Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 3, 2016

ဗိုလ်ချုပ်အောင်ဆန်း ဘဝဖြစ်စဉ်နေ့စွဲများ (စ-ဆုံး)

ဗိုလ်ချုပ်အောင်ဆန်း ဘဝဖြစ်စဉ်နေ့စွဲများ
(စ-ဆုံး)
------------
ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်မခံလိုသူ
ဦးမင်းရောင်၏ မြေးဖြစ်၏ ။နတ်မောက်မြို့နေ ရှေ့နေကြီး ဦးဖာ-ဒေါ်စုတို့၏ သားထွေးဖြစ်၏ ။

၁၉၁၅ ။ ။ဖေဖေါ်ဝါရီလ ၁၃-ရက်။၁၂၇၆ခု တပေါင်းလဆန်း တစ်ရက်(စနေနေ့)တွင် နတ်မောက်မြို့၌ဖွားမြင်သည်။

ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသော်လည်း အကိုအောင်သန်း အမည်နှင့်လိုက်ရန် အောင်းဆန်းဟု ခေါ်ထွင်ခဲ့သည်။

၁၉၂၂။ ။အသက် ၇နှစ်တွက် နက်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်းတွင်နေခဲ့သည်။

၁၉၂၈။ ။ရေနံချောင်းမြို့ အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်း၍ နေခဲ့သည်။

၁၉၃၀။ ။သတ္တမတန်းအောင်သည် စကောလားရှစ်ရ၍ ဦးရွှေရိုးဆုရသည်။တလလျှင် ၁၀ဖြင့် သုံးနှစ်အတွက် စကောလားရှစ်ရသည်။

၁၉၃၂။ ။ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ရန်ကုန်တက္ကသိုလ်သို့ရောက်သည်။

၁၉၃၄။ ။ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ်-၂၃၁)။တကသ အမှုဆောင်ရွေးကောက်ပွဲဝင်ရာ၌ ရှုံးခဲ့သည်။

၁၉၃၅-၃၆။ ။တကသ အမှုဆောင်ရွေးကောက်ပွဲ ဝင်ရာ အရွေးခံရသည်။အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ထိုသို့ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်းတွင် "ခွေးသရမ်းကြီးလွတ်နေသည်"(Hell Hound Atlarge)ဆောင်းပါးရေးသူကို ထုတ်ဖော်မပြော၍ တက္ကသိုလ်မှ ကျောင်းထုတ်ခြင်းခံရသည်။

၁၉၃၆။ ။တကသ ဒု-ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်။ရန်ကုန်မြို့ ဂျူဘလီဟော ခန်းမတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံ၌ မိန့်ခွန်းပြောကြားသည်။

၁၉၃၇။ ။အင်္ဂလိပ်စာပေ ဥရောပရာဇဝင် နိုင်ရေးဗေဒ ဘာသာရပ်များဖြင့် ဝိဇ္ဇာတန်းအောင်သည်။(စာမေးပွဲ ခုံအမှတ်=၅၆)

၁၉၃၇-၃၈ ။ ။တကသ ဒု-ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။

၁၉၃၇။ ။ရန်ကုန်တက္ကသိုလ် သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ပဲခူးဆောင်အမှတ် ၁၁၃တွင် နေခဲ့သည်။

၁၉၃၈။ ။ဥပဒေပညာသင်ကြားရာ၌၎င်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာသမက္ကရားထူးမှ၎င်း နှုတ်ထွက်သည်။

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော နယူးဘားမား သတင်းစာတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ခေတ္တဝင်ရောက် လုပ်ကိုင်သည်။

ပထမဆုံး တက္ကသိုလ်ကျောင်းသားကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်အဖြစ်တင်မြောက်ခြင်းခံရသည်။

အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်းဦးဆောင်သော တို့ဗမာ အစည်းအရုံးသို့ ဝင်သည်။

၁၉၃၈-၃၉။ ။တကသ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။

၁၉၃၉။ ။ဇန်နဝါရီလတွင် ရန်ကုန်အရေးတကြီး လုံခြုံရေး အက်ဥပဒေဖြင့် ၁၅ရက် ထောင်ချ ဖမ်းဆီးခြင်းခံရသည်။

