၂၀၁၂ခုနှစ်၊
နိုဝင်ဘာလ(၁၉)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်ခ် ဟူစိန်
အိုဗားမားသည် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်နှင့်အတူ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်သို့ အလည်အပတ်လာရောက်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား
ဤသို့
လုပ်ဖော်ကိုင်ဘက်များသဖွယ် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
လွန်စွာ
နှစ်ထောင်းအားရဖြစ်ခဲ့ရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ သွားရောက်၍
နှစ်ပေါင်းများစွာ
ကွဲကွာနေသော အစ်မကြီးအား ပြန်လည်ဆုံတွေ့ရသကဲ့သို့
ပျော်ရွှင်ကြည်နူးခြင်းများဖြင့်
ချစ်ခင်မြတ်နိုးစွာ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါသည်။
အလွန်
ပီတိဖြစ်ခဲ့ရသော မြင်ကွင်းများ ဖြစ်ပါသည်။
ရန်ကုန်မြို့ရှိ တိုင်းပြည်ဂုဏ်ဆောင် ရန်ကုန်ဘွဲနှင်းသဘင်ခန်းမတွင်
နိုင်ငံသူနိုင်ငံသားများသာမက ကမ္ဘာအရပ်ရပ်သို့
မြန်မာနိုင်ငံအပေါ်တွင်
ထားရှိသော သဘောထား၊ ကူညီ ဆောင်ရွက်ပေးမည့် အစီအမံများနှင့်
သိသင့်သိထိုက်သည်များကို
ရှင်းလင်းပြောကြားခဲ့ပါသည်။
လွန်စွာ
နှစ်ထောင်းအားရဖြစ်ရသကဲ့သို့ ကျေးဇူးအထူးတင်မိပါသည်။
နိုင်ငံတော်၏
ပန်းရံဆရာများအဖြစ်တင်စားထိုက်သော လွှတ်တော်ဥက္ကဌများအားလည်း သွားရောက်တွေ့ဆုံ၍
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား
မည်သို့ တည်ဆောက်သင့်သည်ကို အကြံပေးဆွေးနွေးခဲ့ပါမည်။
သို့တည်းမဟုတ်
ယခုကဲ့သို့ တည်ဆောက်နေမှုအား အားရကျေနပ်ပါကြောင်းလည်း ပြောခဲ့နိုင်ပါသည်။
အလွန်ကျေနပ်မိပါသည်။
ကိုးကွယ်ရာ
ဘာသာမဟုတ်သော်လည်း ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာ
ကမ္ဘာ့အံ့ဖွယ်
ရွှေတိဂုံစေတီတော်သို့ သွားရောက်၍
အခြားဘာသာအားလည်း
လေးစားကြောင်း ပြသသွားပါသည်။
အလွန်ပင်
လေးစားမိပါသည်။
မစ္စတာ
အိုဗားမား လာရောက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် လှပသော ပျော်ရွှင်ကျေနပ်ခြင်း
ပန်းကလေးများ ပွင့်လန်းသွားပါသည်။
မျှော်လင့်ခြင်းရနံ့လေးများ
မွှေးပျံ့ သင်းကြိုင်ကျန်ရစ်ခဲ့ပါသည်။
မကြာမီ
အေးမြသော အလင်းရောင်လေးများလည်း ထင်ထင်ရှားရှား တောက်ပလာမည်ဖြစ်ပါသည်။
သို့သော်
အိုဗားမား ခရီးစဉ်အတွက် နိုင်ငံတော် သမ္မတကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
ပြည်ထဲရေးဝန်ကြီး တို့၏
ဂုဏ်သိက္ခာများ
စွန့်လွှတ်ခဲ့ရသည်ဟု တင်ပြလျှင် ကျွန်တော်၏ တင်ပြချက်အား အထူးအဆန်းသဖွယ်
ထင်မြင်ကြလိမ့်မည်ဖြစ်ပါသည်။
မည်သည့်အတွက်ကြောင့်
စွန့်လွှတ်ခဲ့ပါသနည်း.....
ရှင်းပါသည်၊
ပြည်သူများအတွက်......
၎င်းတို့၏
ဂုဏ်သိက္ခာထက်ပိုသော အခွင့်အလန်းများရရှိမည်ဖြစ်သဖြင့်
စွန့်လွှတ်ခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့အား
အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ.....
ဆက်လက်တင်ပြသွားပါမည်.....။
(ကွန်ဆူးမား)(၂၀-၁၁-၂၀၁၂)
ဒုတိယပိုင်း
တတိယပိုင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။