Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 24, 2012

ပြိုင်ပွဲနီးရင် မျှော်လင့်မိတယ်

By Myanmar Online News on Friday, November 23, 2012 at 11:13pm ·


အတွေး(၁)
ပြိုင်ပွဲနီးရင် မျှော်လင့်မိတယ်။ ဒီလို အချိန်၊ ဒီလိုရနံ့ ရူလိုက်မိတဲ့ ခဏ မော်မဆုံးဘဲ အတော်ဆုံးနွှဲမယ့် ဘောလုံးပွဲဆီ စိတ်ရောက်သွားတယ်။
ငါဟာ မြန်မာလူမျိုး...ငါဟာ မြန်မာတစ်ယောက်... နောက်ကောက် ကျကာမှကျ။ အားပေးဖို့ အားအင်တွေ ငါ့နှလုံးမှာ စီးဆင်းနေတယ်။
လက်ခုပ်သံလည်း သစ်လွင်တောက်ပနေတယ်။ အရှုံး၊ အနိုင် ဂဏန်းနှစ်ခုကြားမှာ ငါတို့တွေ အကြာကြီး ပိတ်မိနေတယ်။ အရှုံးဘက် ရောက်နေတဲ့ အသင်းကို အမုန်း မဖက်နိုင်တော့ အပြုံး မပျက်ဘဲ အားပေးဖို့ ခြေလှမ်းတွေ လှမ်းခဲ့မိတယ်။ လှမ်းတင်မိတဲ့ မျှော်လင့်ခြင်း အလံတော် ပြုတ်မကျဖို့ အရေး ရှိသမျှ အားနဲ့ ယှဉ်ပြိုင်မယ့် မြန်မာအသင်း ပြန်လာရင် အောင်ပွဲနဲ့ ကြိုဖို့ မျှော်လင့်မိတယ်။ သိပ်ပိုတဲ့ စိတ်ကူးလို့ ဆိုချင်လည်း ဆို။ ပြိုင်ပွဲနီးရင် မျှော်လင့်မိတာ ငါ့ရဲ့ ဆန္ဒ။ မဟုတ်ဘူး။ မဟုတ်သေးဘူး။ ဒါဟာ တစ်တိုင်းပြည်လုံးရဲ့ ဆန္ဒ။ မြန်မာမှန်ရင် မြန်မာကို အားပေးရမယ်။ ဒါဟာ သမိုင်းပေး တာဝန်။ ငါတို့တွေတော့ ကျေပွန်အောင် ထမ်းဆောင်ခဲ့ပြီ။ ငါတို့ရဲ့ စိတ်ကူး။ ငါတို့ရဲ့ အိပ်မက်ကို အကော်အထည် ဖော်ပေးမယ့် စစ်သူရဲကောင်းတွေ စစ်မြေပြင်ကို ထွက်ခွာသွားပြီ။ ငါယုံတယ်။ ငါတို့တွေ ယုံတယ်။ ရှိသမျှ ခွန်အား၊ ရှိသမျှ ဥာဏ်နဲ့ အကောင်းဆုံး ကစားမယ့် မြန်မာအသင်းရဲ့ သွေးက နီမြန်းနေတယ်။ ဦးအောင်ဇေယျ အောင်မြင်ခဲ့ဖူးတဲ့ နယ်မြေမှာ ငါတို့မြန်မာအသင်း သမိုင်းသစ် မရေးနိုင်ဘူးလား။ ငါ မျှော်လင့်မိတယ်။

