Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 20, 2015

ကိုယ့်ကိုယ်ကို update ပြန်လုပ်တတ်သူ ဝေလ

ကိုယ့်ကိုယ်ကို update ပြန်လုပ်တတ်သူ ဝေလ
☯☯☯☯☯☯☯☯☯☯☯☯☯☯☯☯☯☯☯☯☯☯

♪♫ ကျေးဇူးပြုပြီး လက်ခုပ်သံလေးတွေ ကြားချင်ပါတယ်
ဘယ်တော့မှမဆို....ကြိုက်ရင်တော့တီးမှာပဲ မကြိုက်တော့လည်း
ဆဲမှာပဲ ဟန်ပန်အမူအရာတွေကို ငါရွံတယ်ဟေ့ ♪♫ .....

ဆိုတဲ့ ရင်ထဲကထွက်ကျလာတဲ့ ခံစားချက်ကို တေးသီလိုက်တဲ့
ခပ်ရွတ်ရွတ်စာသား၊

♪♫ ဘိုကေညှပ်ထားတော့ အပျိုတွေကကြွေတာပေါ့....
ဒါမေမဲ့လည်း အိုင်ခင်လေးရယ် မင်းမှမင်းပဲကွယ် ♪♫ ....

ဆိုတဲ့ ဗိုလ်အောင်ဒင်တို့ခေတ်ကို ရောက်သွားသလို ခံစားရတဲ့
ခပ်ဆန်းဆန်း Mood နဲ့သံစဉ်စာသား

♪♫ မိုနာလီဇာလိုအပြုံးများနဲ့ လူကိုခြွေချထားပစ်ခဲ့တဲ့
မင်းရဲ့ လက်ကို တွဲမိသလိုတွဲ ♪♫ ...........

ဆိုတဲ့ သမာရိုးကျမဟုတ်တဲ့ စကားလုံး ခပ်ဆန်းဆန်း...
စတဲ့ သီချင်းများနဲ့ မိတ်ကပ်မကြိုက်သူရော၊ မိတ်ကပ်
ကြိုက်သူရောကို အပြတ်သိမ်းပိုက်နိုင်ခဲ့တဲ့ တေးသံရှင်ဝေလ၊
ပရိသတ်က အမှတ်ပြည့်ပေးသလို၊ တေးဂီတပညာရှင်တွေပေးတဲ့
ဂုဏ်ထူးဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ တေးသံရှင်ဝေလနဲ့
ဒီတစ်လမှာ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

Q - ဂီတလောက ခြေလှမ်းအစက တေးရေးနဲ့ စခဲ့တာလား။

A - တကယ်တမ်း ဂီတလောကထဲကို ရောက်လာခဲ့တာ တေးရေးနဲ့ပါ။
ကိုထူးအယ်လင်းရဲ့  “ လူသားဘဝ ” ခွေမှာ စရေးခဲ့တာ။ အဲဒီမတိုင်ခင်
၂၀၀၀-၂၀၀၁ ခုနှစ်လောက်မှာ တစ်ကိုယ်တော်ခွေ လုပ်ထားသေးတယ်။
သီချင်း ၇ ပုဒ်လောက် လုပ်ထားပြီး မထွက်ဖြစ်လိုက်ဘူး။ Alternative တွေ
ခေတ်စားတဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်နဲ့ တစ်ခွေ လုပ်သေးတယ်။
မထွက်ဖြစ်လိုက်ဘဲ မျောရင်းကနေ ၁၉၈၂ အတွက် သီချင်းရေးလိုက်၊
နားထောင်လိုက်နဲ့ သီချင်းတွေအများကြီးရေးတယ်။ နောက် ကိုထူးအယ်လင်းနဲ့
တွေ့ပြီး သီချင်းရောင်းဖြစ်တယ်။ သီချင်းရောင်းပြီးလို့ ရတဲ့ပိုက်ဆံနဲ့ပဲ
ခွေလုပ်ဖြစ်တာပါ။ အဲဒီကနေစပြီးတော့ ဥာဏ်လင်းအောင်၊ ဝိုင်းစုခိုင်သိန်းတို့၊
အဆိုတော် တော်တော်များများရဲ့  သီချင်းတွေကို ရေးပေးခဲ့တယ်။

