Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 4, 2015

ရိုးဂုဏ်


ရိုးဂုဏ်
ရန်ကုန် ရာသီဥတုက အစိုး မရပေ။ နေပူနေတုန်းကြီးလည်း မိုး ထရွာတတ်သည်။ ရွာပြန်လျှင် လည်း တော်တော်နှင့် မစဲပါ။

ဒီနေ့ အလုပ်ပိတ်ရက်လည်းဖြစ် မိုးကလည်းသည်းဆို တော့ အိမ်ထဲမှာပဲ ခွေနေမိသည်။ စာအုပ်များပြန်လည်နေရာချရင်း ဂျာနယ်ကျော် မမလေး၏ 'သူလို လူ' စာအုပ်ကို ပြန်ဖတ်မိပါသည်။ တခုတ်တရ သိမ်းဆည်းတဲ့ စာ အုပ်တွေထဲက တစ်အုပ်ဖြစ်ပါ သည်။ ထိုစာအုပ်ထဲမှ ရိုးဂုဏ် အကြောင်းကို မှတ်သားမိပါသည်။ စာအုပ်အဖုံးကို မြင်သည်နှင့် ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ် ကျော် မမလေးတို့၏ အမေးအဖြေ ကို စိတ်ထဲမှ ရွတ်ဆိုတမ်းတမိပါ သည်။

''ဦးချစ်မောင် လောကမှာ ဂုဏ်အမျိုးမျိုးရှိတယ်။ ဘယ်ဂုဏ် ဟာ အကောင်းဆုံးလဲ၊ ဘယ်ဂုဏ် ကို ရွေးချယ်ကျင့်နေသလဲ''

''ကျွန်တော်တော့ ရိုးဂုဏ်ကို ကြိုက်ပါတယ်။ မြန်မာများဟာ ရိုးဂုဏ် လိုနေပါတယ်။ ဘာသာ ကောင်းပါလျက် အကျင့်ပျက် နေ ကြ တယ်။ လောကမှာ စိတ်ပျော်မွေ့ ဖွယ်ရာ အကောင်းဆုံးဟာ လူရိုး၊ လူကောင်းတစ်ယောက် ဖြစ် အောင် လုပ်တာ၊ ကြိုးစားတာဖြစ် တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလို လူရိုး၊ လူကောင်းတစ် ယောက်ဖြစ်အောင် ထိန်းသိမ်း စောင့်ရှောက်ရတာ မလွယ်လှ ကြောင်း ကိုလည်း ကျွန်တော်သိပါ တယ်။ မလွယ်သော်လည်း မဖြစ် နိုင်တာမဟုတ်လို့ ကြိုးစားပြီး လူရိုး လူကောင်းတစ်ယောက်ဖြစ်အောင် ကျင့်မယ်လို့ ကြံပါတယ်။ ဘယ် လောက် အောင်မြင်မယ်၊ ပျက်ကွက်မယ်ကိုတော့ ကျွန်တော်ရဲ့ ကျန်ရှိသေးတဲ့ သက်တမ်းက သက်သေခံပါလိမ့်မယ်။ ဒီသက် သေခံကို မတင်တင်လို ပုဂ္ဂိုလ်များ က စစ်ဆေးဖို့ ဖြစ်ပါတယ်။ (နှာ-၉၆၊ ဒသမအကြိမ်၊ သီဟရတနာ အထူးထုတ်)

(၂)

တချို့ အသေးအဖွဲလေး တွေကအစ ရိုးဂုဏ်ကို မေ့လျော့ သတိမပြုမိကြပါ။ ဈေးထဲမှ ပန်း သီးအချို့ကို ဝယ်စားရင်း အနာ လေးတွေ အပေါ် တံဆိပ်ကပ်ထား တာ ကြုံဖူးသည်။ သူကသာ သတိ မပြုမိသည်ရှိမည်။ ကျွန်တော် နောက်တစ်ခါ သူ့ဆိုင်က ဝယ်ယူဖို့ ကို တွန့်ဆုတ် သွားပါသည်။ အခြား ဆိုင်သို့ ရှောင်ကွင်း၍သာ ဝယ်ယူ ပါတော့သည်။

