Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 14, 2015

ချင်းတောင်ပေါ်မှအသည်းပုံသဏ္ဍာန်ရိဒ်ရေကန်‬

‪#‎ချင်းတောင်ပေါ်မှအသည်းပုံသဏ္ဍာန်ရိဒ်ရေကန်‬
ရိဒ်ရေကန်ကြီး၏ တည်နေရာမှာ မြန်မာနိုင်ငံ၏ အနောက် မြောက်ဖက် ဒေသ၊ ချင်းပြည်နယ်၏ အနောက်မြောက်ဖက် အစွန်းတွင် တည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ - မြန်မာ နယ်စပ် နှင့်ပို၍ နီးသည်။ နယ်စပ် မျဉ်းနှင့် ၂ မိုင်သာဝေးသည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၂၉၆၆အမြင့်တွင် ထူးခြားစွာဖြစ်ပေါ်နေသော ရေကန်ဖြစ်ပါသည်။

ချင်းတောင်၏ တံခါးဝဟု ဆိုစမှတ်ပြုသည့် ကလေးမြို့မှ တစ်ဆင့် ချင်းတောင်တန်းကြီး၏ အမြင့်ဆုံးနေရာဖြစ်သော ကနေဒီတောင် (၈၈၇၀) ပေအမြင့်ကို အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ မိုင် (၆၀) နီးပါးဝေးသော တီးတိန်မြို့ကို ရောက်မှာဖြစ်သည်။ တီးတိန်မြို့က ဆက်လက်ထွက်ခွာလာလျှင် ပြည်နယ်အတွင်း အထင်ကရဖြစ်တဲ့ မဏိပူရမြစ်ကို ဖြတ်ကျော်ဆောက်လုပ်ထားသည့် မံဆောင်းကြိုးတံတားကြီးကို တွေ့ရမှာဖြစ်ပါသည်။ မံဆောင်းကြိုးတံတားကြီးဟာ ရာသီမရွေးအမြဲတမ်း ဖြတ်သန်းသွားလာနိုင်တဲ့အတွက် ကုန်သွယ်မှုပြုလုပ်ရာမှာ အရေးပါလှပါတယ်။ တီးတိန်မြို့မှ (၃၂) မိုင်ခန့် ဆက်လက်ထွက်ခွာလျှင် ချင်းပြည်နယ်၏ ကျက်သရေဆောင် ရိဒ်ရေကန် (Rih Lake) ရှိသော ရိဒ်ခေါဒါရ်မြို့ကလေးကို ရောက်ရှိမှာဖြစ်သည်။
ရိဒ်ရေကန်ကြီးမှာ ပတ်လည် အကျယ် ၂.၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခု ဖြစ်သည်။ ထိုပတ်လည် အနားတစ်လျှောက်တွင်လည်း မိုးမခပင်များက ခြံစည်းရိုး ရှည်ကြီးသဖွယ် သဘာဝ အလျောက် စီတန်းကာ ပေါက်ရောက် နေသည်။အိုင်၏ဧရိယာအကျယ်အဝန်း ၈၃၂ ဧက ရှိသည်။ ကန်အတွင်း ရေပြင်၏ ပျှမ်းမျှ အနက်မှာပေ (၅၀) ရှိပြီးအနက်ဆုံး နေရာများ တွင်မူ ပေ (၆၀) အထိ ရှိသည်။ ရေအရောင်မှာ ပြာလဲ့လဲ့ရှိပြီး ကန်အတွင်းတွင် ကြာဖြူ ၊ ကြာနီ နှင့် ဗေဒါများ ဖူးပွင့်နေလေ့ရှိသည်။အလားတူပင် ရေကန်ပတ်လည်ရှိ မိုးမခပင်များ ထက်တွင် လည်း သစ်ခွပင်များ ပေါက် ရောက်နေပြန်ရာ ရိဒ်ရေကန်ကြီးမှာ တောင်ပေါ်ဒေသမှ စာပန်းချီခြယ်သ မကုန်နိုင်သည့် ရှုခင်းကြီး တစ်ခုသဖွယ် ဖြစ်နေ ပါတော့သည်။
‪#‎ဒဏ္ဍာရီဆန်သောဖြစ်တည်မှုသမိုင်း‬