ဖေဖေါ်ဝါရီ ၂၅ရက်နေ့ည သန်ကောင်ကျော် ၂နာရီ ခွဲ အချိန် မြို့မကျောင်း၌ ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အသင်း အလုပ်အမှုဆောင် အစည်းအဝေးသို့တက်ရောက်သည်။

ဖေ ၂၆-ညနေ ၅နာရီခွဲအချိန်တွင် ဗမာနန်းရင်းဝန် မြို့မိမြို့ဖ အဖွဲ့ဝင် လူကြီးများနှင့် ကျောင်းသားခေါင်းဆောင်များ(ကျောင်းသား သပိတ်အရေးနှင့် စပ်လျဉ်း၍ )တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့တက်ရောက်သည်။

သြဂုတ် ၁၃ရက်…ရန်ကုန်ရေကျော်ရပ်…
တို့ဗမာအစည်းအရုံးတည်ရာ ဋ္ဌာန၌ သခင်အောင်ဆန်း သခင်လှဖေ ကိုသိန်းဖေ ကိုဗဟိန်း မစ္စတာ ဒက္ကားတို့သည် တို့ဗမာအစည်းအရုံးအတွင်းတွင် ကွန်မြူနစ်အဖွဲ့အစည်းလေးတစ်ရပ် စတင်ဖွဲ့စည်းသည်။

သြဂုတ် ၁၅ရက် ရန်ကုန်မြို့အရှေ့ပိုင်း ၄၉လမ်း အိမ်အမှတ် ၁၈၈တွင်…
ဗမာပြည် ကွန်မြူနစ်ပါတီကို လျှိုဝှက်စွာ တည်ထောင်ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

စက်တင်ဘာ ၁ရက် ဒေါက်ဘမော် အိမ်၌ ကျင်းပသော အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း အတွင်းရေးမှူးအဖြစ်တင်မြောက်ခြင်းခံရသည်။

နိုဝင်ဘာ ၈ရက်တွင် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို စတင် တည်ထောင်ဖွဲ့စည်းရာ၌ သခင်အောင်ဆန်းကို ပြည်ပခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်ကြသည်။

၁၉၃၉။ ။ဒီဇင်ဘာလမှ ၁၉၄၀ ဇန်နဝါရီလအတွင်း ဗမာတပြည်လုံးကို တရားလှည့်လည် ဟောခဲ့သည်။

၁၉၄၀။ ။မတ် ၂၂ရက်တွင်
အိန္ဒိယပြည် ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံသို့
သခင်သန်းထွန်း သခင်ခင်အောင် သခင်တင်မောင် သခင်ဆင်ဂူပတား ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်) ကိုဗဟိန်းတို့နှင့်အတူ တက်ရောက်ခဲ့သည်။မေ ၅ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရောက်သည်။

ဇွန် ၂၉ …
ဟင်္သာတခရိုင် ရာဇဝတ်ဝန် မစ္စတာဇေးဗီးယားက ဇွန်လ တရက်နေ့တွင် ဇလွန်မြို့၌ ချင်းတောင်အကြောင်း ဟောပြောမှုဖြင့် သခင်အောင်ဆန်းကို ၅ကျပ်တန် ဖမ်းဝရမ်းထုတ်သည်။

သြဂုတ် ၈ရက်…
သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိသော သဘောင်္ဖြင့် တရုတ်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွာသည်။

သြဂုတ် ၂၄…
တရုတ်ပြည် အမွိုင်မြို့သို့ ရောက်သည်။

နိုဝင်ဘာ ၁၂…
ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်သည်။

၁၉၄၁။ ။မတ်လ ၃ရက် တွင် ရုပ်ဖျက်ပြီး ဗမာပြည်သို့ ပြန်လာသည်။

မတ်လ ၉…
ရဲဘော် ၃ကျိတ်ထဲမှ ပထမအသုတ် လူငယ်တစ်စုပါ တစ်ပါတည်း လျှို့ဝှက်စွာခေါ်ပြီး ဂျပန်ပြည်သို့ ပြန်ထွက်သွားသည်။

