Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 14, 2014

မြန်မာပြည်ကို ပျံသန်းတဲ့ လေယာဉ်များ လုံခြုံပါသလား

မြန်မာပြည်ကို ပျံသန်းတဲ့ လေယာဉ်များ လုံခြုံပါသလား
--------------------------------------------
စက်တင်ဘာလ ၅ ရက်နေ့မှာ စင်ကာပူနိုင်ငံမှ တဆင့် မြန်မာနိုင်ငံကို ကျမတို့မိသားစု ပြန်လာခဲ့ကြပါတယ်။ လေယာဉ်ထွက်ချိန်ညနေ ၃ နာရီမို့လို့ သားလေးက သူ့ကျောင်းစာတွေကို အပြီးသတ်လုပ်လိုက်ပြီး သူ့ကျောပိုးအိတ်ထဲ ထည့်လာခဲ့ပါတယ်။ စင်ကာပူလေဆိပ် လုံခြုံရေးဂိတ်မှာ စကင်ဖတ်ပြီး အန္ဒာရယ်ကင်း ရှင်းလင်းပါတယ်။



မြန်မာပြည်ကနေ ပြန်ထွက်လာခဲ့ပြီး စင်ကာပူလေဆိပ်မှာ ထရန်စစ်ဝင်ပြီး ဟောင်ကောင်ကို ၁၉ ရက်မှာ ထွက်လာဘို့ လေယာဉ်ဂိတ်လုံခြုံရေးမှာ ကျောပိုးအိတ်ကို လုံခြုံရေးစကင်ဖတ်တဲ့အခါ အန္ဒာရယ်ရှိတဲ့ သံသတ္တုကို တွေ့ကြောင်း၊ အိတ်ကို နောက်ထပ် စကင်ဖတ်ပြန်ပါတယ်။ ထိုအခါ သားလေးရဲ့ ကျောပိုးအိတ်ထဲမှာ ထည့်ထားတဲ့ သင်္ချာတွက်ရင် အသုံးပြုတဲ့ ပစ္စည်းလေး ၂ ခုက သံနဲ့ ပြုလုပ်ထားတာက တစ်ကြောင်း၊ ချွန်ထက်တဲ့အရာ ဖြစ်နေတာက တစ်ကြောင်း၊ ထိုပစ္စည်းကို သယ်ဆောင်ခွင့် မပြုတော့ပါဘူး။

သားလေးက ဒီသင်္ချာတွက်တဲ့ ဗူးလေးကို စင်ကာပူလေဆိပ်မှဆင့် မြန်မာပြည်ကို မထင်မှတ်ဘဲ အိတ်ထဲ ထည့်ယူသွားကြောင်း၊ အန္ဒာရယ်ရှိတယ်လို့ မပြောကြောင်း၊ စင်ကာပူ လေဆိပ်တခုတည်းအတွင်းမှာ မြန်မာပြည်သွားလေယဉ်နဲ့ ဟောင်ကောင်ကို သွားမယ့် လေယာဉ် အဆင့်အတန်းမတူတာ ဘာလို့လဲလို့ မေးလိုက်ပါတယ်။

လုံခြုံရေးဝန်ထမ်းလဲ ဇဝေဇ၀ါဖြစ်လာပြီး သူ့လူကြီးကို ပစ္စည်းသွားပြပါတယ်။ ဒီပစ္စည်းဟာ အန္ဒာရယ်ရှိတဲ့စာရင်းထဲ ပါဝင်ကြောင်း ဓါတ်ပုံနဲ့ စာရွက်လေးလာပြပါတယ်။ မြန်မာပြည်ကို ဒီဗူးလေးယူသွားနိုင်တာ လေဆိပ်လုံခြုံရေးက သူ့အလုပ် ကောင်းကောင်း မလုပ်လို့ပါလို့ ပြောပါတယ်။

ကျမလဲ ဒီလိုသတ္တုမျိုးကို လက်ကိုင်အိတ်ထဲ မထည့်ရတာကို သိထားပါတယ်။ သားလေးက ကျောင်းအိမ်စာလုပ်ရင်း လေဆိပ်အထွက်မှာ သူ့ကျောပိုးအိတ်ထဲ ကမန်းကတန်းထည့်လိုက်တာ ကျမ မသိလိုက်ဘဲ စင်ကာပူလေဆိပ်ကနေ ရန်ကုန်လေဆိပ်ထိ ပါသွားပါတယ်။ ပြီးတော့ ရန်ကုန်လေဆိပ်ကနေ စင်ကပူလေဆိပ်ကို ပြန်သယ်လာပြန်ပါတယ်။ ဟောင်ကောင်ကို ထပ်သယ်ခါနီးမှာမှ အန္ဒာရယ်ရှိကြောင်း ပေါ်လာပါတယ်။

