ဘယ်နိုင်ငံတွေ ပတ်စ်ပို့ သြဇာအကြီးဆုံးလဲ
=======================
အဖြေကတော့ ဗြိတိန်နဲ့ အမေရိကန်ပါ။ Passport Index စစ်တမ်းက အဆင့် သတ်မှတ် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပတ်စ်ပို့ ကိုင်ထားသူ တစ်ဦးသည် ဗီဇာကြိုတင် လျှောက်ထားစရာ မလိုဘဲ သွားနိုင်သည့် အခြားနိုင်ငံများ အရေအတွက်ကို ကြည့်ပြီး ထိုနိုင်ငံ၏ ပတ်စ်ပို့ သြဇာကြီးမားမှုကို အမှတ်ပေး အကဲဖြတ်ခြင်း ဖြစ်သည်။
ဗီဇာကြို လျှောက်စရာမလိုဘဲ သွားနိုင်သည့် နိုင်ငံများလေ ရမှတ်မြင့်လေ၊ ရမှတ်မြင့်လေ သြဇာကြီးလေဟု သတ်မှတ်နိုင်သည်။ Passport Index စာရင်းတွင် နိုင်ငံနှင့် ဒေသ (၁၉၉) ခု၏ ပတ်စ်ပို့များကို အဆင့် သတ်မှတ်ထားသည်။ ကုလသမဂ္ဂ အဖွဲ့ဝင်(၁၉၃) နိုင်ငံနှင့် နယ်မြေဒေသ ခြောက်ခု ပါဝင်သည်။ အမေရိကန်နှင့် ဗြိတိန် ပတ်စ်ပို့ ကိုင်ထားသူတို့သည် နိုင်ငံနှင့် ဒေသ (၁၄၇) ခုထိကို ဗီဇာကြိုတင် လျှောက်ထားစရာ မလိုဘဲ သွားရောက်နိုင်သည်။
သြဇာ အနိမ့်ဆုံး ပတ်စ်ပို့များထဲတွင် ဆော်တုမ်းနှင့် ပရင်စီပီနိုင်ငံ၊ ပါလက်စတိုင်း ဒေသ၊ ဆော်လ်မွန် ကျွန်းစုများ၊ မြန်မာနှင့် တောင်ဆူဒန်တို့ ပါဝင်သည်။ ထိုနိုင်ငံနှင့် ဒေသများ၏ ပတ်စ်ပို့ကို ကိုင်ထားသူတို့သည် ပျမ်းမျှအားဖြင့် နိုင်ငံ (၂၈) နိုင်ငံသို့သာ ဗီဇာကြိုလျှောက်စရာ မလိုဘဲ သွားခွင့်ရသည်။
Messenger News
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။