Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 7, 2016

ကျွန်ဖြစ်လာကြသူများ

#ကျွန်ဖြစ်လာကြသူများ
+++++++++++++++

သမိုင်းဦးအစက လူတွေဟာ ကြမ်းတမ်းတဲ့လောကကြီးမှာ နေထိုင်ကြရတယ်။ ကမ္ဘာဟာ ကြမ်းတမ်းတဲ့ သားရဲတွေ ထူထပ်တယ်။ အဲဒီအတွက် လူတွေဟာ စုပေါင်းနေ၊ စုပေါင်းစား၊ စုပေါင်းအမဲလိုက်ပြီး စုစည်းခြင်းနဲ့ အားကြီးစေခဲ့ကြတယ်။ အဲဒီလို စုပေါင်းနေ၊ စုပေါင်းစားတဲ့စနစ်ကြောင့်ပဲ လူသားဟာ အခြားသော တိရစ္ဆာန်တွေထက် ပိုမို စွမ်းအားကြီးတဲ့ မျိုးစိတ်တစ်ခုဖြစ်လာတယ်။ အစပိုင်းမှာတော့ လူသားတွေဟာ အရာအားလုံးကို ညီတူညာတူ ပြုလုပ်ကြလေ့ရှိတယ်။ သူက တစ်ထမ်းသယ်ရင်၊ ကိုယ်လဲ တစ်ထမ်းသယ်တယ်ပြီး သာယာတဲ့ လူ့ဘောင်တစ်ခု ဖြစ်လာခဲ့တယ်။

အဲဒီလိုဖြစ်လာပေမယ့် ဘေးထွက်ဆိုးကျိုးတစ်ခုလည်း ရှိလာပြန်တယ်။ အဲဒါကတော့ လူသားဟာ "ရေသာခိုမှု" ကို စတင်တွေ့ရှိလာတာပဲဖြစ်တယ်။
အဲဒီကစပြီး တချို့သော ပျင်းရိသူများဟာ ရေသာခိုကြတယ်။ အမဲလိုက်တဲ့အခါ၊ ငါးဖမ်းတဲ့အခါ၊ တဲထိုးတဲ့အခါတွေမှာ မသိမသာ ရေသာခိုနေလေ့ရှိပြန်တယ်။ အဲဒီရေသာခိုခြင်းစရိုက်ကို လူ့အသိုင်းအ၀ိုင်းက သိသွားခဲ့အခါမှာတော့။ သူတို့ကို ဆက်ဆံခြင်းမပြု၊ နှုတ်ဆက်ခြင်းမပြု၊ ဂရုထားခြင်းမပြုတဲ့ "၀ိုင်းပယ်ခြင်း" ဆိုတာကို လူသားတွေ ထပ်မံ သိရှိသွားကြပြန်တယ်။ အဲဒီလိုဝိုင်းပယ်ပေမယ့်လည်း ရေသာခိုသူအချင်းချင်းသာ မေး၊ ထူး၊ ခေါ်၊ ပြော လုပ်ကြပြန်တယ်။ ရေသာခိုမြဲပဲ ခိုကြပြန်တယ်။ အဲဒီအခါမှာတော့ လူအသိုင်းအ၀ိုင်းရဲ့ ဒဏ်ခတ်ခြင်းဟာ တစ်ဆင့်တက်ပြန်တယ်။ အဲဒါကတော့ ရိက္ခာခွဲတမ်းကိုတောင် မထောက်ပံ့တော့တဲ့ "၀ိုင်းကျဉ်ခြင်း" ဆိုတဲ့အမှုကို ပြုကြပြတယ်။

အဲဒီလိုဝိုင်းကျဉ်ခံကြရတဲ့လူစုဟာ သူတို့မူလနေထိုင်ကြတဲ့ လူတွေရဲ့ ကျောက်ဂူ၊ တဲတွေကို စွန့်ခွာပေးကြရတယ်။ သီးခြားလူ့အသိုင်းအ၀ိုင်းကို ထူထောင်ကြပြန်တယ်။ ဒါပေမယ့်လည်း ရေသာခိုသူအချင်းချင်းသာဖြစ်တာ ကတစ်ကြောင်း၊ လူနည်းစုဖြစ်တာက တစ်ကြောင်းတို့ကြောင့် သဘာဝရဲ့ ဒဏ်ခတ်ခြင်းကို မရှုမလှခံကြရတယ်။ သားရဲတွေရဲ့ တိုက်ခိုက်ခြင်းတွေ၊ ပျင်းရိခြင်းကြောင့်အမဲလိုက်ရာမှာခက်ခဲခြင်းတွေ၊ နဂိုကပျင်းရိစွာနေထိုင်ခဲ့ခြင်းကြောင့် အတွေ့အကြုံ နည်းပါးခြင်းတွေဟာ သူတို့ရဲ့ ကြီးမားတဲ့ အခက်အခဲတွေပဲဖြစ်တယ်။ သူတို့အတွက် လုပ်စရာတစ်နည်းတော့ကျန်သေးတယ်။ အဲဒါကတော့ သူတို့ကို ၀ိုင်းကျဉ်ခဲ့တဲ့ လူ့အသိုင်းအ၀ိုင်းဆီကို ပြန်သွားဖို့ပဲဖြစ်တယ်။

