“ပေါက်ကရလေးဆယ်" တွေကြီးစိုးနေတဲ့ Post-Truth အောက်က မျက်မှောက်ခေတ် ကမ္ဘာကြီး (၂)
Post-Truth ခေတ်မှာ နေရာယူ လာကြတဲ့“ပေါက်ကရလေးဆယ် " တွေရဲ့ ပါဝါတွေကြောင့် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့တဲ့ အခြေအနေနဲ့ ယူနိုက်တက် ပင်းဒမ်း (UK) ကို ဥရောပသမဂ္ဂက ထွက်ခွါ ခဲ့စေခဲ့တဲ့ ဆန္ဒခံယူ အဆုံးအဖြတ်ပေးခဲ့တဲ့ Brexit ပွဲတွေဟာ မျက်မှောက်ခေတ် ကမ္ဘာကြီးမှာ လတ်တလော ဘာတွေဖြစ် ခဲ့တယ် ဆိုတာကို သက်သေ သာဓက အဖြစ် စံထားပြောရမဲ့ အကြောင်းတွေ ဖြစ်လာကြပါတယ်။
Oxford English Dictionary (OED) ရဲ့ Word of the year 2016 အဖြစ် Post-Truth ကိုရွေးချယ် ဖော်ပြတဲ့အထိ ဖြစ်လာခဲ့ပြီး Post-Truth ကို ထင်ဟပ်အောင် “ပေါက်ကရလေးဆယ်"ကို အမျိုးစုံအောင် ပြောတတ်တဲ့ အမေရိကန် သမ္မတ" ဒေါ်နယ်လ်ထရမ့်" အကြောင်း အဓိကထားပြီး ပြောပါ့မယ်။ ဒေါ်နယ်လ်ထရမ့် ကို ပေါက်ကရလေးဆယ် စပါယ်ရှယ်လစ်စ် လို့ပြောကြသလို ပေါက်ကရလေးဆယ် ပြောတတ်တဲ့သူထဲက အထင်ရှား ဆုံး ပြပါဆိုရင်လည်း ဒေါ်နယ်လ်ထရမ့်ကိုပဲ ရွေးချယ် ရမှာ ဖြစ်ပါတယ်။ သူ့ဘဝတလျှောက်မှာ ဒီလိုတွေ ပြောလာ တာကြာပြီဖြစ်ပေမဲ့ နိုင်ငံရေး လောကကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ သူ့အကြောင်း လူသိပိုများလာပြီး သူ့ရဲ့ “ပေါက်ကရလေးဆယ်" တွေကိုလည်း အားလုံး မြင်ရ၊ကြားရတော့ တာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း CNN မှ သတင်းတင်ဆက်သူ Fareed Zakaria က သမ္မတကြီး ဒေါ်နယ်လ်ထရမ့်ဟာ အကြောင်း အရာ တခုခုရဲ့ အမှန်နဲ့အမှားကို စိတ်ဝင်စားသူ မဟုတ်ပါဘူး။ သူ့ဘဝ တလျှောက်မှာ “ပေါက်ကရလေးဆယ်” နဲ့ပဲ အချိန်ကုန် လာခဲ့ပြီး “ပေါက်ကရလေးဆယ်”နဲ့ပဲ အတော်များများကို ကျော်ဖြတ်လာခဲ့ပုံ ရပါတယ်။ အခုလည်း “ပေါက်ကရလေးဆယ်" တွေပြောပြီး အမေရိကန်သမ္မတ ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် ဒီကနေ့မှာ “ပေါက်ကရလေးဆယ်" ပြောတာတွေ အလုပ်မဖြစ်ဘူး လို့ပြောဖို့ အင်မတန်ခက်သွားပြီလို့ ဆိုထားပါတယ်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ တယောက်အဖြစ် ရွေးချယ်တင်မြောက် ခံရတာဟာ သူ့ရဲ့အခုလို “ပေါက်ကရလေးဆယ်” တွေပြောတာ တခုထဲနဲ့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ ရေပေါ်စီနိုင်ငံရေးသမားတွေကို
စိတ်ကုန်နေတဲ့ အချက်တွေရယ်၊ လူလတ်တန်းစားအမေရိကန် လူဖြူတွေရဲ့ ဝင်ငွေတွေ၊
လူနေမှုဘဝတွေ့ တိုးတက်မှု ရှိမလာပဲ ရပ်တံ့နေတာတွေ၊ ပြိုင်ဖက်
ဟီလာရီကလင်တန်ရဲ့ ရိုးသားမှုမရှိတဲ့ အပြုအမူတွေအပါအဝင်၊ အမျိုးသမီး
ဖြစ်နေတဲ့ ဟီလာရီကို အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ တယောက်ရွေးချယ်
တင်မြောက်ဖို့ အမေရိကန်လူဖြူအများစုက လက်တွန့်နေ ခဲ့တာမျိုးတွေ စသဖြင့်
အကြောင်းမျိုးစုံပါဝင်ကြပါတ ယ်။
ဒီနေရာမှာ ဒေါ်နယ်ထရမ့် တယောက် “ပေါက်ကရလေးဆယ်" တွေပြောပြီး ဘယ်လိုသမ္မတဖြစ် လာတာလည်း ဆိုတာ အားလုံးစိတ်ဝင်စားကြမှာပါ။ “ပေါက်ကရလေးဆယ်” ပြောတယ်ဆိုတာနဲ့ လိမ်ညာပြောတယ်ဆိုတာ အဓိပ္ပါယ် ကွဲပြား ပါတယ်။ အကြောင်းအရာတခုခုကို လိမ်ညာ ပြောတဲ့သူဟာ သူကိုယ်တိုင် တဖက်သားကို ရည်ရွယ်ချက်ရှိရှိ အမှားကို အမှန်ဖြစ်အောင် အခိုင်အမာ လိမ်ညာပြောနေမှန်း ကိုယ့်ကို ကိုယ် နားလည်သိရှိပြီးသားပါ။