မတ်လ ၂၇…
ဂျပန်ပြည် တိုကျိုမြို့သို့ ပြန်လည်ဆိုက်ရောက်သည်။

နိုဝင်ဘာလ…
ဝါရမ်းပြေးနေရစဉ် တက္ကသိုလ် အုပ်ချူပ်ရေူအဖွဲ့မှ နှုတ်ထွက်သည်။

ဒီဇင်ဘာ ၂၇…
စနေနေ့ည ၁နာရီအချိန်တွင်
ယိုးဒယားပြည် ဘန်ကောက်မြို့ရှိ
မျိုးချစ်ကြီး ဦးလွန်းဖေ၏ နေအိမ်တွင်
ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းပြီး လက်မောင်းသွေးဖေါက် သစ္စာဆိုခဲ့ကြသည်။

၁၉၄၂။ ။ဇန်နရီလ ၁ရက်တွင်…
အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို
ဘားမားလစ်(Burma List)ခေါ် ဗြိတိသျှနယ်ချဲ့ အစိုးရ၏ ရန်သူတော်စာရင်းတွင် အမှတ်စဉ် ၅အဖြစ်ကျေညာခဲ့သည်။

ဇူလှိုင်လ…
ဗိုလ်မှုးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ အဖြစ်ဆောင်ရွက်သည်။

သြဂုတ် ၁ရက်…
ဘီအိုင်အေ(ဗမာ့ လွတ်ရေးတပ်မတော်)မှ
ဘီဒီအေ(ဗမာ့ကာကွယ်ရေး တပ်မတော်)အဖြစ်သို့ ပြောင်းလဲရာတွင် ကာနယ်(ဗိုလ်မှူးကြီး)ရာထူးဖြင့် ဘီဒီအေ တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။

စတင်ဘာ ၆…
ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။
လက်ထပ်ပွဲကို ဆေးရုံ ပေါ်၌ပင် ကျင်းပခဲ့သည်။

နိုဝင်ဘာ ၈…
မြို့တော်ခမ်းမ၌ ကျင်းပသော ခေတ်သစ် ဆရာဖြစ်သင်တန်းတွင်…
"သေနင်္ဂဗျူဟာ စစ်ပညာ"အကြောင်း ဟောပြောသည်…။

၁၉၄၃။ ။မတ်လ …
မေဂျာဂျင်နရယ်(ဗိုလ်ချုပ်)ရာထူးသို့ တိုးမြင်ခြင်းခံရသည်။

မတ်လ၁၇…
ဒေါက်တာဘမော်နှင့်အတူ ဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခံရပြီး…
၂၂.၃.၁၉၄၃တွင်
ဂျပန်အင်ပါယာ၏ ဘွဲ့ထူး ဂုဏ်ထူးတံဆိပ်
(Order of the Risingsun)ဖြင့် ချီးမြင့်ခြင်းခံရသည်။

သြဂုတ်လ ၁ရက်…
ဗမာ့တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ်ဆောင်ရွက်သည်။

ဂျပန်အစိုးရ၏
(First class order of the sacred Treasure)ချီးမြင့်ခံရသည်။

အောက်တိုဘာ ၂ရက်…
ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်ဖွင့်ပွဲ မိန့်ခွန်းပြောကြားသည်။

၁၉၄၄။ ။သြဂုတ် ၄ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး(ဖဆပလ)ကို ပဲခူးမြို့ ဗမာ့တပ်မတော်တိုင်း ၄-စခန်း၌ လျှို့ဝှက်စွာ ဖွဲ့စည့်ခဲ့သည်။ထိုသို့ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ ဗဟိုဦးစီးအဖွဲ့တွင်း၎င်း ဖဆပလ ဗဟိုစစ်ကောင်စီတွင်၎င်း စစ်ရေးခေါင်းဆောင်အဖြစ် တင်မြောက်ခြင်းခံရ၏…။

သြဂုတ် ၂၃ ဗုဒ္ဓဟူးနေ့…
ရန်ကုန်မြို့ပတ်လမ်း နှင့် ဦးထွန်းမြတ်လမ်းထောင့်ရှိ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဗမာ့တပ်မတော် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ပါဖွဲ့စည်းသော ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ပြည်ဖွဲ့စည်းသည်။

စတင်ဘာ ၃ရက်
ဗိုလ်မှူးကြီး စောကြာဒိုး ဗိုလ်ကြီးစောစံဘိုးသင် ဗိုလ်မှူးရဲထွဋ် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာကြသည်။

