Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 15, 2016

အမေက "မှီခို" တဲ့လား!

အမေက "မှီခို" တဲ့လား!

အဲ့လိုထင်ရင် ဒီစာကို ဆုံးအောင်ဖတ်လိုက်... ဟားဟား အကြီးကြီးရယ်လိုက်ချင်တယ်။ ဘယ်လိုဉာဏ်ကြီးရှင်ကများ အိမ်ထောင်စုဇယားထဲမှာ စာရေးသူတို့ အမေတွေရဲ့အလုပ်အကိုင်ကို "မှီခို" ဆိုပြီး ဖြည့်ဖို့ ထွင်ခဲ့တာပါလိမ့်။ တကယ့်တကယ်တော့ အမေဆိုသည်မှာ...

အမေသည် Nutritionist (အာဟာရဗေဒပညာရှင်) ဟုတ်ပါတယ်။ ဘယ်ရာသီမှာ ဘယ်လိုဟင်းကို ချက်ရမယ်။ ဘယ်ရာသီမှာ ဘယ်လိုအစားအစာတွေပေါတယ်။ ဘာနဲ့ ဘာက လိုက်တယ်။ ဘယ်ဟာကတော့ဖြင့် တွဲမစားသင့်ဘူး။ ဘယ်လိုဟာကတော့ဖြင့် ကျန်းမာရေးနဲ့ညီတယ်။ ဘယ်လိုလေးချက်လိုက်ရင် ခံတွင်းတွေ့တယ်။ ဘယ်အစားအစာက လူကြီးနဲ့တည့်တယ်။ ဘယ်ရောဂါနဲ့ ဘယ်အစားအစာနဲ့ မတည့်ဘူး။ ပူရင် ဘယ်လိုဟာစား၊ အေးရင် ဘယ်လိုဟာရှောင် စသဖြင့် အမေ့လောက်သိတာ အမေပဲရှိပါတယ်။ သေချာပါတယ် အမေက အာဟာရဗေဒပညာရှင်ပါ။

အမေသည် Doctor (ဆရာဝန်) တော်ရုံနေမကောင်းတာလောက်ကတော့ အမေရှိနေရင် ဆရာဝန်တစ်ယောက်ရှိနေသလိုပါပဲ။ ဆေးခန်းသွားဖို့မလိုပါဘူး။ အမေ့ဆီမှာ ဗမာဆေး၊ အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေး အစုံရှိပါတယ်။ ကိုယ်ခံစားနေရတဲ့ ဝေဒနာသာပြောပြလိုက်၊ အမေက သူ့မှာရှိတဲ့ဆေးနဲ့ ကုပါလိမ့်မယ်။ နေမကောင်းတဲ့အခါ အမေက ဆရာဝန်အဖြစ်သာ မကဘူး။ special nurse အဖြစ်လည်း ၂၄ နာရီ ကိုယ့်ဘေးမှာ အသင့်ရှိနေတတ်ပါတယ်။ လိုလေသေးမရှိ ပြုစုပေးပါတယ်။

အမေသည် Supreme chef (အဆင့်မြင့်ဆုံးစားတော်ကဲ) သားသမီးတွေရဲ့အကြိုက်၊ ယောက်ျားရဲ့အကြိုက်ကို ကောင်းကောင်းသိတာ အမေပါပဲ။ ဘယ်လိုချက်ရင် မိသားစုဝင်တွေ ခံတွင်းတွေ့မလဲဆိုတာ အမေက ကောင်းကောင်းသိပါတယ်။ သိတဲ့အတိုင်းလည်း ချက်နိုင်ပါတယ်။ သားသမီးတွေရဲ့အကြိုက်ကိုလည်း အမေက အမြဲချက်လေ့ရှိပါတယ်။ အမေချက်သမျှလည်း စားကောင်းလေ့ရှိပါတယ်။ ဟုတ်ပါတယ် အမေ့လက်ရာက ကြယ်ငါးပွင့်ဟိုတယ်က နာမည်ကျော်စာဖိုမှူးတွေရဲ့လက်ရာထက် အပြတ်သာပါတယ်။