“ပေါက်ကရလေးဆယ်” ပြောတဲ့သူကြတော့ သူအခိုင်အမာပြောဆိုတဲ့ အကြောင်းကိစ္စ တခုခုဟာ ဖြစ်ရပ်မှန်လား၊ မှားယွင်းတဲ့ ဖြစ်ရပ်လား ဆိုတာကို ဂရုမစိုက်တော့ပါဘူး။ သူ့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်က အဖြစ်မှန်တွေ၊ အမှန်တရားတွေကို သတင်းပေး တာထက် သူပြောတာကို နားစွင့်နေကြတဲ့ သူ့ရဲ့ပရိသတ် (သို့) သူ့ကို ထောက်ခံတဲ့သူတွေရဲ့ ယုံကြည်ချက်တွေ၊ သူတိုရဲ့ အမြင်သဘောထားတွေကို ပုံဖော်ပေးဖို့အတွက် ရင်ဘတ်ကို ထိစေမဲ့ စကားတွေ၊ အမူအရာတွေ၊ တုံ့ပြန်မှုတွေကို ပီပီပြင်ပြင် ပြောပြ၊သရုပ်ဆောင်ပြပြီး သူတို့ အားလုံးကို ဖမ်းစားထားဖို့ ဖြစ်ပါတယ်။ ဘီလီယံနာ သူဌေးနဲ့ TV စတားဖြစ်တဲ့ ဒေါ်နယ်လ်ထရမ့်ဟာ ဒီလိုကိစ္စမျိုးမှာ အင်မတန် ကျွမ်းကျင်ပြီး အင်မတန် ပါးရေနပ်ရေရှိသူပါ။
Post-Truth ကြီးစိုးနေတဲ့ အခုလို ကာလမှာ လူအများစုဟာ အမှန်တရားကို အလေးအနက် မထားကြတော့ပဲ သူတို့ရဲ့ စိတ်ခံစားမှုနဲ့ သူတို့ရဲ့ တဦးချင်း ယုံကြည်ချက်တွေကိုပဲ အမှန်လို့ ပိုပြီး ထင်မြင် လာကြတာဖြစ်တဲ့ အတွက် ဒေါ်နယ်ထရမ့်ရဲ့" ပေါက်ကရလေးဆယ်" မဲဆွယ် စကားတွေဟာ သူ့ဖက်ကို တိမ်းညွှတ်ဖို့ဖြစ်လာပါတယ်။ မှားတယ်လို့လည်း မဆိုနိုင်တဲ့ ဒေါ်နယ်လ်ထရမ့်ရဲ့ "ပေါက်ကရလေးဆယ်" မဲဆွယ် စကားတွေဟာ အမှန်တရားနဲ့ အလှမ်းဝေး နေပေမဲ့ မဲဆန္ဒရှင် အမေရိကန်ုပြည်သူ လူလတ်တန်းစား လူဖြူတွေ အများစုရဲ့ စိတ်ခံစားမှုကို အရှိန် အဟုန် ပြင်းပြင်းနဲ့  ရိုက်ခတ်ခဲ့လို့ ,ခေတ်စကားနဲ့ ပြောရင် Heart ထိသွားလို့ သူတို့ အားလုံး ထရမ့် မှ ထရမ့် ဖြစ်ခဲ့ကြပါတယ်။ထရမ့် ရဲ့ "ပေါက်ကရလေးဆယ် ဘယ်လောက်အထိ အလုပ်ဖြစ်ခဲ့သလဲ ဆိုရင် ရွေးကောက်ပွဲ အနီးမှာ သူပြောခဲ့တဲ့ စကားတွေက သက်သေထူ နေပါတယ်။ အဲဒါကတော့ "သူ့အနေနဲ့ ဒီအချိန်အတွင်း 5th Avenue မှာ လမ်းလျှောက်သွားနေတဲ့ လူတယောက်ကို သေနတ်နဲ့ ပစ်ခဲ့ရင်တောင် သူ့ကို မဲပေးမဲ့သူတွေဟာ သူ့အပေါ် မဲပေးဖို့ စိတ်ပြောင်းသွားမှာ မဟုတ်ဘူး"ဆိုတာပါ။
အမေရိကန်သမ္မတ ရွေးချယ်ယှဉ်ပြိုင်ရတဲ့ ပွဲတွေမှာ နှစ်မြို့စရာမရှိတာတွေ၊၊ မရိုးသားမှုတွေ ကြုံတွေရတာ အဆန်းတော့ မဟုတ်ပါဘူး။ ၁၈၀၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက် ဂျွန်အဒမ်စ်ကို ထောက်ခံတဲ့သူတွေဟာ ဂျက်ဖာဆန်ကို လူသတ်သမား၊ ဓါးပြ၊ မုဒိန်းကောင်၊ စသဖြင့် ရစရာမရှိအောင် ပြောဆိုခဲ့ကြပြီး ဂျက်ဖာဆန်ကို ထောက်ခံတဲ့ သူတွေကြတော့ ဂျွန်အဒမ်ကို “အင်မတန်ရိုင်းစိုင်းတဲ့ ကြောင်သူတော်”၊ နှစ်ဖက်ချွန် စသဖြင့် မဟုတ်တမ်းတရားတွေ နဲ့ အပြန်အလှန်စွပ်စွဲ ခဲ့ကြပါတယ်။
မျက်မှောက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကမ်းပိန်းတွေကတော့ တယောက်နဲ့ တယောက် အတော မသတ်နိုင်အောင် ပစ်မှတ်ထား တိုက်ခိုက်ဖို့ အကုန်အကျ များတဲ့ နည်းလမ်းတွေဖြစ်တဲ့ ရုပ်မြင်သံကြားက တဆင့် ကြော်ငြာတာတွေ၊ ရွေးကောက်ပွဲ ကမ်းပိန်းမှာ Political Action Committee (PAC) တွေလို အဖွဲ့အစည်းတွေ ဖွဲ့ပြီး ရွေးကောက်ပွဲမှာ သုံးစွဲဖို့ ပါတီရံပုံငွေရအောင် ပါတီဝင်တွေ ဆီက လှုဒါန်းထည့်ဝင်ငွေ ကောက်ခံတာတွေ၊ ငွေကြေး သုံးစွဲတာတွေကို မြှင့်တင်ပြီး ပြိုင်ဖက်အပေါ် အသာစီး ရအောင် လုပ်တာတွေ၊ အနိုင်ရအောင် ကြိုးစား တာတွေအပြင်၊ ပြိုင်ဖက်ကို ကိုယ်စား စိတ်အနှောက် အယှက်ဖြစ်အောင် တိုက်စစ်ဆင် တာတွေက အစ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် သမ္မတဟောင်း "ဘာရက်အိုဘားမား" ဟာ အမေရိကန်မှာ မွေးဖွားခဲ့တာမဟုတ်ဘူး ဆိုတဲ့ ပူးပေါင်း လုပ်ကြံတဲ့ သတင်းကို နှစ်အတော်တန် ကြာတဲ့သည်အထိ ပြောဆိုခဲ့တာ လက်ရှိ အမေရိကန် သမ္မတကြီးဒေါ်နယ်လ်ထရမ့်" ပါ။ "အိုဘားမား"သည် အမေရိကန်မှာ မွေးတာမဟုတ်" ဆိုတဲ့ ဒီ Birther movement မှာ ဒေါ်နယ်လ်ထရမ့်ဟာ ၂၀၁၁ ကနေ ၂၀၁၆ စက်တင်ဘာလ လောက်အထိ ဝေ့လည်ကြောင်ပါတ် နည်းမျိုးစုံနဲ့ လှုပ်ရှားခဲ့သူပါ။ ဒါပေမဲ့ "ထရမ့်" ရဲ့ ပစ်မှတ်က တခုတည်း မဟုတ်ပါဘူး။ ဒီ လူမျိုးရေး၊ အသားအရောင်ခွဲခြားတဲ့ Birther movement ကို" ဟီလ်လာရီကလင်တန်" က ၂၀၀၈ ဒီမိုကရက်တစ်ပါတီတွင်းရွေးေ ကာက်ပွဲမှာ
