စိတ်ကူး နှင့် လက်တွေ့
++++++++++++
တစ်ခါက ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ လူငယ်လေးတစ်ဦးရှိပါသတဲ့..။
တစ်နေ့တော့ သူဟာ အိမ်ရှေ့လမ်းမမှာ မြင်းစီးပြီး ဖြတ်သန်းသွားတဲ့
လူတစ်ဦးကို တွေ့မိတယ်..။ မြင်းစီးသွားတဲ့လူဟာ အင်မတန်မှ
ဂိုက်ဆိုဒ်ကျလှတာကြောင့်လည်း.. လူငယ်လေးက အားကျခဲ့တယ်..။ အဲဒီအခါ သူက အိမ်ရှေ့ကို အမြန်ပြေးထွက်ပြီး မြင်းစီးလာတဲ့လူကို လှမ်းခေါ်တယ်..။ ပြီးတော့ ဒီလိုပြောတယ်..
"အစ်ကို.. ခင်ဗျားမြင်းစီးသင်ခဲ့တုန်းက အချိန်ဘယ်လောက်ပေးရတုန်း"
လို့မေးခဲ့တယ်.. အဲဒီအခါ မြင်းစီးသမားက
"အင်း.. တကယ်တမ်းကျွမ်းကျွမ်းကျင်ကျ င်းစီးတတ်ဖို့ဆိုရင်တော့..တ စ်လဆိုလည်းဟုတ်တယ်..။ တစ်နှစ်လည်းကြာချင်ကြာမယ်.. အဓိကက အလေ့အကျင့်ပေါ့ဗျာ"
လို့ဖြေခဲ့တယ်..။
လူငယ်က ကျေးဇူးစကားဆိုပြီးတဲ့အခါ.. မြင်းစီးလာတဲ့လူလည်း
သူ့ခရီးကို ဆက်လက်ထွက်ခွာသွားတယ်..။ လူငယ်ရဲ့စိတ်ထဲမှာလည်း မြင်းစီးနေတဲ့
သူ့ဟန်ပန်ကို စိတ်ကူးကြည့်နေမိတယ်..။ သူသာ မြင်းစီးလိုက်လို့ကတော့
အင်မတန်ကြည့်ကောင်းတဲ့ ကောင်းဘွိုင်မင်းသားနဲ့တူနိုင်တယ်လို့ ထင်နေမိတယ်..။ သူသာ မြင်းစီးနည်းလေ့လာမယ်ဆိုလို့ ကတော့.. တစ်နှစ်၊ တစ်လ၊ မလိုဘဲ "တစ်မနက်တည်း" နဲ့ တတ်မြောက်မှာပဲလို့တွေးနေမိ ပြန်တယ်..။ မြင်းစီးသွားတဲ့လူဟာ တော်တော် ညံ့ဖျဉ်းပြီး ဥာဏ်တုံးလို့သာ တစ်လကြာအောင်သင်ရတာပဲဖြစ်မယ်.. လို့လည်းထင်နေခဲ့တယ်..။ မြင်းပေါ်ခွထိုင်ပြီး စီးရတာလောက် လွယ်တဲ့အလုပ်မရှိဘူးလို့လည်း တွေးတောနေခဲ့တယ်..။
အဲဒီနောက်မှာတော့ သူဟာ.. စာကြည့်တိုက်တစ်ခုကိုသွားခဲ့ တယ်..။ အဲဒီနောက် "မြင်းအကြောင်းသိကောင်းစရာ" ဆိုတဲ့ စာအုပ်ကိုငှားရမ်းလာခဲ့တယ်. .။ အဲဒီညမှာတော့သူဟာ.. မြင်းအကြောင်းသိကောင်းစရာစာ အုပ်ကို တစ်မျက်နှာခြင်းသေချာဖတ်ခဲ့ တယ်..။
မြင်းပေါ်ကို ဘယ်လိုတက်မယ်၊ မြင်းဇက်ကြိုးကို ဘယ်လိုကိုင်မယ်..၊
