"ဗာဒံစေ့ နှင့် ကျန်းမာရေး"
မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့ 
အလွယ်ခေါ်လေ့ရှိတာကြောင့်၊ “ဗာဒံပင်” ဆိုတဲ့ သူ့ မူလအမည် ပျောက်ကွယ်နေပါတယ်။
အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။ ဗာဒံစေ့နဲ့ ပတ်သက်ပြီးလူနဲ့ တည့်တယ်၊ ကျန်းမာရေးကောင်း တယ်၊ အသားအရေကိုကောင်းစေတယ်စတဲ့အ ခြေခံဗဟုသုတလောက်တော့
လူတိုင်းသိကြမှာပါ။
သို့ သော် ဗာဒံစေ့နဲ့ ပတ်သက်ပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လောက်တောင်များပြားတယ်ဆိုတာ
သိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါ တယ်။ဗာဒံပင်ကအကြီးမြန်ပြီး၊ အရွက်တွေကလည်းတဆင့်ပြီးတဆင့်အတက်မြန်တာကြောင့်မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ အပင်ကိုပေါပေါများများမြင်ေ တွ့ နေရတာရယ်၊ အပင်အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့ အသီးကို အုတ်နီခဲအကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့်
အရိပ်ရပင်မှရတဲ့အစေ့ရဲ့ ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြပါ ဘူး။
ယနေ့နိုင်ငံတကာမှာတော့ ဗာဒံစေ့နဲ့  ၄င်းမှရတဲ့အဆီကိုတန်ဖိုးထား စားသုံးနေကြပါပြီ။ ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိ နိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို "wedding sweets"
အဖြစ်အထူးတလည်ဧည့်ခံနေကြပါတ ယ်။
အီရန်နိုင်ငံမှာ တော့NewYearပါတီပွဲတိုလိုထူးထူးခြားခြားနှစ်ပတ်လည်ဧည့် ခံပွဲတွေမှာပင်လယ်မှ
ဆားဖြင့်အငံဖောက်ထားတဲ့ ဗာဒံစေ့ လှော်နဲ့ ဧည့်ခံလေ့ရှိပါတယ်တဲ့။
မော်ရော့ကိုနိုင်ငံရဲ့  အရေးကြီးအခမ်းအနားများမှာဗာ ဒံစေ့မှုန့် ရောထားတဲ့ နွားနို့ က မပါ လျှင်မပြီးပြန်ပါဘူး။
pasanda-style(ခေါ်)အိန္ဒိရိုးရာဟင်းလျာမှာလည်း ဗာဒံစေ့ကိုဟင်းခတ်အမယ်အဖြစ် ထဲ့ချက်ပေးရပါတယ် တဲ့။
ဗာဒံစေ့ကအေးမြစေတဲ့အစွမ်းသတ္တိရှိတာကြောင့်လည်းပူပြင်းေ ခြာက်သွေ့ တဲ့ပါကစ္စတန်နိုင်ငံရဲ့ 
နွေရာသီများမှာ ဗာဒံစေ့ နဲ့ ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည်သောက်သုံးကြတယ်လိုသိရပါတယ်။
ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့  ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁၀၀-ဂရမ်
အလေးချိန်ရှိတဲ့ ဗာဒံစေ့ထဲမှာ၊ လူသားတို့ ကျန်းမာရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁.၆၉ ဂရမ်၊ကော်ဓာတ် ၀.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂၀ဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ၀.၅၈၀ရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်)ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ( ၂) ၈၅%၊
င်္နအာစင်း (ခေါ်)ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁၀၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက် စီယမ် ၁၅% နဲ့  ဇင့် ၃၂% တို