စတင်လှုပ်ရှားခဲ့တယ်လို့ စွပ်စွဲပြောကြား ခဲ့ပါတယ်။ သက်သေ အထောက်အထား
မရှိတဲ့ ဒီစွပ်စွဲချက်ကို "ဟီလ်လာရီကလင်တန်"ရဲ့ ကမ်းပိန်းမန်နေဂျာက
ဒီလုပ်ကြံဇာတ် ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ပြီး၊ ထရမ့် ရဲ့
လုပ်ရပ်ဟာ အင်မတန် ရှက်ဖွယ် လုပ်ရပ်ဖြစ် တယ်လို့ ဆိုခဲ့ပါတယ်။ ၂၀၁၁ မှာ
အိုဘားမား ဟာ သူ့ရဲ့ မွေးစာရင်း အစစ်ကို ပြခဲ့ပေမဲ့ ထရမ့်ဟာ အံ့သြစရာ
ကောင်းလောက် အောင် အဲဒီ ၂၀၁၁ ကစပြီး ၂၀၁၆ အထိ အဲဒီအချိန် (၅) နှစ်အတွင်း
အိုဘားမားအပေါ် လူမျိုးရေး၊ အသားအရောင် ခွဲခြားတဲ့ သူ့ရဲ့ လုပ်ကြံ သတင်းကို
mainstream media တွေမှာ ဖော်ပြဖို့ "ပေါက်ကရလေးဆယ်" ပြောခဲ့ သူပါ။
ရွေးကောက်ပွဲ မတိုင်မီလေး ၂၀၁၆ စက်တင်ဘာလ အတွင်းရောက်မှသာ အိုဘားမားဟာ
အမေရိကန်မှာ မွေးဖွားခဲ့သူ ဆိုတာကို သူယုံကြည်တယ်လို့ ပြောပြီး သူ
အိုဘားမားကို စွပ်စွဲခဲ့တာတွေ အတွက် တောင်းပန်စကား တခွန်းတောင် မဟခဲ့သူပါ။
ဒါကတော့ ထရမ့်ရဲ့ Conspiracy theories ထဲကတခုပါ။
နောက်တမျိုးကတော့ ပုံကြီးချဲ့ပြီး ထင်သလိုပြောတဲ့ “ပေါက်ကရလေးဆယ်"ပါ။ အိုဘားမား ဟာ ဆီးရီးယား ဒုက္ခသည် စုစုပေါင်း (၂) သိန်း လက်ခံသွားဖို့ သဘော တူညီခဲ့တယ်ဆိုပြီး ထပ်ခါထပ်ခါ ပြောခဲ့တာလည်း ထရမ့်ပါပဲ။ တကယ်အမှန် လက်ခံခဲ့တာ (၁) သောင်း အောက် မှာပဲရှိပါတယ်။ ပါတီတွင်း ကိုယ်စားလှယ်လောင်း အတွက် ယှဉ်ပြိုင်ပွဲမှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့ ဦးရေ ၄၂% ရှိတယ်လို့ သူက ဆိုပါတယ်။ တကယ်တော့ အလုပ်လက်မဲ့က ၅%ပါ။ မင်းသားကြီး ထရမ့်က အလုပ်က ပင်စင် ယူထားသူတွေ၊ အိမ်မှာပဲနေပြီး အလုပ် မလုပ်နိုင်တော့ တဲ့ မိဘတွေ၊ သက်ကြီး ရွယ်အိုတွေ၊ နာတာရှည်ရောဂါ သည်တွေ၊ မသန်မစွမ်းတွေနဲ့ အလုပ်အကိုင်ရှာဖွေနေဆဲ အလုပ် လက်မဲ့တွေ အားလုံးပေါင်းပြီး အလုပ် လက်မဲ့ဦးရေ ၄၂% ကို ဆိုလို တာပါတဲ့။ ဆိုတော့ သူ့ရဲ့ "အဆို" က မှားတယ်လို့ ပြောလို့ မရတော့ဘူးပေါ့။ ဒီလို ဇာတ်လမ်းမျိုးကိုလည်း ထရမ့် ပြောတတ်ပါတယ်။
အမေရိကန်ရဲ့ ဆေးဝါးကူညီထောက်ပံ့ရေး အစီအစဉ်မှာ ဆေးဝါးဈေးနှုံး သက်သာဖို့ အဆိုပြုထားတဲ့ ပေါ်လစီကို ဒေါ်နယ်ထရမ့် သာမက ပြိုင်ဖက်တွေဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီက ဟီလာရီကလင်တန်နဲ့ ဘာနီဆန်းဒါးစ် တို့လည်း သဘောတူညီ ကြပါတယ်။ အဲဒီမှာ မင်းသားကြီး ထရမ့်က သူ့ပြိုင်ဖက်တွေနဲ့ မတူပဲ သူ့အနေနဲ့ ဆေးဝါး ဈေးနှုန်းတွေ ကနေ တနှစ်ကို ဒေါ်လာ ဘီလီယံ (၃၀၀) လောက် ချွေတာနိုင်တယ် လိုဆိုပါ တယ်။ တကယ်တော့ အဲဒီ ဆေးဝါး ထောက်ပံ့ရေးစားရိတ် တနှစ်လုံး ကုန်ကျငွေ အားလုံးမှ ဒေါ်လာ (၇၈) ဘီလီယံ ပဲရှိတာပါ။ အဲဒီမှာတင် ဝါရှင်တန် ပို့စ် သတင်း အချက်အလက် မှန်မမှန်စစ်တဲ့ fact-checking blog ကနေ ထရမ့်ဟာ ရယ်စရာ ကောင်းတဲ့ မဖြစ်နိုင်တာတွေ ပြောနေပြီး ဒီကိစ္စမှာ ထရမ့်ဟာ "ရေ"ကို အားလုံး မြင်တွေ့ပြီး သိနေ တာတောင် "ဝိုင်" လို့ ပေါ်ပေါ်ထင်ထင် ပြောင်ကျကျပြောတာလို့ ခိုင်းနှိုင်းပြောဆိုထားပါတယ်။
