Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 20, 2015

အောင်ပွဲက နီးလာတာပါ


အောင်ပွဲက နီးလာတာပါ
◄►◄►◄►◄►◄►
အဆင်ပြေမယ်ဆို ◄► ဒိုးလုံး ညီညီတာ စောအဂ္ဂ

ရော့ခ်ဂီတ ကျွန်တော်တို့ဆီကို ဝင်ရောက်လာပုံနဲ့ ပတ်သတ်ပြီး ဆယ်ဘီးတပ်
ထရပ်ကားကြီးတစ်စီး မြို့ ထဲဝင်လာပုံနဲ့ ကျွန်တော်နှိုင်းယှည်ကြည့်ခဲ့ဖူးတယ်။
အုံလိုက်ကျင်းလိုက်နဲ့ပါပဲ။ ပရိတ်သတ်ကလည်း Rock မှ Rock ပါပဲ။
ဒီလိုနဲ့ မျိုးကျော့မြိုင်က Rap ကို တင်သွင်းလာတဲ့အခါ Rock ပရိတ်သတ်အချို့ 
Rap ဖက်ကို ခြေဦးလှည့်သွားကြပါတယ်။ ဒါပေမဲ့ Rap ကို မျိုးကျော့မြိုင်က
တစ်ကိုယ်တော်ပဲ လုပ်ခဲ့ရတာ။

သူနဲ့ ခေတ်ပြိုင်တွေ အားလုံးက Rock တွေပဲ
ဆိုတော့ Rap အတွက် အားအင်နည်းခဲ့သလိုဖြစ်ပြီး Rock တွေကပဲ ကြီးစိုးမြဲ
ကြီးစိုးထားတာ တွေ့ရပါတယ်။

ရော့ခ်ဂီတကို နောက်ထပ်ခြိမ်းခြောက်လာတောကတော့ Alternativeပဲ ဖြစ်ပါတယ်။
အဲဒီမှာတော့ Rap တုန်းကလို တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲနဲ့ တချို့ 
Rocker တွေပါ Alter ဘက်ကို ပါဝင်ဆင်နွှဲလာကြတာမျိုးတွေအထိ ရှိခဲ့ပါတယ်။
ဒိုးလုံး၊ The Ants၊ အယ်နောင်း၊ အက်ဇဗီန်းတို့ကတော့ သူတို့ကိုယ်သူတို့
Alternative လို့ ရဲရဲတင်းတင်းကြီး တံဆိပ်ခပ်နှိပ်ခဲ့တာဟာ ကောင်းဇုံ၊
သစ်ထူးတို့ အထိပဲ။ ဒါပေမယ့်လည်း Alter တွေရဲ့ အခွေထွက်နှုန်း လူအင်အား
စတာတွေဟာ Rock တုန်းကလောက် အင်နဲ့အားနဲ့ မဟုတ်ခဲ့လို့လားတော့
မသိပါဘူး။ Rock ဂီတကို နောက်ချန်ထားရစ်ခဲ့လောက်အောင် ဖြစ်မလာခဲ့တာတော့
အသေအချာပါ။

ဒီကြားထဲမှာ Alter သမားတချို့  “ပြန်ဆိုတေးတွေနဲ့ အချိုလေးတွေပဲ ပရိတ်သတ်က
လိုချင်တာ” ဆိုတဲ့ ခေတ်နောက်ပြန်ဆွဲ အယူအဆအပေါ်မှာ ဝေဝေဝါးဝါးဖြစ်သွား
ခဲ့တာတွေလည်း ရှိခဲ့ကြဟန်တူပါရဲ့ ။ Rock ဂီတသာလျှင် မင်းမူလာခဲ့ပါတယ်။

နောက် Rock ဂီတကိုယ်တိုင် ပြန်ဆိုတေးဘက်ကို လှည့်သွားတဲ့ အခါမှာတော့
Rapper မျိုးဆက်သစ်တွေက ဒီကနေ့ ဂီတလောကကို အလစ်မှာ အပိုင်
သိမ်းပိုက်လိုက်ပါတယ်။ အင်အားကြီးမားလှပါတယ်ဆိုတဲ့ Rock တွေ
ခံနိုင်ရည် ရှိ မရှိထက် ကြိုးစားနေကြရဆဲ့ဖြစ်တဲ့ Alter တွေအဖို့ အောင်ပွဲ
ခံနိုင်ဖို့ အလှမ်းထပ်ဝေးသွားပြီလား။ အောင်ပွဲနဲ့ ထပ်ဝေးသွားတယ်လို့
ယူဆနိုင်မလား။ ကျွန်တော် ဒိုးလုံးကိုပဲ ပွင့်ပွင့်လင်းလင်း မေးကြည့်တဲ့အခါ။