သူတို့ဟာ လူ့အသိုင်းအ၀ိုင်းက လူတွေပြန်လည်လက်ခံလာအောင် သူတို့ရဲ့ ကိုယ်တွေကို ညွှတ်တွားပြီး ရိုသေတဲ့အမူအရာ၊ ကျွိုးနွံတဲ့အမူအရာတွေကို ပြသကြတယ်။ တောင်းပန်တိုးလျှိုးခြင်းတွေကို ပြုလုပ်ပြီး လူ့အသိုင်းအ၀ိုင်းထဲကို ပြန်လည်ဝင်ရောက်လာပြန်တယ်။ အဲဒီအခါ "ကျိုးနွန်ခြင်း၊ အောက်ကျခံခြင်း" ဆိုတဲ့အရာတွေကို လူသားတွေ ထပ်မံပြီးသိရှိလာကြပြန်တယ်။ အဲဒီလို ကျိုးနွံလာကြတဲ့ လူပျင်းများကို လူသားတွေဟာပြန်လည် လက်ခံခဲ့ကြတယ်။ ဒါပေမယ့် အရင်လိုတော့ တပြေးညီ ဆက်ဆံတာတော့မဟုတ်ဘဲ "တစ်ဆင့်နိမ့်" နဲ့ လူတွေအနေနဲ့ ခွဲခြားဆက်ဆံခဲ့ကြတယ်။ အဲဒီအခါမှာတော့ "နှိမ်ချခြင်း၊ တန်းတူမထားဘဲ ခွဲခြားဆက်ဆံခြင်း" ဆိုတဲ့အရာတွေကိုပါ လူသားတွေလက်ခံကျင့်သုံးလာကြတယ်။

အဲဒီလို တန်းတူမထားကြခြင်း၊ လူသားရဲ့ ၀ိုင်းကျဉ်ခြင်းကို ခံကြရတဲ့လူတွေဟာ ကျိုးနွံခြင်း၊ တစ်ဆင့်နိမ့်ခြင်း ဂုဏ်အင်္ဂါများနဲ့ ပြည့်စုံလာကြပြန်တယ်။ အဲဒီအချိန်မှာပဲ "ကျွန်ပြုခြင်း" ဆိုတဲ့ ဓလေ့တစ်ခုပါ စတင်မွေးဖွားလာခဲ့ကြတယ်။ လူပျင်းများဟာ ကျွန်များဖြစ်လာကြရတယ်။

(ဒီအချက်အထိကောက်ချက်ဆွဲကြည့်တဲ့အခါ ရေသာခိုတတ်သူ၊ ပျင်းသောသူများဟာ ကျွန်ဖြစ်ကြရတယ် ဆိုတဲ့အချက်ကို မြင်သာစေမှာပဲဖြစ်တယ်)