တခါ ရွေးကောက်ပွဲကာလမှာ မက္ကစီကိုကနေ အမေရိကန်ကို တရားမဝင် ဝင်ရောက် နေထိုင် ကြတာတွေနဲ့ ပါတ်သက်ပြီး အမေရိကန်-မက္ကစီကို နယ်စပ်တလျှောက် မိုင်အရှည် (၂,၀၀၀) လောက်ကို ခြံစည်းရိုး တံတိုင်း ကာရံ ရမယ်လို့ ကြွေးကြော်တဲ့ အပြင် အဲဒီ ကုန်ကျစားရိတ်က အမေရိကန် ဒေါ်လာ (၈) ဘီလီယံလောက် ကုန်နိုင်ပြီး ဒါကို မက္ကစီကိုက အကုန်အကျ ခံရမယ်လို့ ဆိုထားပါတယ်။ သူလည်း သမ္မတ ဖြစ်လာရော, အမေရိကန်ရဲ့ Homeland Security ဌါနက ထုတ်ပြန်တဲ့သတင်းမှာ ခြံစည်းရိုးတံတိုင်း ကာရံစားရိတ်ဟာ ဒေါ်လာ (၂၁) ဘီလီယံ လောက် ကုန်လိမ့်မယ် လို့လည်း ဆိုရော ထရမ့်က သူ့အနေနဲ့ ခြံစည်းရိုး တံတိုင်း ကာရံရေး အတွက် ဒီဇိုင်းနဲ့ ငွေကြေး ညှိနှုန်းမှုတွေမှာ မပါဝင်သေးတဲ့ အတွက် ဘာမှ မသိသေး သလို ပုံစံနဲ့ သူ့ရဲ့ တွစ်တာမှာ ပြောထားပြီး သူလုပ်မယ်ဆိုရင်တော့ ကုန်ကျစားရိတ်တွေ သက်သာလိမ့်မယ်လို့ ဆိုပါတယ်။ ကုန်ကျ စားရိတ်ကို မက္ကစီကိုက ပေးရမယ်ဆိုတာ အစား လွှတ်တော်မှာ ဘတ်ဂျက် လာတောင်းနေပါတယ်။
ထရမ့်ရဲ့ ထင်ရှားတဲ့ “ပေါက်ကရလေးဆယ်” အထဲမှာ လုံးဝ မမှန်ကန်တဲ့ သတင်းတခု ကတော့ ၂၀၀၁ မှာဖြစ်ခဲ့တဲ့ ၉/၁၁ အကြမ်းဖက် ကိစ္စပါ။ သူက နယူးယော့ခ်က တွင်တာဝါ နှစ်ခုကို အကြမ်းဖက်သမားတွေ တိုက်ခိုက် ခဲ့တာတွေ အပြီး အမေရိကန်ရဲ့ နယူဂျာစီ စီးတီးမှာ ရှိတဲ့ ထောင်နဲ့ချီတဲ့ မွတ်စလင်မ် တွေအောင်ပွဲခံ နေကြတယ်လို့ ဆိုပါတယ်။ ထရမ့်က သူ့အနေနဲ့ မွတ်စလင်မ် တွေအောင်ပွဲခံ နေကြတယ် ဆိုတာကို စာထဲမှာ ဖတ်ရတာမဟုတ်ပဲ တီဗွီမှာ မြင်တွေ့ရတယ်လို့ အခိုင်အမာဆိုပါတယ်။ ထုံးစံအတိုင်း မှန်မမှန်ကို fact-checking site မှာ ၉/၁၁ တိုက်ခိုက်မှုအပြီး (၆) ရက် အကြာမှာ ဒီလိုအဖြစ်အပျက်တွေ ရှိခဲ့တာ ဟုတ်/မဟုတ် ပြန်ရှာရပါတယ်။ တကယ်လည်း မဟုတ်တော့ ဘယ်ရှာတွေ့ ပါ့မလဲ။
ဒေါ်နယ်လ်ထရမ့် အနေနဲ့ ၂၀၁၆ ရွေးကောက်ပွဲ ကာလအတွင်း သူအနိုင်ရဖို့ မဖြစ်နိုင်တော့ဘူးထင်ပြီး ဒီ သမ္မတ ရွေးကောက်ပွဲဟာ ဟီလာရီကလင်တန် သမ္မတဖြစ်လာအောင် အကွက်ဆင်ပြီးသား ဖြစ်တယ်၊ ကုလားဖန်ထိုးပြီးသား ဖြစ်တယ်လို့ တောက်လျှောက် ပြောခဲ့သူပါ။ မီဒီယာတွေ ကလည်း သူ့ဘက်မှာ မရှိတော့ သူ့ကိုေ ထောက်ခံတဲ့သူတွေကို" အခုလို ကြီးကျယ်ပြီး သမိုင်းဝင်ဖြစ်တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲရဲ့ ရလာဒ်အဖြေကို ငါ့အနေနဲ့ လုံးဝဥဿုံ လက်ခံမယ်။ ဒါပေမဲ့ ရိုးရိုး လက်ခံမှတော့ မဟုတ်ဘူး. တကယ်လို့ ငါ အနိုင်ရခဲ့မယ်ရင် လက်ခံမှာပေါ့” ဆိုတဲ့ နောက်ဆက်တွဲ စကားနဲ့ ချည်တုပ်ပြီး ပြောတာဖြစ်ပါတယ်။ သဘောက သူသာ ရှုံးခဲ့ရင် ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောင်ကျကျ ပြောတာ ဖြစ်ပါတယ်။
ထရမ့်အနေနဲ့ သူ့အတွက် ကံကောင်း ထောက်မ တဲ့အခြေအနေတွေဟာ ရွေးကောက်ပွဲ မတိုင်မီလေးမှာ ကပ်ပြီး ဖြစ်ခဲ့တာပါ။ အများသိပြီးဖြစ်တဲ့ October Surprise ပါ။ဟီလာရီကလင်တန်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့တဲ့ ကာလတွေမှာ ကိုယ်ပိုင် ဆာဗာသုံးပြီး ကိုယ်ပိုင် အီးမေးလ် တွေ ပေးပို့ခဲ့တာနဲ့ ပါတ်သက်ပြီး FBI ကအရင် စုံစမ်းစစ်ဆေး ခဲ့ပါတယ်။ ဒါပေမဲ့ FBI ဒါရိုက်တာ ဂျိမ်းစ်ကော်မီက အရေးကြီးတဲ့ သတင်းတွေမပါဝင်တဲ့ဟီလာရီကလင်တန်ရဲ့
အီးမေးလ်တွေကို ကိုယ်ပိုင်ဆာဗာ သုံးခဲ့တဲ့ အပေါ် သတိပေးရုံသာပေးပြီး တမင်
အစိုးရရဲ့ ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ဖောက်ဖျက်တာ မဟုတ်တဲ့အတွက်
အရေးမယူခဲ့ပါဘူး။
ဒီလို FBI က ဆုံးဖြတ်ခဲ့ ပေမဲ့လည်း အဲလို ဆုံးဖြတ်မှုအပေါ် ထရမ့်က ဘဝင်မကျပါဘူး။ ထရမ့်က သူသာ အနိုင်ရခဲ့ရင် အစိုးရ အထူးရှေ့နေဌါးဖို့ သူ့ရဲ့ တရားရုံးချုပ် ရှေ့နေကို ညွှန်ကြားမယ်။ ပြီးရင် ဟီလာရီကို တရားစွဲဆိုပြီး ထောင်ချပြစ်မယ်လို့ ပြောခဲ့ပါတယ်။ FBI ကတောင် အပြစ် မရှိဘူးလို့ ပြောခဲ့တာကို ထရမ့်က သဘောမတူနိုင်ဖြစ်ပြီး သူအနိုင်ရဖို့ တိုက်ကွက် တခုအနေနဲ့ ဒီလိုပြောခဲ့တာ ဖြစ်ပေမဲ့ သူအနိုင်ရပြီး နောက်မှာတော့အဲဒီ သူ့ရဲ့ရွေးကောက်ပွဲကြွေးကြော်သံဖြစ်တဲ့ ဟီလာရီကို အရေးယူဖို့ ကိစ္စလုပ်မှာ မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။
