အနေဝေးနေတဲ့ချစ်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ
************************** ************************** *********
၁။ ကတောက်ကဆတ် ဖြစ်စေတဲ့ စကားမျိုး ရှောင်ကြဉ်ပါ။
ဒီတိုင်း တစ်မြို့ထဲမှာ နေတဲ့စုံတွဲတွေအတွက်တော့ ရန်ဖြစ်၊စကားများတယ်ဆိုတာ အဆန်းတကြယ် ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်ဝေးချစ်သူတွေအတွက်တော့ ခဏခဏစကားများတာတွေ၊ ကတောက်ကဆတ်ဖြစ်တာတွေက ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။ ကိုယ့်ကြောင့် သူ့စိတ်တွေ ရှုပ်မယ်ဆိုရင် သူလဲ စိတ်တွေ မွန်းကြပ်လာနိုင်ပါတယ်။ သူ့မှာလည်း ကိုယ့်ကိစ္စအပြင် တခြားသော ပြသနာများလည်း ရှိနိုင်တာကြောင့် ကိုယ်က သူ့ကို စိတ်ချမ်းသာအောင် မထားဘဲ သောကတွေ ပေးနေမယ်ဆိုရင်တော့ ကိုယ်နဲ့သူ့အကြား တတိယလူပေါ်လာတဲ့ ဖြစ်ရပ်မျိုးတွေ မလိုလားအပ်ပဲ ဖြစ်လာနိုင်ပါတယ်။
.
၂။ အခွင့်အရေးတစ်ရပ် အဖြစ်လည်း မြင်နိုင်ပါတယ်။
ကာလရှည်ကြာဝေးနေတာ အကောင်းဘက်က ကြည့်မယ်ဆိုရင် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ကိုယ်တို့ကြားက နားလည်မှုတွေ၊ ချစ်ခြင်းတရားနဲ့ သစ္စာတွေနဲ့
ပါတ်သက်လို့ စမ်းသပ်ရာလည်း ရောက်ပါတယ်။ သာမန်စုံတွဲတွေလို အခွင့်အရေးမျိုးတွေ မရပေမယ့် ကိုယ်တို့နှစ်ယောက်ကြားက ခိုင်မြဲတဲ့မေတ္တာတရားတွေကို
သက်သေထူဖို့ အခွင့်အရေးပါပဲ။
.
၃။ တစ်ယောက်ဘာလိုအပ်လဲဆိုတာ ညှိနှိုင်းထားသင့်တယ်။
ချစ်သူကတော့ အလိုက်သိမှာပဲဆိုပြီး Long distance relationship မှာ မျှော်လင့်ချက်ကြီးကြီးထားလို့ မရပါဘူး။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင်လည်း ကိုယ်ပဲ
အလိုမကျ ဖြစ်ရပါတယ်။ သာမန်စုံတွဲတွေလို အလိုက်တသိ ကြင်နာဂရုစိုက်ဖို့ဆိုတာလည်း Long distance relationship မှာ အခွင့်အရေး သိပ်မရပါဘူး။
ဒါ့ကြောင့် အစတည်းက ကိုယ်ဘာလိုချင်လဲ၊ သူဘာဖြစ်ချင်လဲဆိုတာ ရှင်းရှင်းလင်းလင်းညှိ ထားဖို့ လိုပါမယ်။ (ဥပမာ- သွားတာလာတာကို အသိပေးမှ ကိုယ်က
ကြိုက်တာမျိုးတို့၊ တစ်စုံတစ်ခုဆို ကိုယ်နဲ့အရင်တိုင်ပင်တာမျိုးတို့ပေါ့..)
.
၎။ ပုံမှန်အဆက်အသွယ် ရှိပါစေ။
Internet တွေ၊ Facebook ကဲ့သို့ လူမှုကွန်ယက်တွေကြောင့် ပုံမှန်အဆက်အသွယ် ရှိဖို့က သိပ်တော့ခဲယဉ်းတဲ့ ကိစ္စမဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် အချိန်မှန် အဆက်အသွယ်ရှိခြင်းကလည်း ကိုယ်တို့ကို ဝေးနေတယ်လို့ မခံစားရစေဘဲ အတူရှိနေတယ်လို့ ခံစားမှု
ဖြစ်ပေါ်စေမှာပါ။
.
