ခန်းငှား၊ ဘတ်စ်ကားတိုး စီးနေရသူမှာ ကိုယ်ပိုင်ခြံတိုက်ကြီးကားကြီး နဲ့ နေချင်တဲ့ အိပ်မက်ရှိတယ်။ ဈေးရောင်း စီးပွားရှာတဲ့သူတွေ မီလျံနာကြီးတွေဖြစ်ချင် တဲ့အိပ်မက်ရှိတယ်။ အနုပညာ ဝါသနာပါ သူတွေမှာ ဒါရိုက်တာကြီး၊ မင်းသားမင်းသမီး အဆိုတော်ကြီးဖြစ် ချင်တဲ့ အိပ်မက်ရှိ တယ်။ လူကြီးလူငယ်အားလုံးရဲ့ လိုအင်ဆန္ဒစိတ်ကူးမျှော်လင့်ချက်တွေဟာ အိပ်မက်လေးတစ်ခုလိုပါပဲ။ မိုင် ၁၆၀၀ ဆိုတာက အလှမ်းကွာဝေးတာကို ကိန်းဂဏန်း နဲ့နှိုင်းယှဉ်ပြချင်တဲ့ အဓိပ္ပာယ်လေးပါ။ အိပ်မက်ချင်းတူပေမယ့် အကွာအဝေးချင်းတူချင် မှတူမယ်၊ ကြိုးစားအားထုတ်မှုတူချင်မှတူမယ်။
မေး - အနုပညာလောကထဲစတင်ဝင်ရောက်ခဲ့ချိန်နဲ့ဝင်ရောက်ခဲ့ပုံပြောပြပေးပါလား။
ဖြေ - ၂၀၀၁ မှာ “မင်းသာကိုယ့်ရဲ့ အရာရာတိုင်း” ဆိုတဲ့ စီးရီးကို စနေဆိုတဲ့ နာမည်နဲ့ ကိုယ်တိုင်သီဆိုပြီး အနု ပညာလောကကို စတင်ဝင်ရောက်ခဲ့ ပါတယ်။ ၂၀၀၉ ကျမှ တေးရေးစီစဉ်သူအဖြစ်နဲ့ ပထမဆုံး “အရင်တိုင်း ထက်” ဆိုတဲ့ စုပေါင်းခွေကို ထုတ်ခဲ့ဖူးပါတယ်။
မေး - သီချင်းကိုကိုယ်တိုင်ဆိုရန်အစီအစဉ်ရှိမရှိ သိပါရစေ။
ဖြေ - လောလောဆယ်တော့ ကိုယ်တိုင်ဆိုဖို့ အစီအစဉ်မရှိသေးပါဘူး။
မေး - စီးရီးမှာပါဝင်တဲ့အဆိုတော်တွေက အတော်လေးစုံတယ်နော်။ အဆိုတော်တွေကို ကိုယ်တိုင် ရွေးချယ်ခဲ့ တာလား။ သူတို့အတွက်ရေးပေး ခဲ့တာတွေကိုစုစည်းထားတာလား။
ဖြေ - သီချင်းတွေက များသောအားဖြင့် ကျွန်တော်ရေးစုထားတဲ့ သီချင်းတွေဖြစ်ပြီး သီချင်းနဲ့လိုက်ဖက်တဲ့ အဆိုတော်တွေကို သူငယ်ချင်းတွေ ဆီကတဆင့် မိတ်ဆက်ပေးခဲ့ပြီး ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါ
တယ်။တချို့ကျတော့ သူတို့ကြိုက်တဲ့ ပုံစံနဲ့ ဆိုချင်တဲ့ သီချင်း မျိုးကို ပြန်ရေးပေးထားတာလည်းရှိပါတယ်။
မေး - ဒီအခွေထဲမှာ ပါဝင်တဲ့ သီချင်းအမျိုးအစားတွေနဲ့ အနှစ်သက်ဆုံး သီချင်းရှိရင် ပြောပြပေးပါလား။
ဖြေ - R&B Pop Rock Modern Rock စုံစုံလင်လင်ပါပါတယ်။ “အရင်တိုင်းထက်” အခွေထက် သီချင်းပုံစံပိုစုံပါ တယ်။ သီချင်းအားလုံးကို ကျွန်တော်အားရနှစ်သက်သလို အဆိုတော်တွေအားလုံးကလည်း ပိုင်နိုင်စွာ သီဆိုပေး ထားပါတယ်။