အဲဒီလိုနဲ့လူသားတွေဟာကျွန်တွေအပေါ်မှာ အမြဲအနိုင်ကျင့်ဆက်ဆံလာတယ်။ မလုပ်ချင်တဲ့အလုပ်တွေကို ကျွန်တွေကို လုပ်စေတယ်။ ကျွန်တွေဟာပင်ပန်းဆင်းရဲစွာနဲ့ ဖြတ်သန်းကြရပြန်တယ်။ အဲဒီလို ကျွန်ကိုခိုင်းစေပြီး အပင်ပန်းသက်သာပုံနဲ့ အရသာကောင်းမြတ်ပုံကို လူသားတွေဟာ စတင်သိရှိလာကြတယ်။ အဲဒီလို သိရှိလာတဲ့အတွက်လည်း "ကျွန်" ဦးရေဟာ တစ်စထက်တစ်စ အရေအတွက်များများလိုအပ်လာပြန်တယ်။ အဲဒီအခါမှာတော့ လူသားဟာ သူတို့ထက် အရည်အတွက်နည်းတဲ့၊ အားနည်းချိနဲ့တဲ့ မျိုးနွယ်စုတွေကို တိုက်ခိုက် အနိုင်ကျင့် ကျွန်ပြုကြပြန်တယ်။ အဲဒီလို တိုက်ခိုက်အနိုင်ကျင့်ပြီး ရှုံးနိမ့်သူကို ကျွန်ပြုရုံမျှမက၊ သူတို့ရှာဖွေသမျှ အစားအသောက်တွေ၊ချုပ်လုပ်သမျှ အ၀တ်အထည်တွေ၊ နေထိုင်ရာ တဲတွေ၊ ဂူတွေကို ပါ ရရှိကြတယ်။ အဲဒီအခါ "စစ်မက်" ရဲ့ အရသာကောင်းမြတ်ပုံကို၊ နယ်ချဲ့ခြင်းရဲ့ အကျိုးများပုံကိုပါ သိရှိလာကြပြန်တယ်။

(အဲဒီအထိကတော့ မိမိဟာအားနည်းနိမ့်ကျခဲ့ရင် အနိုင်ကျင့် ကျွန်ပြုခံရနိုင်တယ် ဆိုတဲ့အချက်ကို သတိပေးပြန်တယ်)

အဲဒီလိုနဲ့ လူသားရဲ့သမိုင်းတစ်လျှောက်လုံးဟာ အနိုင်ကျင့်ခြင်း၊ စစ်မက်ထူပြောခြင်း၊ ကျွန်ပြုခြင်းတွေနဲ့သာပြည့်နှက်ခဲ့ရတယ်။ အဲဒီလို လှည့်လည်အနိုင်ကျင့် ကျွန်ပြုတဲ့ဓလေ့ဟာ (၁၆) ရာစု နောက်ပိုင်းမှာ ပိုမိုကျယ်ပြန့်လာပြန်တယ်။ စပိန်၊ပေါ်တူဂီ၊ အင်္ဂလိပ်၊ ပြင်သစ် စတဲ့ ဥရောပနိုင်ငံတွေဟာ ကမ္ဘာကိုပတ်ပြီး နယ်ချဲ့ကြ၊ကျွန်ပြုကြပြန်တယ်။ အသီးသီးသော ပင်လယ်လမ်းကြောင်းသစ်များကိုရှာဖွေကြတယ်။

(ထိုနေရာတွင် အလျဉ်းသင့်သဖြင့် ဗဟုသုတတစ်ကိုကို ဖော်ပြလိုသည်။ ဥရောပမှ အိန္ဒိယ သို့ သွားရာပင်လယ်လမ်းကြောင်းကို ပေါ်တူဂီလူမျိုး "ဗာစကိုဒဂါးမား" က စတင်တွေ့ရှိပြီး ထိုဒေသတွင် ရှေးယခင်ကတည်း နေထိုင်ကြသူ ဒေသခံ အိန္ဒိယလူမျိုးများကို "Indian" ဟု ခေါ်တွင်ခဲ့သည်။ ထိုပင်လယ်လမ်းကြောင်းတွေ့ရှိမှုကြောင့် ပေါ်တူဂီတို့သည် ဟင်းခတ်အမွှေးအကြိုင်ဈေးကွက်တွင် အသာစီးရလာသည်။ ထိုအခါတွင် စပိန်သည် ပြိုင်ဘက် ပေါ်တူဂီတို့၏ လမ်းကြောင်းအတိုင်းမလိုက်ဘဲ အခြားသော ဘက်မှ ကမ္ဘာကို ပတ်၍ အိန္ဒိယသို့သွားရာ လမ်းကြောင်းကို ရှာဖွေမည်ဟု ကြွေးကြော်ကာ ကိုလံဘတ်ကို စတင်စေလွှတ်သည်။ ကိုလံဘတ်သည် ကမ္ဘာကို မတူညီသောဘက်ကာ အိန္ဒိယသို့သွားရာလမ်းကြောင်းကို ရှာဖွေသည်။ သို့ရာတွင် မတူညီသည့်ဘက်က ပတ်သည့်အတွက် အိန္ဒိယသို့မရောက်ခင် ကြီးမားသောကုန်းမြေကြီးတစ်ခုသို့ ဆိုက်ရောက်ခဲ့သည်။ မူလက အိန္ဒိယသို့ ရောက်ရှိပြီဟု ထင်မြင်ခဲ့သော်လည်း သူရောက်ရှိသောနေရာမှာ အိန္ဒယမဟုတ်သောအခြားဒေသ (အမေရိက) တိုက်ဖြစ်နေသည်ကို သိရှိသည့်အတွက် အမေရိကန်ဒေသခံ American Native များကို မူလ အင်ဒီယမ်းများနဲ့ကွဲပြားစေရန် လူနီ အိန္ဒီယမ်းများ Red Indian ဟု စတင်သမုတ်ခဲ့ကြသည်)

