Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 7, 2017

"ပေါက်ကရလေးဆယ်"တွေကြီးစိုးနေတဲ့ Post-Truth အောက်ကမျက်မှောက်ခေတ် ကမ္ဘာကြီး (၁)

"ပေါက်ကရလေးဆယ်"တွေကြီးစိုးနေတဲ့ Post-Truth အောက်ကမျက်မှောက်ခေတ် ကမ္ဘာကြီး (၁)

ပြီးခဲ့တဲ့ သြဂတ်စ်လ(၂၅) ရက်နေ့က မြန်မာပြည်အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ မီးစမွှေးတဲ့ သူတွေကတော့ အစိုးရက အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြေငြာခဲ့ရတဲ့"အေအာအက်စ်အေ" ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရ ရဲကင်းတွေ၊ စစ်ကင်းတွေ ကိုတပြိုင်နက်တည်း စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆက်တိုက် ဆိုသလို ရခိုင်အပါအဝင်၊မြို၊ ဟိန္ဒူအစရှိတဲ့ လူနည်းစုကို ဒုတ်၊ဒါး လက်နက်တွေ ကိုင်ဆောင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ အစိုးရ စစ်တပ်မှ လူနည်းစု တိုင်းရင်းသားတွေကို အကာအကွယ်ပေးခဲ့ရသလို အကြမ်းဖက် သမားတွေကိုလည်း လိုက်လံချေမှုန်းခဲ့ရပါတယ်။

အဲဒီမှပဲ အကြမ်းဖက်သောင်းကြမ်းသူတွေ ရောထွေးသွားလာနေကြတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေဟာ သူတို့လုပ်ရပ်သူတို့သိပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေ ကိုပြေးကြ ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်လည်းရောက်ရော မီဒီယာတွေရှေမှောက်မှာ မြန်မာ စစ်အစိုးရက သူတို့ ရွာတွေကို မီးလောင်တိုက်သွင်း၊ လူတွေကိုသတ်ဖြတ်၊ မိန်းမတွေ ကို မုဒိန်းကျင့် တာတွေ လုပ်တယ်လို့ ငိုကြွေးပြီးပြောပြကြပါတယ်။ မြန်မာအစိုးရ တာဝန်ရှိ သူတွေဖက်မှ လိုအပ်သလို သတင်းစာ ရှင်းလင်းပွဲတွေလုပ်ပြီး ဖြစ်စဉ်တွေ ကို အသေး စိတ်ပြောပြခဲ့လို့ နိုင်ငံအချို့က ARSA ရဲ့တိုက်ခိုက်မှုကို ရှုံ့ ချခဲ့ကြပါ တယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်မှန် ကိုကျော်လွန်ပြီး ကမ္ဘာ mainstream media တွေမှာရော ဆိုရှယ်မီဒီယာ စာမျက်နှာတွေအပေါ် ဖော်ပြနေရာယူလာခဲ့တာကတော့ မြန်မာစစ်တပ်က ရိုဟင်ဂျာ(သူတို့အခေါ်) လူမျိုးတုံးသတ်ဖြတ်နေတယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် "အေအာအက်စ်အေ" ရဲ့တိုက်ခိုက်မှု သတင်းပျောက်ကွယ်နေခဲ့ပြီး သူတို့ကိုလူမျိုးတုံး သတ်ဖြတ်နေ ပါတယ်ဆိုတဲ့ သတင်းကို ကမ္ဘာကြီးပေါ်မှာရှိတဲ့ နိုင်ငံအများစုနဲ့ အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေ၊ ၊နိုင်ငံရေး သမားတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တွေ အစရှိသဖြင့်တွေဟာ မြန်မာ အစိုးရနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်ကို ဝိုင်းဝန်းတိုက်ခိုက် တာတွေ၊ ရှုံ့ ချ ဆန္ဒပြတာတွေ တောက်လျှောက်ပြု လုပ်ခဲ့ကြ ပါတယ်။