ရပ်ရှားတွေ ဟီလာရီကလင်တန်ရဲ့ ရွေးကောက်ပွဲ ကမ်းပိန်းဥက္ကဌ ဂျိုး ပေါ်ဒက်စ်တာရဲ့ အီးမေးလ် ကို hacking လုပ်ပြီးနောက်မှာ ဟီဘာရီကို ဒုတိယ အကြိမ်အဖြစ်စွပ်စွဲဖို့ အနေအထားတွေ ထပ်ဖြစ် လာခဲ့ ပါတယ်။ အဲဒီအချိန်ကတော့ ရွေးကောက်ပွဲနဲ့ နီးကပ်နေပြီဖြစ်တဲ့ အောက်တိုဘာလ မှာဖြစ်ခဲ့တာပါ။ ဒီလို အနေအထားမှာ ထရမ့်ဟာ အကွက်ရ သွားပြီး "ကလိမ်ကကျစ် ဟီလာရီ ကလင်တန်" ဆိုတာကို ခေါင်းစဉ် တပ်ပြီး သူ့ရဲ့ကမ်းပိန်းတွေမှာ သူ့ကို ထောက်ခံ သူတွေရော၊ ဘယ်သူ့ကို မဲပေးရမှန်း ဆုံးဖြတ်ချက် မချရသေးတဲ့သူတွေပါ ကြားရအောင်၊သူ့ဖက် ပါလာအောင် အသံကျယ်ကျယ်နဲ့ တောက်လျှောက် အော်ပြခဲ့ပါတယ်။ ရပ်ရှားတွေ ဟီလာရီ ကလင်တန်ရဲ့ ရွေးကောက်ပွဲ ကမ်းပိန်းကို အချက် အလက်တွေ ဖောက်ထွင်း ရယူတာကို မဖြစ်နိုင်ဘူးလို့ပြောပြီး ဒီလို hacking ကို တရုပ်တွေ ဒါမှမဟုတ်ဂျိုး ပေါ်ဒက်စ်တာရဲ့ ကုတင်မှာ ထိုင်နေတဲ့ တယောက်ယောက် လုပ်တာလည်း ဖြစ်နိုင်တယ် လို့ဆိုပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့လည်း ထရမ့်ဟာ ဒီအတိုင်း ငြိမ်မနေ ပါဘူး။ သူဟာ electoral college မှာ အပြတ်အသတ် သောင်ပြိုကမ်းပြို နိုင်တယ်လို့ ကြွေးကြော်ပါတယ်။ တကယ်တော့ ဟီလာရီကလင်တန် Popular Vote မှာ မဲအရေအတွက် (၃)သန်းလောက် အနိုင်ရသွားတာပါ။
ဒေါ်နယ်ထရမ့်ရဲ့ “ပေါက်ကရလေးဆယ်" ပြောတတ်ပုံက သူ့ရဲ့ အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်နေတဲ့ သူတွေ အထိ ကူးစက် လာတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရအပြီး "ဒေါ်နယ်ထရမ့်" ရဲ့ inauguration သမ္မတရာထူးနှင်းအပ်ပွဲမှာ တက်ရောက်လာကြတဲ့ လူထုပရိသတ် အရေအတွက်ဟာ အမေရိကန်သမိုင်း တလျှောက် သမ္မတရာထူး အပ်နှင်းပွဲတွေ အားလုံး အနက် မကြုံစဖူး လူထု အများဆုံး တက်ရောက်လာတဲ့ ပွဲဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာ Sean Spicer မှ အိမ်ဖြူတော်ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာ အမှတ်ရကြ ပါလိမ့်မယ်။ ဒါနဲ့ ပါတ်သက်ပြီး အမေရိကန် mainstream media တွေက အိုဘားမား inaugurationနဲ့ ဒေါ်နယ်ထရမ့်ရဲ့ inauguration တွေမှာ တက်ရောက် ခဲ့ကြတဲ့ အမေရိကန်လူထုကြီးကို ကောင်းကင်ကနေ ရိုက်ထားတဲ့ပုံတွေနဲ့ နှိုင်းယှဉ်ပြပြီး မေးခွန်းထုတ်ခဲ့ ကြပါတယ်။ အိုဘားမားရဲ့ သမ္မတ ရာထူးနှင်းအပ်ပွဲမှာ တက်ရောက်လာတဲ့ ပရိသတ်က တော်တော်လေး များတာကို အားလုံးက သိပြီးနောက် သတင်းစာ ရှင်းလင်းပွဲမှာ ထရမ့်ရဲ့အကြံပေးဖြစ်တဲ့ Kellyann Conway က ရှောင်စပိုက်ဆာ ပြောချင်တာက “Alternative Fact” ကို ရည် ညွှန်းတာဖြစ်တယ် လို့ အကြောင်းပြ ပါတယ်။ Conway ပြောတဲ့ “Alternative Fact”ဆိုတာက မမှန်မကန် မှားယွင်း ထွက်ဆိုတာလို့ မီဒီယာက ချေပခဲ့ပါတယ်။ “Alternative Fact” ဆိုတာ ကတော့ အမေရိကန်မှာ လွန်ခဲ့တဲ့နှစ် (၁၀၀) ကျော်လောက် ကတည်းက သုံးလေ့ရှိတဲ့ စကားစုလို့ သိရ ပြီး ဒီကိစ္စနဲ့ ပါတ်သက်ပြီး အနီးဆုံး အဓိပ္ပါယ်ကတော့” ရှေ့နောက်ညီ ညွှတ်မှု မရှိပေမဲ့ အချက်အလက် အမှန် အတွက် ယှဉ်လို့ရတဲ့ အနေအထား” တခုကို ဆိုလိုတာလို့ သိရပါတယ်။ ဒါပေမဲ့လည်း ဒီစကားအသုံးအနှုန်းဟာ ထရမ့်ရဲ့ အကြံပေးဖြစ်တဲ့ Kellyann Conway ကြောင့် ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ ထရမ့်ရဲ့အိမ်ဖြူတော် ပြောရေးဆိုခွင့် ရာထူး ကနေထွက်ခွါခဲ့ပြီးတဲ့ ရှောင်စပိုက်ဆာ ကတော့ "ဒေါ်နယ်ထရမ့်ပွဲဟာ အမေရိကန် သမိုင်းတလျှောက် သမ္မတ inauguration မှာ တက်ရောက် လာကြတဲ့ အများဆုံးသော လူထုကြီးဖြစ်တယ်လို သူပြောမိခဲ့တာ အတွက် နောင်တ ရမဆုံး ဖြစ်ခဲ့တယ်” လို့ နောက်ပိုင်း မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ “ပေါက်ကရလေးဆယ်“ ပြောစကားတွေ၊ အချိန်အခါမရွေး တွစ်တာ ကနေ ပေါက်ကရလေးဆယ်တွစ် နေတာတွေ ရဲ့ အဓိပ္ပါယ်နဲ့ ဆိုလိုရင်းတွေကို နားမလည် ကြတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ အများကြီးရှိပါတယ်။ အဲဒီ အထဲမှာ ထရမ့်နဲ့စကားလုံး စစ်ပွဲတိုက်နေတဲ့ မြောက်ကိုရီးယားက အာဏာရှင်ဖြစ်တဲ့ ထရမ့်အခေါ် ရောကက်ဒ်လူသား ”ကင်ဂျုန်အန်း” အပါအဝင် ဖြစ်ပါတယ်။ မြောက်ကိုရီးယား အနေနဲ့ ထရမ့်အစိုးရရဲ့ ရောထွေး သတင်းစကားတွေ အပေါ် ဘာကို ဆိုလိုတယ် ဆိုတာ ဇဝေဇဝါ ဖြစ်နေလို့ ရီပါတ်ဘလီကန်က အစိုးရအရာရှိဟောင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တိတ်တိတ်လေး လှုပ်ရှား နေတယ်လို့ သိရပါတယ်။ တကယ်တော့ ပေါက်ကရလေးဆယ် အမြဲလိုလို ပြောတတ်တဲ့ ထရမ့် ပါးစပ်ကထွက်လာတဲ့ စကားလုံးတွေကြောင့် ဝါရှင်တန်မှာ ရှိနေတဲ့သူတွေတောင် ထရမ့်အစိုးရရဲ့ ပေါ်လစီတွေကို ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။
ဒေါ်နယ်လ် ထရမ့် ဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာအများစုနဲ့ လုံးဝ အစေး မကပ်သူ တယောက် ဖြစ်တာ အားလုံးအသိပါ။ ဒါကြောင့် သူက မီဒီယာတွေဟာ မရိုးသားဘူး၊ အကျင့်စာရိတ္တတွေ ပျက်နေတယ်၊ အံ့သြစရာကောင်းအောင် တစ်ဆိတ်ကို တစ်အိတ် လုပ် ပြောနေကြတယ် ၊ အမေရိကန်ရဲ့ mainstream media အများစုဟာ သတင်းအတုတွေ, လုပ်ကြံသတင်းတွေ ထုတ်လွှင့်နေတာဖြစ်တယ် စသဖြင့် ပြောဆိုလေ့ရှိပါတယ်။
ထရမ့်က မီဒီယာဟာ လူထုရဲ့ ရန်သူ ဖြစ်တယ်လို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ သူဒီလို ပြောတာဟာ နိုင်ငံရေးကို ချည်းကပ်ဖို့ အသေအချာ စဉ်းစားပြီး အသုံးပြုနေတဲ့ သူ့ရဲ့ မဟာဗျူဟာ တရပ်လည်း ဖြစ်ကောင်းဖြစ် နိင်ပါတယ်။ ထရမ့်ဟာ မီဒီယာတွေရဲ့ အယူအဆတွေ၊ မီဒီယာတွေရဲ့ ပါဝါတွေကို လုံးဝ အလေး မထားတဲ့ သူတယောက်ဖြစ်ပါတယ်။ ထရမ့်နဲ့ မီဒီယာက ရန်ဖက်တွေဖြစ်ပြီး မီဒီယာတွေ ဖက်ကလည်း ထရမ့် ဘာပြောပြော မှန်မမှန် စစ်ဖို့ဝေးစွ,အသေးစိတ် လိုက်ကြည့်ဖို့ဝေးစွ, သူပြောသမျှနဲ့ သူ့ကို ထောက်ခံတဲ့ သူတွေကို ဆန့်ကျင်တာချည်းဖြစ်ပါတယ်။ ဒေါ်နယ်လ် ထရမ့်ရဲ့ နိုင်ငံရေးဟန်ပန်မှာ “ရန်သူ” ဆိုတာ အမြဲ လိုအပ် ပါတယ်။ ဟီလာရီကလင်တန် နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ သမ္မတရွေးချယ်ပွဲမှာ အဓိက ရန်သူဇာတ်ဆောင် အဖြစ် မီဒီယာကို ရွေးချယ်ခဲ့ တာဟာ ထရမ့်အတွက် အံဝင်ဂွင်ကျ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
ဘယ်လိုပဲပြောပြော Post-Truth ခေတ်ကာလကြီးမှာ အမေရိကန်အနေနဲ့ မကြုံစဖူး “ပေါက်ကရလေးဆယ်” အစုံ ပြောတတ်တဲ့ ဒေါ်နယ်လ်ထရမ့် ဆိုတဲ့သမ္မတ တယောက်တော့ ရလိုက်ပါပြီ။ Post-Truth ခေတ်ကာလ ဘယ်လောက် ထပ်ကြာ ဦးမလဲဆိုတာ ခန့်မှန်းမရနိုင်ပါဘူး။ လတ်တလော Post-Truth ခေတ်ကာလ အတွင်းမှာ “Make American Great Again" ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ "ကိုယ်ကျိုးစီးပွါးကာကွယ်ရေးဝါဒ-
Protectionism" ကိုကျင့်သုံးနေတဲ့ ဒေါ်နယ်လ်ထရမ့် တယောက်
"ပေါက်ကရလေးဆယ်"တွေ ပြောရင်း Populism လှိုင်းလုံးထဲမှာ အလိုက်သင့်