အဲဒီလို ၁၆ရာစု အချိန်ရဲ့ အာဖရိကနဲ့၊ အမေရိက ဒေသတွေမှာတော့ လူသားဟာ သမိုင်းဦးဘုံမြေစနစ်အတိုင်းပဲ နေထိုင်နေခဲ့ကြတယ်။ သူတို့ဟာ ဥရောပသားတွေလောက်ယဉ်ကျေးမှုတိုးတက်ခြင်းမရှိသလို၊ အသိပညာ၊ အတတ်ပညာလည်း ထွန်းကားခြင်းမရှိသူများအဖြစ် ကျန်ရစ်နေခဲ့ကြတယ်။ လူဖြူတွေကသူတို့ကို "လူရိုင်း" ရယ်လို့သမုတ်ကြပြန်တယ်။ အဲဒီလူရိုင်းတွေဟာ မိမိရဲ့ပုံရိပ်ကို မြင်ချင်တဲ့အခါ ကြည်လင်တဲ့ ရေပြင်မှာ သွားပြီး ကြည့်ကြတယ်။ မိမိရဲ့ ၀ိုးတ၀ါးပုံရိပ်ကိုသာမြင်တွေ့ရတဲ့အခါ အားမလို အားမရ ဖြစ်လာကြပြန်တယ်။ အဲဒီအခါ မျက်နှာကိုဖြူသောအမှုန့်၊နီသောအမှုန့် တို့ကို ရေဖျော်ကာသုတ်လိမ်းကြပြတယ်။ အဲဒီလို သုတ်လိမ်းပြီး ရေပြင်မှာကြည့်ထဲ့အခါမှာတော့ ဖြူနီကြောင်ကြား နေတဲ့ သူတို့ရဲ့ သွင်ပြင်ကို မြင်ကြရတယ်။ သူတို့ ပျော်ရွှင်ကြပြန်တယ်။

တစ်နေ့မှာတော့ သူတို့ရဲ့ရွာရဲ့ ကမ်းခြေနားမှာ သင်္ဘောကြီးတစ်စီးလာရောက်ဆိုက်ကပ်ခဲ့တယ်..။ "နတ်ဘုရားတွေ" ရောက်လာပြီလို့ သူတို့တွေက ယူဆခဲ့ကြတယ်။ သူတို့အတွက် နတ်ဘုရားတွေရဲ့လက်ဆောင်ကတော့ ပုတီးစေ့တွေ၊လက်ကောက်ကွင်းတွေပဲဖြစ်တယ်။ သူတို့ဟာ နတ်ဘုရားတွေကို ကောင်းမွန်စွာကျွေးမွေးဧည့်ဝတ် ပြုခဲ့ကြတယ်။ နတ်ဘုရားတွေက သူတို့ထံက တစ်စုံတစ်ခုကို ပြန်လည်တောင်းယူတယ်။ အဲဒီအရာဟာ သူတို့အတွက် ပေါများလှတာကြောင့် သူတို့တွေဟာ နတ်ဘုရားတွေကို တစ်ပုံတစ်ခေါင်းပဲ ပြန်လည်ပေးအပ်ခဲ့ကြတယ်။ အဲဒါကတော့ ယနေ့ခေတ်မှာ အင်မတန်အဖိုးတန်တဲ့ စိန်ရတနာ ဖြစ်နေတာကိုတော့ သူတို့တွေမသိခဲ့ကြဘူး။ နောင်အခါ နတ်ဘုရားတွေ ရောက်ရှိတဲ့အခါတိုင်းမှာလည်း သူတို့တွေဟာ စိန်နဲ့ ပုတီးစေ့တွေကို လဲလှယ်ပေးခဲ့ကြပြန်တယ်။