ခြေနင်းကွင်းထဲကို ခြေထောက်ကို ဘယ်လိုထည့်မယ် မြင်းကိုဘယ်လိုအစာတွေကျွေးမ ယ်.. စတဲ့အကြောင်းအရာတွေကို.. သေချာမှတ်သားထားတယ်..။
နောက်တစ်နေ့မှာတော့သူဟာ.. ဂျင်ဘောင်းဘီ၊ ကန်းထရီးဖိနပ်၊ ဦးထုပ် စတဲ့ ကောင်းဘွိုင်မင်းသားတွေရဲ့ ဟန်ပန်အတိုင်း ၀တ်ဆင်ပြီး မြင်းအကြောင်းသိကောင်းစရာစာ အုပ်ကို ခါးကြားထိုးကာ မြင်းဇောင်းကို သွားခဲ့တယ်..။ အဲဒီနောက်မှာတော့ မြင်းထိန်းကို မြင်းငှားရမ်းချင်ကြောင်ြးေ ပာခဲ့တယ်..။ သူ့ရဲ့ဟန်ပန်ကို မြင်တဲ့အခါ မြင်းထိန်းက
"ခင်ဗျား မြင်းစီးတတ်တယ်နော်" လို့မေးတယ်.။ လူငယ်က
"ကျွန်တော်သိတဲ့မြင်းနဲ့ပတ် သက်သမျှအကြောင်းတွေ ခင်ဗျားကို တစ်ထိုင်တည်းပြောပြရမယ်ဆိုရ င်.. နောက်သုံးလကြာတဲ့အထိ ခင်ဗျားအိမ်ပြန်ရမှာမဟုတ်သေးဘူး" လို့ပြန်ပြောခဲ့တယ်..။
"ဒါဆို ကျနော်လိုက်ထိန်းပေးဖို့ မလိုဘူးပေါ့" လို့ မြင်းထိန်းကမေးတယ်..။
အဲဒီအခါ လူငယ်က
"ဘာအတွက် ခင်ဗျားက လိုက်ထိန်းမှာတုန်း.. မြင်းချေးလိုက်ကောက်ဖို့လား ..ဟား..ဟား" လို့ ပျက်ရယ်ပြုတယ်..။
မြင်းထိန်းလည်း ယုံကြည်သွားပြီး မြင်းစီးမကျွမ်းကျင်သူတွေကို ပေးမယ့်မြင်းကိုမပေးတော့ဘဲ. . မြင်းစီးကျွမ်းသူတွေသာ စီးနင်းနိုင်တဲ့ သန်မာလှပတဲ့မြင်းတစ်ကောင်ကို မြင်းဇောင်းကနေထုတ်ပြီး လူငယ်ကိုငှားလိုက်တယ်..။
လူငယ်ဟာ မြင်းကိုမြင်မြင်ချင်း.. သူမှတ်သားထားတဲ့အကြောင်းအရာ တွေကို
ပြန်လည်အမှတ်ရ ရေရွတ်တယ်.. တစ်..လည်ဆံမွှေးကို ဘယ်လိုကိုင်မယ်.. နှစ်..
ဇက်ကြိုးကိုဘယ်လိုဆွဲမယ်.. လို့ ခပ်တိုးတိုးရေရွတ်တယ်.. ။ အဲဒီနောက်
မြင်းပေါ်ကို ခွတက်ဖို့ကြိုးစားတယ်..။
ဒါပေမယ့်သူထင်လာသလို ဖြစ်မလာဘဲ.. မြင်းက ရုန်းကန်ပြန်တယ်..။ လူငယ်ဟာ ပုံပျက်ပန်းပျက်ပဲ ကျောပြင်နဲ့ မြေပြင် မိတ်ဆက်မိတယ်..။ လူငယ်က ထပ်ကြိုးစားတယ်..။ ထပ်ပြီး ပြုတ်ကျပြန်တယ်..။ ပြေးပြီး ခုန်တက်ဖို့ ကြိုးစားပြန်တယ်..။ မြင်းရဲ့ နောက်ခွာက ဆီးကြိုဂုဏ်ပြုပြန်တယ်..။ အဲဒီလိုနဲ့ လူငယ်ဟာ မြင်းပေါ်ကိုတောင်မတက်နိုင်ဘဲ ဖြစ်နေခဲ့တယ်..။
အဲဒီအဖြစ်အပျက်ကို မြင်တဲ့မြင်းထိန်းက..