မေး - အနုပညာရှင်တစ်ယောက်အနေနဲ့ အနုပညာအပေါ် ခံယူချက်ကို ပြောပြပေးပါလား။
ဖြေ - ကျွန်တော့်သဘောကတော့ အနုပညာမှာ အကောင်းဆုံး ဆိုတာမရှိဘူး။
ကောင်းတယ်၊ ပိုကောင်းတယ်၊ ကြိုက်တယ်၊ အရမ်းကြိုက်တယ် ဒီလိုပဲရှိမယ်။ ဒါကတော့ သူ့အကြိုက်၊ ကိုယ့်အကြိုက်မတူနိုင် ကြတော့ ပြော လို့ရတာပေါ့။ ဒါပေမဲ့ ဒီနေ့အထိ ဂီတသံစဉ်တွေကို မထပ်ပဲ Melody အမျိုးမျိုးရေးစပ်နိုင်ကြ သလို နောက် လည်းဆက်ပြီး ပုံစံသစ် သံစဉ်သစ် အများကြီးကို ဖန်တီးနိုင်နေမှာပဲဆိုတော့ အနုပညာ မှာ ဖန်တီးမှုတွေ အမြဲရှိနေမှာပါပဲ။ ဒါက ကျွန်တော့်ရဲ့ အနုပညာအပေါ်ခံယူချက်ပါ။
မေး - လက်ရှိအောင်မြင်မှုအပေါ် ကျေနပ်မှုအတိုင်းအတာနဲ့ ဘာတွေ ဆက်လုပ်ဖို့ ရည်မှန်းထားလဲ ဆိုတာကို ပရိသတ်ကိုပြောပြပေးပါလား။
ဖြေ - လက်ရှိအောင်မြင်မှုရယ်လို့ ကျွန်တော့်မှာပြောစရာအထွေအထူး မရှိသေးပါဘူး။ ကျွန်တော်ကြိုးစားပြီး ရေးသားစီစဉ်ခဲ့တဲ့ စီးရီခွေလေး အစအဆုံးအောင်မြင် စွာပြီးမြောက်ပြီး ပရိသတ်ရှေ့ကျေနပ်အားရစွာနဲ့ တင်ပြပေးနိုင်ခဲ့တာဟာ ကျွန်တော့်ရင်ထဲမှာ အောင်မြင်မှုတစ်ခုရရှိသွားသလိုပါပဲ။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်ဝါသနာပါတဲ့ ဂီတအနုပညာကို တတ်နိုင်တဲ့အချိန်တွေထဲမှာ ပိုကောင်း ပိုပြည့်စုံအောင် ဆက်လက် ကြိုးစားသွားမှာပါ။ အထူးသဖြင့် ဝါသနာပါပြီး အရည်အချင်းရှိ်တဲ့ လူငယ်မျိုးဆက်သစ်လေးတွေကို အခွင့်အလမ်း သစ်အနေနဲ့ ဦးစားပေးပြီး ပါရမီဖြည့်ပေးချင်တယ်။ ပထမအခွေ “အရင်တိုင်းတက်” ဆိုတဲ့အခွေ မှာရော အခု “မိုင် ၁၆၀၀ အဝေးက အိပ်မက်” အခွေမှာပါ လက်ရှိအောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တွေရဲ့အကူအညီနဲ့ အသစ်လူငယ်လေးတွေကို အနုပညာလမ်းကြောင်းပေါ် တွဲခေါ်ပြီး သူတို့ရဲ့ အိပ်မက်ရှိရာကိုပို့ပေးချင်ပါတယ်။
မေး - ဒီအနုပညာကို ဝါသနာအရလုပ်ပေမဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ သဘောထား ကို ပြောပြပေးပါလား။