လိုက်ပါနေဆဲပါ။
Post-truth ခေတ်ကာလရဲ့ သက်ရောက်မှုတွေကို ကျနော်တို့ မြန်မာတွေ လျှော့မတွက်စေချင်သလို၊ သိထား သင့်တယ်လို့ ထင်ပါတယ်။ ဆက်ပြီး Post-truth ခေတ်ရဲ့ mainstream media တွေနဲ့ Post-truth ခေတ်ရဲ့ ဗီလိန်လို့ ဆိုနိုင်တဲ့ Fake-news တွေ အကြောင်းပြောပါမယ်။
Thet Winn Tint
Reference:
- POST - TRUTH , How bullshit conquered the world by James Ball
- Related articles from “The Straits Times”
Illustration: brandlearning.com
From Colena Jolly 's wall
Post-Truth ခေတ်မှာ နေရာယူ လာကြတဲ့“ပေါက်ကရလေးဆယ် " တွေရဲ့ ပါဝါတွေကြောင့် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့တဲ့ အခြေအနေနဲ့ ယူနိုက်တက် ပင်းဒမ်း (UK) ကို ဥရောပသမဂ္ဂက ထွက်ခွါ ခဲ့စေခဲ့တဲ့ ဆန္ဒခံယူ အဆုံးအဖြတ်ပေးခဲ့တဲ့ Brexit ပွဲတွေဟာ မျက်မှောက်ခေတ် ကမ္ဘာကြီးမှာ လတ်တလော ဘာတွေဖြစ် ခဲ့တယ် ဆိုတာကို သက်သေ သာဓက အဖြစ် စံထားပြောရမဲ့ အကြောင်းတွေ ဖြစ်လာကြပါတယ်။
Oxford English Dictionary (OED) ရဲ့ Word of the year 2016 အဖြစ် Post-Truth ကိုရွေးချယ် ဖော်ပြတဲ့အထိ ဖြစ်လာခဲ့ပြီး Post-Truth ကို ထင်ဟပ်အောင် “ပေါက်ကရလေးဆယ်"ကို အမျိုးစုံအောင် ပြောတတ်တဲ့ အမေရိကန် သမ္မတ" ဒေါ်နယ်လ်ထရမ့်" အကြောင်း အဓိကထားပြီး ပြောပါ့မယ်။ ဒေါ်နယ်လ်ထရမ့် ကို ပေါက်ကရလေးဆယ် စပါယ်ရှယ်လစ်စ် လို့ပြောကြသလို ပေါက်ကရလေးဆယ် ပြောတတ်တဲ့သူထဲက အထင်ရှား ဆုံး ပြပါဆိုရင်လည်း ဒေါ်နယ်လ်ထရမ့်ကိုပဲ ရွေးချယ် ရမှာ ဖြစ်ပါတယ်။ သူ့ဘဝတလျှောက်မှာ ဒီလိုတွေ ပြောလာ တာကြာပြီဖြစ်ပေမဲ့ နိုင်ငံရေး လောကကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ သူ့အကြောင်း လူသိပိုများလာပြီး သူ့ရဲ့ “ပေါက်ကရလေးဆယ်" တွေကိုလည်း အားလုံး မြင်ရ၊ကြားရတော့ တာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း CNN မှ သတင်းတင်ဆက်သူ Fareed Zakaria က သမ္မတကြီး ဒေါ်နယ်လ်ထရမ့်ဟာ အကြောင်း အရာ တခုခုရဲ့ အမှန်နဲ့အမှားကို စိတ်ဝင်စားသူ မဟုတ်ပါဘူး။ သူ့ဘဝ တလျှောက်မှာ “ပေါက်ကရလေးဆယ်” နဲ့ပဲ အချိန်ကုန် လာခဲ့ပြီး “ပေါက်ကရလေးဆယ်”နဲ့ပဲ အတော်များများကို ကျော်ဖြတ်လာခဲ့ပုံ ရပါတယ်။ အခုလည်း “ပေါက်ကရလေးဆယ်" တွေပြောပြီး အမေရိကန်သမ္မတ ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် ဒီကနေ့မှာ “ပေါက်ကရလေးဆယ်" ပြောတာတွေ အလုပ်မဖြစ်ဘူး လို့ပြောဖို့ အင်မတန်ခက်သွားပြီလို့ ဆိုထားပါတယ်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ တယောက်အဖြစ် ရွေးချယ်တင်မြောက် ခံရတာဟာ သူ့ရဲ့အခုလို “ပေါက်ကရလေးဆယ်” တွေပြောတာ တခုထဲနဲ့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ ရေပေါ်စီနိုင်ငံရေးသမားတွေကိ
ဒီနေရာမှာ ဒေါ်နယ်ထရမ့် တယောက် “ပေါက်ကရလေးဆယ်" တွေပြောပြီး ဘယ်လိုသမ္မတဖြစ် လာတာလည်း ဆိုတာ အားလုံးစိတ်ဝင်စားကြမှာပါ။ “ပေါက်ကရလေးဆယ်” ပြောတယ်ဆိုတာနဲ့ လိမ်ညာပြောတယ်ဆိုတာ အဓိပ္ပါယ် ကွဲပြား ပါတယ်။ အကြောင်းအရာတခုခုကို လိမ်ညာ ပြောတဲ့သူဟာ သူကိုယ်တိုင် တဖက်သားကို ရည်ရွယ်ချက်ရှိရှိ အမှားကို အမှန်ဖြစ်အောင် အခိုင်အမာ လိမ်ညာပြောနေမှန်း ကိုယ့်ကို ကိုယ် နားလည်သိရှိပြီးသားပါ။