စတင်ဘာ၇ရက်…
ဗိုလ်မှူးကြီးစောကြာဒိုး ဗိုလ်ကြီးစောစံဘိုးသင် ဒုဗိုလ်ဗိုလ်သန်းဆွေ ဗိုလ်မှူးကြီးဇေယျ ဗိုလ်မှူးရဲထွဋ်နှင့်အတူ ပုသိမ်ခရိုင် ကံကြီးဒေါင့် ရွာသို့ခရီးထွက်သည်။

၁၉၄၅။ ။မတ်လ ၁၇ရက်
ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်သို့ထွက်ခဲ့သည်။

မတ်လ ၂၇…
ဖက်ဆစ်ဂျပန်များကို စတင် တော်လှန်သည်။

မတ်လ ၁၆…
ဗိုလ်ချုပ်စလင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံသည်။

ဇွန် ၂၀ရက်…
အင်္ဂလိပ်စစ်သဘောင်္ ကမ်ဘာလင်(H.M.S Cumberland)ပေါ်၌ နိုင်ငံရေးခေါင်းဆောင်များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန့်စမစ်နှင့် တွေ့ဆုံဆွေးနွေးသည်။

သြဂုတ် ၁၉…
နေသူရိန်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။

သြဂုတ် ၂၉ရက်…
မြို့တော်ခန်းမတွင် ကျင်းပသည့် အရှေ့နောက်အသင်း (East and West Association)တွင် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောသည်။

စတင်ဘာ၎ရက်…
အရှေ့တောင်အာရှဆိုင်ရာ သေနာပတိလော့ဒ်မောင့်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက်တည်တံရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း ဗိုလ်လက်ျာ ဗိုလ်နေဝင်း ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ကန္ဒီမြို့သို့သွားသည်။

၁၉၄၆။ ။ဇန်နရီ-၂၀ရက်-
ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလညီလာခံတွင် ဖဆပခ ဥက္ကဌအဖြစ်တင်မြောက်ခြင်းခံခဲ့ရသည်။

မတ်လ-၄ရက်…
သခင်မြ ဟင်္သာတဦးမြ ဦးအောင်ဇံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့သွားသည်။

မတ် ၆…
တောင်ကုပ်ရောက်သည်။

မတ် ၇…
တေင်ကုပ်တွင် တရားဟောသည်။

မတ် ၁၀…
စစ်တွေသို့ရောက်သည်။

မတ် ၁၁…
စစ်တွေတွင် တရားဟောသည်။

မတ် ၂၆…
စထရင်းဟော်တယ်တွင် အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးနှင့် ၃နာရီကြာဆွေးနွေးသည်။

မေလ-၂၀ရက်…
ညနေ၄နာရီအချိန်တွင် ပြည်သူရဲဘော်တပ်ဖွဲ့ အားလုံးကို လောင်းဝစ်လမ်းဌာချုပ် အဖွဲ့တည်ရာ၌ သြဝါဒ မိန့်ခွန်းပေးသည်။

စတင်ဘာ ၂၆ရက်…
ဘုရင်ခံ အမှုဆောင်ကောင်စီ၌ ဒု-သဘာပတိအဖြစ် ရာထူးလက်ခံ၍ အစိုးရအဖွဲ့သစ်ကို ဖွဲ့သည်။

နိုဝင်ဘာ ၂ရက်…
မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ်ကို စစ်ဆေးသည်။

နိုဝင်ဘာ ၁၄ရက်မှ ၃၀ရက်နေ့အထိ…
အထက်ဗမာပြည်သို့ ခရီးထွက်သည်။

ဒီဇင်ဘာ ၂၃ရက်
ကယားပြည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့် ကရင်အမျိုးသား နှစ်ကူးပွဲတော်သို့ တတ်ရောက်သည်။

ဒီဇင်ဘာ -၂၄…
နေ့နံနက်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေတော်၌ စော်ဘွားများနှင့် ပထမဆုံးအကြိမ်ဆွေးနွေးသည်။