အဲဒီလိုနဲ့ လူဖြူတွေဟာ အာဖရိကတိုက်မှာ အမြတ်ထုတ်ပြန်တယ်။ အဲဒီလို အမြတ်ထုတ်ယုံတင်မကဘဲ မသိနားမလည်သူတွေကို ကျွန်ပြုဖို့အတွက်ကြံစည်ပြန်တယ်။ သူတို့ရဲ့ဓလေ့သဘာဝကို လေ့လာပြီး အကြံအစည် တစ်ခုကို ပြုလုပ်ပြန်တယ်။ အဲဒါကတော့ သင်္ဘောဝမ်းထဲမှာ ကြီးမားတဲ့ "မှန်" တစ်ချပ်ကို ထောင်ထားတာပဲဖြစ်တယ်။ လူရိုင်းတွေဟာ နတ်ဘုရားစီးနင်းလာတဲ့ လှေကြီးရဲ့ဝမ်းခေါင်းထဲကို အလုအယက်ဝင်ကြရတယ်။ ပြီးတဲ့အခါ မှန်မှာပေါ်နေတဲ့ ပြတ်သားတဲ့ သူတို့ရဲ့ပုံရိပ်ကို ကြည့်လို့မ၀ ၊ ရှုလို့မ၀ဖြစ်ကြပြန်တယ်။ အဲဒီလိုနဲ့ သင်္ဘောဝမ်းခေါင်းတစ်ခုလုံးဟာ လူရိုင်းတွေနဲ့ပြည့်နှက်လာတယ်။အဲဒီအခါမှာတော့ လူဖြူတွေဟာသင်္ဘောဝမ်းရဲ့ ပြတင်းပေါက်ကို အသေပိတ်လိုက်ကြတော့တယ်။ သူတို့ကိုပိတ်လှောင်ပြီး ဥရောပအထိ ခေါ်ဆောင်ကျွန်ပြုကြပြန်တယ်။ သူတို့ဟာ ကျွန်တွေဖြစ်ဖို့အတွက်ပင်လယ်ပြင်ကို ဖြတ်သန်းပြီး သွားကြရတယ်။ လမ်းခရီးမှာ အာဟာရပြတ်သူ၊ နေမကောင်းဖြစ်သူတွေကို ပင်လယ်ထဲကို ရက်စက်စွာ ပစ်ချခဲ့ကြပြန်တယ်။ နောင်အခါမှာလည်း လူဖြူတွေဟာ လက်နက်အားကိုးနဲ့ နိမ့်ကျခေတ်မမီသူများကို ဖမ်းဆီး ကျွန်ပြုကြပြန်တယ်။

(သူတို့တွေဟာ ပညာမဲ့ခြင်း၊ ခေတ်နောက်ကျခြင်းတွေကြောင့် ကျွန်ဖြစ်ကြရတယ်)

အဲဒီလိုနဲ့လူဖြူတွေဟာ၊ အာရှ၊ အမေရိက၊ အာဖရိကဒေသရဲ့ ခေတ်နောက်ကျသူ၊ ပညာမတတ်သူ လူသားတွေကို ဖမ်းဆီးကျွန်ပြုခဲ့တဲ့ စနစ်ကြီးဟာ ရာစုနှစ်တော်တော်များများအထိ ကမ္ဘာပေါ်မှာထွန်းကားလာခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ဂရုဏာရှင်တွေရဲ့ ကြိုးပမ်းမှုတွေ၊ ကျွန်တွေရဲ့ တော်လှန်မှုတွေ၊ ကျွန်တွေကြားထဲကပ်ါထွန်းလာတဲ့ ပညာတတ်တွေကြောင့်ပဲ ကျွန်စနစ်ဟာ ကမ္ဘာပေါ်က ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီလို ပျောက်ကွယ်ပေမယ့်လည်း လူသားရဲ့သမိုင်းမတွင်မီကတည်းက ရရှိလာတဲ့ "ကျွန်ပြုလိုစိတ်" ကတော့ ရှိမြဲအတိုင်းရှိနေခဲ့ပြန်တယ်။

အဲဒီစိတ်ဟာ ပုံသဏ္ဍာန်တစ်မျိုးနဲ့ကျွန်စနစ်ကို ပြန်လည် အသက်သွင်းပြန်တယ်။ အဲဒါကတော့ စီးပွားရေးအရ ကျွန်ပြုခြင်း၊ ပဲဖြစ်တယ်။ ယနေ့ခေတ်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့သူများဟာ ငွေကြေးပိုမိုရရှိတဲ့ ဒေသ၊ နိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ်ကိုင်ကြရတယ်။ လူမှုရေးအရခွဲခြားဆက်ဆံမှုတွေ၊ ဥပဒေအရ ခွဲခြားဆက်ဆံမှုတွေအောက်မှာ ကျွန်တွေရဲ့လက္ခဏာတွေဖြစ်တဲ့ ရိုကျိုးခြင်း၊ နိမ့ကျခြင်း၊ အနိုင်အထက်ပြုခံရခြင်း ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ဆက်လက် ထိန်းသိမ်းထားကြပြန်တယ်။

