Min Burma added 2 new photos.
အမြန်လမ်းမှအရေးပေါ်ရင်ဆိုတဲ့ ( ၁၈၈၀ ) ရဲများကို အားမကိုးကြပါနဲ့ 
____________________________________
ဒီနေ့ ၁၅၄မိုင်၆ဖာလုံမှာ ကားမှောက်ပါတယ်။ဘီးနတ်ကျွတ်သွားတယ်လို့ ပြောပါတယ်။
အမျိုးသမီး ၃ယောက်နဲ့ အမျိုးသားတစ်ယောက်ထိခိုက်ဒဏ်ရာရပါတယ်။ အမျိုးသားကကားမောင်းသူပါ။ အဲဒီအချိန်မှာပဲ ရန်ကုန်ဘက်အခြမ်းမှာ ကားမောင်း
လာတာက မူဆယ်ကနာရေးကူညီမှူအသင်းကနာရေးကားနဲ့  ကျွန်တော့်ကားက
ရှေ့ နောက်မောင်းလာပါတယ်။ နှစ်စီးလုံးရပ်ပြီးကူညီကြပါတယ်။ နောက်တော့တခြား
ကားတွေရောက်လာပြီးကူညီကြပါတယ်။

အမျိုးသမီးတစ်ယောက်ကတော်တော်ကိုအခြေအနေဆိုးပါတယ်။ ၁၈၈၀ကိုဖုန်းဆက်
ပါတယ်။ဖုန်းကမရပါဘူး။ နေပြည်တော်ကိုလှမ်းဆက်ပြီး အကြောင်းကြားပေးဖို့ 
ဆက်ပါတယ်။ ၁၈၈၀ကဖုန်းဝင်ပြန်တော့လိုင်းကမကောင်းပြောနေရင်းပျက်ကျပါတယ်။

အဲဒါနဲ့ မူဆယ်ကနာရေးကားသမားကကျွန်တော်ကားကိုစီးမယ်ဆိုဆေးရုံလိုက်ပို့ 
ပါမယ်တဲ့ ။အဲဒါနဲ့ နာရေးကားပေါ်ကအခေါင်းကိုချ ပြီး အမျိုးသမီး၃ယောက်
ကို တောင်ငူဆေးရုံပို့ ကြပါတယ်။အမျိုးသားကိုနောက်ကားတစ်စီးနဲတင်ပြီးဆေးရုံပို့ ဖို့ 
အလုပ်မှာ အမြန်လမ်းရဲကရောက်လာပါတယ်။

အဆိုးဝါးဆုံးဖြစ်ရပ်က နာလို့ အော်နေရတဲ့ သူကိုစစ်မလို့ ပါတဲ့။
တကယ်ဆိုပြေးလဲမပြေးနိုင်နာနေတာတောင်နာမည်အသက် နေရပ်လိပ်စာမေးမလို့ 
လုပ်နေတုံးကျွန်တော့်အမက အသက်ကအရေးကြီးတယ်။ နင်သိချင်ဆေးရုံလိုက်မေး လူနာဆေးရုံရောက်ဖို့ အရေးကြီးတယ်ဆိုပြီး အော်ပြောတော့မှ အမြန်လမ်းရဲကမမေးတော့ပဲငြိမ်သွားပါတယ်။ ၁၈၈၀ကကျွန်တော့ဆီဖုန်းပြန်ဆက်လာပြီးတော့ ဘယ်နှစ်ယောက်ထိခိုက်လဲ ။စိုးရိမ်ရလား။ကား ဘာဖြစ်တာလဲ။အမကအဲဒီကားမှာပါတာလားနဲ့ 
သတင်းယူနေပါတယ်။ကြက်ခြေနီနဲ မီးသတ် ရဲလွတ်လိုက်ပါပြီလို့ ဆက်ပါတယ်။
ဟုတ်ကဲ့ လာပါတယ် ဆိုင်ကယ်နဲ့ ပါ။မီးသတ်နဲ့ ရဲပါ။ ပွဲပြီးမှရဲရောက်ပေါ့။ အမြန်လမ်းပေါ်မှာတခုခုဖြစ်ရင်၁၈၈၀ကို အားကိုးလို့ မရပါဘူး။ လိုင်းကောင်း
မကောင်းကို သေချာစစ်သင့်ပါတယ်။မကောင်းတာလဲသိသင့်ပါတယ်။ ဒါ့အပြင် ပြည်သူ.ရဲတွေရဲ့ အသိစိတ်လေးတွေလဲပြင်ဖို့ လိုပါတယ်။ ဖြစ်စဉ်ကိုအမှုတည်ဆောက်
နိုင်ရေးဆိုတာထက် လက်တွေ. လူသားချင်းစာနာမှု၊ ဖေးမမှုတွေကို အရင်ဆုံး
လုပ်ကြဖို.လိုအပ်ပါတယ်။

ယခုဖြစ်စဉ်မှာတော့ မူဆယ်ကနာရေးကူညီမှုအသင်းကကားသမားနဲ့ မောင်ငယ်
တစ်ယောက်ကိုလဲတကယ်ချီးကျူးပါတယ်။လူနာတင်ယာဉ်ကတော့ လူနာတွေဆေးရုံ
ရောက်ပြီးမှရောက်လာပါတယ်။

ကိုယ်တွေ.သတင်းဓါတ်ပုံရေးသားသူ- Naingmoe Myintaye.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။