"ခင်ဗျားပြောတော့ မြင်းစီးတတ်တယ်ဆို.. ခုဘယ်လိုဖြစ်တာတုန်း" လို့မေးတယ်..။
အဲဒီအခါမှာတော့ လူငယ်က သူ့ခါးကြားထဲက "မြင်းအကြောင်းသိကောင်းစရာ" စာအုပ်ကို ထုတ်ပြတယ်...။ ပြီးတော့
"ဒီအထဲက ဟာတွေကျနော် သေချာဖတ်ထားတာပဲဗျာ.."လို့ ပြန်ပြောတယ်..။ အဲဒီ အခါ မြင်းထိန်းက
"တချို့အရာတွေက.. လက်တွေ့အရင်လုပ်မကြည့်ဘဲ.. အဆင်ပြေမယ်လို့ ခင်ဗျားထင်လား"
လို့ပြောရင်း သူ့စာအုပ်ကို လွှင့်ပစ်လိုက်တယ်.. ။ ပြီးတော့ ဒီလိုပြောတယ်..
"မြင်းစီးချင်ရင်.. ကျနော်သင်ပေးမယ်.."
========================== ==
ဒီအဖြစ်အပျက်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်..။ တစ်ခါတစ်ရံမှာ ကျနော်တို့ဟာ.. မြင်းစီးချင်တဲ့ လူငယ်နဲ့ တူနေတတ်ကြတယ်..။ ကျနော်တို့ဟာ.. လက်တွေ့မပါတဲ့ စိတ်ကူးတွေ၊ လက်တွေ့မကျတဲ့ စီမံကိန်းတွေနဲ့ လေထဲတိုက်အိမ် ဆောက်နေကြတယ်လို့ဆိုတယ်..။
အဲဒီလို လေထဲတိုက်အိမ်ဆောက်တဲ့အခါ အရာရာမှာ အဆင်ပြေ ချောမွေ့နေကြပြန်တယ်...။ စိတ်ကူးယဉ်ဇာတ်လမ်း၊ ရုပ်ရှင်၊ ၀တ္တု တွေမှာ ပူးကပ်ခံစားရင်း လက်တွေ့မကျတဲ့စိတ်ကူးတွေကို တည်ဆောက်နေကြပြန်တယ်..။ ကိုယ်ဟာ ကိုယ့်စိတ်ကူးရဲ့ မီလျံနာလည်းဖြစ်ချင်ဖြစ်နေမ ယ်..။
ကမ္ဘာကျော်မင်းသားလည်း ဖြစ်နိုင်တယ်..။ ဘယ်လုပ်ငန်းကို
ဘယ်လိုလုပ်လိုက်ရင်.. ငါ့အောင်မြင်မှာပဲ။ ငါသာသူ့နေရာမှာဆို. ဒီထက်မက
ဖြစ်တာပေါ့။ ဆိုတဲ့ အတွေးတွေနဲ့ ဘ၀င်လေဟပ်နေကြသူများပဲဖြစ်တ ယ်.။
အဲဒီလို အတွေးတွေဟာ.. အခက်အခဲချွေးစက်တွေနဲ့ တံဆာဆင်တဲ့ လက်တွေ့ဘ၀ရဲ့လမ်းပေါ်မှာ အသုံးမ၀င်လှတဲ့ ယုံတမ်းတွေပဲဖြစ်တယ်.။ စိတ်ကူးယဉ်စီမံကိန်းဟာ.. လက်တွေ့ဘ၀ရဲ့ စက္ကူစုတ်မျှသာဖြစ်တယ်..။ ကျနော်တို့ဟာ အဲဒီအချက်ကို ဆင်ခြင်ပြီး စာပေ၊ သင်တန်း ကပေးထားတဲ့ ဗဟုသုတအသိအမြင်ကို၊ လက်တွေ့လောကရဲ့ အတွေ့အကြုံနဲ့ တံဆာဆင်ရမှာဖြစ်တယ်..။ လေ့လာခြင်းဆိုတဲ့ စိန်တစ်ပွင့်ကို၊ အတွေ့အကြုံဆိုတဲ့ ရွှေနဲ့ မွမ်းမံရမှာပဲဖြစ်တယ်..။ မြင်းထိန်းနဲ့တူတဲ့ လက်တွေ့အတွေ့အကြုံရှိသူတွေရဲ့ အကြံပြုချက် ကို ရယူရမှာပဲဖြစ်တယ်.။