ဖြစ်စဉ်တွေကို သေချာလေ့လာကြည့်ရင် အကြမ်းဖက်သူတွေဟာ ဝါဒဖြန့်ချီနိုင်ရေး အတွက် စက်တင်ဘာလ အလယ်လောက်မှာ ကျင်းပမဲ့ United Nation ရဲ့ အထွေထွေညီလာခံနဲ့ အချိန်ကိုက်အကွက်ချ လုပ်ဆောင်ခဲ့တာကိုတွေ့ရမှာပါ။

သတင်းမမှန်မကန်တွေအများဆုံးရေးသားကြပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အစောဆုံး ပြစ်တင်ဝေဖန်သူတွေ၊ ဆန္ဒပြကန့် ကွက်သူတွေကတော့ "အိုအိုင်စီ" နိုင်ငံတွေနဲ့ အဲဒီနိုင်ငံတွေက နိုင်ငံသားတွေဖြစ်တာ ကိုတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မမှန်မကန် သတင်းတွေပြန့်နှံ့ နေတာကို သိထားတဲ့အတွက် မြန်မာစစ်တပ်က ဘင်္ဂါလီဒုက္ခသည်တွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ စွပ်စွဲပြောကြားခဲ့တဲ့ တူရကီသမ္မတ ဖုန်းဆက် လာရာမှာ “A huge iceberg of misinformation တွေနဲ့ ဘင်္ဂါလီအရေးကို လိုသလို ဆွဲပြောနေကြတဲ့ အကြောင်း ထည့်ပြောသွားတယ်လို့သိရပါတယ်။ ဒီလို မမှန်မကန် သတင်းတွေကို "အိုအိုင်စီ" နိုင်ငံတွေယုံကြည်ကြတယ်ဆိုတာ သေချာပေမဲ့ ဘာလို့ ဗြိတိန်ကနိုင်ငံရေးသမားတွေအပါအဝင် ဗြိတိန်ဝန်ကြီးချုပ်၊ပြင်သစ်ဝန်ကြီးချုပ်၊ အစရှိသူတွေဟာ အသေအချာလေ့လာ ဆန်းစစ်တာတွေမလုပ်ပဲ တဖက်သတ် သတင်းတွေကိုပဲ ယုံနေကြတယ်ဆိုတာစဉ်းစားစရာပါ။

ပထမဆုံးအနေနဲ့အသေအချာပြောလို့ရတာကတော့ ဘက်လိုက်မှု, Biases တွေပါ။ လူသားတွေဟာ မွေးရာပါ ဘက်လိုက်တတ်ကြသူတွေပါ။ ဘုံယူဆချက်တွေအရ လူသားတွေဟာ စဉ်းစားဆုံးဖြတ်နိုင်တဲ့ ဆင်ခြင်တုံတရားရှိကြပါတယ်။ သတင်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်ဟာမှားတယ်၊ ဘယ်ဟာမှန်တယ်ဆိုတာတွေကို ထွက်ပေါ်လာတဲ့ သတင်းအပေါ် အကဲဖြတ်နိုင်၊ခွဲခြားဆုံးဖြတ်နိုင်သူတွေပါ။ ဒါပေမဲ့ ဘာကြောင့် သတင်းအမှားတွေကိုယုံကြည်လာကြလဲဆိုရင် ဘက်လိုက်မှုတွေကြောင့် လို့ပြောနိုင်ပါတယ်။ Confirmation bias ဆိုရင် မိမိယုံကြည်ချက်ကို အတည်ပြုပေးမဲ့ သာဓကအပေါ် တိမ်းညွတ် လက်ခံတာဖြစ်ပြီး ဆန့်ကျင်ဖက်ကတော့ အဲဒီသာဓကကို ပါယ်ချတာဖြစ် ပါတယ်။

ဒါကတော့ အခြေခံကြတဲ့ ဘက်လိုက်မှုတွေ ဖြစ်ပြီး OIC နိုင်ငံတွေအားလုံး အဲဒီ အထဲမှာ ပါပြီး ဘက်လိုက်မှာ အသေအချာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ အရပ်ရပ်က သူတွေက သတင်းတွေကို သေချာဆန်းစစ်လေ့လာမှုမလုပ်ပဲ အလွယ်တကူ ယုံကြည်ကြည် လာရအောင် ဒီနေ့ ကမ္ဘာကြီးဟာ ဘယ်လို အနေအထားမျိုးရှိနေတဲ့ ခေတ်ကာလကိုရောက်နေလို့ နေတယ်ဆိုတာကို အဓိကထားပြီး ရှေ့ဆက် သွားပါမယ်။

