Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 2, 2016

မေတ္တာတရားဖြင့် ချစ်ခြင်းမှသည် သစ္စာတရားဖြင့် ချစ်ခြင်းသို့ (၂)

မေတ္တာတရားဖြင့် ချစ်ခြင်းမှသည် သစ္စာတရားဖြင့် ချစ်ခြင်းသို့ (၂)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခုခေတ်မှာ ခေတ်မီအောင် ဖောက်ပြန်နေကြတာလားမသိဘူးနော်။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ ဖောက်ပြန်တဲ့သူတွေဆိုတာ လက်ချိုးရေလို့ရတယ်။ တစ်လမ်းလုံးနေလို့ တစ်ယောက်ရှိခဲတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက ဖောက်ပြန်တဲ့သူတွေဟာ မိန်းမအရွယ်ကျသွားလို့ ၊ အိမ်ထောင်ဖက်က ကျန်းမာရေးချို့တဲ့သွားလို့ ၊ မိန်းမကိုယ်ဝန်ဆောင်နေလို့ ၊ မိန်းမဟာ စိတ်ကြမ်းလူကြမ်းနဲ့ အပျိုတုန်းကလို ကိုကို မောင်မောင် ချိုချိုသာသာ ပြင်ပြင်ဆင်ဆင် ဆွဲဆောင်မှုတွေ မရှိတော့လို့ ၊ အိမ်ထောင်ရေးအဆင်မပြေလို့ ၊ တပါးသူနဲ့ စိတ်ကွယ်ရာအချိန်တွေ ၊ နေရာတွေမှာ အနေ နီးစပ်သွားကြလို့ ၊ အိမ်ထောင်ဖက်နဲ့ ကာလအတော်ကြာ အမြဲခွဲနေရလို့ စသဖြင့်သော အကြောင်းတွေ ကြောင့် ဖြစ်ပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက ဖောက်ပြန်တဲ့သူတွေဟာ အမျိုးသားတွေ အများစုဖြစ်ကြပြီး မိန်းမပျက်နဲ့ ငွေပေးလို့ အတူသွားနေတာကိုကအစ ဖောက်ပြန်တယ်လို့ သတ်မှတ်ကြတာပါ။ မယားငယ် ပေါ်တင်ထားတာ ၊ အပျော်တွဲတွေ ထည်လဲတွဲနေတာမျိုး အတော့်ကို ရှားလှပါတယ်။
ကျွန်မ အပျိုဖော်ဝင်စတုန်းက ကျွန်မတို့မောင်နှမတွေကို အဖေက အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမှာ စကားပြောဖူးတယ်။ အိမ်ထောင်ဘက်ကို ဆင်းရဲချမ်းသာမရွေး ရွေးချယ်နိုင်တယ်တဲ့။ အိမ်ထောင်ရှိ သူကိုယူပြီး သူများအိမ်ထောင်ကို မဖျက်စီးရဘူးတဲ့။ ကာမပိုင်ရှိတဲ့သူနဲ့ မပတ်သက်ရဘူးတဲ့။ မသိလို့ ပတ်သက်မိရင် သိတဲ့အချိန်မှာ ချက်ချင်းရုန်းထွက်ရမယ်တဲ့။ ဆက်မမိုက်ရဘူးတဲ့။ မိမိ အဲဒီတုန်းက အပျိုဖော်ဝင်စဆိုတော့ အဖေ ဘာတွေပြောနေမှန်းမသိပေမယ့် ရှားရှားပါးပါး တခါတည်း ပြောခဲ့ ဖူးတာမို့ မှတ်မိနေတာပါ။
အမေကကျတော့ ပြတ်တယ်။ ရှင်းတယ်။ ဘယ်ယောက်ျားယူယူ ဒီဟာက မလွဲမသွေပါမှာပဲတဲ့။ ဒီတော့ ကိုယ့်နဲ့ထိုက်တန်တာကို ကိုယ့်ဘာသာရွေးချယ် စဉ်းစားပြီးယူကြတဲ့။ သူတို့ အမှာစကားပြောဆို ဆုံးမ ချိန်တုန်းက ကိုယ်ဟာ ဆယ်ကျော်သက်စွန်းစွန်း အပျိုဖော်ဝင်စဆိုတော့လေ ဘာမှကို နားမလည် တာပါ။
ကိုယ့်မိဘက ဒီလိုသင်ခဲ့တော့ ကိုယ်ဟာ မိဘစကားကို တသွေမတိမ်းနားထောင်ခဲ့ပါတယ်။ အခုခေတ်မှာ မိဘတွေက ဒီလိုမဆုံးမကြဖူးလားလို့ ကျွန်မတွေးမိတယ်။
အိမ်ထောင်ရှင်တွေ ဖောက်ပြန်တဲ့အခါ သူ့ကိုယ်သူ သနားစရာလို့ တဘက်လူ မသနား သနားလာအောင် ပြောတတ်ကြတယ်။ အနေလည်းနီးစပ်မယ် ၊ သနားစိတ်လေးလည်း ဝင်လာပြီဆိုရင် နောက်တဆင့်က ဖောက်ပြန်ဖို့ဖြစ်လာတာပေါ့။ မသိလို့ခြေလှမ်းကျွံ ဖောက်ပြန်မိတာက မသိလို့ဆိုပြီး ခွင့်လွှတ်ပေးလို့ရသေးတယ်။ သိရက်နဲ့ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ အတော့်ကို ကိုယ်ချင်းစာတရားမဲ့သွားပြီ
ကိုယ်တယုတယပျိုးထားတဲ့အပင်လေးကို အသီးအပွင့်ပြည့်စုံမယ်ကြံရုံရှိသေး တပါးသူက အပိုင်သိမ်းသွားတယ်ဆို ဘယ်လိုခံစားရမလဲ။ အချစ်ဟာ ပျိုးပင်တစ်ခုမဟုတ်သလို ဘဝဟာ အပင်တစ်ခုမဟုတ်ဘူးလေ။
Credit : ရတု (Burmesehearts.com)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။