Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 2, 2016

သီချင်း၊ သတင်းနှင့် လင်းလင်း

🎶 သီချင်း၊ သတင်းနှင့် လင်းလင်း 🎶

လူငယ်အမာခံပရိသတ်တွေများလွန်းပြီး ဒီနေ့ခေတ်လူငယ်တွေရဲ့ အကြိုက်ဆုံး တေးရေးတေးဆိုလည်းဖြစ်တဲ့ ခေတ်ပေါ်ရပ်တည်ချက် မှန်ကန်သူတစ်ဦးအဖြစ် အများရဲ့ ယုံကြည်ကိုးစားခြင်းခံရသူ လင်းလင်းနှင့် အင်တာဗျူးအား တင်ပြလိုက်ရပါသည်။

မေး - ကိုယ်တိုင်က ရူးသွပ်စွာ ရွေးချယ်ခဲ့သည့် ဂီတအပေါ် ပရိသတ်အများအပြားက ခုလို မှတ်ချက်ပြုကြမှုတွေအပေါ် ဘယ်လိုခံစားမှုရှိပါလဲ။
ဖြေ - ပရိသတ်တွေဆီက အဲဒီလိုမျိုးကြားရတဲ့အတွက် ကျေးဇူးပါခင်ဗျ။ အဲဒီ့လောက်ထိ ထင်မထားခဲ့ဖူးသလို ထင်လည်းမထင်ခဲ့ပါဘူး။

မေး - ဂီတလမ်းကြောင်းပေါ်က လင်းလင်းရဲ့ ယုံကြည်မျှော်လင့်ချက်က ဘာများလဲ။
ဖြေ - ဘာကို ယုံကြည်မျှော်လင့်တာလဲဆိုတော့ ယုံကြည်မှုကတော့ အပြည့်ရှိပါတယ်။ မျှော်လင့်ချက်ကတော့ ဒီအလုပ်လေးကို လုပ်ချင်စိတ်ရှိပြီး ဟိုးတော်တော်ဝေးဝေး ခရီးအထိ လုပ်ချင်နေပါတယ်။ လုပ်ခွင့်ရမယ်လို့လည်း မျှော်လင့်ပါတယ်။

မေး - လင်းလင်းတစ်ဦးတည်းအတွက် သီချင်းတွေရေးဖို့၊ ဆိုဖို့ ဘာတွေများလိုအပ်ပါသလဲ။
ဖြေ - ကျွန်တော်တစ်ဦးတည်းရဲ့ အဓိက လိုအပ်ချက်ကတော့ လက်ရှိ ရှိနေတာတွေနဲ့ ကျွန်တော်ပြည့်စုံနေပါတယ်။ စာဖတ်တာတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ ပြီးတော့ ကျွန်တော့်စိတ်ကို ဘယ်အရာကမှ ချုပ်ချယ်မထားဘဲ လွတ်လွတ်လပ်လပ်လေး နေထိုင်၊ လွတ်လွတ်လပ်လပ်လေး လုပ်ကိုင်၊ ဘာဘောင်မှ မထားဖို့ဘဲလိုအပ်တယ်။

မေး - ရေးပြီးသမျှ သီချင်းတွေအားလုံးကို ကျေနပ်ပါရဲ့လား...တကယ်တမ်း ဘယ်လိုသီချင်းမျိုးကို ရေးဖွဲ့ချင်ပါသလဲ။
ဖြေ - အခု ကျွန်တော်ရေးဖွဲ့ခဲ့သမျှ သီချင်းတွေအားလုံးက ကျွန်တော်ကိုယ်တိုင် ရေးဖွဲ့ချင်တဲ့ သီချင်းတွေပါပဲ။

မေး - ဖိအားတစ်ခုခုနဲ့ သီချင်းတွေ ဖန်တီးရတာမျိုးရော ကြုံဖူးပါသလား။
ဖြေ - ဖြစ်ဖူးတယ်။ ရေးဖူးတယ်။ ဒါပေမဲ့ အဲဒီလို သီချင်းမျိုးတွေက မပေးဖြစ်လိုက်ဘူး။ ပြီးအောင်လည်း မရေးဖြစ်လိုက်ပါဘူး။ ဒါပေမဲ့ ဖြစ်ဖူး ရေးဖူးပါတယ်ပေါ့။ ဖိအားတစ်ခုခုဝင်ရင် ကျွန်တော် အလုပ်မလုပ်တတ်တာများတယ်။

မေး - အနုပညာသမားတစ်ယောက်က ကိုယ်ယုံကြည်တာကို လုပ်ရဲမှာဖြစ်သလို မယုံကြည်တာကိုလည်း ငြင်းပယ်ရဲရမယ် ဆိုတာမျိုးလား။
ဖြေ - ဟုတ်ပါတယ်။ ဒီအတွက်ဆိုရင်တော့ အမှန်အတိုင်းဝန်ခံပြီးတော့၊ ဈေးသတ်မှတ်ပြီးတော့ ကြေငြာပြီးတော့ပဲ တစ်လကို ဆယ်ပုဒ် ဆယ့်ငါးပုဒ်ရေးလိုက်၊ တကယ်ရေးချင်လို့ ရေးတာဆိုရင်တော့ ဘာမှမလိုပါဘူး။ ရေးချင်စိတ်ပဲ လိုပါတယ်။

