တကယ့်အရည်အချင်း?
++++++++++++++++
တစ်ခါက ဥသြငှက်တစ်ကောင်ဟာ တေးသီဆိုနေပါသတဲ့ ။ သူရဲ့ တေးသံဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့်. အနီးအနားမှာရှိကြတဲ့ တောကောင်လေးတွေဟာ.. သဘောကျ နှစ်ချိုက်ကြပါသတဲ့..။ ဥသြဟာ... "ဥသြ..ဥသြ" ဆိုတဲ့အသံကလွဲရင် အခြားအသစ်အဆန်း သီဆိုနိုင်ခြင်းတော့ မရှိပဲဖြစ်နေပြန်တယ်။
အဲဒီအချိန်မှာပဲ.. တေးသီငှက် (နိုက်တင်ဂေးလ်) တစ်ကောင်ဟာ သူ့အသိုက်ကနေ နိုးထလာပြီး တေးသီချင်းသီဆိုပြန်တယ်..။ နိုက်တင်ဂေးလ်ငှက်ကလေးဟာ.. သီချင်းသံစဉ်ပေါင်းများစွာကို သီဆိုနိုင်တဲ့အပြင် အသံနေအသံထားကပါ ကောင်းလွန်းတဲ့အတွက်.တောကော င်တွေတင်မက.. တောထဲကို ထင်းခွေလာကြသူများ အပြင်၊ တောလိုက်မုဆိုးများကပါ ချီးကျူးထောပနာ ပြုကြရပြန်တယ်.။
အဲဒီလို နိုက်တင်ဂေးလ်ငှက်ကလေးက စတင်သီဆိုတဲ့အချိန်မှာတော့ ဥသြငှက်ရဲ့ သီချင်းကို နားထောင်နေကြတဲ့ တိရစ္ဆာန်တွေဟာ ဥသြငှက်ကို စွန့်ခွာပြီး နိုက်တင်ဂေးလ်ငှက်ကလေးထံကို
လာရောက်ပြီး နားဆင်ကြခဲ့ကြတယ်။ ဥသြငှက်ဟာ သူ့ရဲ့ ပရိတ်သတ်စွန့်ခွာခြင်းကို
ခံရတဲ့အတွက် အင်မတန်မှပဲ စိတ်ဆိုးဒေါသထွက်ပြန်တယ်။ သူဟာ
ဒေါသထွက်လွန်းတဲ့အတွက်.. နိုက်တင်ဂေးလ်ငှက်ဆီကို လာရောက်ပြီး
ဒီလိုပြောခဲ့တယ်
"နိုက်တင်ဂေးလ်ငှက်စုတ်၊ နင့်ရဲ့အသံဟာ.. အင်မတန်မှ နားဝင်ဆိုးလှတယ်၊ ငါနဲ့ယှဉ်လိုက်တဲ့အခါမှာတော့ 
နံ့သာဆီနဲ့ မစင်လို ကွာခြားတယ်။ ငါ့ရဲ့ ကောင်းမြတ်တဲ့အသံကို နားမလည်
မခံစားတတ်ကြတဲ့ တိရစ္ဆာန်ကောင်တွေကသာ နင့်သီချင်းကို
နားထောင်ကြမှာပဲဖြစ်တယ်၊ တကယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုရင်၊
နင်နဲ့ငါ သီချင်းဆိုပြိုင်ကြစို့လား" လို့စိန်ခေါ်လိုက်တယ်..။