လွန်ခဲ့သော နှစ်ပေါင်း ငါးရာကျော် ၊ ခြောက်ရာ နီးပါး ကာလ၊ မီဇို ချင်းလူမျိုးတို့၏ အခြေချ နေထိုင် ခဲ့သည့် အချိန်မှ ပင်ဖြစ်ပေသည်။ ချင်းအနွယ်ဝင် မီဇိုလူမျိုးနှင့် ဟွာလ်ငိုး (Huanlngo) နွယ်ဝင် တို့သည် ၁၄၅၀ ခုနှစ်ခန့် မှစတင်၍ ချင်းတောင်တန်း ပေါ်တွင် မြို့ပြ တည်ထောင်ကာ အခြေချ နေထိုင် ခဲ့ကြသည်။ ဤ သို့နေထိုင် လာခဲ့ရာမှ တစ်နေ့သော အခါတွင်မူ ဒုတိယမြောက် ဆွေးပွီးမြို့သူကြီး ဟွာထန် (Huathana) သည် အိပ်မက်တစ်ခုအား မြင်မက်လေတော့သည်။ ယင်း အိပ်မက်တွင် မုတ်ဆိတ်မွေး ဖားဖားနှင့် အလွန်တရာမှပင် ကျက် သရေ ရှိလှသော နတ်မင်းကြီး တစ်ပါးက ဟွာလ်ထန်အား ကိုယ်ရောင်ပြပြီး " ငါသည် ဝိညာဉ်စောင့်နတ်မင်းကြီး ပူးရိဒ် ဖြစ်ပေသည်။ သင်တို့၏ ဝိညာဉ်များ အားစောင့်ရှောက်ရန်အလို့ငှာ ငါသည် နွားနောက်ဖြူ အသွင်ဖန်ဆင်းကာ ကောင်းကင် ခရီး ဖြင့်လာခဲ့ရာ သင်တို့၏ သင်တို့အရပ်၏ အနောက် မြောက်ဖက် ခရီး အတန်ငယ်ဝေးသော နေရာတွင် နေရာတစ်ခုကို တွေ့ရှိခဲ့ပေသည်။ ငါသည် ထိုနေရာ၌ စံစားနေထိုင်ရန် အလို့ငှာ ထိုနေရာအား လူတို့၏ အသည်းနှလုံးပုံ တိတိကျကျ ရှိသော ရေအိုင်ကြီးတစ်ခု အဖြစ်ဖန်ဆင်းလိုက်ပေသည်။ထိုရေအိုင်ကြီး တွင်ယနေ့မှ စ၍ ငါကိုယ်တော်စံစားမည် ။သေသောသူအားလုံးတို့၏ ဝိညာဉ်များသည်လည်း မဖြစ်မနေ ငါထံသို့ လာကြရပေမည်။"ဟု ပြောဆိုမိန့်ကြားသွားခဲ့လေသည်။ ထိုအိပ်မက်အရ ဟွာလ်ထန်သည် သူ၏ မူးမတ်များအား လွှတ်၍ ရေအိုင်ကြီးကို ရှာဖွေစေခဲ့ရာခုနှစ်ရက်တိတိ ပြည့်မြောက်သော နေ့မှာပင် ထိုရေအိုင်ကြီးအား တွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိချိန်မှ အစပြု၍ ထိုရေကန်ကြီးအား ရိဒ်ရေကန် (RIH-DIL) ဟုခေါ်ဆို ကြလေသည်။ ရိဒ်ဆိုသည်မှာ ရိဒ်နတ်မင်းကြီးအား ကိုယ်စားပြုပြီး (DIL) မှာရေကန်ဟု အဓိပ္ပါယ် ရလေသည်။ ဆိုလိုဆိုလိုရင်းမှာ ရိဒ်နတ်မင်းစံစားရာ ရေအိုင်ပင်ဖြစ်လေသည်။၎င်းတို့အနေဖြင့် "၄င်းတို့၏ ဆွေမျိုး သားချင်းများ၏ ဝိညာဉ်များသည်လည်း ရိဒ်ရေကန်ကြီးတွင် လာရောက်မှီခိုနေထိုင်ကြသည်" ဟူသော အယူအဆ တစ်ရပ် အရ အထွတ်အမြတ်ထားရာ နေရာအဖြစ်လာရောက် ကြခြင်းဖြစ်သည်။
‪#‎ချင်းလူမျိုးတို့‬၏ ယုံကြည်မှု