အတွေး(၂)
ပြိုင်ပွဲနီးရင် မျှော်လင့်မိတယ်။ သမိုင်းရေးဖို့ မဟုတ်။ သမိုင်းတွင်ဖို့ ကြိုးစားမယ့် မြန်မာ အသင်း ဒဏ်ရာတွေ ဗရပွနဲ့ အားရစရာ မရှိတာတော့ အမှန်ပဲ။ ဟုတ်တယ်... ဆူဇူကီးကို သွားပြိုင်တဲ့ မြန်မာ အသင်းတွေထဲမှာ အခု အသင်းက အားအနည်းဆုံးနဲ့ တိုက်စစ် အပျော့ဆုံး။ ဒီအသင်းက အောင်ပွဲမှ ရပါ့မလား။ ငါ စိတ်ပူတယ်။ တစ်တိုင်းပြည်လုံး စိတ်ပူနေကြတယ်။ အရန်ကစားသမား နှစ်ယောက်နဲ့ ဒဏ်ရာရ ကစားသမား ဦးဆောင်မယ့် မြန်မာ အသင်းရဲ့ တိုက်စစ်က အားလုံးကို ရင်ပူစေတယ်။ စိုးရိမ်စိတ်လည်း တိုးစေခဲ့တယ်။ ကောင်းစည်သူ၊ ရန်ပိုင်၊ စိုးကျော်ကျော် အားမရတာတော့ အမှန်ပဲ။ ဂျပန်အသင်းနဲ့ ကစားခဲ့တဲ့ ၂ ပွဲစလုံး ဒီ ၃ယောက်စလုံး ဂိုးမသွင်းနိုင်ခဲ့။ ဒါကြောင့်လည်း အားလုံးက တိုက်စစ်အတွက် စိတ်ပူနေကြတယ်။ ဒါကို နောက်ကောက်ကျ မသွားဖို့ အရေး ထောက်ပြကာ ဆွေးနွေးခဲ့ကြတယ်။ ဒီတိုက်စစ်က ပြိုင်ဘက်ကို ဂိုးသွင်းနိုင်ပါ့မလား ဆိုတဲ့ အတွေးက ငါ့ကို ဖိစီးစေခဲ့တယ်။ ငါတစ်ယောက်တည်းကိုမှ မဟုတ်ပါဘူးလေ။ အားလုံးကို ဖိစီးစေခဲ့တာပါ။ နည်းပြကြီးလည်း ရင်ပူနေတယ်။ တာဝန်ရှိသူတွေလည်း ရင်ပူနေတယ်။ ပရိသတ်လည်း ရင်ပူနေတယ်။

အတွေး(၃)
ရာဇာဝင်းသိန်း...ရာဇာဝင်းသိန်း...သူ့ကို ဘာလို့ မရွေးတာပါလိမ့်။ ငါတော်တော် စိတ်ပျက်ခဲ့တယ်။ ရန်ကုန်အသင်းမှာ အကောင်းဆုံး ခြေစွမ်းနဲ့ ကွင်းလယ်ကို ထိန်းကျောင်းနိုင်တဲ့သူ။ ဒီလို ကစားသမားမျိုးက ပါကို ပါသင့်တယ်။ ငါဒီလို ထင်ခဲ့တယ်။ အားလုံးလည်း ထင်ခဲ့ကြတယ်။ ကျော်ဇေယျာဝင်း မပါတဲ့ အချိန် ရာဇာဝင်းသိန်းကို ရွေးကို ရွေးရမှာ။ နည်းပြစိတ်ကူးနဲ့ ပရိသတ် စိတ်ကူး အမြဲလိုလို လွဲနေတတ်တယ်။ ဒီတစ်ခါလည်း နည်းပြကြီးနဲ့ ငါ လွဲခဲ့ပြန်တယ်။ ကိစ္စရပ်တိုင်းမှာ အကြောင်းပြချက် ကိုယ်စီ ရှိနေတတ်ကြတာချည်းပါပဲ။ ငါတို့က ပရိသတ်။ ၀င်စွက်ဖက်လို့ မရ။ အရာအားလုံးကို ပခုံးထက် တင်ထားတာက နည်းပြကြီး။ သူကတော့ ရှင်းတယ်။ မြန်မာအသင်းက ပြိုင်ဘက် အသင်းတွေထက် နိမ့်နေတယ်။ ဒါကြောင့် အခြေအနေကောင်းဖို့ မိနစ် ၉၀ လုံး လိုက်ကစားနိုင်တဲ့ ကစားသမားတွေကိုသာ ရွေးခဲ့တယ်။ နည်းဗျူဟာ၊ ကစားကွက်၊ မြန်မာက တစ်ဆင့်နိမ့်နေတယ်။ ကစားကွက်နဲ့ ကစားမယ့် အသင်းကို ခွန်အားနဲ့ ကစားဖို့ သူဆုံးဖြတ်ခဲ့တယ်။ လေ့ကျင့်ရေးမှာလည်း လိုက်ဖျက်တဲ့ ဗျူဟာကိုပဲ အကြိမ်ကြိမ် လေ့ကျင့်နေတယ်။ ဒါကတော့ သူ့စိတ်ကူးပေါ့။ ပြိုင်ပွဲမစမီ သူ့အမြင်၊ ကိုယ့်အမြင် ရှိတတ်တာချည်းပါပဲ။ အားလုံးကလည်း ထောက်ပြခဲ့တယ်။ ဝေဖန်ခဲ့တယ်။ အားလုံးရဲ့ ဆုံရပ်က တစ်ခုတည်း။ ဒါကတော့ ဆူဇူကီးမှာ မြန်မာအသင်း အောင်မြင်မှု ရဖို့ပဲ။