Q - သီချင်းတွေကို ဘယ်အချိန်လောက်ကတည်းက စရေးဖြစ်နေတာလဲ။

A - သီချင်းရေးတာကတော ၁၉၉၈-၉၉ ခုနှစ် လောက်ကတည်းက
ရေးနေပြီ။ တကယ်တစ်ပုဒ်လုံးပြီးအောင် ရေးဖြစ်တာကတော့ ၉၉ ခုနှစ်
လောက်မှာပါ။ ရေးခဲ့တဲ့သီချင်းတွေ တော်တော်များတယ်။ စရေးတုန်းကဆို
အပုဒ်တစ်ရာကျော်လောက် ရှိမယ်။ အဲဒီတုန်းကဆို ငယ်လည်းငယ်သေးတော့
တစ်နေ့တည်းနဲ့ သီချင်း ၃ ပုဒ်လောက် ရေးဖြစ်တယ်။ အခုအချိန်ရေးထားတဲ့
စာအုပ်တွေပြည်ကြည့်တော့မှ တော်တော်ရေးခဲ့ပါလားဆိုပြီး ဖြစ်တယ်။
အခုရေးထားတဲ့ သီချင်းတွေနဲ့ ကွာတော့ကွာတာပေါ့။ ငယ်ငယ်တုန်းကဆို
ကျောင်းရှေ့မှာ သီချင်းစာအုပ်တွေရောင်းရင် ဝယ်တယ်။ စာသားတွေ
လိုက်ဖက်တယ်။ The Ants သီချင်းတွေထွက်တဲ့အချိန်မှာ လိုက်ပြီး
နားထောင်တယ်။ သူတို့ရဲ့ သီချင်းတွေက မတူညီတဲ့အရသာအသစ်
တစ်ခုရတယ်။ အဲဒါမျိုးကိုကြိုက်တော့ သီချင်းစာသားတွေ၊ တေးရေးတွေ
ကအစ သေချာဂရုစိုက်ပြီး လိုက်ကြည့်တယ်။ တိတ်ခွေခေတ် တစ်ခွေ
၂၀၀ ကျော်ခေတ်မှာ ပိုက်ဆံ ၃၀၀ ရှိရင် ကျွန်တော်နေတဲ့ မြောက်ဒဂုံ
ကနေပြီး မြို့ ထဲကို ၁၀ တန် လိုင်းကားစီးပြီး ခွေသွားဝယ်တယ်။
ထွက်သမျှခွေ အကုန်ဝယ်တယ်။ ပြီးတော့ တေးရေးတွေကိုကြည့်တယ်။
အဓိက ကိုယ်ကြိုက်တဲ့တေးရေးတွေ ဦးသစ်မင်း၊ ကိုရွှေဂျော်ဂျော်၊
ကိုမောင်မောင်ဇော်လတ် တို့လိုမျိုးပါရင် ဝယ်တယ်။ ၄ တန်းနှစ်
လောက်တုန်းကဆို အင်ပါယာက ပိုစတာတွေဝယ်ပြီး စာအုပ်ကြားထဲ
သိမ်းထားတာ။

Q - ဂီတသက်တမ်း ဘယ်လောက်ရှိသွားပြီလဲ။ ဒီဂီတသက်တမ်း
အတွင်းမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိသလောက် ပြောပြပါဦး။

A - ဂီတသက်တမ်းက ၁၀ နှစ်ကျော်လောက်ရှိပြီ။ ဂီတသက်တမ်း
ဘယ်လောက်ရှိသွားပြီ ကိုယ်တိုင်ဖြတ်သန်းလာတာ ဘယ်လောက်
ကြမ်းတမ်းတယ်ဆိုတာမျိုး မတွက်ဘဲနဲ့ ရှေ့ကိုဘယ်လိုကောင်းအောင်
လုပ်သွားမယ်ဆိုတာကိုပဲ ခေါင်းထဲထည့်ထားပါတယ်။ ကိုယ့်ကိုယ်ကို
သုံးသပ်မိတာကတော့ မနှစ်ကထက် ဒီနှစ်ဘယ်လိုလုပ်လဲဆိုတာ
ကိုယ့်ကိုယ်ကိုပြန်ပြီး Update ပြန်လုပ်တယ်။ ဟိုးအရင်ပျော်စရာ
အချိန်တွေ၊ ဝမ်းနည်းစရာအချိန်တွေလည်း ရှိခဲ့တာပေါ့။