တစ်ခါတစ်လေမှာ လက်တွေ့ဘ၀ရဲ့ အခက်အခဲတွေဟာ ကိုယ်တိုင် ခံစားဘူး၊ ကြုံတွေ့ဘူးမှ သိနိုင်တာမျိုးဖြစ်တာကို ဆင်ခြင်သင့်လှတယ်..။ တချို့သောအရာတွေဟာ သင်တန်းတက်ပြီးရုံ၊ စာအုပ်ဖတ်ရုံမျှနဲ့ မလုံလောက်တတ်ဘူးဆိုတာကို ဆင်ခြင်သင့်လှတယ်..။ ဘယ်နယ်ပယ်၊ ဘယ်လိုလုပ်ငန်းမဆို.. လက်တွေ့လုပ်ဆောင်မှုအတွေ့အကြုံမရှိပါဘဲ အဆင်မပြေနိုင်ဘူးလို့ ဆိုလိုရင်းဖြစ်တယ်..။
စိတ်ကူးယဉ်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့.. ပျော့ညံ့လွန်းတဲ့သူဟာ လက်တွေ့ဘ၀နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံဆုံရတဲ့အခါ "ကြမ်းတမ်းတဲ့လောကကြီးပါလား ၊
ငါဘယ်လိုမှ ဆက်မလုပ်နိုင်တော့ဘူး" လို့ ညဉ်းညူတတ်ကြပြန်တယ်.။ အဲဒီအခါ
နဂိုရှိပြီးသား စိတ်ကူးအိပ်မက်ဟာလည်း.. မျှော်လင့်ချက်မဲ့ခြင်းနဲ့အ တူ.. ရေစုန်မြောရမှာပဲဖြစ်တယ်..။
“No principle ever filled anybody's milk bottle”
ဆိုတဲ့စကားလို.. ဘယ်မူဝါဒကမှ လူတွေရဲ့နို့ပုလင်းကို မဖြည့်ပေးနိုင်ဘူးလို့ဆိုတယ်..။ လက်တွေ့မပါဘဲ.. ဘယ်အရာမှ မအောင်မြင်မပြီးဆုံးနိုင်ဘူးလို့ဆိုလိုရင်းဖြစ်တယ်..။
စိတ်ကူးကို လက်တွေ့အဖြစ် အကောင်အထည်ဖော်နိုင်ကြပါစေ. .
(ဖြိုးသုတ)
++++++++++++
တစ်ခါက ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ လူငယ်လေးတစ်ဦးရှိပါသတဲ့..။
"အစ်ကို.. ခင်ဗျားမြင်းစီးသင်ခဲ့တုန်းက အချိန်ဘယ်လောက်ပေးရတုန်း"
လို့မေးခဲ့တယ်.. အဲဒီအခါ မြင်းစီးသမားက
"အင်း.. တကယ်တမ်းကျွမ်းကျွမ်းကျင်ကျ
လို့ဖြေခဲ့တယ်..။
လူငယ်က ကျေးဇူးစကားဆိုပြီးတဲ့အခါ..