လူတွေကကြိုက်တာ မတူကြဘူးပေါ့နော်။ အောင်ပွဲကတော့ နီးပါပြီ။ လူတွေက
ခေတ်လည်းမီနေပါပြီ။ Rock ကလည်း Rock သပ်သပ်၊ Hip Hop ကလည်း
Hip Hop သပ်သပ်၊ Alter ကလည်း သပ်သပ်၊ လူငယ်တွေက အဲလိုဖြစ်လာတော့
သိပ်ကြောက်စရာ မရှိပါဘူး။ လူအနည်းစုလေးပဲ ဖြစ်နေသေးတာ တစ်ခုပဲလို့
ညီညီတာက ဝင်ပြောနေတုန်းမှာပဲ ဒိုးလုံးက စဉ်းစဉ်းစားစားနဲ့ အခုလိုဖြေပါတယ်။
အောင်မြင်နေတာကတော့ အမြဲတမ်းအောင်မြင်နေတာပဲ။ မပေါက်သေးတာ
တစ်ခုပဲ Hip Hop ဆိုပေါက်သွားတာပေါ့။ အောင်မြင်တယ်လို့ မပြောတော့ဘူး။
ပေါက်သွားတာ ကျွန်တော်တို့ကတော့ အမြဲတမ်းအောင်မြင်နေတာပဲ။
အောင်ပွဲက နီးလာတာပါတဲ့။ ဒီလိုနဲ့ သူတို့ ၃ ယောက်လုပ်ထားတဲ့
အခွေဘက် လှည့်လိုက်ကြပါတယ်။

► Title ကို ဘယ်လိုပေးထားလဲ။

အဆင်ပြေမယ်ဆို။

► ဘယ်သူရေးတဲ့သီချင်းလဲ။

ကိုဧထက်ရေးတာ။ တစ်ခြားတေးရေးတွေကတော့
ဒိုးလုံးရယ်၊ MM ရယ်၊ နေဒီလင်းရယ်။

► တစ်ခွေလုံး Alter တွေပဲလား။

ဟုတ်ကဲ့။

► ဒိုးလုံးရယ် ဒီက ညီညီတာနဲ့ စောအဂ္ဂတို့ရယ် အခွေလုပ်နေတယ်ဆိုတာ
သိရတော့ အတွဲဆန်းသလိုပဲ။ တစ်ယောက်က Actor နဲ့ ဒိုးလုံးဆိုတာ
Alter မှ Alter ဆိုတဲ့ အမျိုးအစားထဲက လူကိုး။

ဒီသုံးယောက်က ဆုံတာက စောအဂ္ဂနဲ့ ကျွန်တော်နဲ့ အရင်ဆုံတာ နောက်မှ
သူနဲ့တွေ့တာ။ သူ့ဆီမှာ သီချင်းနှစ်ပုဒ် ပြန်လာဝယ်တော့လေ။ သူ့ကို ဆိုမလား
ဆိုတော့ ဆိုမယ်ဆိုပြီး ဖြစ်သွားတာ။

► အစက နှစ်ယောက်ထဲလား။

မဟုတ်ဘူး၊ သုံးယောက်ပဲ။ ကိုဧထက်နဲ့ နောက်ကိုဧထက် မဆိုဖြစ်တော့တာ။
သူကလည်း သီချင်းပဲ ရေးချင်တယ်ထင်ပါတယ်။

► ကိုဧထက် ဆိုတာ။

ကိုမင်းချစ်သူညီပါ။

► သူရေးတာလည်း Own Tune ပဲလား။

မဟုတ်ဘူး Copy။ ဒိုးလုံးသီချင်းတွေက Own Tune။
Copy တစ်ခြမ်း၊ Own Tune တစ်ခြမ်းပေါ့။ ရောထားတာ။