၁၉၄၇။ ။ဇန်နဝါရီလ-၂ရက်တွင်
သခင်မြ-ဦးတင်ထွဋ် စသည်တို့နှင့်အတူဘိလပ်သို့ သွားသည်။

ဇန်နရီဝါ -၅
ညနေ ၅နာရီ ၁၀မိနစ်အချိန်တွင် ဒေလီရေဒီယိုမှနေ၍ ဗမာပြည်သို့ဟူသော မှာကြားချက်မိန့်ခွန်းများကို အသံလွင့်သည်။

အေရှညီညွှတ်ရေးသို့ ဟူသော ဗိုလ်ချုပ်အသံသွင်း မိန့်ခွန်းတရပ်ကိုလည်း ထိုနေ့ည ၈နာရီခွဲအချိန်တွင် ဒေလီရေဒီယိုမှ အသံလွင့်သည်။

ဇန်နဝါရီ ၁၃
ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီခေါင်းဆောင်သော ဗြိတိသျှကိုယ်သားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့ ၁၀-ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။

ဇန်နဝါရီ-၂၈
အောင်ဆန်းအက်တလီစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

ဖေဖေါ်ဝါရီ ၂-ရက်နေ့ ရန်ကုန်သို့ပြန်ရောက်သည်။

ဖော်ဖေါ်ဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့သို့သွားသည်။

ဖော်ဖေါ်ဝါရီ-၁၂…
ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည်။

ဖေဖေါ်ဝါရီ-၂၈ရက်
မြို့တော်ခန်းမ၌ ကျင်းပသော မြို့တော်ဝန်ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။

မတ်လ-၁၀ရက်နေ့…
မြန်မာပြည် အင်္ဂလိပ်ကုန်သည်ကြီးများ အသင်းနှစ်ပတ်လည် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။

မတ်လ ၁၅ရက်မှ ၁၇ရက်နေ့ထိ…လေကြောင်းဖြင့် မြိတ် ထားဝယ် မော်လမြိုင်မြို့များဆီသို့ ခရီးထွက်သည်။

မတ် ၁၇ရက်…
၎နာရီ အချိန်တွင် မော်လမြိုင် ဘုရင်မပန်းခြံ၌ မိန့်ခွန်းပြောကြားသည်။

မတ် ၂၀ရက်…
ကျောက်ဆည်နှင့် မန္တလေးမြို့များတွင် တရားဟောသည်။

မတ် ၂၁…စစ်ကိုင်းမြို့
မတ် ၂၃…ညောင်ဦးမြို့
မတ် ၂၄…မကွေးမြို့
မတ် ၂၅…နတ်မောက်မြို့
မတ် ၂၇…အာလံ(အောင်လံ)မြို့
စသည်တို့တွင်တရားဟောခဲ့သည်။
မတိ ၂၇တွင်ပဲ ရန်ကုန်သို့ ပြန်ရောက်သည်။

ဧပြီလ-၁ရက်နေ့တွင် လေယဉ်ဖြင့် စစ်တွေသို့ ခရီးထွက်သည်။ထိုနေ့ညနေတွင် ရေတပ်မတော်မှ စစ်သဘောင်္ဖြင့် မြေပုံမြို့သို့ ခရီးထွက်သည်။

ဧပြီ-၂ရက် …
စစ်တွေမှ ရန်ကုန်သို့လေယဉ်ပျံဖြင့်ပြန်လာသည်။

ဧပြီ ၄ရက်တွင်…
အုတ်တွင်း တောင်ငူ ပျဉ်းမနားမြို့များတွင် တရားဟောသည်။

ဧပြီ ၅-
ပျော်ဖွယ် တပ်ကုန်း ရမည်းသင်းမြို့များတွင် တရားဟောသည်။

ဧပြီ ၉ရက်…
ညနေ၆နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ မဲရုံများကို လိုက်လံစစ်ဆေးသည်။ရွှေးကောက်ပွဲကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလ သည် မဲ အပြတ်အသတ်အနိုင်ရသည်။

ဧပြီ ၁၂…
နေ့လှယ် ၂နာရီတွင် ဗီယက်နမ်ကိုယ်းစားလှယ် ပါမောက္ခ ရန်ပင်လော့နှင့်တွေ့ဆုံသည်။

ဧပြီလ ၁၇…
နေ့လည် ၁နာရီတွင် ကန်တော်ကြီးစောင်း
အိုရီယင့်ကလပ်တွင် ယိုးဒယားအစိုးရနှင့် ဗီယက်နမ်အစိုးရကိုယ်စားလှယ်များ ဧည့်ခံပွဲသို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။