ကမ္ဘာကြီးရဲ့ ဒီနေ့ဒီအချိန်ခေတ်ကာလတွေဟာ Post-Truth era လို့ခေါ်တဲ့ Post-Truth ခေတ်ထဲကိုရောက်နေပြီလို့ အများကသုံးသပ်ကြပါတယ်။ ယူနိုက်တက် ကင်းဒမ်း(UK)ကို ဥရောပသမဂ္ဂက ထွက်ခွါခဲ့စေခဲ့တဲ့ ဥရောပသမဂ္ဂ(EU) မှာဆက်နေမနေ ဆန္ဒခံယူ အဆုံးအဖြတ်ပေးခဲ့တဲ့ Brexit နဲ့ ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့တာတွေဟာ Post-Truth ရဲ့ စနက်တော်တော်ပါနေတာကြောင့် Oxford English Dictionary (OED) ရဲ့ word of the year 2016 အဖြစ် Post-Truth ကိုရွေးချယ်ဖော်ပြတဲ့အထိဖြစ်လာပါတယ်။ ဒါ့ကြောင့် Post-Truth ဘာလည်းဆိုတာ ကြည့်ရအောင်ပါ။

ယေဘူယအားဖြင့်Post-Truth မှာ ဖြစ်ရပ်မှန်တွေ,အမှန်တရားတွေ အရေးမပါတော့ပဲ လူသားတွေဟာ ကိုယ့်စိတ်ခံစားမှုနောက်လိုက်ပြီး စိတ်ထင်တဲ့အရာတွေ နဲ့ ကိုယ့်ယုံကြည်ချက်ကိုပဲ အမှန်လို့ ယုံကြည်လာကြ တာဖြစ်ပါတယ်။ အမှန်တရားတွေနဲ့ဖြစ်ရပ်မှန်, အဖြစ်မှန်တွေဟာ လူအများစု အပေါ်ကို စိုးမိုးမှု နည်းပါးလာပြီး အမှန်တရားတွေဟာ တဖြည်းဖြည်းနဲ့ အရေးမပါ, အရာမရောက်တဲ့ သဘောအဓိပ္ပါယ် ကိုဆောင်လာတာကိုပြောတာဖြစ်ပါတယ်။Post-Truth era ကာလမှာ လူအများစုဟာသူတို့ရဲ့စိတ်ခံစားမှုနဲ့ သူတို့ရဲ့ တဦးချင်း ယုံကြည်ချက်တွေ ကို ပဲ အမှန်လို့ ပိုပြီးထင်မြင်လာကြတာဖြစ်တယ်။


အင်္ဂလိပ်လို post- ကို အများအားဖြင့် အဖြစ်အပျက်တခုအပြီး ဒါမှမဟုတ် အလွန်ကာလကို ရည်ညွှန်းသုံးစွဲကြတာဖြစ်ပေမဲ့အခု Post-Truth ရဲ့ အဓိပ္ပါယ် ကိုတော့ ထပ်တိုးအဓိပ္ပါယ်အဖြစ် အခုဖြစ်ပျက်နေတဲ့ ကာလ အပိုင်းအခြားနဲ့ဆက်စပ် ဖော်ဆောင်ထားတာဖြစ်လို့ အမှန်တရားနဲ့ အဖြစ်မှန် အရေးမပါတော့တဲ့ အချိန်ကာလ တခုလို့ပြောရတာဖြစ်ပါတယ်။