► ဒိုးလုံးက ဘယ်နှစ်ပုဒ်ဆိုလဲ။

သူက ၄ ပုဒ် Own Tune။ အားလုံးပေါင်း ၁၂ ပုဒ် ပါမယ်။

► ခင်ဗျားတို့ကို Boy Band လို့ထင်မှာ မစုိးရိမ္ဘူးလား။

မစုိးရိမ္ဘူး။ ကျွန်တော်တို့က တစ်ယောက်ချင်းနာမည်တွေ
တပ်ပြီးသား။ အဖွဲ့နာမည် ဘာညာဆိုပြီး မတပ်ထားဘူး။ အဆိုကလည်း
solo တွေချည်းပဲဆိုတာကို ပြသနာမရှိပါဘူး။

► Alter ကို Own Tune ပဲဆိုနေတဲ့လူက Alter ကိုပဲ Copy ဆိုတဲ့လူနဲ့
တွဲဖြစ်သွားတာက။ ( ဒိုးလုံးကို မေးကြည့်လိုက်တော့....)

တွဲမိသွားတယ် ဆိုတာပဲ။ ခင်လို့ပေါ့။ စိတ်ထဲမှာ အဲဒီအတွက်
ဘာမှမဖြစ်ဘူး။ ကျွန်တော့် Own Tune ကျွန်တော်ဆိုရတာပဲ။

► ခင်ဗျားက သီချင်းဆန်းဆန်းတွေ ရေးတတ်တယ်။ အကြောင်းအရာမှာပေါ့နော်။
ဒီထဲမှာကော ဘာတွေရေးထားသေးလဲ။

Copy တွေနဲ့ ယှဉ်လို့ရလောက်အောင်ကို ကျွန်တော်လည်း လုပ်ထားပါတယ်။
Ground လည်း နည်းနည်းဆန်တယ်။ UG ပေါ့။ Alter ပဲ Bend ကို အကြမ်းဘက်ကို
ယူတယ်။ အကြောင်းအရာပိုင်းအနေနဲ့ ရိုက်ပေါ့။ သေအောင်ရိုက်ပေါ့။ စာသားကတော့
အများကြီးတွေ ကျွန်တော်မရေးဘူး။ နည်းနည်းလေးကို ထပ်ဆိုတယ်။

“ ရိုက်ရိုက် ... ငါ့ကိုသေအောင်ရိုက်သတ်လိုက် မင်းရဲ့ အမုန်းတွေနဲ့ ”

အဲဒါမျိုးတွေပေါ့။ အချစ်တော့ အချစ်အကြောင်းအရာတွေပါပဲ။

► ညီညီတာက ဘယ်အချိန်လောက်မှာ သီချင်း စဆိုဖြစ်တာလဲ။

သိပ်တော့ မကြာသေးဘူးလို့လည်း ပြောလို့ရတယ်။ show တွေမှာတော့
ဆိုဖြစ်တာပေါ့။

► ဘယ်သူ့သီချင်းဆိုလဲ။

ဒီလိုပါပဲ။ ဟိုတုန်းကတော့ Rock တွေဆိုတယ်။ ခုနောက်ပိုင်း Alter တွေဆိုတယ်။
ဒိုလုံးသီချင်းဆိုတယ်။ The Ants ထဲက သီချင်းတွေ ဆိုတယ်။ နောက်ပိုင်းကျတော့
ကိုယ့်သီချင်းကို ကိုယ်ဆိုတယ်။

► Alter နဲ့ ပတ်သတ်လို့ ဘယ် Band ကိုကြိုက်လဲ။

များတယ်ဗျ။ အကြိုက်ဆုံးကတော့ Nirvana တို့ Pearl Jam တို့၊
နောက် Blur တို့ကြိုက်တယ်။

► ခုဆိုမယ့် Copy တွေကျတော့ Original တွေက။

heart emoticon Blink 182 ပါတယ်။ Green Day ပါမယ်။ Sugro Rays ပါတယ်။
Oasis တစ်ပုဒ်ပါမယ်။