၅။ ကြည်ကြည်နှုးနှုးစကားတွေပဲဆို ပါ။
လူဆိုတာ အမြဲတမ်းတော့ စိတ်ကောင်းဝင်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်ဝေးရောက်ချစ်သူတွေအတွက်က တော့ ကြည်ကြည်နူးနူးစကားလေးတွေက
သိပ်အရေးပါပါတယ်။ ချစ်သူရဲ့ ကြင်နာနူးညံ့တဲ့ အထိအတွေ့လေးတွေကို မခံစားရချိန်မှာ သူ့ရဲ့ ချိုသာတဲ့စကားလေးတွေကိုတော့ ကြားချင်မှာ သေချာပါတယ်။
.
၆။ အန္တာရာယ်များတဲ့ အနေအထားတွေကို ရှောင်ကြဉ်ပါ။
တစ်ခါတစ်ရံ သူလုံးဝ လက်မခံနိုင်တဲ့ အနေအထားမျိုးလေးတွေ ရှိပါတယ်။ ဒါကို လုံးဝ (လုံးဝ) မလုပ်မိအောင် သတိပြုရပါ့မယ်။ ရပ်ဝေးမှာ ဖြစ်တဲ့အတွက်
ကိုယ်တစ်ခုခုအမှားလုပ်လိုက် ရင် သူ့အတွက် ကြီးမားတဲ့သောကနဲ့ စိုးရိမ်မှုတွေကို ဖြစ်စေပါတယ်။ ဒါက Relationship ကို ထိခိုက်စေပါတယ်။
ဒါကြောင့် သူမကြိုက်တဲ့အရာကို မလုပ်ပါနဲ့။ ဥပမာ- ညဘက် club သွားတာတို့၊ သူငယ်ချင်းတွေနဲ့စုပြီး beer သောက်တာတို့ ဖြစ်ပါတယ်။
နောက်ဆုံး အကြံပေးချင်တာကတော့ ကိုယ်အခြေအနေအကြောင်းကြောင့်  မလွဲသာမရှောင်သာ လုပ်လိုက်ရပြီဆိုရင် သူလုံးဝ (လုံးဝ) မသိပါစေနဲ့။
.
၇။ တစ်ချို့ကိစ္စလေးတွေကို အတူတကွလုပ်ပါ။
ကိုယ်တို့ရဲ့ မသိစိတ်လေးတွေကို ရင်းနှီးနေအောင်၊ တစ်ယောက်နဲ့တစ်ယောက် နီးကပ်နေအောင် လုပ်နိုင်တာကတော့ တစ်ချို့အရာတွေကို အတူလုပ်တာပါပဲ။
ဥပမာ- online game ကိုအတူဆော့ဖြစ်တာမျိုးတို့၊ video chat ကနေတစ်ဆင့် အတူတူစာဖတ်တာတွေ၊ စကားပြောတာတွေပေါ့။
.
၈။ အနာဂတ်အကြောင်းလေးတွေ ပြောပါ။
Long distance relationship စုံတွဲတွေအတွက်ကတော့ မျှော်လင့်ချက်နဲ့ လွမ်းဆွေးဖွယ် နေ့ရက်တွေကို ဖြတ်သန်းနေရတာပါပဲ။ ဒီတော့ ကိုယ်တို့ရဲ့ မျှော်လင့်ချက်
စိတ်ကူးလေးတွေကို ရပ်တန့်မသွားအောင် အမြဲသစ်လွင်နေအောင် လုပ်ဖို့လိုပါတယ်။ ဒီကာလတွေပြီးလို့ အတူရှိကြတဲ့အခါ ဘာတွေလုပ်ကြမယ်၊ ဘယ်လိုနေထိုင်ကြမယ်ဆိုပြီး
ကိုယ်တို့မှာ ရှိတဲ့စိတ်ကူးလေးတွေကို အပြန်အလှန် ဝေမျှသင့်ပါတယ်။ စိတ်ချပါ။ ဒီလိုအနာဂတ်ကို အတူလှမ်းမျှော်ပြီး စိတ်ကူးကြည့်တာဟာ ကိုယ်တို့အချစ်ရေးကို
နွေးထွေးစေမှာပါ။
.