ဒါတွေကို ဒီကနေ့မျက်စေ့ရှေ့မှောက်မှာ မြင်နေရ,ကြားနေရ, နားထောင်နေရတဲ့ mainstream media ရဲ့သတင်းတော်တော်များများမှာ လုံးလုံးလျားလျား မမှန်ကန်တဲ့သတင်းတွေကို မကြာခဏ ဖော်ပြနေတာ ကိုတွေ့ရပါတယ်။ သတင်းတွေတွေအကြားမှာ တဝက်တပျက် မှန်တာရှိသလို၊ မမှန်တာတွေ၊ လက်ခံနိုင်စရာမရှိတဲ့ သတင်းတွေ စသဖြင့် နေရာယူလာကြပါတယ်။ Post-Truth အကြောင်းရေးတဲ့ စာရေးဆရာ James Ball ကတော့ ဒီလို Post-Truth ခေတ်မှာဖြစ်ပျက်နေတဲ့ လိမ်တဲ့သတင်းတွေ၊ တဝက်မှန်သတင်းတွေ၊ လက်မခံနိုင်စရာ သတင်းတွေ စတဲ့ သတင်းအမည် တွေကိုအကုန်ပေါင်းပြီး ကိုယ်စားပြုမဲ့ အမည်နာမတခုပေးထားပါတယ်။ အဲဒါကတော့ "သောက်ရေး မပါတာ", ဒါမှမဟုတ် "ပေါက်ကရလေးဆယ်တွေ", Bullshit တွေလို့ အမည်တပ်ထားတာ ဖြစ်ပါတယ်။

ပရင်စတန်တက္ကသိုလ်က ဖီလော်ဆော်ဖာတဦးဖြစ်တဲ့ " Harry Frankfurt” ကဒီအကြောင်းတွေနဲ့ပါတ်သက်ပြီး "ပေါက်ကရလေးဆယ်တွေ ” ဆိုတဲ့စာအုပ်ကို ၂၀၀၅ တုန်းကထုတ်ဝေခဲ့ပါသေးတယ်။သူ့ရဲ့ ပေါက်ကရလေးဆယ်တွေ ကောက်ချက်ကို ကြည့်ရအောင်ပါ။

လူတဦးတယောက်က လိမ်ညာပြောတော့မယ်ဆိုရင် သူ့အနေနဲ့ လုံးဝဥဿုံ အမှန်တရား ဒါမှမဟုတ် မုသား တိုရဲ့ အနေအထားပုံစံ တချို့ကို ဂရုစိုက်ဖို့ လိုပါလိမ့်မယ်တဲ့။ ဒါပေမဲ့လည်း ပြည်သူတွေရဲ့ဘဝမှာ အဲဒီပုံစံ နှစ်မျိုးစလုံးရဲ့ အရေးပါမှုကို အလေးမထားပဲ သူတို့ဇာတ် ညွှန်းကိုသာ အရေးတယူပြောနေတဲ့ သူတွေရဲ့ အကြောင်းကို နားထောင်နေရတဲ့ ပိုများလာတယ်လို့ဆိုထားပါတယ်။

ပေါက်ကရလေးဆယ်ပြောတဲ့သူတွေဟာ အမှန်ပြောတဲ့သူရော၊ လိမ်ညာပြောတဲ့သူရော ဘယ်သူ့ကိုမှ အလေးမထား အာရုံမစိုက်ကြပါဘူး။ ဒါ့ကြောင့်သူတို့ဟာ လိမ်ညာပြောတဲ့သူ၊ မုသားသုံးတဲ့ သူတွေထက် ပိုပြီး အမှန်တရားရဲ့ အကြီးမားဆုံးသော ရန်သူဖြစ် တယ်လို့ ဆိုထားပါတယ်။

တနည်းအားဖြင့်ပြောရရင်" ပေါက်ကရလေးဆယ်တွေ"အကြောင်း အမြဲပြောနေတဲ့ ပေါက်ကရပြော တဲ့သူတွေဟာ သူတိုလိုချင်တဲ့ အကျိုးရလာဒ်ကို ရဖို့အတွက် ဘယ်လိုပုံစံနဲ့ လုပ်ရင် ရမယ်ဆိုတာကိုပဲတွေးပြီး မှန်တယ်၊ မှားတယ်ဆိုတဲ့ အချက်အလက်တွေကို အလေးမထားကြပါဘူး။