အဲဒီနောက်မှာတော့ သူဟာ.. စာကြည့်တိုက်တစ်ခုကိုသွားခဲ
နောက်တစ်နေ့မှာတော့သူဟာ.. ဂျင်ဘောင်းဘီ၊ ကန်းထရီးဖိနပ်၊ ဦးထုပ် စတဲ့ ကောင်းဘွိုင်မင်းသားတွေရဲ့ ဟန်ပန်အတိုင်း ၀တ်ဆင်ပြီး မြင်းအကြောင်းသိကောင်းစရာစာ
"ခင်ဗျား မြင်းစီးတတ်တယ်နော်" လို့မေးတယ်.။ လူငယ်က
"ကျွန်တော်သိတဲ့မြင်းနဲ့ပတ်
"ဒါဆို ကျနော်လိုက်ထိန်းပေးဖို့ မလိုဘူးပေါ့" လို့ မြင်းထိန်းကမေးတယ်..။
အဲဒီအခါ လူငယ်က
"ဘာအတွက် ခင်ဗျားက လိုက်ထိန်းမှာတုန်း.. မြင်းချေးလိုက်ကောက်ဖို့လား
မြင်းထိန်းလည်း ယုံကြည်သွားပြီး မြင်းစီးမကျွမ်းကျင်သူတွေကိ
လူငယ်ဟာ မြင်းကိုမြင်မြင်ချင်း.. သူမှတ်သားထားတဲ့အကြောင်းအရာ
ဒါပေမယ့်သူထင်လာသလို ဖြစ်မလာဘဲ.. မြင်းက ရုန်းကန်ပြန်တယ်..။ လူငယ်ဟာ ပုံပျက်ပန်းပျက်ပဲ ကျောပြင်နဲ့ မြေပြင် မိတ်ဆက်မိတယ်..။ လူငယ်က ထပ်ကြိုးစားတယ်..။ ထပ်ပြီး ပြုတ်ကျပြန်တယ်..။ ပြေးပြီး ခုန်တက်ဖို့ ကြိုးစားပြန်တယ်..။ မြင်းရဲ့ နောက်ခွာက ဆီးကြိုဂုဏ်ပြုပြန်တယ်..။ အဲဒီလိုနဲ့ လူငယ်ဟာ မြင်းပေါ်ကိုတောင်မတက်နိုင်ဘ
အဲဒီအဖြစ်အပျက်ကို မြင်တဲ့မြင်းထိန်းက..
"ခင်ဗျားပြောတော့ မြင်းစီးတတ်တယ်ဆို.. ခုဘယ်လိုဖြစ်တာတုန်း" လို့မေးတယ်..။
အဲဒီအခါမှာတော့ လူငယ်က သူ့ခါးကြားထဲက "မြင်းအကြောင်းသိကောင်းစရာ"
"ဒီအထဲက ဟာတွေကျနော် သေချာဖတ်ထားတာပဲဗျာ.."လို့ ပြန်ပြောတယ်..။ အဲဒီ အခါ မြင်းထိန်းက
"တချို့အရာတွေက.. လက်တွေ့အရင်လုပ်မကြည့်ဘဲ.. အဆင်ပြေမယ်လို့ ခင်ဗျားထင်လား"
လို့ပြောရင်း သူ့စာအုပ်ကို လွှင့်ပစ်လိုက်တယ်.. ။ ပြီးတော့ ဒီလိုပြောတယ်..
"မြင်းစီးချင်ရင်.. ကျနော်သင်ပေးမယ်.."