၉။ တစ်ယောက်ကိုတစ်ယောက် ရိုးသားပါ။
ရိုးသားမှုဟာ စုံတွဲတွေကြားမှာ အရှိသင့်ဆုံးအရာပါ။ ရိုးသားမှုကို အရင်းခံမှ ယုံကြည်မှုဆိုတာက ဖြစ်ပေါ်လာမှာပါ။
ဒီတော့ ဖြစ်နိုင်ရင် တစ်ယောက်ပေါ်တစ်ယောက် ရိုးသားကြတာဟာ သင်တို့နှစ်ယောက်ကြားက ယုံကြည်မှုတွေကို တိုးပွားလာစေမှာပါ။
(အဝေးရောက်ချစ်သူတွေမှာ တစ်ယောက်ပေါ်တစ်ယောက် သံသယစိတ်များတတ်ကြတဲ့အတွက်ေ ကြာင့်ပါ။)
.
၁၀။ သစ္စာစောင့်သိပါ။
သူ့ကို ကိုယ်တကယ်ချစ်တယ်ဆိုတာ သေချာရင်တော့ ကိုယ်သူ့အပေါ် သစ္စာစောင့်သိသင့်ပါတယ်။ ကိုယ်သူ့အပေါ် သစ္စာရှိတယ်ဆိုတာကိုလည်း
သူသိအောင်၊ သူခံစားမိအောင် ပြသင့်ပါတယ်။ ဒါမှလည်း သူလဲကိုယ့်အပေါ် ယုံကြည်စိတ်ချမှုတွေရှိမှာ ဖြစ်ပါတယ်။
.
၁၁။ တစ်ယောက်ရဲ့ နေ့စဉ်ဇယားကို သိအောင်လုပ်ပါ။
သူဘယ်အချိန်မှာ ဘာလုပ်တတ်လဲဆိုတာလောက်တော့ ကိုယ်သိအောင်လုပ်ထားပါ။ သူနဲ့ကိုယ်ကြားမှာ အချိန်ကွာခြားမှုလေးတွေလည်း ရှိနိုင်ပါတယ်။
ဒါ့ကြောင့် သူ့အလုပ်ချိန်၊ ကျောင်းချိန်၊ စားချိန်၊ အိပ်ချိန်ကစပြီး ဘယ်အချိန် ဘာလုပ်လေ့ရှိလဲဆိုတာပါ သိထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
.
၁၂။ Social media တွေကို အသုံးပြုပါ။
သူနဲ့ကိုယ် ဝေးလို့ဝေးနေမှန်းတောင် မခံစားရစေတဲ့ ကျေးဇူးရှင်လေးတွေကတော့ text chatting နဲ့ video chatting ပါပဲ။ သူတို့ကြောင့် ကိုယ်တို့အချင်းချင်း
အချိန်မရွေး ဆက်သွယ်နိုင်သလို၊ သူ့ကိုမြင်ချင်ရင်လည်း မျက်နှာချင်းဆိုင် စကားပြောဖို့အခွင့်အရေး ရှိပြန်ပါတယ်။ ဒါကြောင့် သူနဲ့ကိုယ် အတွက်
တစ်နေ့တာ ၂၄ နာရီအတွင်းမှာ အချိန်လေးတစ်ချို့တော့ ဖယ်ထားစေချင်ပါတယ်။
.
၁၃။ သူ့သူငယ်ချင်းဟာ ကိုယ့်သူငယ်ချင်းဖြစ်ပါစေ၊ ကိုယ့်သူငယ်ချင်းဟာ သူ့သူငယ်ချင်း ဖြစ်ပါစေ။
ကိုယ်တို့နှစ်ယောက်လုံးနဲ့ သိကျွမ်းတဲ့ မိတ်ဆွေတစ်ယောက် ကိုယ်တို့ကြားမှာ ရှိသင့်ပါတယ်။ ဒါမှ တစ်ခါတစ်ရံ ကိုယ်တို့နားလည်မှုလွဲတဲ့အခါ မှာ
ကိုယ်တို့နှစ်ယောက်လုံးအပေါ် နားလည်တဲ့သူအဖြစ် တစ်ယောက်အခြေအနေကိုတစ်ယောက် နားလည်အောင် ပြောပြပေးနိုင်မှာ ဖြစ်ပါတယ်။
.
ဒါဟာ Long distance relationship စုံတွဲတွေအတွက် အခြေခံလုပ်ဆောင်သင့်တဲ့ အရာတွေဖြစ်ပြီး ဒီ့ထက်ပိုတဲ့အရာပေါင်းများစွာလည်း လုပ်နိုင်ပါသေးတယ်။
.