ထိုသို့သော ရောင်းသူတို့၌ ပုံမှန်ဝယ်ယူသူ ဖောက်သည်ဆို သည်မှာ ရှားပါးလှပါသည်။ မသိ သောသူတို့ တစ်ကြိမ် တစ်ခါ ဝယ် ယူအားပေးမှုသာများပါသည်။ ရောင်းသူနှင့် ဝယ်ယူသူတို့ကြား တည်ဆောက်ယူသည့် ယုံကြည်မှု ပဲဖြစ်ပါသည်။

ခုတစ်လောထဲမှာတင် ကျွန်တော့်အလုပ်၌ ငွေရေး၊ ကြေး ရေးကြောင့် ဝန်ထမ်းသုံးဦး အလုပ်ထုတ်ခံရသည်။ အလုပ်ရှင်၏ သက်ညှာ မှုကြောင့်သာ တရားတ ဘောင်နှင့် ရင်မဆိုင်ရဘဲ လျော် ကြေးနှင့်သာ အဆုံးသတ်လိုက်ပါသည်။ ရလဒ်ကတော့ အလုပ် ထုတ်ခံရ၍ အလုပ်လက်မဲ့ ဖြစ်ရ သည်။ အလုပ်တစ်ခုရဖို့ မလွယ် ကူပေ။ အနည်းဆုံးတော့ အချိန် ပေးရမည်။

ရိုးဂုဏ်သည် လူ အယုတ်အလတ်၊ အမြတ်မရွေး မွေးမြူ ရယူနိုင်သော ဂုဏ်ပဲဖြစ်ပါသည်။ သို့သော်လည်း လူရိုး၊ လူကောင်း တစ်ယောက်ဖြစ်အောင် ကျင်ကြံ အားထုတ်ရသည်မှာ မလွယ်ကူပါ။ စီးပွားရေးနယ်ပယ် အလုပ်ခွင်များတွင် ရိုးသားမှု၊ ယုံကြည်မှု တို့ဖြင့် ရေရှည်လက်တွဲ လုပ်ကိုင်ကြပါ သည်။

(၃)

မြန်မာပြည်က နေရာအနှံ့ အပြား ဆိုင်းဘုတ်၊ ဆောင်ပုဒ်များ တွေ့ရသည်။ ရုံးခန်း၊ အိမ်၊ ကားဂိတ်၊ ရထားဘူတာ၊ ဆေးရုံစုံလို့။ တချို့ က ဆောင်ပုဒ်လေးတွေ၊ တချို့က သတိပေးစာတန်းလေး တွေ။ အချို့ဆောင်ပုဒ်တွေမှာ အ ထူးမှတ်သားစရာကောင်းလှ ပါသည်။

'ရိုးရိုးကျင့် မြင့်မြင့်ကြံ'

ထိုဆောင်ပုဒ်လေးမှာ လည်း အထူးလိုက်နာ မှတ်ထား ဖွယ်ရာပါ။

ဘတ်စကားများပေါ်၊ အ ဝေးပြေးယာဉ်များပေါ်မှ 'ခါးပိုက် နှိုက်သတိပြုပါ' 'မေ့ကျန်ပစ္စည်း တာဝန်မယူ'ဆိုသော သတိပေးစာ များ တွေ့ ရတတ်ပါသည်။ ထိုသတိ ပေးစာတန်းများကတော့ သူတို့၏ ရိုးသားမှုများကို သတိပေးနေသည် ဟု ထင်မြင်မိပါသည်။