အဲဒီအခါမှာတော့ နိုက်တင်ဂေးလ်ငှက်လေးဟာ မဆိုင်းမတွပဲ စိန်ခေါ်မှုကိုလက်ခံလိုက်တယ်. .။
အဲဒီလို လက်ခံလိုက်တဲ့အတွက် သူတို့ရဲ့ အဆိုပြိုင်ပွဲအတွက်
အဆုံးအဖြတ်တစ်စုံတစ်ရာ ပြုပေးဖို့အတွက် ဒိုင်လူကြီးတစ်ယောက်
လိုအပ်လာပြန်တယ်။ အဲဒီအခါ ဥသြငှက်က
"ဒီနားမှာက မင်းရဲ့ ပရိသတ်တွေပဲဆိုတော့ ဘက်လိုက်ပြီးဆုံးဖြတ်ကြလိမ့် မယ်၊ ဒါကြောင့် မင်းသီချင်းဆိုတာကို နားမထောင်ဘဲနေတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ကို ဆုံးဖြတ်ခိုင်းရမယ်"
လို့ပြောဆိုပြန်တယ်။
နိုက်တင်ဂေးလ်ငှက်လေးကလည်း သဘောတူလိုက်ပြန်တယ်။ အဲဒီလိုနဲ့ ဥသြနဲ့ နိုက်တင်ဂေးလ်ငှက်တို့ဟာ ဒိုင်လူကြီးကို လိုက်လံရှာဖွေကြတယ်။ နောက်ဆုံးမှာတော့ တောစပ်မှာ မြက်စားနေတဲ့ မြည်းတစ်ကောင်ကို တွေ့ရှိကြတယ်။
တကယ်တော့ မြည်းဟာ နုံလွန်းတဲ့အတွက် သီချင်းသံစဉ်နဲ့စာသားကိုတော င် ခွဲခြားပြီး သဘောမပေါက်သူသာလျဉ်ဖြစ်တယ်။
အခြားသော တိရစ္ဆာန်တွေဟာ ဥသြငှက်နဲ့ နိုက်တင်ဂေးလ်တို့ရဲ့ သီချင်းများကို
အသီးသီးနားလည်ကြတဲ့အတွက် သူတို့သီချင်းဆိုတဲ့အခါ
သွားရောက်နားထောင်ကြတာပဲဖြစ်တယ်။
ဒါပေမယ့်လည်း မြည်းဟာ နုံလွန်းတဲ့အတွက် သီချင်းနားထောင်ခြင်းကို
ပြုလုပ်ရကောင်းမှန်းမသိဘဲ သူ့ဟာသူ တောစပ်မှာ မြက်စားနေခဲ့တာပဲဖြစ်ပါသတဲ့ ..။
မြည်းဟာ ဘာမှန်းမသိတဲ့အတွက် အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမယ့် ဥသြငှက်နဲ့ နိုက်တင်ဂေးလ်ငှက်တို့ရဲ့ တောင်းပန်မှုကြောင့် ဒိုင်လုပ်ဖို့ သဘာတူခဲ့တယ်။ အဲဒီလိုနဲ့.. ဥသြငှက်နဲ့ နိုက်တင်ဂေးလ်တို့ရဲ့ သီချင်းဆိုပြိုင်ပွဲပြီးစတင်ခဲတယ်။