အတွေး(၄)
ပြိုင်ပွဲနီးရင် မျှော်လင့်မိတယ်။ တိုးဝင်လာတာက မြန်မာအသင်းရဲ့ အနေအထား။ စိုးလည်း စိုးရိမ်မိတယ်။ ကစားကွက်နဲ့ ကစားတဲ့ အသင်းဆို မြန်မာအသင်းက ဒုက္ခတွေ့လေ့ ရှိတယ်။ အခု ဆူဇူကီးမှာ မြန်မာအသင်း ရင်ဆိုင်ရမယ့် အသင်း ၃သင်း စလုံးက ကစားကွက်နဲ့ ကစားတဲ့ အသင်းတွေ။ ဒီတော့ ငါစိတ်ပူတယ်။ ဂျပန်သွားတဲ့ ခရီး။ ကိုရီးယား သွားတဲ့ ခရီး အားလုံးကျရှုံးခဲ့တယ်။ လာအိုနဲ့ ပွဲလည်း အသာမရ။ စင်ကာပူလည်း ဒီအတိုင်း။ ဂျပန်ကလပ်နဲ့ ပိုဆိုးသွားတယ်။ ဒီတစ်ခါ ဒီပြိုင်ပွဲမှာ ငါစိုးရိမ်နေတာ ဒါပဲ။ ဒီယိုပေါက်ကို ဘယ်လို ပိတ်မလဲ။ ငါစိတ်ဝင်စားတယ်။ ကိုယ့်ထက် နိမ့်တဲ့ အသင်းဆိုရင် မြန်မာက သာနေတယ်။ တန်းတူ အသင်းချင်ငးဆိုရင် မြန်မာက သိပ်မလှုပ်နိုင်တော့။ တန်းမြင့်တဲ့ အသင်းဆိုရင် ခေါင်းမဖော်နိုင်ဘူး ဆိုတာကို ရှေ့ပွဲတွေက သက်သေပြခဲ့ပြီးပြီ။ တိုက်စစ်က ပျော့နေချိန် ဂိုးသာပေးရမယ်ဆို သေပြီ ဆရာပဲ။ ကစားကွက်ကတော့ ၃ ပွဲစလဇုံး အသာရဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ ကောင်တာတစ်ပေါက်ကိုသာ ချောင်းကစားမယ့် အနေအထားမျိုးပဲ။ One Chance, One Goal ဆို မြန်မာအသင်း မျှော်လင့်လို့ ရနိုင်မယ်။ ငါတော့ ဒီလိုယုံတယ်။ နည်းပြကြီးလည်း ဒီလိုယုံတယ်။ ဒါကြောင့်လည်း နည်းပြကြီးက ဆီမီးတက်မယ်လို့ ပြောခဲ့တယ်။ သူ့စိတ်ကူး အတိုင်း ဖြစ်ပါစေလို့ ငါတော့ ဆုတောင်းတယ်။