ပေါက်ကရလေးဆယ်တွေ "အလုံးအရင်းနဲ့ဝင်ရောက်လာတဲ့အခါ သတင်းတွေကို အမှန်ကန်ဆုံးနဲ့ အမျှတဆုံး ထုတ်ပြန်ဖို့အမြဲကြိုးပမ်းနေတဲ့ မီဒီယာ ထုတ်ဝေသူတွေအတွက် ကိုင်တွယ်ဖြေရှင်းဖို့ အင်မတန်ခက်လာပါတယ်။ပေါက်ကရလေးဆယ်တွေ ရဲ့ပြင်းထန်တဲ့ ထိုးနှက်မူတွေကြောင့် မီဒီယာယဉ်ကျေးမှုနဲ့ စံရည်စံ ညွန်းတွဟာ ထိန်းသိမ်းလို့ မရနိုင်ဖြစ်ခဲ့ ပါတယ်။ အထူးသဖြင့်နိုင်ငံရေး အရ အငြင်းပွါးမှုတွေမှာ နှစ်ဖက်စလုံးရဲ့ အယူအဆတွေကိုကြားနာလေ့ရှိတဲ့ အရိုးထဲအထိစွဲနေတဲ့ သူတို့ရဲ့ အလေ့အကျင့် တွေကို မထိန်းသိမ်းနိုင်ခဲ့တာမျိုးပါ။နောက်ဆုံး ပေါက်ကရလေးဆယ် ပြောတဲ့သူတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်ရောက်လာတဲ့ အချိန်မှာတော့ သေနတ်နဲ့ ပစ်ခတ်နေကြတဲ့ တိုက်ပွဲမှာ mainstream media တွေအနေနဲ့ ဒါးလောက်ပဲ ကိုင်ဆောင် သွားနိုင်တဲ့အခြေအနေမျိုးပါ

ဒါပေမဲ့လည်း "ပေါက်ကရလေးဆယ်တွေ"ကိုတောင့်မခံနိုင်တဲ့ mainstream media တွေဟာသူတို့ကိုတိုင် "ပေါက်ကရလေးဆယ်တွေ" ကိုထုတ်ပေးတဲ့ စက်တွေဖြစ်မှန်း မသိဖြစ် လာကြပြီး တချို့တွေကြတော့ "ပေါက်ကရလေးဆယ်တွေ" ကိုရည်ရွယ်ချက်ရှိရှိ ထုတ်ဝေဖို့ဖြစ် လာပါတယ်။ သူတို့ဟာ လုပ်ကြံသတင်းတွေနဲ့ မွှေကြသလို, ကျယ်ပြန့်တဲ့ပြဿနာတွေရဲ့ ဇတ်လမ်းတွေကိုလည်း အမှားအမှန်ကို မစူးစမ်းပဲ မျက်စိမှိတ်ပြီး ဘက်လိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဇောင်းပေးရေးသား တာတာတွေကို ပုံမှန်အားထုတ်လာကြပါတယ်။ UK မှာရှိတဲ့ လက်ယာစွန်းတွေ ထုတ်ဝေတဲ့ လူပြိန်းကြိုက်သတင်းစာတွေမှာ ဒုက္ခသည်တွေ၊မွတ်စလင်မ်တွေ၊ ပြောင်ရွေ့ အခြေချနေထိုင် လာကြသူတွေကို လိုရာစွဲပြီး မမှန်ကန်တဲ့သတင်းတွေ ထည့်သွင်းဖော်ပြလေ့ ရှိပါတယ်။ မယုံနိုင်လောက်စရာသတင်းတွေကို ယုံကြည် လာအောင် သတင်းစာမျက်နှာဖုံးတွေမှာ ဖော်ပြတာတွေလည်း လုပ်ကြပါတယ်။ EU ဆန္ဒခံယူပွဲအကြိုကာလတုန်းက Daily Mail သတင်းစာရဲ့မျက်နှာဖုံးမှာ ကိုယ့်ဟာကို လူကုန်ကူးလာတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ လော်ရီကားကြီး UK ကို ဦးတည် လာတာကိုပြပြီး We are from Europe - LET US IN” ဆိုတဲ့ ခေါင်းစည်းတပ်ပြီး ရေးထားပါတယ်။ EU အဖွဲ့ဝင် နိုင်ငံသားတွေ အဖွဲဝင်နိုင်ငံတွေမှာ နေထိုင်ခွင့်၊ အလုပ် လုပ်ခွင့် ရှိတာ Daily Mail ကသိတ်သိတာပေါ့။ ဒါပေမဲ့ ပါးပါးလေးနဲ့ ညွှန်းထား တာ ကတော့ အဲဒီကိုယ့်ဟာကို လူကုန်ကူး လာတဲ့သူတွေကို "ငါတို့ အီရတ်ကလာတာပါ” ဆိုတာပါ။ UK လိုပဲ USရဲ့ အတင်းအဖြင်းတွေပါတဲ့ သတင်းစာတွေရဲ့ မျက်နှာဖုံး စာမျက်နှာမှာ " ဟီလာရီကလင်တန် (၆) လပဲ အသက်ရှင်နေထိုင် ရတော့မယ်" စသဖြင့် "ပေါက်ကရလေးဆယ်တွေ" နေရာယူလာကြပါတယ်။