ပထမဦးဆုံးအနေနဲ့ နိုက်တင်ဂေးလ်ငှက်ငယ်က စတင်သီဆိုတယ်။ သူဟာ ဂီတပညာရဲ့ အမြင့်မားဆုံး၊ အခက်ဆုံးဆိုတဲ့ တေးသီချင်းတွေနဲ့ စတင်ပြီးသီဆိုခဲ့တယ်။ အသံအတိုးအကျယ်၊ အနိမ့်အမြင့်၊ အရှိုက်အငို စုံလင်အောင် အသံစွမ်းပြခဲ့တယ်။ သူ့ရဲ့အသံဟာ ကြားရသူရဲ့စိတ်နှလုံးကို ကြည်လင်စေခဲ့တယ်။ အဲဒီအချိန်မှာတော့ သူတို့ရဲ့တောအုပ်ထဲက ရှိရှိသမျှသတ္တ၀ါတွေဟာ ရောက်ရှိလာကြပြီး နိုက်တင်ဂေးလ်ငှက်ငယ်လေးရဲ့
တေးသံမှာ နစ်မြောကြတယ်။ ဒါပေမယ့်လည်း နိုက်တင်ဂေးလ်ရဲက သီချင်းနဲ့
အသံရဲ့ကောင်းခြင်းကို မြည်းက နားမလည် မခံစားတတ်ဘဲဖြစ်နေခဲ့တယ်။
နိုက်တင်ဂေးလ်ငှက်ငယ်ဟာ "ဘာတွေဆိုနေတာလည်းမသိဘူး" ဆိုပြီးလည်း
တွေးနေပြန်တယ်။
နိုက်တင်ဂေးလ်ငှက်လေးရဲ့ သီချင်းအဆုံးမှာတော့ ဥသြငှက်က သီဆိုပြန်တယ်။ သူရဲ့သီချင်းဟာ "ဥသြ..ဥသြ" ဆိုတဲ့အသံပဲဖြစ်တယ်။ သူဟာ အဲဒီအသံကို ပဲ ထပ်ခါထပ်ခါပြုလုပ်သီဆိုပြန် တယ်။ မြည်းဟာ ရိုးရှင်းလှတဲ့ ဥသြသံကို တော့ သဘောပေါက်ခဲ့တယ်။ နားရွက်နှစ်ဖက်ထောင်လာခဲ့ပြီး
"ဟီး..ဟီး..ဟီး" ဆိုတဲ့ မြည်သံပြုလုပ်ပြီး သဘောကျကြောင်းပြသခဲ့တယ်။
ပြိုင်ပွဲအပြီးမှာတော့ ဒိုင်ဖြစ်တဲ့ မြည်းရဲ့ စိတ်ကြိုက်သီဆိုနိုင်တဲ့
"ဥသြ" ငှက်ဟာ အနိုင်ရခဲ့တော့တယ်။
ဒီပုံပြင်လေးဟာ ကျနော်တို့ကို ပြောပြတဲ့အချက်ကတော့ "အရည်အချင်းအစစ်အမှန်" အကြောင်းပဲဖြစ်တယ်။ တကယ်တော့ မြည်းဟာ ဂီတရဲ့ ကောင်းခြင်း၊ ဆိုးခြင်း သဘောတရားကိုတောင်မှ မသိသူဘဲဖြစ်တယ်။ သူဟာ နိုက်တင်ဂေးလ်ငှက်ရဲ့ ပြောင်မြောက်လှတဲ့သီချင်းတွေကို နားလည်နိုင်စွမ်းမရှိသူသာလျ ဉ်ဖြစ်တယ်။ အဲဒီအတွက် သူလက်လှမ်းမှီရာ၊ သူနားလည်ရာ ဥသြငှက်ရဲ့ သီချင်းသံကိုသာ ကောင်းတယ်၊ ကြိုက်တယ် ဆိုတဲ့ဟီသံကိုပေးခဲ့တာသာဖြစ်တယ်။
ကျနော်တို့ဟာ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်လုပ်ရည်ကိုင်ရည် စတဲ့အရာများကို ပြန်လည် စီစစ်လိုတဲ့အခါ ၊ ကိုယ့်အရည်အချင်းအမှန်ကို သိလိုတဲ့အခါ တစ်စုံတစ်ယောက်သောသူများကို ဝေဖန်စေ၊ အကဲဖြတ်စေလေ့ရှိတယ်လို့ဆိုတ ယ်။ အဲဒီလိုဝေဖန်အကဲဖြတ်စေတဲ့အခါ၊ ကိုယ်ချဉ်းကပ်မိသူဟာ အရာရာကို တတ်ကျွမ်းနားလည် ဆုံးဖြတ်ပေးနိုင်သူဖြစ်ခဲ့ရ င်တော