ဖြေ - အနုပညာတစ်ခု ကောင်းတယ် မကောင်းဘူးဆို တာ ငွေကြေး အနည်းအများနဲ့ မဆိုင်ပေမဲ့ ငွေကြေး ထောက်ပံ့နိုင်မှ လုပ်ဆောင် အကောင်အထည်ဖော်နိုင်တာပါ။ ကျွန်တော်ဝါသနာပါတယ်ဆိုရုံနဲ့ ဘယ်သူမှ စတူဒီယို၊ တီးဝိုင်း၊ ဒါရိုက်တာ၊ ကြော်ငြာ စတာတွေက အလကားကူညီပေးမှာမဟုတ်ပါဘူး။ ကံကောင်းတာက ကျွန်တော့်ကို နားလည်ချစ်ခင်တဲ့ သူငယ်ချင်းတွေဆီက အကူအညီအများကြီးရတာတော့ အမှန်ပါပဲ။ အထူးသဖြင့် အခကြေးငွေမကြည့်ပဲ ပါဝင်ကူညီသီဆိုပေးထားတဲ့ အဆိုတော်တွေကို အများကြီး ကျေးဇူးတင်ပါ တယ်။ သူတို့ရဲ့ကူညီမှုကြောင့် လည်း ကျွန်တော့်မှာ တတ်နိုင်တဲ့ငွေကြေးနဲ့ “မိုင် ၁၆၀၀ အဝေးက အိပ်မက်”ကို ဆက်လက်အကောင် အထည်ဖော်နိုင်ခဲ့သလို ဝါသနာပါတဲ့ အနုပညာကိုလည်း ဆက်လက်လုပ်ဆောင်ဖို့ ယုံကြည်ချက်တွေ၊ ခွန်အားတွေ အများကြီးရလာပါတယ်။ အကျိုးအမြတ်အနေ နဲ့တော့ ဘာမှမျှော်လင့် မထားပါဘူး။ အောင်မြင်သွားရင် အနုပညာဝါသနာပါတဲ့ ညီအစ်ကိုမောင်နှမတွေ သူတို့ရဲ့အိပ်မက်ရှိရာ စင်မြင့်ပေါ်ကို ရောက်သွားတာမြင်ရရင် ဒါဟာ ကျွန်တော့်အတွက် အောင်မြင်မှုနဲ့ အကျိုးအမြတ်ပါပဲ။
ကိုစနေရဲ့ ဒီအခွေလေးကို ဘယ်တော့ထွက်မှာလဲ မေးတဲ့ပရိသတ် များအတွက် "စာနယ်ဇင်းမိတ်ဆက်ပွဲကို ၂၀၁၅ နှစ်ဦးပိုင်းမှာ ကျင်းပခဲ့ပေမဲ့ Mixing ပိုင်းမှာ အတော်လေးကြိုးစား ထားတာမို့ အချိန်ယူနေရတာပါ၊ ခရီးက အလှမ်း ကွာဝေးပြီး မိုင် ၁၆၀၀ တောင်မှ ဝေးတာမို့ အနည်းငယ်ကြာသွားတာပါ" လို့ ဟာသနှော လျှက် ပြောကြားသွားပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က CD ထွက်ရှိထားတဲ့ မိုင် ၁၆၀၀ အဝေးက အိပ်မက် ခွေကို DVD အဖြစ် April လလောက်မှ ထွက်နိုင်အောင် စီစဉ်နေကြောင်းလည်း ကိုစနေက ပြောကြားသွားပါတယ်။
မှတ်ချက် - ရိုးရာလေးပရိသတ်များထဲမှ ဒီပို့စ်ကို share လုပ်ပြီး Like အများဆုံးရတဲ့ ပရိသတ် (၁၀) ဦးကို “မိုင် ၁၆၀ဝအဝေးကအိပ်မက်”သီချင်းခွေကို မေတ္တာလက်ဆောင်
ပေးအပ်သွားပါမည်။
စံဝန်းနီ (ရိုးရာလေး)


No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။