ရပ်ဝေးကို ရောက်နေပေမယ့်လည်း အပြန်အလှန် နားလည်စွာ သစ္စာရှိရင်း တစ်နေ့မှာတော့ မျှော်မှန်းတဲ့အတိုင်း အတူတကွ ပေါင်းဖက်နိုင်ကြပါစေ...
__________
ရွှေညာမောင်
(Focus Youth E-magazine)
Ref : LifeHack
{ Focus Youth E-magazine သည် လူငယ်များနှင့်ဆိုင်သော အကြောင်းအရာများအား Ebook (PDF version) အဖြစ် လစဉ်တိုင်း အခမဲ့ download စနစ်ဖြင့် ဖြန့်ဝေပေးသွားမည့် Digital Magazine ဖြစ်ပါသည် }
**************************
၁။ ကတောက်ကဆတ် ဖြစ်စေတဲ့ စကားမျိုး ရှောင်ကြဉ်ပါ။
ဒီတိုင်း တစ်မြို့ထဲမှာ နေတဲ့စုံတွဲတွေအတွက်တော့ ရန်ဖြစ်၊စကားများတယ်ဆိုတာ အဆန်းတကြယ် ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်ဝေးချစ်သူတွေအတွက်တော့ ခဏခဏစကားများတာတွေ၊ ကတောက်ကဆတ်ဖြစ်တာတွေက ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။ ကိုယ့်ကြောင့် သူ့စိတ်တွေ ရှုပ်မယ်ဆိုရင် သူလဲ စိတ်တွေ မွန်းကြပ်လာနိုင်ပါတယ်။ သူ့မှာလည်း ကိုယ့်ကိစ္စအပြင် တခြားသော ပြသနာများလည်း ရှိနိုင်တာကြောင့် ကိုယ်က သူ့ကို စိတ်ချမ်းသာအောင် မထားဘဲ သောကတွေ ပေးနေမယ်ဆိုရင်တော့ ကိုယ်နဲ့သူ့အကြား တတိယလူပေါ်လာတဲ့ ဖြစ်ရပ်မျိုးတွေ မလိုလားအပ်ပဲ ဖြစ်လာနိုင်ပါတယ်။
.
၂။ အခွင့်အရေးတစ်ရပ် အဖြစ်လည်း မြင်နိုင်ပါတယ်။
ကာလရှည်ကြာဝေးနေတာ အကောင်းဘက်က ကြည့်မယ်ဆိုရင် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။
ပါတ်သက်လို့ စမ်းသပ်ရာလည်း ရောက်ပါတယ်။ သာမန်စုံတွဲတွေလို အခွင့်အရေးမျိုးတွေ မရပေမယ့် ကိုယ်တို့နှစ်ယောက်ကြားက ခိုင်မြဲတဲ့မေတ္တာတရားတွေကို
သက်သေထူဖို့ အခွင့်အရေးပါပဲ။
.
၃။ တစ်ယောက်ဘာလိုအပ်လဲဆိုတာ ညှိနှိုင်းထားသင့်တယ်။
ချစ်သူကတော့ အလိုက်သိမှာပဲဆိုပြီး Long distance relationship မှာ မျှော်လင့်ချက်ကြီးကြီးထားလ
အလိုမကျ ဖြစ်ရပါတယ်။ သာမန်စုံတွဲတွေလို အလိုက်တသိ ကြင်နာဂရုစိုက်ဖို့ဆိုတာလည်
ဒါ့ကြောင့် အစတည်းက ကိုယ်ဘာလိုချင်လဲ၊ သူဘာဖြစ်ချင်လဲဆိုတာ ရှင်းရှင်းလင်းလင်းညှိ ထားဖို့ လိုပါမယ်။ (ဥပမာ- သွားတာလာတာကို အသိပေးမှ ကိုယ်က
ကြိုက်တာမျိုးတို့၊ တစ်စုံတစ်ခုဆို ကိုယ်နဲ့အရင်တိုင်ပင်တာမျို
.
၎။ ပုံမှန်အဆက်အသွယ် ရှိပါစေ။
Internet တွေ၊ Facebook ကဲ့သို့ လူမှုကွန်ယက်တွေကြောင့် ပုံမှန်အဆက်အသွယ် ရှိဖို့က သိပ်တော့ခဲယဉ်းတဲ့ ကိစ္စမဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် အချိန်မှန် အဆက်အသွယ်ရှိခြင်းကလည်း ကိုယ်တို့ကို ဝေးနေတယ်လို့ မခံစားရစေဘဲ အတူရှိနေတယ်လို့ ခံစားမှု
ဖြစ်ပေါ်စေမှာပါ။
.