ကိုယ့်အရည်အချင်းအမှန်ကို သိခွင့်ရကြမှာပဲဖြစ်တယ်။ အဲဒီလိုမှမဟုတ်ဘဲ
မိမိကို ဝေဖန်စေသူဟာ မိမိလောက် အသိဥာဏ်ကြွယ်ဝခြင်း၊ ဗဟုသုတပြည့်စုံခြင်း
မရှိသူ ဖြစ်ခဲ့ရင်တော့ သူ့ရဲ့ဝေဖန်၊ချီးမွမ်း ခြင်းဟာ အချဉ်းနှီးသာဖြစ်တယ်။
ကျနော်တို့တစ်စုံတစ်ခုကို ပြုမူ၊ ပြောဆို၊ ရေးသားတိုင်းမှာ ချီးကျူးသူများရှိသလို၊ ဝေဖန်ကဲ့ရဲ့ သူများလည်း ရှိတတ်ကြတယ်။ ကျနော်တို့ကို ချီးမွမ်းထောပနာ ပြုကြတဲ့အခါမှာတော့ ၀မ်းသာပီတိ ဖြစ်ကြပြီး "တယ်ဟုတ်တဲ့ငါပါလား၊ ငါ့အရည်အချင်းတော်တော်တက်လာ ပြီ" ဆိုတဲ့အတွေးတွေနဲ့ ပျော်မြူးနေတတ်ကြပေမယ့်။ ကိုယ့်ကို ဝေဖန်မှုနဲ့ကြုံလာတဲ့အခါမှာေ တာ့ စိတ်နှလုံးနောက်ကျိကာ စိတ်ဓါတ်ကျကြပြန်တယ်။
အဲဒီလို စိတ်ဓါတ်ကျစေတဲ့ ဝေဖန်ခြင်းမျိုးနဲ့ ကြုံရတဲ့အခါမှာလည်း ကိုယ့်ကိုဝေဖန်သူဟာ တကယ်ပဲ နားလည်တတ်ကျွမ်းလို့ဝေဖန်ခြ င်းလား၊ ကိုယ့်လောက်မှ ဗဟုသုတကြွယ်ဝခြင်းမရှိ၊ ကိုယ့်လောက်မှ မသိသူများက ဝေဖန်ခြင်းလားဆိုတာကို သေချာစီစစ်သင့်တယ်လို့ဆိုတယ်။ ကိုယ်ဟာ ရည်ရွယ်ချက်တစ်ခုနဲ့ တစိုက်မတ်မတ်ကြိုးစားခဲ့ပါလျက်၊
အရည်အချင်းလည်း ပြနိုင်ပါလျက် ဝေဖန်ခြင်းတစ်စုံတစ်ရာ၊ နှိုင်းယဉ်
ရှုံ့ချခြင်း တစ်စုံတစ်ရာနဲ့ တွေ့လာခဲ့ရင်တော့ ဝေဖန်သူရဲ့အရည်အချင်းပေါ်သာ
မူတည်တယ်လို့ သတ်မှတ်ရမှာပဲဖြစ်တယ်။ အဲဒီလို သူတွေရဲ့ဝေဖန်ဆုံးဖြတ်ချက်ဟာ ကိုယ့်အရည်အချင်း အစစ်အမှန် မဟုတ်ဘူးလို့ ယူဆရမှာပဲဖြစ်တယ်။
မြည်းလိုလူတွေရဲ့ ဝေဖန်ခြင်းကိုခံရတဲ့အခါမှာလ ည်း
I will not let anyone walk through my mind with their dirty feet.