Q - ဂီတကိုရော ဘယ်အရွယ်လောက်ကတည်း ဝါသနာပါပြီး
လုပ်ဖြစ်တာလဲ။

A - ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ ကျွန်တော့်အဖေက
ဂစ်တာတီးဝါသနာပါတယ်။ ရပ်ကွက်ထဲမှာ သူရယ်၊ သူ့သူငယ်ချင်း
၃ ယောက်လောက်ရယ်က Hollow Guitar လေးတစ်လုံးနဲ့
ပလေးဘွိုင်းသန်းနိုင်သီချင်းတွေ တီးနေကျ၊ ဆိုနေကျဆိုတော့
သီချင်းတွေနဲ့က နားနဲ့မစိမ်းဘူး။ ပြီးတော့ကျွန်တော့်အစ်ကိုကလည်း
အရင်က ကိုစိုးသူတီးဝိုင်းမှာ Bass ခဏ တီးသေးတယ်ဆိုတော့
သီချင်းတွေနဲ့ ရင်းနှီးနေတယ်။

Q - မိတ်ကပ်မကြိုက်သော သီချင်းများခွေကို ဘယ်အချိန်
လောက်ကတည်းက စီစဉ်ခဲ့လဲ။

A - လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒီခွေကို စီစဉ်ခဲ့တာပါ။
ပထမ တစ်ကိုယ်တော်ခွေထွက်ပြီး နောက်ခွေအတွက် သီချင်းတွေ
ရေးနေတဲ့အချိန်မှာ ကိုနောနော်နဲ့ကလည်း ခင်နေတော့ သူနဲ့
တွေ့တဲ့အခါ ခွေမလုပ်ဘူးလားဆိုပြီးမေးတယ်။ ကျွန်တော်ကလည်း
သီချင်းတွေ စုနေတာလို့ပြောတော သူတီးပေးမယ် လောလောဆယ်
ရေးထားတဲ့သီချင်း ၆ ပုဒ်လောက် အရင်ပြကြည့်ဆိုတာနဲ့
ကျွန်တော်ကြိုက်တဲ့ ခင်လေးစိမ်းတယ်တို့၊ ပြတ်တုန်းလပ်တုန်း ၂၃ တို့
အရင်ပြတော့ သူတီးပေးတယ်။ အဲဒီကနေစပြီး ဒီခွေကို လုပ်ဖြစ်ခဲ့တာပါ။

Q - သီချင်းတွေ ရေးထားတာကရော ဘယ်အချိန်လောက်ကတည်းက
ဖြစ်မလဲ။

A - ရေးထားတာတွေကတော့ တစ်ပုဒ်နဲ့တစ်ပုဒ်က အချိန်တွေမတူဘူး။
ဒုက္ခိတဒုက္ခလို သီချင်းမျိုးဆို ပထမတစ်ကိုယ်တော်ခွေ 1982 မထွက်ခင်
ကတည်းက ရေးထားတာ။ အဲဒီသီချင်းဆိုရင် အရင်တုန်းကရေးထားတာ
သီချင်းအမြန်ပုံစံမျိုး ရေးထားတာ။ တကယ်တီးဖြစ်သွားတော့ အနှေး
ဖြစ်သွားတယ်။ ဒီခွေထဲမှာ တစ်ခွေလုံးလည်း ကိုယ်တိုင်ပဲရေးပြီး။
အကုန်လုံး Own Tune တွေချည်းပဲ။

Q - Myanmar Music Award က ပထမဆုံးပေးတဲ့ဆုကို မိတ်ကပ်
မကြိုက်သော သီချင်းများခွေထွက်ပြီး သိပ်မကြာတဲ့ကာလတစ်ခုမှာ
အဲဒီသီချင်းခွေနဲ့ပဲ ဆုရခဲ့တာဆိုတော့ အဲဒီဆုရရှိတဲ့ ခံစားချက်ကို
ပြောပြပေးပါဦး။