► စောအဂ္ဂကော ဘယ်အချိန်လောက်က စဆိုဖြစ်တာလဲ။

heart emoticon ကျွန်တော်လည်း တစ်နှစ်၊ နှစ်နှစ်လောက်တော့ ရှိပြီပေါ့။ အရင်တုန်းက
သက်မင်းမောင်ဆိုတဲ့ နာမည်နဲ့ ဆိုဖူးပါတယ်။ ခု စီးရီးကျတော့ နာမည်
ပြောင်းလိုက်တယ်။

► သက်မင်းမောင် နာမည်နဲ့ အခွေထုတ်ဖူးလား။

heart emoticon အခွေက တစ်ပုဒ် တစ်ပုဒ် သူများတွေနဲ့ အတွဲခွေတွေ လုပ်ဖူးတယ်။

► အဲဒီတုန်းက ဘယ်လို သီချင်းတွေဆိုလဲ။

heart emoticon အဲဒီတုန်းက Punk လေးတွေဆိုတယ်။ Rock တွေဆိုတယ်။ နောက်ပိုင်း
သူတို့နဲ့ပေါင်းပြီးတော့မှ Alter ကို ကြိုက်သွားတယ်။

► ဘယ် Band တွေကြိုက်လဲ။

heart emoticon လောလောဆယ်တော့ သူ(ညီညီတာဘက်ကို လက်ညှိုးထိုးပါတယ်)
ကြိုက်တာတွေပဲ။ Blur တို့ ဘာတို့ပေါ့။ Red Hot Chilipeppers တို့။
ကျွန်တော်က သိပ်အပြင်းကြီးတွေတော့ မကြိုက်ဘူး။

► ခင်ဗျားဆိုတဲ့အခါ Red Hot က Bass သမားကို ခေါ်တီးစေချင်တာလား။

heart emoticon ခေါ်မယ် ခေါ်မယ်။ သင်္ကြန်ကျရင် ခေါ်တီးခိုင်းရမယ်။ ဟဲဟဲ ကျွန်တော်က
အေးအေးတွေပဲ။ ကိုယ်နဲ့က အဆူကြီးတွေနဲ့ သိပ်လည်း မလိုက်တော့လေ။

► ဒိုးလုံးက solo အနေနဲ့ သုံးပုဒ်၊ တစ်ပုဒ်က Grornd နော်။ အဲဒီမှာ
သုံးပုဒ်ကို သိချင်တယ်။

heart emoticon “ငါကြောက်လို့” “ရူးသွပ်ပါတယ်” “သေအောင်ရိုက်” ရယ် သုံးပုဒ်။

► ဘယ်သူတွေက တီးပေးလဲ။

heart emoticon တိုးတိုးတို့ Band , Heaven Born

► သူတို့က ခင်ဗျားတို့ရဲ့  Alternative ဆီကို ရောက်ရဲ့လား။

heart emoticon ထင်တာထက်ကို ပိုကောင်းပါတယ်။ ရောက်ပါတယ်။

► ဒိုးလုံးနဲ့ လက်တွဲဖော် ကိုဖိုးပြုံးတော့ ပါမလာဘူးပေါ့။

heart emoticon ဟုတ်ကဲ့။ ကိုဖိုးပြုံးတော့ ပါမလာဘူး။ Heaven Born နဲ့ပဲ လုပ်လိုက်တာကိုး(ဒိုးလုံး)

► Heaven Born နဲ့ လုပ်ဖြစ်ခဲ့ပုံလေးလည်း ပြောပါဦး။

heart emoticon (ဒိုးလုံး) လုပ်ဖြစ်တာက ဒီအစမှာ သူတို့ Producer က ကျွန်တော့်နားက
သီချင်းယူရင်းနဲ့ ခင်သွားတာပေါ့။ အဲဒီကနေ နောက်လုပ်ဖြစ်သွားတာ။ သူတို့က
H.B ကို ယူထားပြီးပြီ။
(ညီညီတာ) ကျွန်တော်တို့က ရွေးတာက H.B မှာ ကိုတိုးနဲ့ ကိုညွန့်ပေါ့နော်။
သူ့ကိုပဲ ကျန်တဲ့ နှစ်ယောက်ဘယ်သူတွေ ခေါ်မလဲမသိဘူး။ H.B မှာ
ကျွန်တော်က အဲဒီ နှစ်ယောက်ပဲသိတာ။ ကိုတိုးတီးတာကိုတော့
ကြိုက်လို့ပေါ့။ နောက်သူက ကိုမောင်မောင်လွင်နဲ့ Drum ကိုရဲလင်းကို
ခေါ်ပေးတယ်။ ပိုကြိုက်သွားတာပေါ့နော်။