ကျွန်ုပ်၏ စိတ်အစဉ်ထဲသို့ ဘယ်သူ့ရဲ့ ညစ်ပေတဲ့ခြေထောက်နဲ့မှ
ဖြတ်လျှောက်တာကို ခံမှာမဟုတ်ဘူး။ ဆိုတဲ့ မဟတ္တမဂန္ဓီရဲ့ စကားကို
လက်ကိုင်ထားကြရမှာပဲဖြစ်တယ် ။ နိမ့်ကျလှတဲ့ ခြေထောက်နဲ့တူတဲ့ လူဗာလတွေရဲ့စကားတွေကြောင့် သင့်ရဲ့ကြည်လင်နေတဲ့ စိတ်ကို အနှောက်အယှက် မဖြစ်ပါစေနဲ့လို့အကြံပေးလို က်ပါရစေ။
ပညာရှိသူတော်ကောင်းတို့၏ ဝေဖန်အကြံပေးခြင်းကို ရကြပါစေ-
(ဖြိုးသုတ)
—တစ်ခါက ဥသြငှက်တစ်ကောင်ဟာ တေးသီဆိုနေပါသတဲ့ ။ သူရဲ့ တေးသံဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့်. အနီးအနားမှာရှိကြတဲ့ တောကောင်လေးတွေဟာ.. သဘောကျ နှစ်ချိုက်ကြပါသတဲ့..။ ဥသြဟာ... "ဥသြ..ဥသြ" ဆိုတဲ့အသံကလွဲရင် အခြားအသစ်အဆန်း သီဆိုနိုင်ခြင်းတော့ မရှိပဲဖြစ်နေပြန်တယ်။
အဲဒီအချိန်မှာပဲ.. တေးသီငှက် (နိုက်တင်ဂေးလ်) တစ်ကောင်ဟာ သူ့အသိုက်ကနေ နိုးထလာပြီး တေးသီချင်းသီဆိုပြန်တယ်..။ နိုက်တင်ဂေးလ်ငှက်ကလေးဟာ.. သီချင်းသံစဉ်ပေါင်းများစွာက
အဲဒီလို နိုက်တင်ဂေးလ်ငှက်ကလေးက စတင်သီဆိုတဲ့အချိန်မှာတော့ ဥသြငှက်ရဲ့ သီချင်းကို နားထောင်နေကြတဲ့ တိရစ္ဆာန်တွေဟာ ဥသြငှက်ကို စွန့်ခွာပြီး နိုက်တင်ဂေးလ်ငှက်ကလေးထံကို
"နိုက်တင်ဂေးလ်ငှက်စုတ်၊ နင့်ရဲ့အသံဟာ.. အင်မတန်မှ နားဝင်ဆိုးလှတယ်၊ ငါနဲ့ယှဉ်လိုက်တဲ့အခါမှာတော
အဲဒီအခါမှာတော့ နိုက်တင်ဂေးလ်ငှက်လေးဟာ မဆိုင်းမတွပဲ စိန်ခေါ်မှုကိုလက်ခံလိုက်တယ်.
"ဒီနားမှာက မင်းရဲ့ ပရိသတ်တွေပဲဆိုတော့ ဘက်လိုက်ပြီးဆုံးဖြတ်ကြလိမ်
လို့ပြောဆိုပြန်တယ်။
နိုက်တင်ဂေးလ်ငှက်လေးကလည်း သဘောတူလိုက်ပြန်တယ်။ အဲဒီလိုနဲ့ ဥသြနဲ့ နိုက်တင်ဂေးလ်ငှက်တို့ဟာ ဒိုင်လူကြီးကို လိုက်လံရှာဖွေကြတယ်။ နောက်ဆုံးမှာတော့ တောစပ်မှာ မြက်စားနေတဲ့ မြည်းတစ်ကောင်ကို တွေ့ရှိကြတယ်။
တကယ်တော့ မြည်းဟာ နုံလွန်းတဲ့အတွက် သီချင်းသံစဉ်နဲ့စာသားကိုတော