ဒါ့ကြောင့် Post-Truth ခေတ်ကြီးမှာ "ပေါက်ကရလေးဆယ်တွေ"၊ပူးပေါင်းကြံစည်တာတွေ၊ လုပ်ကြံသတင်းတွေ ပလူပျံလို့နေပါတယ်။ "ပေါက်ကရလေးဆယ်တွေ" နဲ့ အိမ်ဖြူတော်ကိုရောက် သွားတဲ့ ဒေါ်နယ်လ်ထရမ့်က စကားတွေမှာ လုပ်ကြံတာတွေရော၊ တဝက်တပျက် မှန်တာတွေ၊ လုံးဝမမှန်တာတွေရောအကုန်ပါ,ပါတယ်။အမှန်တရားနဲ့ ဆက်စပ်မှု မရှိတာတွေ ကို မုသားစကားတွေ ထပ်တလဲလဲ သုံးပြီးပြောတဲ့နေရာမှာ သူ့ကို ဘယ်သူမှမမှီပါဘူး။ သူအချိန် တနာရီတွင်းလောက် အတွင်းပြောတဲ့ နိုင်ငံရေး မိန့်ခွန်းတွေထဲမှာ ပါတဲ့ "ပေါက်ကရလေးဆယ်တွေ" ဟာ သူ့ပြိုင်ဖက်နိုင်ငံရေး သမားတွေအတွက် တနှစ်လောက်ပြောမှ အတူတူလောက်ဖြစ်မယ်လို့ ဆိုထားပါတယ်။

ကိုယ်ထင် ကုတင်ရွှေနန်းလို့ပြောလို့ရတဲ့ ဒီခေတ်ကြီးမှာ ကြောင်သူတော်နိုင်ငံရေး သမားတွေကလည်းအများကြီးပါ။ မြန်မာနိုင်ငံ အတွက်တော့ သင်ခန်းစာတွေ ယူစရာအများကြီးပါ။ အုံနဲ့ကျင်းနဲ့ဝင်လာတဲ့ သတင်းတွေကို တားဆီးပိတ်ပင်ဖို့ မလွယ်ပါဘူး။

Post-Truth ခေတ်ရဲ့ "ပေါက်ကရလေးဆယ်တွေ" ကြောင့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုရဲ့ တဖက်သတ်သတင်းတွေကို ကမ္ဘာအရပ်ရပ်က ယုံကြည်နေကြတာ မဆန်းပေမဲ့ မြန်မာပြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖိအားတွေကများလှပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ပါးစပ်ထဲပြောသမျှဖြစ်နေတယ် ထင်နေလားမသိပါဘူး။ ဒုက္ခသည် စာရင်းက ဒီရေအလားတိုးပွါးနေတာပါ။ ဒါပေမဲ့ သူတို့ မီဒီယာတွေကတော့ Post-Truth ခေတ်ရဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ လက်ခံယုံကြည်လာမဲ့ ဝါဒဖြန့်ချီရေး အပါအဝင် နိုင်ငံတကာက မြန်မာကို ဖိအားတွေပေးဖို့ ကြိုးပမ်းနေပါတယ်။