A - အများကြီး ဝမ်းသာပါတယ်။ ကိုယ်ကြိုးစားခဲ့တဲ့အရာကို
ပရိသတ်အပြင်၊ ဂီတပညာရှင်တွေကပါ အသိအမှတ်ပြုဆုံးဖြတ်
ပေးခဲ့တာဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ဒီခွေထဲက သီချင်း
ပုံစံတွေကလည်း အဓိက ကိုယ်ကြိုက်တဲ့သီချင်းပုံစံလေးတွေကလည်း
အဲလိုစတိုင်လ်လေးတွေ ဖြစ်နေတာကြောင့်လဲပါတယ်။ သမာရိုးကျ
ပုံစံကနေ ခွဲထွက်ပြီး ကိုယ်နားထောင်တဲ့သီချင်းတွေနဲ့ ကျွန်တော်
ကြိုက်တဲ့အကြိုက်က အဲလိုပုံစံ ဖြစ်သွားတာပါ။ ခွေက ၂၀၀၄ ခုနှစ်
၆ လပိုင်းမှာ ထွက်ခဲ့တာဆိုတော့ မိုးရာသီထဲမှာ ပါသွားတယ်။
ဆုက မိုးရာသီဆုပေးပွဲဆိုတော့ အဲဒီထဲမှာ စာရင်းဝင်သွားတယ်။
ခွေမထွက်ခင် ပတ္တမြား FM မှာ အင်တာဗျူးတယ်။ အဲဒီမှာ
ခင်လေးစိမ်းတယ် သီချင်းကို ကြိုလွှင့်လိုက်တယ်။ အဲဒီမှာ
ခင်လေးစိမ်းတယ်သီချင်းကို ပရိသတ်တွေ တောင်းကြတယ်။
ခွေမထွက်ခင်ကတည်းက အဲလိုမျိုးသီချင်းတောင်းခံရတော့
ဝမ်းသာတာပေါ့။ ပြောရမယ်ဆိုရင် ပထမခွေတုန်းက သေသေချာချာ
Promotion လုပ်ဖြစ်တယ်။ ဒီခွေကျတော့ မထူးတော့ပါဘူးဆိုပြီး
ကြောငြာတွေလည်း အရမ်းကြီးမလုပ်တော့ဘူး။ အဓိက Quality ကို
မြှင့်လိုက်တယ်။ ခွေကာဗာကအစ အကောင်းဆုံး လုပ်လိုက်တယ်။
ကျွန်တော့်ကို ကြိုဆိုပါ၏မှာလည်း တော်တော်လေး သိနေကြပြီဆိုတော့
ခွေကရောင်းရတယ်။

Q - “ မိတ်ကပ်မကြိုက်သောသီချင်းများ ” ဆိုတဲ့ စီးရီး Title
ပေးဖြစ်သွားတာကရော။

A - အဲဒါက သီချင်းရေးကတည်းက ဒီ Title ပဲပေးမယ်ဆိုပြီး
ဆုံးဖြတ်ထားတာ။ ပြီးတော့ ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့အပေါ်မှာ
ဝမ်းနည်းစရာတွေရော၊ Feel ကွေးစရာတွေရော၊ ပျော်ရွှင်စရာ
တွေရော အဲလိုစိတ်နဲ့ ရေးထားတဲ့အတွက်ကြောင့် ဒီသီချင်း
Title ကို ပေးဖြစ်သွားတာပါ။

Q - သီချင်းတွေကြိုက်တဲ့အထဲမှာ မိတ်က်ပကြိုက်တဲ့သူတွေလည်း
ပါတယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။

A - ကျွန်တော်တို့အနေနဲ့ဆိုရင် ဒီဘက်ခေတ်မှာ ပရိသတ်က
ဘယ်သီချင်းတွေ အကြိုက်များတယ်ဆိုတာ FM တွေမှာ သီချင်း
တောင်းတာတွေကို နားထောင်ကြည့်ရင် သိသာပါတယ်။ ကျွန်တော်
တို့ကတော့ အဲဒီလိုပုံစံမျိုး မလုပ်ဘူးရတယ်။ ကိုယ်ပိုင်ဟန်နဲ့
သပ်သပ်လုပ်မယ်ဆိုတာမျိုးပါ။ အဲဒါကိုတချို့ မိတ်ကပ်ကြိုက်တဲ့
ပရိသတ်တွေကြိုက်တယ်ဆိုတာကတော့ အသစ်ကြိုက်တဲ့ Taste
မျိုးကို သူတို့မှာရှိလို့ဖြစ်မှာပါ။ ကျွန်တော့်သီချင်းတွေက အဓိက
Rock Style ကနေ နွယ်ပြီးလုပ်တာပါပဲ။ Rock ကနေ Alternative တွေ၊
ဟိုးအရင် Retro လိုမျိုးတွေ၊ ကျွန်တော်ကြိုက်တဲ့ သီချင်းစတိုင်လ်မျိုးတွေ
လုပ်ထားတာပါ။

Q - ခင်လေးစိမ်းတယ် သီချင်းဆိုရင်လည်း ဟိုးအရင်ခေတ်ကိုပြန်ရောက်
သွားသလို ခံစားရတယ်ဆိုတော့ အဲဒီသီချင်းကိုရေးဖြစ်တာကရော။