ရိဒ်ရေကန်ကြီးနှင့် ပတ်သက်ပြီး မီးဇိုချင်းများက လူတစ်ယောက် သေဆုံးသွားသည့် အခါတွင် ထိုသေဆုံးသူ၏ ဝိညာဉ်သည် ဘဝတစ်ပါးသို့ ကူးပြောင်း နိုင်ရန် နောက်ဆံတင်းစွာဖြင့် ရိဒ်ရေကန် သို့လာကြရပြီး ရေကန်သို့ ရောက်သောအခါမှ လုံးလိုသွေး (Longlotui) ခေါ် အတိတ်ဘဝ မေ့စေနိုင်သည့် စမ်းရေကြည်ကို သောက်ကာ ဟိုလ်လိုပါးရ် (Hoilopar) ခေါ် နောက်မလှည့်ပန်း ကို ပန်ဆင်ကြရသည်။ထိုအခါ တွင်မှသေသူ၏ ဝိညာဉ်များမှာ အတိတ်ဘဝအား တမ်းတစိတ် များပျောက်ကွယ်ကာ ဘဝသစ်သို့ ကူးပြောင်း သွားနိုင်ရန် အတွက် ရေကန်ကြီး အတွင်းသို့ စိတ်ဖြောင့် လက်ဖြောင့် ဆင်းသွားနိုင်ကြသည်ဟု ယုံကြည်ထားကြည် ထားကြသည်။အဆိုပါယုံကြည်မှု အရလည်း ချင်းလူမျိုး တို့မှာ ပွင့်လင်းရာသီရောက်တိုင်း ရိဒ်ရေကန်ကြီးသို့ လာရောက် လည်ပတ်ကာ ရက်လည် ၊ နှစ်လည်ပွဲကဲ့သို့သော နာရေးပွဲများကို ကျင်းပလေ့ရှိသည်။ ယင်းပွဲများတွင် ဘုန်းတော်ကြီးများက ရေကန်တွင်းမှကို လက်ခုပ်နှင့် ခပ်ကာ သရဇ္ဇယ် ကြလေ့ရှိပြီး ကန်အတွင်းသို့ ငွေအကြွေစများ နှင့်အမွှေးနံ့သာများ ပက်ကြဲကာ ရေကန်အနီးရှိ အရိပ်ကောင်းသော ညောင်ပင်ကြီးအောက်တွင် တရားပေးလေ့ရှိကြသည်ဟု ဆိုသည်။
ယခုအခါတွင် ရိဒ်ရေကန်ကြီးအတွင်း အပျော်စီးလှေများ စီးနင်းနိုင်အောင် စီစဉ် ပေးထားခြင်းနှင့် ညအိပ် တန်းခိုနိုင် ရန်ပင် ဘန်ဂလိုများ စီစဉ်ပေးထား ခြင်းတို့ကြောင့် ရိဒ်ရေကန်ကြီးမှာ အပျော်စီး လှေလာရောက် စီးနင်းသည့် တောင်ပေါ် သားများနှင့် ပျားရည်ဆန်း ခရီးထွက်သူများ ဖြင့်ပါ စည်ကားနေ လေ့ရှိပေသည်။
‪#‎ထူးခြားချက်များ‬
ကမ္ဘာအဝှမ်းတွင် ရှိရှိသမျှသော ရေကန်များအနက် အသည်းပုံစစ်စစ် ရှိသည့် တစ်ခုတည်းသော ရေကန်ဖြစ်သည်။ အမြင့်ပေ (၁၉၀၀) ကျော်သော တောင်တန်းပေါ်တွင် တည်ရှိသည့် ရေကန်လည်းဖြစ်သည်။ ထိုအချက်များထက် ပို၍ထူးခြားသည်မှာ ချင်းပြည်နယ်၏ မြို့တော် ဖြစ်သော ဟားခါးတွင် အပူချိန် (ရေခဲမှတ်အောက်) အနှုတ် (၃) ဒီဂရီရောက်နေချိန်၌ ရိဒ်ရေကန်ကြီးအတွင်း ထူးခြားစွာ အနွေးဓါတ်ရရှိနေခြင်းပင် ဖြစ်ပေသည်။ ထိုမှ တဖြန် အထူးခြားဆုံးဟု ဆိုရမည့်အချက်ကား ရိဒ်ရေကန်ကြီးအတွင်းသို့ ချောင်းရေ ၊ မြောင်းရေ လည်း စီးမဝင် ၊ မိုးလည်းမရွာသည့် ဒီဇင်ဘာလကုန်ပိုင်း နှင့် ဇန်နဝါရီ လဆန်းကဲ့သို့ ဆောင်းနှင်းထန်သည့် ကာလများတွင် ကန်ရေ ပြင်မှာ အလိုအလျောက် နောက်ကျိနေတတ်ခြင်းပင်ဖြစ်သည်။
From Wikipedia
‪#‎Rhi_Lake‬ ‪#‎TheNatureTravelsandTours‬

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။