မြည်းဟာ ဘာမှန်းမသိတဲ့အတွက် အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမယ့် ဥသြငှက်နဲ့ နိုက်တင်ဂေးလ်ငှက်တို့ရဲ့ တောင်းပန်မှုကြောင့် ဒိုင်လုပ်ဖို့ သဘာတူခဲ့တယ်။ အဲဒီလိုနဲ့.. ဥသြငှက်နဲ့ နိုက်တင်ဂေးလ်တို့ရဲ့ သီချင်းဆိုပြိုင်ပွဲပြီးစတင
ပထမဦးဆုံးအနေနဲ့ နိုက်တင်ဂေးလ်ငှက်ငယ်က စတင်သီဆိုတယ်။ သူဟာ ဂီတပညာရဲ့ အမြင့်မားဆုံး၊ အခက်ဆုံးဆိုတဲ့ တေးသီချင်းတွေနဲ့ စတင်ပြီးသီဆိုခဲ့တယ်။ အသံအတိုးအကျယ်၊ အနိမ့်အမြင့်၊ အရှိုက်အငို စုံလင်အောင် အသံစွမ်းပြခဲ့တယ်။ သူ့ရဲ့အသံဟာ ကြားရသူရဲ့စိတ်နှလုံးကို ကြည်လင်စေခဲ့တယ်။ အဲဒီအချိန်မှာတော့ သူတို့ရဲ့တောအုပ်ထဲက ရှိရှိသမျှသတ္တ၀ါတွေဟာ ရောက်ရှိလာကြပြီး နိုက်တင်ဂေးလ်ငှက်ငယ်လေးရဲ့
နိုက်တင်ဂေးလ်ငှက်လေးရဲ့ သီချင်းအဆုံးမှာတော့ ဥသြငှက်က သီဆိုပြန်တယ်။ သူရဲ့သီချင်းဟာ "ဥသြ..ဥသြ" ဆိုတဲ့အသံပဲဖြစ်တယ်။ သူဟာ အဲဒီအသံကို ပဲ ထပ်ခါထပ်ခါပြုလုပ်သီဆိုပြန်
ဒီပုံပြင်လေးဟာ ကျနော်တို့ကို ပြောပြတဲ့အချက်ကတော့ "အရည်အချင်းအစစ်အမှန်" အကြောင်းပဲဖြစ်တယ်။ တကယ်တော့ မြည်းဟာ ဂီတရဲ့ ကောင်းခြင်း၊ ဆိုးခြင်း သဘောတရားကိုတောင်မှ မသိသူဘဲဖြစ်တယ်။ သူဟာ နိုက်တင်ဂေးလ်ငှက်ရဲ့ ပြောင်မြောက်လှတဲ့သီချင်းတေ
ကျနော်တို့ဟာ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်လုပ်ရည်ကိုင်ရည် စတဲ့အရာများကို ပြန်လည် စီစစ်လိုတဲ့အခါ ၊ ကိုယ့်အရည်အချင်းအမှန်ကို သိလိုတဲ့အခါ တစ်စုံတစ်ယောက်သောသူများကို
ကျနော်တို့တစ်စုံတစ်ခုကို ပြုမူ၊ ပြောဆို၊ ရေးသားတိုင်းမှာ ချီးကျူးသူများရှိသလို၊ ဝေဖန်ကဲ့ရဲ့ သူများလည်း ရှိတတ်ကြတယ်။ ကျနော်တို့ကို ချီးမွမ်းထောပနာ ပြုကြတဲ့အခါမှာတော့ ၀မ်းသာပီတိ ဖြစ်ကြပြီး "တယ်ဟုတ်တဲ့ငါပါလား၊ ငါ့အရည်အချင်းတော်တော်တက်လာ
အဲဒီလို စိတ်ဓါတ်ကျစေတဲ့ ဝေဖန်ခြင်းမျိုးနဲ့ ကြုံရတဲ့အခါမှာလည်း ကိုယ့်ကိုဝေဖန်သူဟာ တကယ်ပဲ နားလည်တတ်ကျွမ်းလို့ဝေဖန်ခြ
မြည်းလိုလူတွေရဲ့ ဝေဖန်ခြင်းကိုခံရတဲ့အခါမှာလ
ပညာရှိသူတော်ကောင်းတို့၏ ဝေဖန်အကြံပေးခြင်းကို ရကြပါစေ-
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။