သံစူးနေတဲ့ ခွေးလေး
*********************
တစ်နေ့မှာတော့ တွမ်ဟာ ရပ်ကွက်အသစ်ကို အိမ်ပြောင်းလာပါတယ်။ သူဟာ သူ့ရဲ့အိမ်အသစ်လေးကို အရမ်းနှစ်ခြိုက်ပါတယ်။
ပတ်ဝန်းကျင်လေးကလည်း ကောင်းတယ်။ ရပ်ကွက်လေးကလည်း သန့်တော့ တွမ်အကြိုက်တွေ့နေတာပေါ့။
အဲ.. တစ်ခုလေးပဲ။ အဲဒီ့တစ်ခုလေးပဲ တွမ့်အတွက် စိတ်ပျက်စရာကောင်းတာပါ။ ဒါကတော့ တွမ်ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့
မစ္စတာတန်မှာ ခွေးတစ်ကောင်ရှိတယ်။ ဒါပေမယ့် အဲဒီ့ခွေးက အဆက်မပြတ်ကို အူနေသတဲ့။
"အူး... အူး... အူး..."
တွမ့်စိတ်ထဲမှာတော့ ဒီလိုအူသံတွေက အချိန်တန်ရင်တော့ ပျောက်သွားမှာပဲလို့ ယူဆပါတယ်။ ဒါပေမယ့် အူသံတွေက ရပ်သွားရင်တောင်
ခဏပဲရပ်ပြီး နေ့မရွေး၊ ညမရွေးကို အူမြဲအူနေပါသတဲ့။
ဒီလိုနဲ့ အချိန်တွေက တစ်ရက်ကနေ နှစ်ရက်။ နောက်တော့ တစ်ပတ်။ နောက် နှစ်ပတ်ကနေ တစ်လနီးနီးဖြစ်လာပါလေရော။
နောက်ဆုံးမှာ သည်းမခံနိုင်နိုင်တော့တဲ့ တွမ်ဟာ သူ့အိမ်နီးနားချင်း မစ္စတာတန်ရဲ့ အိမ်ကိုသွားပါတယ်။
အိမ်ရှေ့လည်းရောက်ရော ထုံးစံအတိုင်း ခြံထဲမှာ ခွေးတစ်ကောင်က အူနေလေပါရော။ အဲဒီ့ဘေးမှာတော့ မစ္စတာတန်ကို ခုံတန်းလေးမှာ
ကော်ဖီသောက်လျက် တွေ့ရပါတယ်။
"ဒီမှာ မစ္စတာတန်... ဒီအူနေတဲ့ ခွေးက ခင်ဗျားခွေးလားဗျ?"
"ဟုတ်ပါတယ် ကျွန်တော့် ခွေးပါ"
"ဘာလို့ ဒီခွေးက အဆက်မပြတ် အူနေတာလည်း"
"သြော်.. သူက သံစူးချောင်းပေါ်မှာ ထိုင်နေတာကိုး.. အူမှာပေါ့"
မစ္စတာတန်ရဲ့ အဖြေစကားကိုကြားတော့ တွမ်အနည်းငယ် အံ့သြသွားတယ်။
"ဘယ်လို? သူက သံချောင်းပေါ်ကနေ မဆင်းဘူးလား ဘာလို့ အနာခံပြီး ထိုင်နေတာလဲ?"
တွမ်ရဲ့ အမေးစကားကို မစ္စတာတန်က ကော်ဖီလေးမော့ရင်း အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။
"ဒါကတော့ သူနာလို့ မဝသေးလို့နေမှာပေါ့ဗျာ"
ဟုတ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း လူတော်တော်များများဟာ သံစူးနေပေမယ့် သံစူးချောင်းပေါ်မှာပဲ အော်ရင်းဟစ်ရင်း
ဆက်ထိုင်နေပါတယ်။ အလုပ်ကြောင့် စူးတဲ့သံ။ လူမှုရေးကြောင့် စူးတဲ့သံ။ အချစ်ရေးကြောင့် စူးတဲ့သံ။
ဒီနာကျင်မှုတွေကို ရှောင်လွှဲဖို့ နည်းလမ်းတွေရှိရဲ့သားနဲ့ ကျွန်တော်တို့အားလုံး သံစူးချောင်းပေါ်မှာပဲ ထိုင်မြဲထိုင်နေတတ်ပါတယ်။
ဒုက္ခတွေကို အော်ဟစ်ငြီးတွားခြင်းက ဒုက္ခတွေကို ပျောက်ကွယ်ဖို့ နည်းလမ်းမဟုတ်ပါဘူး။
သင့်ဘဝမှာလည်း တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ "ငါက သံစူးချောင်းပေါ်မှာ ထိုင်ပြီးအော်နေတဲ့ ခွေးကလေးလား"လို့။
ဒုက္ခများ ကင်းဝေးကြပါစေ..
ရွှေညာမောင် (Focus Youth E-magazine)
ဘာသာပြန်

သင့်ဘဝမှာလည်း တိုက်ဆိုင်မှုတွေကြုံလာတဲ့အခ
ဒုက္ခများ ကင်းဝေးကြပါစေ..
ရွှေညာမောင် (Focus Youth E-magazine)
ဘာသာပြန်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။