A - သပ်သပ်အဲလို Mood မျိုး ခံစားရအောင် လုပ်ထားတာပါ။
ံHollow Guitar နဲ့ စရေးကတည်းက အကြောင်းအရာလည်း စဉ်းစားတယ်။
ဦးဝင်းဦးခေတ်တို့၊ ဗိုလ်အောင်ဒင်ကားကိုကြည့်ပြီး အဲဒီခေတ်ပုံစံမျိုး
စိတ်ကူးပြီး ရေးခဲ့တာပါ။ ပြတ်တုန်းလပ်တုန်း ၂၃ သီချင်းဆိုရင်
ပထမခွေထွက်ပြီးနောက်ပိုင်း ရေးဖြစ်တဲ့သီချင်းပါ။ ရေးတုန်းက
Chrous ကို အရင်ရေးဖြစ်တာ။ သီချင်းခေါင်းစဉ်ကို အရင်ရွေးပြီးတော့
ပြတ်တုန်းလပ်တုန်း ၂၃ မှာ ပစ်သွားတဲ့ ကောင်မလေးဆိုပြီး ခေါင်းစဉ်နဲ့
ပြန်ချိတ်တာ။ စကားလုံးဆန်းသွားအောင် သမာရိုးကျစကားလုံးမဟုတ်တဲ့
စကားလုံးကိုရွေးပြီး ရေးဖြစ်တာပါ။

Q - ခွေထွက်ပြီးနောက်ပိုင်းမှာ ရှိုးတွေ ပိုဆိုဖြစ်လား။

A - ရှိုးတွေက ဆိုဖြစ်တယ်။ အရင်တုန်းက ကြိုဆိုပါ၏သီချင်းကို
ရှိုးတွေမှာ အတောင်းများတယ်။ ခွေထွက်ပြီးနောက်ပိုင်းကျတော့
တောင်းတဲ့သီချင်းတွေ ပိုလာတာပေါ့။ ခင်လေးစိမ်းတယ်တို့၊
ပြတ်တုန်းလပ်တုန်း ၂၃ တို့ကို ပိုတောင်းလာကြတယ်။

Q - ပထမဆုံးတစ်ကိုယ်တော်ခွေအကြောင်း ပြောပြပေးပါဦး။

A - ကျွန်တော့်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ 1982 က
၂၀၁၀-၁၁ ခုနှစ်လောက်က ထွက်ခဲ့တာ။ အဲဒီခွေတုန်းက
Promotion ၃ ပွဲလုပ်ခဲ့တယ်။ အဲဒီခွေက တချို့သိတဲ့သူရှိပေမယ့်
တော်တော်များများ သိပ်မသိလိုက်ကြဘူး။ အတွဲခွေတွေမှာ
ဆိုရင်တော့ Shwe FM ခွေ၊ Bo Bo Music ရဲ့  ၁၅ နှစ်ပြည့်နဲ့
တခြားအတွဲခွေတွေမှာ ဆိုဖြစ်တယ်။ အဲဒီကနေ ကြိုက်ခဲ့တဲ့
သီချင်းပုံစံတွေကလည်း ပြောင်းပြောင်းသွားတယ်။ ပထမခွေတုန်းက
ပုံစံနဲ့ ဒုတိယခွေပုံစံက သီချင်းပုံစံမတူတော့ဘူး။ အသက်ကြီးလာလေ
ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ပိုကြိုက်လာတယ်။