အမေသည် Fashion designer (ဖက်ရှင်ဒီဇိုင်နာ) ကိုယ်အပြင်သွားခါနီး ဘာဝတ်ရမှန်းမသိရင် အမေ့ကိုသာ အနားခေါ်လိုက်ပါ။ အမေက ကိုယ်သွားမယ့်နေရာ၊ ရာသီဥတု၊ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ကိုယ့်နဲ့ လိုက်ဖက်မယ့်ဝတ်စုံ၊ ကိုယ်နဲ့ လိုက်ဖက်မယ့်အရောင်ကို အကောင်းဆုံးရွေးချယ်ပေးနိုင်ပါတယ်။ အဝတ်အစားဝယ်ဖို့၊ ချုပ်ဖို့ မစဉ်းစားတတ်တဲ့အခါ အမေ့ကိုသာ ခေါ်သွားလိုက်ပါ။ကိုယ့်အကြိုက်၊ ကိုယ့်အထာကို ကောင်းကောင်းနပ်တဲ့အမေက ကိုယ်နဲ့လိုက်ဖက်မယ့် ဒီဇိုင်းကို ပီပီပြင်ပြင် ရွေးချယ်ပေးပါလိမ့်မယ်။

အမေသည် Senior adviser (အကြီးတန်း အကြံပေးပုဂ္ဂိုလ်) အလုပ်မှာဖြစ်ဖြစ်၊ ပညာရေးမှာဖြစ်ဖြစ်၊ အချစ်ရေး၊ အိမ်ထောင်ရေးမှာဖြစ်ဖြစ် အခက်အခဲတစ်ခု ကြုံတဲ့အခါ အမေ့ကိုသာ ဖွင့်ပြောပြလိုက်ပါ။ အမေက ကိုယ့်ဘက်က မားမားမတ်မတ်ရပ်တည်ပေးပါလိမ့်မယ်။ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး၊ ကိုယ့်ဘဝရပ်တည်မှုနဲ့ ချိန်ထိုးပြီး အကောင်းဆုံးအကြံဉာဏ်နဲ့ ခွန်အားကို ပေးပါလိမ့်မယ်။ ကိုယ်တစ်ခုခုမကျေနပ်တာ၊ စိတ်တိုတာ၊ ခံစားနေရတာတွေကို အမေ့ကိုသာ ရင်ဖွင့်လိုက်ပါ။ အမေက ကိုယ်ချင်းစာပေးပြီး၊ ကရုဏာထားပြီး အကြံဉာဏ်ပေးပါလိမ့်မယ်။

အမေသည် Family registrar (မိသားစု မော်ကွန်းထိန်း) အမေက မိသားစုရဲ့အချက်အလက်တွေကို ကောင်းကောင်းသိတဲ့ တစ်ဦးတည်းသောသူပါ။ မိသားစုဝင်တွေရဲ့မွေးနေ့၊ အမျိုးတွေရဲ့အချက်အလက်၊ အမှတ်တရဖြစ်ရပ်တွေ၊ ကိန်းဂဏန်းတွေ၊ မိသားစုပိုင်ပစ္စည်းတွေ၊ နှစ်ဖက်ဆွေမျိုးတွေရဲ့သမိုင်းတွေ အားလုံးကို အမေသိပါတယ်။ မိသားစုနဲ့ပတ်သက်တဲ့၊ အမျိုးတွေနဲ့ပတ်သက်တဲ့ အကြောင်းတွေ၊ အချက်အလက်တွေ သိချင်ရင် အမေ့ကိုသာ မေးကြည့်ပါ။ အမေက အားလုံးကို သိရှိသိမ်းဆည်းထားပါလိမ့်မယ်။

အမေသည် Mentor (ကောင်းရာညွှန်ပြသည့် ဆရာ) ဟုတ်ပါတယ်။ အမေက ကျွန်တော်တို့ ဟိုးငယ်စဉ် ကလေးဘဝကတည်းက စကားစပြောတတ်ဖို့၊ လမ်းစလျှောက်တတ်ဖို့၊ စားတတ်၊ သောက်တတ်ဖို့၊ ဘာသာတရားကို ကိုင်းရှိုင်းတတ်ဖို့ ပထမဆုံးသင်ပေးခဲ့တဲ့ လက်ဦးဆရာပါ။ အကောင်းနဲ့ အဆိုးကို ခွဲခြားတတ်ဖို့၊ လူပီသဖို့၊ စည်းကမ်းရှိဖို့လမ်းညွှန်ပြသပေးခဲ့သူကလည်း အမေပါပဲ။ ကကြီး၊ ခခွေး၊ အေ၊ ဘီ၊ စီ၊ ဒီ ကို စသင်ပေးခဲ့တာလည်း အမေပါပဲ။