၅။ ကြည်ကြည်နှုးနှုးစကားတွေပဲဆို
လူဆိုတာ အမြဲတမ်းတော့ စိတ်ကောင်းဝင်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်ဝေးရောက်ချစ်သူတွေအတွက်က
သိပ်အရေးပါပါတယ်။ ချစ်သူရဲ့ ကြင်နာနူးညံ့တဲ့ အထိအတွေ့လေးတွေကို မခံစားရချိန်မှာ သူ့ရဲ့ ချိုသာတဲ့စကားလေးတွေကိုတော့
.
၆။ အန္တာရာယ်များတဲ့ အနေအထားတွေကို ရှောင်ကြဉ်ပါ။
တစ်ခါတစ်ရံ သူလုံးဝ လက်မခံနိုင်တဲ့ အနေအထားမျိုးလေးတွေ ရှိပါတယ်။ ဒါကို လုံးဝ (လုံးဝ) မလုပ်မိအောင် သတိပြုရပါ့မယ်။ ရပ်ဝေးမှာ ဖြစ်တဲ့အတွက်
ကိုယ်တစ်ခုခုအမှားလုပ်လိုက်
ဒါကြောင့် သူမကြိုက်တဲ့အရာကို မလုပ်ပါနဲ့။ ဥပမာ- ညဘက် club သွားတာတို့၊ သူငယ်ချင်းတွေနဲ့စုပြီး beer သောက်တာတို့ ဖြစ်ပါတယ်။
နောက်ဆုံး အကြံပေးချင်တာကတော့ ကိုယ်အခြေအနေအကြောင်းကြောင်
.
၇။ တစ်ချို့ကိစ္စလေးတွေကို အတူတကွလုပ်ပါ။
ကိုယ်တို့ရဲ့ မသိစိတ်လေးတွေကို ရင်းနှီးနေအောင်၊ တစ်ယောက်နဲ့တစ်ယောက် နီးကပ်နေအောင် လုပ်နိုင်တာကတော့ တစ်ချို့အရာတွေကို အတူလုပ်တာပါပဲ။
ဥပမာ- online game ကိုအတူဆော့ဖြစ်တာမျိုးတို့၊
.
၈။ အနာဂတ်အကြောင်းလေးတွေ ပြောပါ။
Long distance relationship စုံတွဲတွေအတွက်ကတော့ မျှော်လင့်ချက်နဲ့ လွမ်းဆွေးဖွယ် နေ့ရက်တွေကို ဖြတ်သန်းနေရတာပါပဲ။ ဒီတော့ ကိုယ်တို့ရဲ့ မျှော်လင့်ချက်
စိတ်ကူးလေးတွေကို ရပ်တန့်မသွားအောင် အမြဲသစ်လွင်နေအောင် လုပ်ဖို့လိုပါတယ်။ ဒီကာလတွေပြီးလို့ အတူရှိကြတဲ့အခါ ဘာတွေလုပ်ကြမယ်၊ ဘယ်လိုနေထိုင်ကြမယ်ဆိုပြီး
ကိုယ်တို့မှာ ရှိတဲ့စိတ်ကူးလေးတွေကို အပြန်အလှန် ဝေမျှသင့်ပါတယ်။ စိတ်ချပါ။ ဒီလိုအနာဂတ်ကို အတူလှမ်းမျှော်ပြီး စိတ်ကူးကြည့်တာဟာ ကိုယ်တို့အချစ်ရေးကို
နွေးထွေးစေမှာပါ။
.
၉။ တစ်ယောက်ကိုတစ်ယောက် ရိုးသားပါ။
ရိုးသားမှုဟာ စုံတွဲတွေကြားမှာ အရှိသင့်ဆုံးအရာပါ။ ရိုးသားမှုကို အရင်းခံမှ ယုံကြည်မှုဆိုတာက ဖြစ်ပေါ်လာမှာပါ။
ဒီတော့ ဖြစ်နိုင်ရင် တစ်ယောက်ပေါ်တစ်ယောက် ရိုးသားကြတာဟာ သင်တို့နှစ်ယောက်ကြားက ယုံကြည်မှုတွေကို တိုးပွားလာစေမှာပါ။
(အဝေးရောက်ချစ်သူတွေမှာ တစ်ယောက်ပေါ်တစ်ယောက် သံသယစိတ်များတတ်ကြတဲ့အတွက်ေ
.