အတွေး(၅)
မြန်မာ အသင်းက ပလိုင်းမပေါက်။ ဒါပေမယ့် ဖားကောက်လို့ မရနိုင်ဆိုတဲ့ အတွေးက ကစားသမားတွေမှာတောင် ရှိနေတယ်။ မြန်မာအသင်းက ဂိုးမပေးရဘူး။ ဒီလိုပဲ ဂိုးရဖို့လည်း မလွယ်ဘူးတဲ့။ နောက်တန်းနဲ့ ဂိုးက စိတ်ချရတယ်။ အလယ်တန်းက ဖျက်အားရှိတယ်။ ဒါပေမဲ့ တိုက်စစ်ကို ပံ့ပိုးတဲ့ နေရာမှာ အားနည်းနေတယ်။ ဒီအချိန်မှာ ငါတို့ မျှော်လင့်ရမှာက ကြည်လင်းပဲ ကြည်လင်းသာ ခြေစွမ်းပြနိုင်မယ် ဆိုရင် ဂိုးရနိုင်တယ်။ သူက တိုးအား။ လှုပ်အားရှိတယ်။ ဒါပေမဲ့ လာအို၊ စင်ကာပူ၊ ဂျပန်ကလပ်တွေနဲ့ ပွဲမှာတော့ သူ့ရဲ့ အနေအထားကို သိပ်အားမရဘူး။ ၀ါရင့် ကစားသမားတစ်ဦးက "ကြည်လင်းက တစ်ပေါက်ပဲ ကစားတတ်တယ်။ တစ်ပေါက်ပိတ်လိုက်ရင် ငြိမ်သွားပြီတဲ့ ပြီးတော့ သူ့ကစားပုံက ဒဏ်ရာ ရလွယ်တယ်" ကြည်လင်းသာ ဒဏ်ရာ ရသွားမယ် ဆိုရင်...အို... ဒီအတွေး ငါ့ဆီဝင်မလာပါစေနဲ့။ ငါတို့ဆီ လိပ်စာဖျောက်ကာ ရောက်မလာပါစေနဲ့။ ငါတော့ ဒီလို ဆုတောင်းတယ်။ အားလုံးကို ခြုံကြည့်ရင် မြန်မာအသင်းက စိတ်ဓာတ်နဲ့ ကြံ့ခိုင်မှုက အမြင့်ဆုံးမှာ ရှိနေတယ်။ မိနစ် ၉၀ လုံး ကစားအား မကျသွားဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် မလွယ်လှဘူး။ ဒါပေမဲ့ နည်းပြကြီးရဲ့ ကံ(luck)ကို ယုံတယ်။ သူတစ်ခုခု လုပ်ပြနိုင်မယ်လို့ ငါယုံတယ်။ ကိုရီးယား နည်းပြဆရာကြီးက နာမည်တော့ အပျက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်လည်း လေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် လုပ်တယ်။ ဒီလို လေ့ကျင့်မှုတွေ ပြင်းထန်တဲ့ အတွက် ကစားသမား တချို့ ဒဏ်ရာ ရခဲ့ဖူးတယ်။ သူကတော့ ဂိုးမပေးရအောင် ကစားမယ်။ ဂိုးမပေးရရင် သရေတစ်မှတ်ရဖို့ သေချာပြီ။ ၃ မှတ်ဆိုတာ နောက်က ကပ်ပါလာပါလိမ့်မယ်။

အတွေး(၆)
ပြိုင်ပွဲနီးရင် မျှော်လင့်မိတယ်။ မြန်မာအသင်း ရှုံးနိမ့် သွားစေဦးတော့ ရှောင်ဖယ် မသွားနိုင်ဘူး။ ရေဆုံးခြေဆုံး အားပေးဖို့ ငါတို့ လက်တစ်စုံ လိုနေတယ်။ ဒါကြောင့် ၂၄ ရက်နေ့မှာ စမယ့် ဆူဇူကီး ပြိုင်ပွဲမှာ မြန်မာအသင်း ပွဲဦးထွက် လှနိုင်ပါစေလို့ ငါတော့ ဆုတောင်းမိတယ်။ ဒါပေမဲ့လည်း ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဒုက္ခဆိုတာ ဘယ်မှာ ရှိလာတော့မှာလဲ...