့အသီးသီးပါရှိကြပါတယ်။
ဒါကြောင့်လည်းဗာဒံစေ့တွေဟာအ သားအရေကိုပြန်လည်နုပျိုစေကာ ၊မှတ်ဥာဏ်စွမ်းအားများလည်း
ကောင်းစေလို့ ကျား/မ အရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။
အူသိမ်၊ အူမများနဲ့  အတွင်းပိုင်းအကျဆုံးအူ များအားလုံးကိုသန့် စေပါတယ်။
လူတစ်ယောက်ရဲ့ အသားအရေဟာသူစားသုံးလိုက်သောအစာချေဖျက်အင်္ဂါအဖွဲ့ အစည်းရဲအလုပ်လုပ်
နိုင်စွမ်းအားနဲ့ တိုက်ရိုက်အချိုးကျနေပါတယ် ။အစာချေဖျက်အင်္ဂါများအားနည်း လာတဲ့အခါဝမ်းချုပ်ခြင်းကို
ဖြစ်စေပြီး၊၀က်ခြံစို/ ၀က်ခြံခြောက် တွေပေါက်လာစေပါတော့တယ်။ ဗာဒံစေ့ကိုမှန်မှန်စားပေးခြ င်းဖြင့် အစာအိမ်ထဲရှိအကျိုးပြုဗက်တီးရီးယားများကိုလှုံ့ဆော်ပေး တာကြောင့်အစာချေဖျက်မှုကိုအားပေးကာ၊
ဝမ်းပုပ်များသက်စေပြီး၊အစာေ ချအင်္ဂါအဖွဲ့ အစည်းသန့်စင်သွားတာကြောင့် ၊
အသားအရေတွေလည်းမညစ်ညမ်းတော့ ပါဘူး။ဗီတာမင်အီး ရရှိရာအရင်းအမြစ်ကိုပြပါဆို ရင် ဗာဒံစေ့ကိုသာ လက်ညှိးထိုးလိုက်ပါ။
ဝက်ခြံစို/၀က်ခြံခြောက်/ ဆားဝက်ခြံ အမျိုးမျိုးနဲ့  မျက်နှာပေါ်ရှိအမည်းစက်များ၊ အမာရွတ်များအတွက် ဘယ်လိုပင်မိတ်ကပ်ကောင်းကောင်းလိမ်းပါသော်လဲ မပျောက်နိုင်တဲ့အခါ စိတ်ညစ်ရပြီး၊ငွေကြေးတတ်နို င်သူများလည်း အရေပြားအထူးကု ဆရာဝန်တွေနဲ့ ပြသကြည့်ကြရာ၊ဆရာဝန်တိုင်း က အသားအရေကောင်းစေဖို့  ဗီတာမင်အီးဆေးတောင့်လေးတွေတိုက်ကျွေး လေ့ရှိပါတယ်။ အဲဒီဗီတာမင်အီးဆေးတောင့်တွေ နဲ့ 
ဗီတာမင်အီးဓာတ်ပါတဲ့ဆေးတွေအားလုံးကို Alpha-Tocopherol ဓာတ် ပစ္စည်းနဲဖော်စပ်ထားတာကြောင့် အသားအရေကို ကြည်လင်ဝင်းမွတ်တောက်ပလာစေပါတယ်။
ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ် ၀ရာအရင်းအမြစ်ဖြစ်တာကြောင့်
ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိသူများလည်း မဖြစ်မနေစားသင့်ပါတယ်။
အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။
ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ ပါမျက်နှာကိုအသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ မျက်နှာအရေးကြောင်းတွေမဖြစ် စေတော့ပါဘူး။ အသားအရေလည်းပိုညက်ညောလာပါတယ်။
မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တ၀ိုက် ဗာဒံဆီမှန်မှန်လိမ်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မျက်ကွင်းညိုများသိသိသသာလျော့ပါးသွားစေပါတယ်။ (မျက်လုံးထဲ ဆီမ၀င်အောင် ဂရုစိုက်လိမ်းပါ)
နှလုံးအတွက် သူငယ်ချင်းကောင်းလို့ ဆိုရမှာပါဘဲ။
အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှကာကွ ယ်ပေးပါတယ်။
ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာ ကိုယ်က အစားအစာထဲမှာပါလာတဲ့
ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့် တားပေးပါတယ်။
ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာ မင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ် နဲ့ 
ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ အလုံအလောက်ပါဝင်နေတာမို့ 
နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။သွေးထဲရှိ ကိုလက်စထရောပမာဏကို ချပေး တာကြောင့် နှလုံးကျမ္မာလာစေပါတယ်။
မှတ်ဥာဏ်နဲ့ ကိုယ်ခံစွမ်းအားတွေတိုးပွားစေပါတယ်။
အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက်ဇရာကြိုရောဂါသက်သာဆေးများ၊ ကိုယ်ခံစွမ်းအားကောင်းဆေးနဲ့ 
မှတ်ဥာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ် တွေနဲ့ ဖော်စပ်ထားခြင်းဖြစ်ပါတယ်။
အဲဒီဓာတ်တွေအလုံအလောက်ပါတဲ့ ဗာဒံစေ့ကိုစားပေး ခြင်းဖြင့်တစ်နေကုန်လန်းဆန်းလာစေပါတယ်။ အယ်လ်ဇိုင်းမားဝေဒနာရှင်များ ဗာဒံစေ့ကိုဖြည့်စွက်စာအားဆေးအဖြစ် မဖြစ် မနေ စားပေးသင့်ပါတယ်။ဝဖြိုးခြင်း ကိုတားဆီးပေးပါတယ်။
ဗီတာမင်၊ သတ္တုဓာတ်၊ ကစီဓာတ်တွေနဲ့  အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့ ကိုစားလိုက်တဲ့အခါ၊ နောက်ထပ် အစာစားချင်စိတ်ကိုချိုးနှိမ်ပေးတာမို့ အချိန်တော်တော်ကြာအောင် အဆာခံနိုင်သွားပါတယ်တဲ့။
ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများကဗိုက်ခေါက်အဆီများကိုချပေးနိုင် တာကြောင့် ၀ဖြိုးသူများနဲ
့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့  USDA ကအကြံပြုထားပါတယ်။
(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း Beauty Mantra )
Posted in: ဆေးဖက်ဝင်နွယ်မြက်သစ်ပင်
မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့ 
အလွယ်ခေါ်လေ့ရှိတာကြောင့်၊ “ဗာဒံပင်” ဆိုတဲ့ သူ့ မူလအမည် ပျောက်ကွယ်နေပါတယ်။
အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။ ဗာဒံစေ့နဲ့ ပတ်သက်ပြီးလူနဲ့ တည့်တယ်၊ ကျန်းမာရေးကောင်း တယ်၊ အသားအရေကိုကောင်းစေတယ်စတဲ့အ
လူတိုင်းသိကြမှာပါ။
သို့ သော် ဗာဒံစေ့နဲ့ ပတ်သက်ပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးတွေ
သိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါ တယ်။ဗာဒံပင်ကအကြီးမြန်ပြီး၊
အရိပ်ရပင်မှရတဲ့အစေ့ရဲ့ ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြပါ ဘူး။
ယနေ့နိုင်ငံတကာမှာတော့ ဗာဒံစေ့နဲ့  ၄င်းမှရတဲ့အဆီကိုတန်ဖိုးထား
အဖြစ်အထူးတလည်ဧည့်ခံနေကြပါတ
အီရန်နိုင်ငံမှာ တော့NewYearပါတီပွဲတိုလိုထူ
ဆားဖြင့်အငံဖောက်ထားတဲ့ ဗာဒံစေ့ လှော်နဲ့ ဧည့်ခံလေ့ရှိပါတယ်တဲ့။
မော်ရော့ကိုနိုင်ငံရဲ့  အရေးကြီးအခမ်းအနားများမှာဗာ
pasanda-style(ခေါ်)အိန္ဒိရို
ဗာဒံစေ့ကအေးမြစေတဲ့အစွမ်းသတ
နွေရာသီများမှာ ဗာဒံစေ့ နဲ့ ဖော်စပ်ထားတဲ့ Almond sherbet ဖျော်ရည်ကို summer drink အဖြစ် အထူးတလည်သောက်သုံးကြတယ်လိုသ
ကမ္ဘာ့အသိအမှတ်ပြု USDA ရဲ့  ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁၀၀-ဂရမ်