ဧပြီ ၁၈-
နှစ်သစ်ကူးမိန့်ခွန်းပြောကြားသည်။

ဧပြီ-၂၈-မေမြို့မှ မန္တလေးသို့သွားသည်။

မေလ ၄ရက်…
ဗိုလ်ချုပ်နေအိမ်တွင် ဖဆပလနှင့် ဆိုရှယ်လစ်ကိုယ်စားလှယ်များ။ပရသဖ ဌာနချုပ်ကိုယ်စားလှယ်များနှင့်တွေးဆုံ ဆွေးနွေးပြီး နယ်များတွင် ဆိုရှယ်လစ်နှင့် ပြည်သူရဲဘော်များ သဘောထားခြင်း မတိုက်ဆိုင်သည့် ကိစ္စများကို ဖြေရှင်းပေးသည်။

မေ ၆…ည ၈နာရီ အချိန်တွင်…ပြည်လမ်း ပဲခူးကလပ်၌ မျက်နှာဖြူကုန်သည်ကြီးများနှင့် ဆွေးနွေးကြသည်။

မေ ၈…ညနေ၄နာရီတွင် အချိန်တွင် ဗိုလ်ချုပ်နေအိမ်တွင် ပသျှူးအစိုးရကိုယ်းစားလှယ်တော်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာဂျာဇန်ဇူလေမန်တို့ကို လက်ဖက်ရည် ပွဲဖြင့်ဧည့်ခံသည်။

မေ ၁၀-ညနေ ၃နာရီတွင် သတင်းစာ ဆရာများကို အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ဝန်ကြီးအဖွဲ့မှ ထုတ်ပယ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြသည်။

မေလ-၁၂-ည၈နာရီ-အမေရိကန်သံအမတ် မစ္စတာပတ်ကာ၏ နေအိမ်တွင် ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။

မေ ၁၇-ယိုးဒဟားဘုရင်၏ ဆွေတော်မျိုးတော်ဖြစ်သော ချန်ဘောမင်းသမီးနှင့် သမီးတော် အာစီမင်းသမီးတို့ကို တာဝါလိန်းနေအိမ်တွင် ညစာဧည့်ခံကျွေးမွေးသည်။

မေလ-၁၉-ဖဆပလ ပဏာမညီလာခံကို ပျင်းပသည်။

မေလ-၂၅-ဗြိတိသျှရေတပ်မှ စစ်သဘောင်္ အိပ်ခ်ျအင်မ် အက်ဖါးလ် H-M-S-FALE(ယခုစစ်ရေယဉ်မေယု)ကို ရေတပ်လက်ထောက် ဗိုလ်ချုပ်မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါသဘောင်္ပေါ်၌ပင် လက်ခံသည်။

မေ-၃၀-တွင် သတင်းစာကွန်ဖရင့်ပြုလုပ်သည်

ဇွန်လ ၁၆-ရက်…တိုင်းပြည်ပြုလွှတ်တော်စည်းဝေးပွဲတွင် အခြေခံ ဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန် ပြဌာန်းချက်ကို တင်သွင်းသည်။

ဇူလိုင်လ-၇-ရက်
ဗမာပြည်ရှိ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်းများ(I.C.S)နှင့်တွေ့ဆုံဆွေးနွေးသည်။

ဇူလိုင်-၁၃ရက်…
တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေ၍ လူထုသို့ မိန့်ခွန်းပြောကြားသည်။(နောက်ဆုံးမြွက်ကြားခဲ့သော မိန့်ခွန်းဖြစ်သည်)

ဇူလိုင်လ-၁၉ရက်-စနေနေ့ နံနက်-၁၀နာရီ-၃၇မိနစ်ခန့်တွင် လူ့မသာမာလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သည်။

------
စာညွှန်း-ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္တဝင်စာအုပ်(၁၉၆၉-ခု-ပထမအကြိမ်-ရှာဖွေတင်ပြသူ-မောင်ကျော်ရင်-)မှ ကူးယူဖော်ပြပါသည်။
--
-မှတ်စုကြမ်း
#zeroneo

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။