ဒီနေ့ခေတ်ကာလကြီးမှာ အများကောင်းစားရေးလို့အော်နေတဲ့ Populism တွေ၊ အမျိုးသားရေး အတွက်လို့အော်နေတဲ့ , Nationalism တွေ ခေါင်းထောင် လာတဲ့ခေတ်မှာ "ပေါက်ကရလေးဆယ်တွေ" ကို လက်ခံယုံကြည်လာတဲ့ သူတွေ မြင့်တက်လာ ဟာတာ တိုက်ဆိုင်မှု တခုလို့ပြောလို့ မရနိုင်ပါဘူး။ တခုနဲ့တခု အမှီသဟဲ ပြုနေတာတွေရှိကောင်းရှိနိုင်ပါတယ်။

ဒီ Post-Truth ဖြစ်စဉ်မှာ အဓိကကျတဲ့ သရုပ်ဖော်တဲ့ဇာတ်လမ်းဗီလိန် ဟာ Fake News ပဲဖြစ်ပါလိမ့်မယ်။ Fake News ဆိုတာတော့ လုပ်ကြံသတင်းအတုတွေပါ။ လုပ်ကြံသတင်းအတုတွေဟာ ငွေရေးကြေးရေး ကဏ္ဍ ဆက်စပ်နေတဲ့ စီးပွါးရေး နယ်ပယ် နဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ တစုံတရာ အကျိုးအမြတ် ရရှိရေးအတွက် ရည်ရွယ်ချက်ထား လုပ်ကြံရေးသားထား တဲ့သတင်းတွေဖြစ်ပါတယ်။ တခါတရံ မှာတော့ Fake News တွေ ဟာ အများအာရုံစိုက်ခံရရေးအတွက် တမင်တကာ သတင်းကြီးအောင် ပုံကြီးချဲ့ပြီး လုပ်ကြံသတင်းတွေဖြစ် ပါတယ်။ အဲလို Fake News တွေကို ဆိုရှယ် မီဒီယာတွေမှာရော၊ မီဒီယာတွေမှာပါ ဖော်ပြကြတာပါ။ အဲလိုဖော်ပြ ရာမှာလည်း တမင်တကာခေါင်းစီးပိုင်းမှာ ရည်ရွယ်ချက် ရှိရှိဖော်ပြလေ့ ရှိပါတယ်။
တခါ Post-Truth ကာလမှာ ဒီလိုဗီလိန် လုပ်ကြံသတင်းတွေ ဖြန့်ဝေ ပြန့်နှံ့ နိုင်စေတာ အများသိပြီးသားဖြစ်တဲ့ သတင်းစာ ၊ရေဒီယို၊ ရုပ်မြင်သံကြား တွေကို စုပေါင်းခေါ် ထားတဲ့ mainstream media တခုတည်းမဟုတ်တော့ပဲ (၂၁)ရာစု အစောပိုင်းမှာ ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ တအံ့တသြနဲ့ပျော် ရွှင်မြူးတူးစွာ နေ့ညမအား အသုံးပြုနေကြတဲ့ ဆိုရှယ်မီဒီယာ ကပိုပြီး အဓိကကျတဲ့နေရာမှာပါဝင်ခဲ့ပါတယ်။

ရှေ့ဆက်ပြီး Post-Truth ခေတ် "ပေါက်ကရလေးဆယ်တွေ" ရဲ့ပါဝါတွေကြောင့် ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေက ဖြန့်ဝေနေကြတယ်။ "ပေါက်ကရလေးဆယ်တွေ" ဘယ်လိုအလုပ်,လုပ်တယ် အပါအဝင် သူတို့ကိုဘယ်လိုတားဆီး ကာကွယ် သွားကြမယ်ဆိုတာ ဆက်ပါ့မယ်။

Thet Winn Tint

References:
- "POST-TRUT" How bullshit conquered the world by James Ball
- Related articles from “The Straits Times”

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။