အငှားယာဉ်များပေါ်တွင် ဖုန်း၊ ပိုက်ဆံအိတ် တစ်ခုခုမေ့ပါ သွားပါက ပြန်မရဖို့မှာ များပါ သည်။ တစ်ခါက မိတ်ဆွေ တစ် ယောက် တက်စီပေါ်သို့ ဖုန်းပါသွား ဖူးပါသည်။ ဖုန်းခေါ်ဆိုသောအခါ ဘယ်နေရာသို့ ရောက်ရှိနေပါ ကြောင်းလာယူပါရန် ပြောကြားပါ သည်။ တကယ် ချိန်းဆိုသောနေ ရာကို ရောက်၍ ဖုန်းခေါ်ဆိုသော အခါ အကြောင်းပြချက်များနှင့် ဝေ့လည်ကြောင်ပတ် ပြုလုပ်ထားပါ သည်။ နောင်တွင် ဖုန်းဆက်လို့ပါမရတော့။ ဆင်းကတ်ကို ထုတ်လိုက်လေပြီ။ လူတိုင်းလိုလို ရိုးသား မူ၊ ရိုးဂုဏ်ကို နှစ်သက်မြတ်နိုး ကြ ပါ သည်။ ကျင်ကြံအားထုတ်ဖို့က တော့ မလွယ်ကူလှပါ။

(၄)

ရိုးသားမှုဆိုရာ၌ 'တုံး' 'အ' တာနှင့် မဆိုင်ပါ။ သီးခြားစီ ဖြစ် ပါသည်။ ဒီလူကတော့ 'ရိုးရိုးအေး အေး' ကြီးကွဟူသော စကား ၏ နောက်တွင် အဓိပ္ပာယ်ပါပါသည်။ ရိုးသားမှုဟာ သစ္စာတရားနှင့် ဆိုင် ပါသည်။ အမှန်ကို အမှန်အတိုင်း ပြောဝံ့ခြင်း၊ အရှိကို အရှိ အတိုင်း ပြောဝံ့ခြင်းလုပ်ဝံ့ခြင်းဖြစ်ပါသည်။ ထိုသို့ အလေ့အထရှိသူသည် မိမိ ကိုယ်ကို ယုံကြည်မှု ပြည့်ဝပါ သည်။

ရိုးဂုဏ်၊ ရိုးသားမှုဆိုသည်မှာ လူတစ်ယောက်အတွက် အလွန်အရေးကြီးပါသည်။ ရိုးသားမှု မရှိဘဲ နေရာတစ်ခုရဖို့ဆိုသည်မှာ မလွယ် ကူပါ။ ရိုးဂုဏ်ကို နှစ်သက် မြတ်နိုးပြီး တတ်နိုင်သမျှ ကျင့်ကြံ ကြမယ်ဆိုလျှင် နောင်အခါ 'ခါး ပိုက်နှိုက် သတိပြုပါ' 'မေ့ကျန် ပစ္စည်း တာဝန်မယူပါ' ဟူသော စာတန်းလေးတွေကို တွေ့မြင်နိုင်မည် မဟုတ်ဟုတ်ဟု ထင်မြင်မိပါသည်။ သို့သော် လည်း ဖြစ်နိုင် ဖို့က ဟိုးအဝေးကြီးမှာ။

ဆရာဇော်ဂျီ၏ ညီသစ် ဆင်းကဗျာအမှတ်စဉ် ၆ 'ဂုဏ်အ လှ' ကဗျာနှင့် အဆုံးသတ်လိုက် ပါသည်။
ဂုဏ်အလှ
ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
ရွှေဂုဏ်ငွေဂုဏ်ရာထူးဂုဏ်သည်
လူ့ဘုံလောက အကာမျှတည့်
သူကငြူစူ မကြည်ဖြူ၍
ခွာယူလိုက ခွာ၍ရ။ ရိုးဂုဏ်ဖြောင့်ဂုဏ်
ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူကငြူစူ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ။
မျိုးဟန်ထက်

မျိုးဟန်ထက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။