၁၀။ သစ္စာစောင့်သိပါ။
သူ့ကို ကိုယ်တကယ်ချစ်တယ်ဆိုတာ သေချာရင်တော့ ကိုယ်သူ့အပေါ် သစ္စာစောင့်သိသင့်ပါတယ်။ ကိုယ်သူ့အပေါ် သစ္စာရှိတယ်ဆိုတာကိုလည်း
သူသိအောင်၊ သူခံစားမိအောင် ပြသင့်ပါတယ်။ ဒါမှလည်း သူလဲကိုယ့်အပေါ် ယုံကြည်စိတ်ချမှုတွေရှိမှာ ဖြစ်ပါတယ်။
.
၁၁။ တစ်ယောက်ရဲ့ နေ့စဉ်ဇယားကို သိအောင်လုပ်ပါ။
သူဘယ်အချိန်မှာ ဘာလုပ်တတ်လဲဆိုတာလောက်တော့ ကိုယ်သိအောင်လုပ်ထားပါ။ သူနဲ့ကိုယ်ကြားမှာ အချိန်ကွာခြားမှုလေးတွေလည်း ရှိနိုင်ပါတယ်။
ဒါ့ကြောင့် သူ့အလုပ်ချိန်၊ ကျောင်းချိန်၊ စားချိန်၊ အိပ်ချိန်ကစပြီး ဘယ်အချိန် ဘာလုပ်လေ့ရှိလဲဆိုတာပါ သိထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
.
၁၂။ Social media တွေကို အသုံးပြုပါ။
သူနဲ့ကိုယ် ဝေးလို့ဝေးနေမှန်းတောင် မခံစားရစေတဲ့ ကျေးဇူးရှင်လေးတွေကတော့ text chatting နဲ့ video chatting ပါပဲ။ သူတို့ကြောင့် ကိုယ်တို့အချင်းချင်း
အချိန်မရွေး ဆက်သွယ်နိုင်သလို၊ သူ့ကိုမြင်ချင်ရင်လည်း မျက်နှာချင်းဆိုင် စကားပြောဖို့အခွင့်အရေး ရှိပြန်ပါတယ်။ ဒါကြောင့် သူနဲ့ကိုယ် အတွက်
တစ်နေ့တာ ၂၄ နာရီအတွင်းမှာ အချိန်လေးတစ်ချို့တော့ ဖယ်ထားစေချင်ပါတယ်။
.
၁၃။ သူ့သူငယ်ချင်းဟာ ကိုယ့်သူငယ်ချင်းဖြစ်ပါစေ၊ ကိုယ့်သူငယ်ချင်းဟာ သူ့သူငယ်ချင်း ဖြစ်ပါစေ။
ကိုယ်တို့နှစ်ယောက်လုံးနဲ့ သိကျွမ်းတဲ့ မိတ်ဆွေတစ်ယောက် ကိုယ်တို့ကြားမှာ ရှိသင့်ပါတယ်။ ဒါမှ တစ်ခါတစ်ရံ ကိုယ်တို့နားလည်မှုလွဲတဲ့အခါ
ကိုယ်တို့နှစ်ယောက်လုံးအပေါ်
.
ဒါဟာ Long distance relationship စုံတွဲတွေအတွက် အခြေခံလုပ်ဆောင်သင့်တဲ့ အရာတွေဖြစ်ပြီး ဒီ့ထက်ပိုတဲ့အရာပေါင်းများစ
.
ရပ်ဝေးကို ရောက်နေပေမယ့်လည်း အပြန်အလှန် နားလည်စွာ သစ္စာရှိရင်း တစ်နေ့မှာတော့ မျှော်မှန်းတဲ့အတိုင်း အတူတကွ ပေါင်းဖက်နိုင်ကြပါစေ...
__________
ရွှေညာမောင်
(Focus Youth E-magazine)
Ref : LifeHack
{ Focus Youth E-magazine သည် လူငယ်များနှင့်ဆိုင်သော အကြောင်းအရာများအား Ebook (PDF version) အဖြစ် လစဉ်တိုင်း အခမဲ့ download စနစ်ဖြင့် ဖြန့်ဝေပေးသွားမည့် Digital Magazine ဖြစ်ပါသည် }
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။