ရာဇ၊
အဓိပတိ၊ ပုတိ၊ ဘင်္ဂ၊ မရဏ ဆိုတဲ့နာမည်ပြောင်ရှိသူတွေက
သူငယ်ချင်းတွေအုပ်စုလိုက်ဖွဲ့ပြီး မိန်းကလေးတွေကို နောက်ပြောင်င်္ကျစယ်ရင်း
အဖွဲ့လိုက်ဘရုတ်ကျတတ်ကြသူတွေပါ။ သူတို့တွေက မုန့်တစ်ခုတည်းရှိရင်တောင်
ငါးပိုင်းပိုင်းပြီး ဝေစားကာ ချစ်တတ်ကြသူတွေလဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့
သူတို့တွေက ဆောင်းလေပြေဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ပြီး
သူ့ထက်ငါအပြိုင်အဆိုင် လိုက်ပိုးကြပါတော့တယ်။
ပုံစံမျိုးစုံနဲ့
ဆောင်းလေပြေကို ရဖို့ ပိုးပန်းကြပေမယ့် သူတု့ ငါးယောက်စလုံးမှာ
ဆိုင်သူကိုယ်စီတွေရှိနေကြပြီးသားပါ။ ဒီလိုအဖြစ်အပျက်လေးတွေကို
ရီစရာအဖြစ်ပုံဖော်ရိုက်ကူးထားသူက ဒါရိုက်တာ ကိုဇော်( အရုဏ်ဦး) ဖြစ်ပါတယ်။
ရုံးပတီသီးလေးများလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားမှာ
ခန့်စည်သူ၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ နေဒွေး၊ မင်းခ၊ စိုးမြတ်သူဇာ၊
စိုးမြတ်နန္ဒာ၊ မိုးဟေကို၊ ဖူးဖူး၊ နန်းထိပ်ထား၊ အေးချမ်းမိုး၊ ပွင့်၊
ဦးဝင်းနိုင်၊ ဦးဝင်းမြိုင်၊ ချစ်ဖွယ်၊ ဦးညီညီမင်း၊ ကြူကြူသင်း
စတဲ့သရုပ်ဆောင်များပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဒီဇာတ်ကားက မိုးဟေကိုရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက
ပထမဆုံးထုတ်လုပ်ရိုက်ကူးတဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ မိုးရုပ်ရှင်ထုတ်လုပ်ရေးက
ပထမဆုံးထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်တာက
ဒါရိုက်တာ ကိုဇော်( အရုဏ်ဦး) နဲ့ အတူ ပါဝင်ကြတဲ့ အနုပညာမောင်နှမတွေက
ပါဝင်သရုပ်ဆောင်ဖို့ ပြောတာနဲ့ သရုပ်ဆောင်ဖြစ်တ်ာလို့ မိုးဟေကိုက ဆိုပါတယ်။
မိုးဟေကိုက ၂၀၁၆ ခုနှစ် နှစ်သစ်အစမှာ ပရိသတ်တွေကို ရယ်စရာ၊
ပျော်စရာဇာတ်ကားနဲ့ စတင်မိတ်ဆက်ပေးလိုကတာဖြစ်ပြီး ပရိသတ်တွေကို
ရီမောပျော်ရွှင်စေချင်တဲ့ ဆန္ဒနဲ့ဖြစ်ပါတယ်။
ရုံးပတီသီးလေးများ လို့ ဇာတ်ကားနာမည်ပေးထားပေမယ့်
ဇာတ်ကားတစ်ကားလုံးက ရုံးပတီသီးဆိုတာနဲ့ မဆိုင်သလို အသီးရဲ့အာနိသင်နဲ့လဲ
မဆိုင်ပါဘူးလို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ကဆိုပါတယ်။ ဒီဇာတ်ကားမှာ
တစ်ခုခုပြောပြီးရင် ကင် လိုက်မယ်၊ ကင် ကြမယ်ဆိုတဲ့ စကားကို တော်တော်လေး
သုံးထားပါတယ်။ ဒီစကားလုံးကို ထွန်းထွန်းက စပြောလိုက်တာဖြစ်ပြီး
ရီစရာတစ်ခုအနေနဲ့ ထည့်သုံးတယ်လို့ သိရပါတယ်။ ကင်တယ်ဆိုတဲ့ အသုံးအနှုန်းကတော့
ရုံးပတီသီးလေးများ ဆိုတဲ့ ဇာတ်ကားနာမည်နဲ့ လိုက်ဖက်ပါတယ်။
ရုံးပတီသီးလေးများ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ ခုနျစ် ဇန်န၀ါရီလ ၈ ရက်မှ စပြီး
ရန်ကုန်မြို့ရှိ အဆင့်မြင့်ရုပ်ရှင်ရုံများမှာ ရုံတင်ပြသပေးမှာဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို ကျော်နန္ဒ စတီးလ်ကရေးသားပြီး၊ ဇာတ်ညွှန်းကို
နေစိုးသော်က ရေးသားထားတာဖြစ်ပါတယ်။
ဒီဇာတ်ကား ရုံတင်ပြသချိန်မှာ ရုံပြိုင်စနစ်ဆိုတဲ့
စနစ်နဲ့ ပြသမှာဖြစ်တာကြောင့် ဒီဇတ်ြကားကို သမ္မတ ရုပ်ရှင်ရုံမှာ ပြသနေချိန်
ရှေ့ဆောင်စတဲ့ B အုပ်စုရုပ်ရှင်ရုံများမှာ အခြား မြန်မာဇာတ်ကားကို
ပြသနေမှာဖြစ်ပါတယ်။ မြန်မာရုပ်ရှင်ဇာတ်ကားများကို ရှေးယခင်ကလဲ
ရုံပြိုင်စနစ်နဲ့ ပြသခဲ့ဖူးတာရှိပေမယ့် ဒီလိုစနစ်နဲ့ မပြသတာနှစ် ၂၀
လောက်တော့ရှိနေပါပြီ။
http://yangonlife.com.mm/mm/article/15343
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။