ပညာရေးနိမ့်ကျတဲ့အခါ၊ လူသားဟာ အသိပညာနဲ့ အတတ်ပညာ နိမ့်ကျလာပြန်တယ်။ အဲဒီလို နိမ့်ကျလာတဲ့ အသိပညာ၊ အတတ်ပညာတွေ ကြောင့်ပဲ ကိုယ်နေ့ရာကိုယ့်အရပ်မှာရှိတဲ့ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူနိုင်ခြင်း၊ သုံးစွဲနိုင်ခြင်း၊ ရောင်းချနိုင်ခြင်းတွေကင်းမဲ့လာတယ်။ အဲဒီလို အတတ်ပညာကင်းမဲ့ခြင်းရဲ့နောက်မှာတော့ ဆင်းရဲမွဲတေခြင်းဟာ ကပ်လျက်ပါလာပြန်တယ်။ အဲဒီလို ဆင်းရဲမွဲတေလာတဲ့အခါမှာလည်း ငွေကြေးချမ်းသာတဲ့အရပ်၊ ငွေကြေးချမ်းသာတဲ့နိုင်ငံများမှာ သွားရောက်ပြီး "ခေတ်သစ်ကျွန်ဘ၀" ကို ခံယူကြရပြန်တယ်။

တကယ်တော့ လူသားရဲ့ဘယ်စနစ်မှာပဲဖြစ်ဖြစ် အနှိမ်ခံ၊ ဖိနှိပ်ခံ ရတဲ့ ကျွန်စနစ်ကတော့ရှိနေမှာပဲဖြစ်တယ်။ အဲဒီလို ကျွန်အဖြစ်က လွတ်မြောက်ချင်ကြတဲ့အခါတစ်နည်းအားဖြင့် သူတစ်ပါးအနှိမ်ခံရတဲ့ ကျွန်ဘ၀ကိုမရောက်ချင်တဲ့အခါ "ဘာကြောင့် ကျွန်ဖြစ်ခဲ့ရသလဲ" ဆိုတဲ့အချက်တွေကို ကျနော်တို့သုံးသပ်ဖို့လိုလာမှာပဲဖြစ်တယ်။ အတိတ်ကလရဲ့ သမိုင်းတစ်လျောက်မှာပြန်လည်ကြည်ရှုသုံးသပ်မိတဲ့အခါ (၁) ရေသာခိုပြီး ပျင်းရိတဲ့သူများဟာ ကျွန်ဖြစ်ခဲ့ကြတယ် (၂)အားအင်ချိနဲ့ပြီး နိမ့်ကျသူများဟာ ကျွန်ဖြစ်ခဲ့ကြတယ်။ (၃) ပညာမဲ့ခြင်း၊ ခေတ်နောက်ကျခြင်းတွေကြောင့် ကျွန်ဖြစ်ခဲ့ကြတယ်၊ (၄) စီးပွားရေးအဆင်မပြေမှု၊ ကြပ်တည်းမှု တွေကြောင့် ကျွန်ဖြစ်ခဲ့ကြတယ် ဆိုတဲ့အချက်တွေကို ကျနော်တို့တွေ့ခဲ့ရမှာပဲဖြစ်တယ်။

ကျနော်တို့ဟာ အဲဒီလေးချက်ကို မြင်အောင်ရှုမြင်၊ မဖြစ်အောင်ထိန်းသိမ်းပြီး မိမိကိုယ်ကို မြှင့်တင်ကြရမှာပဲဖြစ်တယ်။ တကယ်လို့သာ မိမိကိုယ်ကို မြှင့်တင်နိုင်ခြင်းလည်းမရှိတဲ့အပြင် အဲဒီလေးချက်ထဲက တစ်ခုခုထဲမှာ ကျရောက်နေရင်တော့ တစ်ချိန်မဟုတ်တစ်ချိန်မှာ ဖိနှိပ်ခံကျွန်ဘ၀ကို ရောက်ကြရမှာပဲဖြစ်တယ်..

(ဖြိုးသုတ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။