အလေးချိန်ရှိတဲ့ ဗာဒံစေ့ထဲမှာ၊ လူသားတို့ ကျန်းမာရေး ကိုကောင်းကျိုးဖြစ်စေတဲ့ ခွန်အား ၅၇၆ ကယ်လိုရီ၊ ကစီဓာတ် ၂၁.၆၉ ဂရမ်၊ကော်ဓာတ် ၀.၇၄ ဂရမ်၊ သကြား ၃.၈၉ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၁၂.၂၀ဂရမ်၊ အဆီဓာတ် ၄၉.၄၂ ဂရမ်၊ ပရိုတင်း ၂၁.၂၂ ဂရမ်၊ လိုင်စင်း ၀.၅၈၀ရမ်၊ရေဓာတ် ၄.၇ ဂရမ်၊ ဗီတာမင်အေ ၁ IU၊ သီအာမင်(ခေါ်)ဗီတာမင်ဘီ(၁) ၁၈%၊ ရီဘိုဖလာဗင်(ခေါ်)ဗီတာမင်ဘီ(
င်္နအာစင်း (ခေါ်)ဗီတာမင်ဘီ(၃) ၂၃%၊ဗီတာမင်ဘီ(၅) ၉%၊ ဗီတာမင်ဘီ(၆) ၁၁%၊ ဖောလိပ်(ခေါ်) ဗီတာမင်ဘီ(၉) ၁၃%၊ ချိုလင်း ၁၁%၊ ဗီတာမင်အီး ၁၇၅%၊ ကယ်လ်စီယမ် ၂၆%၊ သံဓာတ် ၂၉%၊ မဂ္ဂနီစီယမ် ၇၅%၊ မဂ္ဂနီးစ် ၁၀၉%၊ ဖော့စဖရက် ၆၉%၊ ပိုတက် စီယမ် ၁၅% နဲ့  ဇင့် ၃၂% တို
့အသီးသီးပါရှိကြပါတယ်။
ဒါကြောင့်လည်းဗာဒံစေ့တွေဟာအ
ကောင်းစေလို့ ကျား/မ အရွယ်(၃)ပါးအားလုံး စားသုံးပေးကြရန် USDA က အကြံပြုထားပါတယ်။
အူသိမ်၊ အူမများနဲ့  အတွင်းပိုင်းအကျဆုံးအူ များအားလုံးကိုသန့် စေပါတယ်။
လူတစ်ယောက်ရဲ့ အသားအရေဟာသူစားသုံးလိုက်သေ
နိုင်စွမ်းအားနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်
ဖြစ်စေပြီး၊၀က်ခြံစို/
ဝမ်းပုပ်များသက်စေပြီး၊အစာေ
အသားအရေတွေလည်းမညစ်ညမ်းတော့
ဝက်ခြံစို/၀က်ခြံခြောက်/
ဗီတာမင်အီးဓာတ်ပါတဲ့ဆေးတွေအ
ဗာဒံစေ့ဟာ ဗီတာမင်အီး ကြွယ် ၀ရာအရင်းအမြစ်ဖြစ်တာကြောင့်
ဝက်ခြံပေါက်သူတွေသာမက၊ အရေပြားရောဂါရှိသူများလည်း မဖြစ်မနေစားသင့်ပါတယ်။
အရွယ်နုပျိုဆေးသဖွယ် အားကိုးထိုက်ပါတယ်။
ဗာဒံစေ့ကို မှန်မှန်စားတဲ့အပြင်၊ ဗာဒံစေ့ဆီနဲ့ ပါမျက်နှာကိုအသာအယာနှိပ်နယ
မျက်ကွင်းညိုသူတွေ မျက်လုံးအောက်တ၀ိုက် ဗာဒံဆီမှန်မှန်လိမ်းပေးခြင်
နှလုံးအတွက် သူငယ်ချင်းကောင်းလို့ ဆိုရမှာပါဘဲ။
အရိုးရှင်းဆုံးပြောရရင် ဗာဒံစေ့က နှလုံးရောဂါဖြစ်ခြင်းမှကာကွ
ဗာဒံစေ့ထဲမှာပါတဲ့ အမျှင်ဓာတ်တွေဟာ ခန္ဓာ ကိုယ်က အစားအစာထဲမှာပါလာတဲ့
ပြင်ပအဆီတွေစုပ်ယူခြင်းကို ပိတ်ပင်ဟန့် တားပေးပါတယ်။
ဒါ့ပြင်ဗာဒံစေ့ထဲမှာ ဗီတာ မင်အီး၊ ပြည့်ဝဆီများ၊ မဂ္ဂနီစီယမ် နဲ့ 
ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ အလုံအလောက်ပါဝင်နေတာမို့ 
နှလုံးသွေးလည်ပတ် စီးဆင်းမှုအားကောင်းစေပါတယ်။
မှတ်ဥာဏ်နဲ့ ကိုယ်ခံစွမ်းအားတွေတိုးပွာ
အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက
မှတ်ဥာဏ်ကောင်းဆေးတွေကို ရီဘိုဖလာဗင်၊မဂ္ဂနီစီယမ်ဓာတ်
အဲဒီဓာတ်တွေအလုံအလောက်ပါတဲ့
ဗီတာမင်၊ သတ္တုဓာတ်၊ ကစီဓာတ်တွေနဲ့  အာဟာရသိဒ္ဓိပြည့်ဝတဲ့ဗာဒံစေ့
ဒါ့ပြင် ဗာဒံစေ့ထဲမှာပါရှိတဲ့ အကျိုးပြုပြည့်ဝဆီများကဗိုက
့အဆီတွေအိတွဲကျသူများ ဗာဒံစေ့ကို စားပေးကြပါလို့  USDA ကအကြံပြုထားပါတယ်။
(ပေါက်ပေါက်…မျှဝေသည်)
(မှီငြမ်း Beauty Mantra )
Posted in: ဆေးဖက်ဝင်နွယ်မြက်သစ်ပင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။