==========================
ဒီအဖြစ်အပျက်လေးက ကျနော်တို့ကို ပြောပြထားတာတွေရှိတယ်..။ တစ်ခါတစ်ရံမှာ ကျနော်တို့ဟာ.. မြင်းစီးချင်တဲ့ လူငယ်နဲ့ တူနေတတ်ကြတယ်..။ ကျနော်တို့ဟာ.. လက်တွေ့မပါတဲ့ စိတ်ကူးတွေ၊ လက်တွေ့မကျတဲ့ စီမံကိန်းတွေနဲ့ လေထဲတိုက်အိမ် ဆောက်နေကြတယ်လို့ဆိုတယ်..။
အဲဒီလို လေထဲတိုက်အိမ်ဆောက်တဲ့အခါ အရာရာမှာ အဆင်ပြေ ချောမွေ့နေကြပြန်တယ်...။ စိတ်ကူးယဉ်ဇာတ်လမ်း၊ ရုပ်ရှင်၊ ၀တ္တု တွေမှာ ပူးကပ်ခံစားရင်း လက်တွေ့မကျတဲ့စိတ်ကူးတွေကို
အဲဒီလို အတွေးတွေဟာ.. အခက်အခဲချွေးစက်တွေနဲ့ တံဆာဆင်တဲ့ လက်တွေ့ဘ၀ရဲ့လမ်းပေါ်မှာ အသုံးမ၀င်လှတဲ့ ယုံတမ်းတွေပဲဖြစ်တယ်.။ စိတ်ကူးယဉ်စီမံကိန်းဟာ.. လက်တွေ့ဘ၀ရဲ့ စက္ကူစုတ်မျှသာဖြစ်တယ်..။ ကျနော်တို့ဟာ အဲဒီအချက်ကို ဆင်ခြင်ပြီး စာပေ၊ သင်တန်း ကပေးထားတဲ့ ဗဟုသုတအသိအမြင်ကို၊ လက်တွေ့လောကရဲ့ အတွေ့အကြုံနဲ့ တံဆာဆင်ရမှာဖြစ်တယ်..။ လေ့လာခြင်းဆိုတဲ့ စိန်တစ်ပွင့်ကို၊ အတွေ့အကြုံဆိုတဲ့ ရွှေနဲ့ မွမ်းမံရမှာပဲဖြစ်တယ်..။ မြင်းထိန်းနဲ့တူတဲ့ လက်တွေ့အတွေ့အကြုံရှိသူတွေရ
တစ်ခါတစ်လေမှာ လက်တွေ့ဘ၀ရဲ့ အခက်အခဲတွေဟာ ကိုယ်တိုင် ခံစားဘူး၊ ကြုံတွေ့ဘူးမှ သိနိုင်တာမျိုးဖြစ်တာကို ဆင်ခြင်သင့်လှတယ်..။ တချို့သောအရာတွေဟာ သင်တန်းတက်ပြီးရုံ၊ စာအုပ်ဖတ်ရုံမျှနဲ့ မလုံလောက်တတ်ဘူးဆိုတာကို ဆင်ခြင်သင့်လှတယ်..။ ဘယ်နယ်ပယ်၊ ဘယ်လိုလုပ်ငန်းမဆို.. လက်တွေ့လုပ်ဆောင်မှုအတွေ့အကြ
စိတ်ကူးယဉ်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့.. ပျော့ညံ့လွန်းတဲ့သူဟာ လက်တွေ့ဘ၀နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံဆုံရတဲ့အခါ "ကြမ်းတမ်းတဲ့လောကကြီးပါလား
“No principle ever filled anybody's milk bottle”
ဆိုတဲ့စကားလို.. ဘယ်မူဝါဒကမှ လူတွေရဲ့နို့ပုလင်းကို မဖြည့်ပေးနိုင်ဘူးလို့ဆိုတယ
စိတ်ကူးကို လက်တွေ့အဖြစ် အကောင်အထည်ဖော်နိုင်ကြပါစေ.
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။