အမေသည် Domestic scientist (အိမ်တွင်းမှု သိပ္ပံပညာရှင်) အိမ်မှာ တစ်ခုခုဆို အရင်ဆုံးသိတာ၊ ဖြေရှင်းရတာ အမေပါပဲ။ အချက်အပြုတ်၊ အလျှော်အဖွပ်ကအစ၊ သန့်ရှင်းရေးလုပ်တာ၊ အိမ်ထောင်ပရိဘောဂတွေကို ထိန်းသိမ်းတာလည်း အမေပါပဲ။ အိမ်တွင်း၊ အိမ်ပြင် အပြင်အဆင်ပိုင်းဆိုလည်း အမေပါမှ ပြည့်စုံတာပါပဲ။အဝတ်အစားတွေ ပြဲခဲ့၊ စုတ်ခဲ့ရင်လည်း ပြန်ချုပ်ပေးတာ အမေပါပဲ။ အိမ်ထောင်ပစ္စည်းတွေ ပြုပြင်တာ၊ ထိန်းသိမ်းတာ၊ လိုအပ်တာတွေ ဝယ်ယူတာ၊ ရှိတာလေးနဲ့ အလုပ်ဖြစ်အောင် ကြံစည်အားထုတ်ရတာလည်း အမေပါပဲ။

အမေသည် arbiter (စီရင်ဆုံးဖြတ်ပေးသူ) အိမ်မှာ ကိစ္စကြီးငယ် တစ်ခုခုဆို အမေပါမှ ရပါတယ်။ အမေ့ကို အားလုံးက တိုင်ပင်ရပါတယ်။ပြဿနာတစ်ခုခုဆို အမေကြားဝင်ဖြေရှင်းပေးမှ အဆင်ပြေတတ်ပါတယ်။ မိသားစုအတွင်းရေး ပြဿနာဆိုလည်း အမေကပဲ ဒိုင်ခံဖြေရှင်းလေ့ရှိပါတယ်။ အမေ ဆုံးဖြတ်တာကို အားလုံးက နာခံကြပါတယ်။ ပြဿနာကြီးကြီးငယ်ငယ် အမေကိုယ်တိုင်ဝင်ပါမှ၊ အမေ့ကိုတိုင်ပင်မှ၊ အမေ့ဆီက အကြံဉာဏ်နဲ့ အဆုံးအဖြတ်ကိုယူမှ အောင်မြင်ပြီးမြောက်လေ့ရှိပါတယ်။

အမေသည် Monetary executive manager (ငွေကြေးစီမံခန့်ခွဲသူ) မိသားစုတွင်းမှာ ရတဲ့ဝင်ငွေနဲ့ ထွက်ငွေမျှအောင်စီမံခန့်ခွဲရတာ အမေပါပဲ။ တဟုန်ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေနဲ့ မျှအောင် သုံးစွဲရတာ၊ စုဆောင်း ထိန်းသိမ်းရတာ အမေပါပဲ။ သာရေး၊ နာရေး အသုံးစရိတ်၊ ကျန်းမာရေးစရိတ်၊ အရေးပေါ်အသုံးစရိတ်၊ လစဉ်အသုံးစရိတ် စသဖြင့် ငွေကြေးကို စီမံခန့်ခွဲရတာ အမေပါပဲ။ မိသားစုဝင်တွေ စည်းနဲ့ကမ်းနဲ့ သုံးစွဲတတ်ဖို့၊ ချွေတာတတ်ဖို့ ဆော်သြရတာလည်း အမေပါပဲ။ တစ်လတာ ကုန်ကျစရိတ်ကို ပြန်လည်တွက်ချက်ရတာ၊ အလျဉ်မှီအောင် ကြိုးပမ်းအားထုတ်ရတာ၊ စုဆောင်းရတာကလည်း အမေပါပဲ။ ကဲ အမေတစ်ယောက်လုပ်ရတဲ့ အလုပ်အကိုင်တွေထဲမှာ ဒါအကုန်မဟုတ်သေးဘူး။ အများကြီးကျန်သေးတယ်။ ဒါတောင် ဒီလောက်လုပ်နေရတဲ့ အမေက အိမ်ထောင်စုဇယားထဲမှာ မှီခိုတဲ့လား။ မတရားလိုက်တာ။ အမေတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အိမ်ထောင်စုဇယားက အမေ့အလုပ်အကိုင်နေရာမှာ "မှီခို" ဆိုတာထက် ပိုပြီး ထိုက်တန်တဲ့ စကားလုံးတစ်လုံးလောက် ဝိုင်းစဉ်းစားကြရင် မကောင်းပေဘူးလား။ အမေ့ကိုလွမ်းလို့ဖတ်မိသမျှဝေငှပါသည်။

Credit : မူလပိုင်ရှင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။