ဆူဇူးကီးဖလားနှင့် မြန်မာ အသင်း၏ ထူးခြားချက်များ
- ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သော ဆူဇူကီး ပြိုင်ပွဲတွင် မြန်မာအသင်းသည် ပွဲ ၃၀ ကစားခဲ့ရာ ၁၀ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၁၃ ပွဲရှုံးနိမ့်ထားသည်။ မြန်မာ အသင်းအတွက် ကစားသမား ၂၆ဦးမှ ၅၅ ဂိုးသွင်းယူပေးထားခြင်းဖြစ်

- အဆိုပါ ၅၅ ဂိုးတွင် မျိုးလှိုင်ဝင်းနှင့် စိုးမြတ်မင်းတို့က ၆ ဂိုးစီ သွင်းယူထား

- ၂၀၀၇ ခုနှစ် ပြိုင်ပွဲတွင် မြန်မာ အသင်းသည် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ရှုံးပွဲ လုံးဝ မရှိခဲ့သော ပြိုင်ပွဲ ဖြစ်ခဲ့သလို နိုင်ပွဲလည်း မရခဲ့ဘဲ ၃ပွဲစလုံး သရေ ကစားခဲ့။

- အဆိုပါ ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် မြန်မာအသင်း၏ တိုက်စစ် အကောင်းဆုံး နှစ်မှာ ၂၀၁၂ ခုနှစ် ဖြစ်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲတွင် ၁၃ ဂိုးသွင်းယူနိုင်ခဲ့။

- အဆိုပါ ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ခံစစ်အား အနည်းဆုံး နှစ်မှာ ၁၉၉၆ နှင့် ၂၀၀၄ ခုနှစ် ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲ ၂ ကြိမ်တွင် ၁၂ ဂိုးစီ ပေးခဲ့ရ။

- ပြိုင်ပွဲသမိုင်း တစ်လျှောက် မြန်မာ အသင်းသည် အကြို ဗိုလ်လုပွဲသို့ ၂၀၀၄ ခုနှစ် တစ်ကြိမ်သာ တက်ရောက်ဖူး။

မြန်မာ့လက်ရွေးစင် အသင်း လူစာရင်း

ဂိုး - သီဟစည်သူ(ဧရာဝတီ)၊ ကျော်ဖင်ဖြိုး(မကွေး)

နောက် - ဟန်ဝင်းအောင်၊ သိန်းသန်းဝင်း(ကမ္ဘောဇ)၊ သက်နိုင်၊ ဇော်မင်းထွန်း(မကွေး)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊
အောင်ဇော် (ဟံသာဝတီ)၊ ဇော်ဇော်ဦး (ဧရာဝတီ)၊ မိုးဝင်း(နေပြည်တော်)၊ ပြည့်ဖြိုးအောင် (ရန်ကုန်)

လယ် - ဒေးဗစ်ထန်၊ ကြည်လင်း၊ ရန်အောင်ကျော်၊ ခင်မောင်လွင်၊ အောင်မိုး(ရန်ကုန်)၊ မိုင်အိုက်နိုင်(ကမ္ဘောဇ)၊ ဖြိုးကိုကိုသိန်း၊
နိုင်လင်းဦး(ဧရာဝတီ)

ရှေ့ - ရန်ပိုင်၊ စိုးကျော်ကျော် (ရတနာပုံ)၊ ကောင်းစည်သူ (ရန်ကုန်)

အလင်းဖြူ
Soccer Myanmar
ယခုဆောင်းပါးမှာ ယနေ့ထုတ် Sport Times အားကစား ဂျာနယ် အတွဲ (၂)၊ အမှတ်စဉ် (၉၀)မှ ဆောင်းပါးဖြစ်ပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။