စဉ်းစားစရာလေး ရှိလာပါတယ်။ မြန်မာပြည်ကို သွားတဲ့ လေယဉ်တွေကို စင်ကာပူလေဆိပ်မှ လုံခြုံရေး ပေါ့ရော့တာလား။ ရန်ကုန်လေဆိပ်အထွက်မှာ လုံခြုံရေးက စစ်နေတာပါဘဲ။ သံသတ္တုကို စကင်နာက ဘာလို့ မတွေ့တာလဲ။

အခုချိန်မှာ အိုင်စစ် (ISIS) က မြန်မာပြည်ကို ၀င်လာမယ်လို့ အတိအလင်း ကြေငြာပြီး ဖြစ်ပါတယ်။ အကြမ်းဖက်သမားများမှ အန္ဒာရယ်ရှိတဲ့ပစ္စည်း ကရိယာတွေကို လေယဉ်မှတဆင့် မြန်မာပြည်ကို အလွယ်တကူ သယ်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒီအဖြစ်အပျက်ကို စာရေးသင့် မရေးသင့် စဉ်းစားပါသေးတယ်။ လေဆိပ်လုံခြုံရေး တည်းကျပ်ဘို့ ဘယ်သူ့ကို အကြောင်းကြားရမှန်း မသိလို့ ဒီမှာ ရေးတင်ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာပြည်ကို ၀င်လာမည့် လေယာဉ်များ၊ မြန်မာပြည်မှ ထွက်ခွါမည့် လေယာဉ်များနှင့် ပတ်သက်သူများ၊ အဆက်အသွယ်ရှိသောသူများမှတဆင့် သက်ဆိုင်ရာသို့ သတိပေး အကြောင်းကြားပေးပါလို့ ပန်ကြားအပ်ပါတယ်ရှင်။

အထက်ပါစာကို ရေးပြီးနောက် မေးခွန်းများ မေးလာသောကြောင့်အောက်ပါအတိုင်း ထပ်မံ ဖြည့်စွက်ပါသည်။

နိုင်ငံတကာလေဆိပ် လုံခြုံရေးတွေ တနိုင်ငံနဲ့ တနိုင်ငံမတူသော်လည်း ကိုယ်နဲ့တပါးတည်း သယ်ဆောင်ခွင့် မရတဲ့ ပစ္စည်းများကတော့ အတူတူပင် ဖြစ်ပါတယ်။ များသောအားဖြင့် ပိတ်ပင်ထားသော ပစ္စည်းများမှာ ဘက်ထရီ၊ အရည် (ဘာအရည်ဖြစ်ဖြစ်)၊ သံသတ္တု၊ စူးရှနိုင်သောပစ္စည်းများ စသည်တို့ ဖြစ်ပါတယ်။ ထိုပစ္စည်းများကို အပ်နှံတဲ့အိတ်ထဲတွင် သယ်ဆောင်ခွင့်ရှိသည်။

ထိုကန့်သန့်ပစ္စည်းများကိုလည်း စင်ကာပူလေဆိပ်မှ ထွက်ခွါမည့် လေယဉ်များမှ သယ်ဆောင်ခွင့် မရှိသည်ကို လေဆိပ်အဆောက်အဦ ထွက်ခွါ အ၀င်ပေါက်တွင် ရေးသားထားသားသည်။ မြန်မာပြည် ရန်ကုန် လေဆိပ် ထွက်ခွါ အဆောက်အဦးတွင်မူ ထိုစည်းကမ်းချက်ကို ရေးသားထားခြင်း မရှိပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ထွက်ခွါအဆောက်အဦးထဲ ၀င်လိုက်တာနဲ့ တပြိုင်နက် နိုင်ငံတကာ စံချိန်မှီ လုံခြုံရေး စကင်နာဖြင့် ပါလာသမျှ အိပ်များအားလုံးကို စက်ထဲထည့်ရပါတယ်။ ထိုစကင်နာမျိုးကို စင်ကာပူလေဆိပ်တွင် မရှိပါ။ စင်ကာပူလေဆိပ် ထွက်ခွါအဆောက်အဦးအတွင်း ၀င်ဝင်ချင်းတွင် မြန်မာပြည်ကဲ့သို့ စကင်နာ မထားရှိပါ။