► Studio က။

heart emoticon Max မှာ လုပ်လို့ကောင်းပါတယ်။

► ဒီအခွေကို ဘယ်တော့ထွက်မှာလဲ။

heart emoticon ဒီလ (March) 19,20 လောက်ထွက်မယ်။

► Design ကိစ္စတွေ ဘယ်သူ့နဲ့လုပ်လဲ။

heart emoticon ဆရာကျောင်း...ဒီနေ့ထိ မရသေးသော ပိုစတာများ
ဒီနေ့ရမယ်ပြောတာပဲ။ မရလည်း နက်ဖြန်ပေါ့။

► T.V ကြော်ငြာကို။

heart emoticon (ညီညီတာ) ကိုယ့်ဟာကိုယ် စီစဉ်ပြီး ရိုက်လိုက်တယ်။ သိဒ္ဓိရှင်
ကိုစိန်လင်းက ကူညီပေးတယ်။ အဲဒီက စက်နဲ့ပဲ။

► T.V ကြော်ငြာသီချင်းက။

heart emoticon “လုံးပါးပါး” ။ အားလုံးဝိုင်းဆိုထားတဲ့ သီချင်း။

► ဖြန့်မှာက ။

heart emoticon ချို ကြည်သာ။

*******************

နောက်တော့လည်း အခွေဝယ်ကြမယ့်သူတွေ အားလုံးပျော်ပါစေ။ ကျေးဇူးတင်ပါတယ်။
အဆင်ပြေပါစေ စသဖြင့် ပြောဖြစ်ကြရင်း ဒိုးလုံး၊ ညီညီတာ၊ စောအဂ္ဂတို့ရဲ့ 
“အဆင်ပြေမယ်ဆို...” အခွေအတွက် တွေ့ဆုံခြင်းကို ရပ်နားလိုက်ပါတယ်။
ညီညီတာနဲ့ စောအဂ္ဂက ကျွန်တော်နဲ့ဒိုးလုံးကို နှုတ်ဆက်ပြီး ပြန်သွားပါတယ်။
ဒိုလုံးတို့အိမ်မှာ လုပ်ကြတာမို့ ဒိုးလုံးရဲ့ တစ်ကိုယ်တော်အခွေကိစ္စ မေးမြန်းဖို့
ကျွန်တော်တို့ ကျန်ရစ်ခဲ့ပါတယ်။
အဆင်ပြေမှာပါ။
(C.B)
အလင်္ကာဂီတဂျာနယ်
အတွဲ ၆၊ အမှတ် ၁၊
မေလ၊ ၂၀၀၁
.............................

အဆင်ပြေမယ်ဆို....ဒေါင်းသွားဦးနော် tongue emoticon

ယုံပါ
http://pc.cd/qE1rtalK
အဆင်ပြေမယ်ဆို
http://pc.cd/gO1rtalK
အမှန်အတိုင်း
http://pc.cd/v61rtalK
နှုတ်ဆက်ပါတယ်
http://pc.cd/mU1rtalK
အရိုးထိအောင်ရူး
http://pc.cd/NU1rtalK
ဇာတ်လမ်း
http://pc.cd/8E1rtalK
သေအောင်ရိုက်
http://pc.cd/MU1rtalK
သံယောဇဉ်နဲ့ချစ်တဲ့ အချစ်
http://pc.cd/KE1rtalK
ကျေးဇူး
http://pc.cd/aE1rtalK
ရှိပါစေ
http://pc.cd/wO1rtalK
ငါကြောက်လို့
http://pc.cd/TO1rtalK
မဝေးချင်ဘူး
http://pc.cd/6O1rtalK
ဝိညာဉ်မှတ်တိုင်
http://pc.cd/G61rtalK
ယုံပါ
http://pc.cd/7I1rtalK

အဆင်ပြေမယ်ဆိုရင်...တစ်ခွေလုံးဒေါင်းရန်
http://pc.cd/bI1rtalK

# Ka Lee
# Ko Naing
ရော့ခ်နှင့်ပတ်ဝန်းကျင် ဂရု

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။