Q - ကြုံလာတဲ့ အခက်အခဲတွေ၊ အတိုက်အခိုက်တွေကိုရော
ဘယ်လိုစိတ်နဲ့ ကျော်ဖြတ်ခဲ့လဲ။

A - အဓိက သည်းခံရတာပေါ့။ အချိန်တွေလည်း အကြာကြီးကို
သီချင်းတစ်ပုဒ်ရဖို့အတွက် မျောပြီးနေရတာတွေလည်း ရှိတယ်။
တစ်ခါတလေလည်း စိတ်ညစ်တာတွေရှိတာပေါ့။ ဒါပေမယ့်
ငါဒီအလုပ်လုပ်မှာလေဆိုတဲ့စိတ်နဲ့ ဖြတ်သန်းခဲ့တယ်။ ပထမခွေ
ုဆိုရင် ၃၊ ၄ နှစ်လောက်ထွက်ဖို့ကြာတယ်။ အဲဒီအချိန် ခွေမထွက်ခင်
မှာကတည်းက ရှိုးတွေ လိုက်ဆိုတယ်။ ခွေထွက်ဖို့ကို အချိန်ကြာကြာ
ခွေခေါက်ပြီး နေခဲ့ရတာ။ အဲဒီအချိန်တွေ ပြန်တွေးရင် ကိုယ့်ကိုယ်ကိုတောင်
သနားမိတယ်။ တစ်ခါတလေလည်း ဆက်မလုပ်ချင်တော့ဘဲ
ပြန်လှည့်ချင်တဲ့စိတ် ဖျတ်ကနဲ့ပေါ်လာပေမဲ့ ငါဒါပဲလုပ်မယ်
ဇွဲရှိရှိနဲ့ ကြိုးစားရမယ်ဆိုတဲ့ စိတ်နဲ့ပဲ မကောင်းတဲ့စိတ်ကို
ဖျောက်ခဲ့တယ်။

Q - ကိုယ့်ရဲ့ စိတ်ကရော ဘယ်လိုမျိုးလဲ။

A - အဓိကကတော့ သီချင်းကို ဘယ်လိုကောင်းအောင်လုပ်မလဲ
စဉ်းစားပြီးတော့ စိတ်က ကြိုးစားချင်တဲ့သူတွေကို ကူညီချင်တယ်။
အင်အားနည်းတဲ့ဘက်မှာ အမြဲရှိချင်တယ်။

Q - မျိုးဆက်သစ်လူငယ်တွေအတွက် အကြံပေးစကားပြောပေးပါဦး။


A - ကြိုးစားနေတဲ့လူငယ်တွေအတွက် ကိုယ်တိုင်ကလည်း ကြိုးစားနေဆဲ
ဆိုတော့ ကြိုးစားကြပါလို့ပဲ ပြောချင်ပါတယ်။ တစ်ခါတလေကျတော့လည်း
ကြိုးစားပေမဲ့ ကံနဲ့စမ်းမပါလာရင်လည်း ကိုယ်မျှော်မှန်းသလောက်
ဖြစ်မလာတာမျိုး ရှိတတ်တော့ ဘာသာရေးတို့၊ အလှူအတန်းတို့ကိုလည်း
လုပ်စေချင်ပါတယ်။

Q - မိသားစု Live Style ကိုလည်း ပြောပြပေးပါဦး။

A - အခုလက်ရှိတော့ မနက်မိုးလင်းရင် သီချင်းကိစ္စတွေနဲ့
အလုပ်တွေရှုပ်နေတယ်။ ပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်ဖို့
ကြိုးစားနေပါတယ်။ ကိုယ်ဖြတ်သန်းချင်တဲ့ Life Style ကတော့
ခြံလေးတစ်ခြံမှာ အပင်တွေစိုက်ပြီး ကိုယ့်မိသားစုနဲ့ သီချင်း
နားထောင်လိုက်၊ ကိုယ်ဝါသနာပါတဲ့ သီချင်းတွေလုပ်လိုက်နဲ့
အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တယ်။

Q - ပရိသတ်အတွက် နှုတ်ဆက်စကား ပြောပေးပါဦး။

A - အားပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ 
ခွေကို VCD အမြန်ဆုံးထွက်နိုင်အောင် လုပ်နေပါတယ်။ ဝယ်ရကျိုး
နပ်အောင်လည်း သေချာလေးရိုက်မှာပါ။ အတတ်နိုင်ဆုံးတော့
သင်္ကြန်မတိုင်မီ ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ ပြီးတော့
VCD မှာ သီချင်း ၅ ပုဒ်လည်း ထပ်ထည့်ပေးထားပါတယ်။
ပထမခွေထဲက သီချင်း ၂ ပုဒ်၊ အခုမှတီးထားတဲ့ သီချင်းအသစ်
၂ ပုဒ်၊ အတွဲခွေထဲက ၁ ပုဒ် ထပ်ထည့်ပြီး စုစုပေါင်း ၁၅ ပုဒ်
ပါမယ်။ အတွဲခွေ ၃၊ ၄ ခွေလောက်မှာလည်း ဆိုဖို့ ရှိပါတယ်။

ကေတူးအို
ဓာတ်ပုံ - လမင်းနိုင်
January 2015
Myanmar People

credit Rock နှင့် ပတ်ဝန်းကျင် ဖဘဂရု

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။