မေး - အနုပညာဆိုတာ ကျွန်မတို့တန်ဖိုးထား ယုံကြည်အပ်သောအရာလို့ပဲ ဆိုချင်ပေမဲ့ တစ်ခါတစ်ရံ ဈေးပေါပေါနဲ့ လက်လျှော့လိုက်ရတဲ့ မတတ်သာတဲ့ အခြေအနေတွေရှိမယ်။ ကိုယ့်နဲ့တိုက်ရိုက်မသက်ဆိုင်ရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေရှိမယ်။ အဲလိုတွေ့ကြုံရတဲ့အခါ ဘယ်လို စိတ်နေစိတ်ထားနဲ့ ဆုံးဖြတ်လုပ်ကိုင်ပါသလဲ။
ဖြေ - အခြေခံကတော့ မှန်ကန်တဲ့ အကြောင်းအရာပေါ်မှာပဲ ဆုံးဖြတ်တယ်။ မှန်ကန်တဲ့ အကြောင်းအရာကိုပဲ ကျွန်တော့်စိတ်မှာထားပါတယ်။ ဟိုလိုမျိုး ဈေးပေါတာ၊ ဈေးများတာတွေ အဲဒါတွေမလိုဘူး။ တွက်လည်း မတွက်ပါဘူး။ အဲလိုမျိုး အကြောင်းအရာ ဖြစ်လာပြီဆိုရင် သူဖြစ်လိုက်တဲ့ အကြောင်းအရာပေါ်မှုတည်ပြီး မှန်ကန်တဲ့ဘက်မှာ နေလိုက်တယ်။

မေး - မှန်ကန်တဲ့ဘက်ဆိုတာက ဘာကိုများ ဆိုလိုချင်ပါသလဲ။
ဖြေ - သေချာတယ်။ ကိစ္စတစ်ခုမှာ မှန်တဲ့ဘက်ဆိုတာက ဖန်တီးတဲ့အချိန်မှာ ကိုယ့်ရဲ့ဖန်တီးမှုမှာ ရိုးသားမှုက အရေးကြီးတယ်။ သူ့အလုပ်ပေါ်မှာထားတဲ့ သူ့ယုံကြည်မှု အဲဒါတွေနဲ့ပဲဆိုင်တယ်။

မေး - လက်ရှိ ဂီတလောကရဲ့ အခြေအနေကိုလည်း ဂီတသမားတစ်ဦးအနေနဲ့ သုံးသပ်ပေးစေချင်ပါတယ်။
ဖြေ - ကျွန်တော့်ဆီကို သီချင်းတွေဆိုချင်လို့၊ ရေးချင်လို့ လူငယ်တွေလာကြတယ်။ ဆယ်ယောက်လောက်ရှိပြီ။ သူတို့ကို အမှန်အတိုင်းပြောပြီး ပြန်လွှတ်လိုက်တယ်။ သေချာတာက (၉၉) ရာခိုင်နှုန်း အနုတ်လက္ခဏာဖြစ်ဖို့ များတယ်လေ။ အဲဒီတော့ ဘဝမှာ သူတို့ထပ်ပြီး ဒုက္ခမဖြစ်စေချင်ဘူး။ အစ်မမေးတဲ့ မေးခွန်းအရဆိုရင်တော့ သူတို့စိုက်ထားတဲ့ပိုက်ဆံက အကုန်လုံးနီးပါး ကုန်မယ့်သဘောရှိတယ်။ နောက်ပိုင်း စီးပွါးရေးအရလေ။ လုပ်ချင်စိတ်ရှိလို့သာ၊ လုပ်ချင်စိတ်ရှိဖို့ဆိုတာကလည်း လုပ်နိုင်တဲ့ ငွေကြေးရှိဖို့လိုပါတယ်။ သုညကနေစမယ့် လူတစ်ယောက်အတွက် လုပ်နိုင်တဲ့ ငွေကြေးရှိဖို့ မလွယ်သလို၊ လုပ်ချင်စိတ်နဲ့ ကြိုးစားဖို့ကလည်း မဖြစ်နိုင်ပါဘူး။ သူတို့အနေနဲ့ ဝန်မပိကြတာ အကောင်းဆုံးပဲလေ။ ကိုယ့်နယ်လေး ကိုယ်ပြန်ပြီး အလုပ်လေးဘာလေး ရှာကြတာ အကောင်းဆုံးပဲ။ လောလောဆယ် မြန်မာနိုင်ငံရဲ့ အနုပညာစီးပွါးရေးကတော့ အနုတ်လက္ခဏာပဲ။

မေး - အဲဒီအခြေအနေထဲကမှ အပေါင်းလက္ခဏာဖြစ်ဖို့ လင်းလင်း ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ။
ဖြေ - ကိုယ်ရေးတဲ့သီချင်းတွေ များများနားထောင်တယ်။ ကျွန်တော်ဆိုတဲ့သီချင်းတွေ များများဆိုတယ်။ ကိုယ်သီချင်းရေးပေးတဲ့ အဆိုတော်တွေနဲ့ များများလက်ဖက်ရည်ဆိုင်ထိုင်တယ်။ အဲဒါ ကျွန်တော့်ရဲ့ အပေါင်းလက္ခဏာပဲ။

------------------------------။။။။။။။။။။။။။။။။။။။။။။-----------------------------------

လင်းလင်းရဲ့သီချင်းတွေထဲက မြန်မာနိုင်ငံရဲ့သတင်းတွေနဲ့ လင်းလင်းရဲ့ အရည်အချင်းကို မြင်တွေ့နိုင်သလို၊ လင်းလင်းရဲ့ စကားသံတွေထဲကလည်း မြန်မာဂီတလောကရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တချို့နဲ့ လင်းလင်းရဲ့သီချင်းတွေကို မြင်တွေ့နိုင်လိမ့်မယ် မျှော်လင့်မိပါတယ်။

#အေးမွန်

စက်တင်ဘာ ၂၀၁၃
မဟေသီ မဂ္ဂဇင်း

Posted by Ko Naing & Ka Lee

From ရော့ခ်နှင့်ပတ်ဝန်းကျင် ဂရု

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။