🍀 ရင့်ကျက်ခြင်းရဲ့
သင်္ကေတများ 🍀
🐚🐚🐚🐚🐚🐚
🍀 ဒီလိုပါဘဲ
ဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ အဆင်မပြေတဲ့ အကြောင်းတရားတွေ အများကြီးရှိနေတတ်တယ်
🍀 အဆင်ပြေပါတယ်
ဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ ကြေကွဲမှု့တွေက တိတ်တဆိတ်ရှိနေတတ်တယ်
🍀 ရပါတယ်
ဆိုတဲ့ စကားတစ်ခွန်းရဲ့နောက်မှာ ဝမ်းနည်းမှု့တွေ ရှိနေတတ်တယ်
🍀 ရှိပါစေတော့
ဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်မှာ
နှမြေသတခြင်း များစွာရှိနေတတ်တယ်
🍀 ခပ်ယဲ့ယဲ့ အပြုံး
တွေရဲ့ နောက်မှာ ပင်ပန်းခြင်းတွေ ရှိနေတတ်တယ်
🍀 သက်ပြင်းငွေ့ငွေ့တွေရဲ့နောက်မှာ ယူကျိုးမရခြင်းတချို့ ရှိနေတတ်တယ်
🍀 တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေရဲ့ နောက်မှာ စကားလုံးပေါင်းများစွာ ရှိနေတတ်တယ်
🍀 နက်ရှိုင်းစွာ ကြည့်တတ်တဲ့ မျက်လုံးတစ်စုံရဲ့ နောက်မှာ မျှော်လင့်ခြင်းတွေ ရှိတယ်
🍀 မသိချင်ဟန်ဆောင်ပေးခြင်း ဆိုတာရဲ့ နောက်မှာ ခါးသီးခြင်းတွေရှိတယ်
🍀 အငြင်းပွဲမှု့တွေ ၊ ခံယူချက်စစ်ပွဲတွေ ရပ်ဆိုင်းသွားခြင်းရဲ့ နောက်မှာ နှုတ်ဆက်ခြင်းတွေရှိတယ်
🍀 မြိုသိပ်နိုင်ခြင်း ဆိုတဲ့ သည်းခံခြင်းတွေရဲ့ နောက်မှာ ရင့်ကျက်ခြင်းတွေ ရှိတယ်
ကျွန်မ .. လူကြီးတစ်ယောက်ဖြစ်လာပြီလေ
ဒါတွေက ရင့်ကျက်ခြင်းဆိုတဲ့
သင်္ကေတတွေဘဲပေါ့ ...
မူရင်းပို့စ်အား Credit ပေးပါသည်။
သင်္ကေတများ 🍀
🐚🐚🐚🐚🐚🐚
🍀 ဒီလိုပါဘဲ
ဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ အဆင်မပြေတဲ့ အကြောင်းတရားတွေ အများကြီးရှိနေတတ်တယ်
🍀 အဆင်ပြေပါတယ်
ဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ ကြေကွဲမှု့တွေက တိတ်တဆိတ်ရှိနေတတ်တယ်
🍀 ရပါတယ်
ဆိုတဲ့ စကားတစ်ခွန်းရဲ့နောက်မှာ ဝမ်းနည်းမှု့တွေ ရှိနေတတ်တယ်
🍀 ရှိပါစေတော့
ဆိုတဲ့ စကားတစ်ခွန်းရဲ့ နောက်မှာ
နှမြေသတခြင်း များစွာရှိနေတတ်တယ်
🍀 ခပ်ယဲ့ယဲ့ အပြုံး
တွေရဲ့ နောက်မှာ ပင်ပန်းခြင်းတွေ ရှိနေတတ်တယ်
🍀 သက်ပြင်းငွေ့ငွေ့တွေရဲ့နောက
🍀 တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေရဲ့ နောက်မှာ စကားလုံးပေါင်းများစွာ ရှိနေတတ်တယ်
🍀 နက်ရှိုင်းစွာ ကြည့်တတ်တဲ့ မျက်လုံးတစ်စုံရဲ့ နောက်မှာ မျှော်လင့်ခြင်းတွေ ရှိတယ်
🍀 မသိချင်ဟန်ဆောင်ပေးခြင်း ဆိုတာရဲ့ နောက်မှာ ခါးသီးခြင်းတွေရှိတယ်
🍀 အငြင်းပွဲမှု့တွေ ၊ ခံယူချက်စစ်ပွဲတွေ ရပ်ဆိုင်းသွားခြင်းရဲ့ နောက်မှာ နှုတ်ဆက်ခြင်းတွေရှိတယ်
🍀 မြိုသိပ်နိုင်ခြင်း ဆိုတဲ့ သည်းခံခြင်းတွေရဲ့ နောက်မှာ ရင့်ကျက်ခြင်းတွေ ရှိတယ်
ကျွန်မ .. လူကြီးတစ်ယောက်ဖြစ်လာပြီလေ
ဒါတွေက ရင့်ကျက်ခြင်းဆိုတဲ့
သင်္ကေတတွေဘဲပေါ့ ...
မူရင်းပို့စ်အား Credit ပေးပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။