စင်ကာပူလေဆိပ်တွင် တခုတည်းသော လုံခြုံရေးစစ်ဆေးနေရာသည် လေယဉ်အတွင်းသို့ ၀င်ခါနီး ဂိတ်အ၀င်ပေါက်မှာသာ လုံခြုံရေး စကင်နာဖတ်ပါတယ်။ လုံခြုံရေးစကင်နာဖတ်တဲ့နေရသည် လေယဉ်ထွက်ခွါမည့် ဂိတ်မှာ စစ်ဆေးသောကြောင့် လေဆိပ်လုံခြုံရေး တည်းကျပ်မှုသည် ထိုလေယဉ်ထွက်ခွါမည့် နိုင်ငံအပေါ်မှာ အများကြီး မူတည်ပါသည်။ ဥပမာ - စင်ကာပူနိုင်ငံမှ အမေရိကနိုင်ငံကို ထွက်ခွါမည့် လေယဉ်အ၀င်ပေါက်ဂိတ်မှာ တခြားဂိတ်များထက် လုံခြုံရေး ပိုမိုထားရှိ တင်းကျပ်ပါတယ်။ စကင်နာဖတ်ခံရပြီးနောက် လက်ကိုင်အိတ်များကို တစစီ ထပ်ရှာပါသေးတယ်။ ဒါကြောင့် စင်ကာပူမှ ထွက်ခွါမည့် လေယဉ်ဦးတည်သော နိုင်ငံရဲ့ လုံခြုံရေးစနှစ်နဲ့ များစွားသက်ဆိုင်ပါသည်။

မြန်မာနိုင်ငံ ရန်ကုန်လေဆိပ် လေယဉ်အတွင်းသို့ ၀င်ခါနီး ဂိတ်မှာ နောက်ထပ် လုံခြုံရေး စကင်နာရှိပါတယ်။ ရန်ကုန်လေဆိပ်လုံခြုံရေးသည် စင်ကာပူလေဆိပ်ထက် ၂ ဆသာသည်။ သို့သော် လုံခြုံရေးစကင်နာမှ အန္ဒာရယ်ရှိတဲ့ ကိရိယာများကို မထောက်ပြတာကို ထောက်ပြစေချင်တဲ့ စေတနာနဲ့ ဒီစာကို ရေးခြင်းဖြစ်ပါတယ်။ ရန်ကုန်လေဆိပ် လုံခြုံရေးကို အပြစ်တင်လိုတဲ့ စိတ်တခုမှ မရှိပါ။

ခရီးသည်များထဲမှာ လေဆိပ်နဲ့ လေယဉ်အတွင်း အန္ဒာရယ်ပြုနိုင်တဲံ ကိရိယာများကို မတော်တဆဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ၊ တမင်တကာဖြစ်စေ၊ ယူဆောင်လာပါက လေဆိပ်လုံခြုံရေးမှ ထောက်ပြနိုင်ရပါမည်။ ဒါကြောင့် စကင်နာကို ထားရှိတာ ဖြစ်ပါတယ်။

အကြမ်းဖက်သများအနေနဲ့ ကလေးလေးကိုဖြစ်စေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဖြစ်စေ၊ အသုံးပြုနိုင်ပါသည်။ ကလေးလေးရဲ့ ကျောင်းပစ္စည်းသဖွယ် အန္ဒာရယ်ပြုနိုင်တဲ့ ပစ္စည်းကို ယူဆောင်လာနိုင်ပါတယ်။ အကြမ်းဖက်သမားများမှ ကလေးလေးများနဲ့ ကိုယ်ဝန်ဆောင်မိခင်များကို မည်သူ့ အသုံးပြုခဲ့ဖူးသည်ကို သိရှိသူတိုင်း နားလည်ပါလိမ့်မယ်။

အကြမ်းဖက်သမားများမှ လေယာဉ်ကို မည်သို့ ပြန်ပေးဆွဲဖူးကြောင်း ကြားဖူးသူတိုင်း ယခုစာရဲ့ အနက်အဓိပါယ်ကို နားလည်ပါမယ်။

မြန်မာပြည်အတွက် စေတနာ မေတ္တာဖြင့်

လီဗီဆပ်နိုင်ထန်း
I Love Myanamar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။