Khun Gamani added 2 new photos.
--------------------------------------------------
ဖိလိပိုင်နိုင်ငံဟာ အာရှတိုက်မှာ အစောဆုံး ဒီမိုကရေစီတော်လှန်ရေး အောင်မြင်ခဲ့တဲ့ နိုင်ငံဖြစ်တယ်။ ၁၉၈၆ ခုကတည်းက အာဏာရှင် မားကို့စ်လင်မယား ကို ဖြုတ်ချခဲ့ပြီး တပ်ထဲကလဲ ဗိုလ်ချုပ်ကြီးရားမို့စ် ခေါင်းဆောင်တဲ့ ဒီမို စစ်သား တွေ ပေါ်ထွက်ခဲ့တယ်။
အခု ဖိလိပိုင်ဟာ ဒီမိုကရေစီခေတ်ကို ရောက်ခဲ့တာ နှစ် ၃၀ ကြာပြီဖြစ်ပေမဲ့ ထိုင်း၊ မလေးရှား၊ တိုင်ဝမ်၊ တောင်ကိုးရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တရုတ် တို့လို အာရှကျား စာရင်းထဲ မဝင်သေးပါဘူး။
ဖိလိပိုင်ပြည်သူတွေဟာလဲ အာဏာရှင် မားကို့စ် လက်ထက်တုံးကလိုဘဲ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူ၊ ဆော်ဒီ၊ ဒူဘိုင်းတို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ဖော်တွေအဖြစ် သန်းနဲ့ချီပြီး အလုပ်ထွက်လုပ် နေရဆဲဖြစ်တယ်။ ၁၀ သန်း လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ ဖိလိပိုင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးတွေ တိုး တက်အောင် အစိုးရက လိုက်အရေးဆိုပေးလို့ မားကို့စ်လက်ထက်မှာထက် အခြေ အနေပိုကောင်းလာပါတယ်။
ဖိလိပိုင်မှာ ဒီမိုကရေစီရတာ ကြာပြီဖြစ်ပေမဲ့ စီးပွားရေးမတိုးတက်လာဘဲ ဒုံရင်းဘဲ ရှိနေတဲ့ အကြောင်းရင်းက ခရိုနီတွေနဲ့ မြေရှင်ကြီးတွေ၊ မာဖီးယားဂိုဏ်းတွေ ဆက်ကြီးစိုးနေလို့ဖြစ်တယ်။
ဒီခရိုနီတွေဟာ သူ့နယ်မြေနဲ့သူ နယ်စားပယ်စားတွေလဲ ဖြစ်နေတယ်။ ၂၀၀၉ ခုတုံးက အဲလို နယ်စားပယ်စားခရိုနီ မာဖီးယားက သတင်းထောက်တွေ activist တွေအပါ အဝင် လူ ၅၀ ကျော်ကို ပစ်သတ်ခဲ့သေးတယ်။
၁၉၈၆ ကတည်းက အာဏာရလာတဲ့ ရွေးကောက်ခံဒီမိုအစိုးရ အဆက်ဆက်ဟာ ခရိုနီတွေ၊ နယ်စားပယ်စားတွေကို လက်ဖျားနဲ့တောင် မတို့ဘဲ ခရိုနီ-မြေရှင်-မာဖီးယား အုပ်စု တစုမဟုတ် တစုရဲ့ အိတ်ကပ်ထဲ ရောက်ခဲ့ကြ တယ်။ ပထမဆုံးသမတ အကွီနို မိသားစုကိုယ်တိုင်က ဧရာမမြေရှင်မိသားစု ကြီးဖြစ်နေတယ်။
ဒါကြောင့် ဖိလိပိုင်ရွေးကောက်ပွဲတွေဟာ ခရိုနီအုပ်စုတွေအကြား ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲတွေဘဲ ဖြစ်နေပြီး ခရိုနီအကျိုးစီးပွားတွေကိုဘဲ ကာကွယ်ပေးနေ တော့ ပြည်သူလူထုခမြာ ဒီမိုကရေစီကို စတိဘဲခံစားရပြီး တိုင်းပြည်ဟာ အာရှ ကျား ဖြစ်မလာဘဲ အာရှနွားဘဝမှာဘဲ ဆက်အရိုးထုတ်နေရတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။