“ပေါက်ကရလေးဆယ်” ပြောတဲ့သူကြတော့ သူအခိုင်အမာပြောဆိုတဲ့ အကြောင်းကိစ္စ တခုခုဟာ ဖြစ်ရပ်မှန်လား၊ မှားယွင်းတဲ့ ဖြစ်ရပ်လား ဆိုတာကို ဂရုမစိုက်တော့ပါဘူး။ သူ့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်က အဖြစ်မှန်တွေ၊ အမှန်တရားတွေကို သတင်းပေး တာထက် သူပြောတာကို နားစွင့်နေကြတဲ့ သူ့ရဲ့ပရိသတ် (သို့) သူ့ကို ထောက်ခံတဲ့သူတွေရဲ့ ယုံကြည်ချက်တွေ၊ သူတိုရဲ့ အမြင်သဘောထားတွေကို ပုံဖော်ပေးဖို့အတွက် ရင်ဘတ်ကို ထိစေမဲ့ စကားတွေ၊ အမူအရာတွေ၊ တုံ့ပြန်မှုတွေကို ပီပီပြင်ပြင် ပြောပြ၊သရုပ်ဆောင်ပြပြီး သူတို့ အားလုံးကို ဖမ်းစားထားဖို့ ဖြစ်ပါတယ်။ ဘီလီယံနာ သူဌေးနဲ့ TV စတားဖြစ်တဲ့ ဒေါ်နယ်လ်ထရမ့်ဟာ ဒီလိုကိစ္စမျိုးမှာ အင်မတန် ကျွမ်းကျင်ပြီး အင်မတန် ပါးရေနပ်ရေရှိသူပါ။
Post-Truth ကြီးစိုးနေတဲ့ အခုလို ကာလမှာ လူအများစုဟာ အမှန်တရားကို အလေးအနက် မထားကြတော့ပဲ သူတို့ရဲ့ စိတ်ခံစားမှုနဲ့ သူတို့ရဲ့ တဦးချင်း ယုံကြည်ချက်တွေကိုပဲ အမှန်လို့ ပိုပြီး ထင်မြင် လာကြတာဖြစ်တဲ့ အတွက် ဒေါ်နယ်ထရမ့်ရဲ့" ပေါက်ကရလေးဆယ်" မဲဆွယ် စကားတွေဟာ သူ့ဖက်ကို တိမ်းညွှတ်ဖို့ဖြစ်လာပါတယ်။ မှားတယ်လို့လည်း မဆိုနိုင်တဲ့ ဒေါ်နယ်လ်ထရမ့်ရဲ့ "ပေါက်ကရလေးဆယ်" မဲဆွယ် စကားတွေဟာ အမှန်တရားနဲ့ အလှမ်းဝေး နေပေမဲ့ မဲဆန္ဒရှင် အမေရိကန်ုပြည်သူ လူလတ်တန်းစား လူဖြူတွေ အများစုရဲ့ စိတ်ခံစားမှုကို အရှိန် အဟုန် ပြင်းပြင်းနဲ့  ရိုက်ခတ်ခဲ့လို့ ,ခေတ်စကားနဲ့ ပြောရင် Heart ထိသွားလို့ သူတို့ အားလုံး ထရမ့် မှ ထရမ့် ဖြစ်ခဲ့ကြပါတယ်။ထရမ့် ရဲ့ "ပေါက်ကရလေးဆယ် ဘယ်လောက်အထိ အလုပ်ဖြစ်ခဲ့သလဲ ဆိုရင် ရွေးကောက်ပွဲ အနီးမှာ သူပြောခဲ့တဲ့ စကားတွေက သက်သေထူ နေပါတယ်။ အဲဒါကတော့ "သူ့အနေနဲ့ ဒီအချိန်အတွင်း 5th Avenue မှာ လမ်းလျှောက်သွားနေတဲ့ လူတယောက်ကို သေနတ်နဲ့ ပစ်ခဲ့ရင်တောင် သူ့ကို မဲပေးမဲ့သူတွေဟာ သူ့အပေါ် မဲပေးဖို့ စိတ်ပြောင်းသွားမှာ မဟုတ်ဘူး"ဆိုတာပါ။
အမေရိကန်သမ္မတ ရွေးချယ်ယှဉ်ပြိုင်ရတဲ့ ပွဲတွေမှာ နှစ်မြို့စရာမရှိတာတွေ၊၊ မရိုးသားမှုတွေ ကြုံတွေရတာ အဆန်းတော့ မဟုတ်ပါဘူး။ ၁၈၀၀ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက် ဂျွန်အဒမ်စ်ကို ထောက်ခံတဲ့သူတွေဟာ ဂျက်ဖာဆန်ကို လူသတ်သမား၊ ဓါးပြ၊ မုဒိန်းကောင်၊ စသဖြင့် ရစရာမရှိအောင် ပြောဆိုခဲ့ကြပြီး ဂျက်ဖာဆန်ကို ထောက်ခံတဲ့ သူတွေကြတော့ ဂျွန်အဒမ်ကို “အင်မတန်ရိုင်းစိုင်းတဲ့ ကြောင်သူတော်”၊ နှစ်ဖက်ချွန် စသဖြင့် မဟုတ်တမ်းတရားတွေ နဲ့ အပြန်အလှန်စွပ်စွဲ ခဲ့ကြပါတယ်။
မျက်မှောက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကမ်းပိန်းတွေကတော့ တယောက်နဲ့ တယောက် အတော မသတ်နိုင်အောင် ပစ်မှတ်ထား တိုက်ခိုက်ဖို့ အကုန်အကျ များတဲ့ နည်းလမ်းတွေဖြစ်တဲ့ ရုပ်မြင်သံကြားက တဆင့် ကြော်ငြာတာတွေ၊ ရွေးကောက်ပွဲ ကမ်းပိန်းမှာ Political Action Committee (PAC) တွေလို အဖွဲ့အစည်းတွေ ဖွဲ့ပြီး ရွေးကောက်ပွဲမှာ သုံးစွဲဖို့ ပါတီရံပုံငွေရအောင် ပါတီဝင်တွေ ဆီက လှုဒါန်းထည့်ဝင်ငွေ ကောက်ခံတာတွေ၊ ငွေကြေး သုံးစွဲတာတွေကို မြှင့်တင်ပြီး ပြိုင်ဖက်အပေါ် အသာစီး ရအောင် လုပ်တာတွေ၊ အနိုင်ရအောင် ကြိုးစား တာတွေအပြင်၊ ပြိုင်ဖက်ကို ကိုယ်စား စိတ်အနှောက် အယှက်ဖြစ်အောင် တိုက်စစ်ဆင် တာတွေက အစ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် သမ္မတဟောင်း "ဘာရက်အိုဘားမား" ဟာ အမေရိကန်မှာ မွေးဖွားခဲ့တာမဟုတ်ဘူး ဆိုတဲ့ ပူးပေါင်း လုပ်ကြံတဲ့ သတင်းကို နှစ်အတော်တန် ကြာတဲ့သည်အထိ ပြောဆိုခဲ့တာ လက်ရှိ အမေရိကန် သမ္မတကြီးဒေါ်နယ်လ်ထရမ့်" ပါ။ "အိုဘားမား"သည် အမေရိကန်မှာ မွေးတာမဟုတ်" ဆိုတဲ့ ဒီ Birther movement မှာ ဒေါ်နယ်လ်ထရမ့်ဟာ ၂၀၁၁ ကနေ ၂၀၁၆ စက်တင်ဘာလ လောက်အထိ ဝေ့လည်ကြောင်ပါတ် နည်းမျိုးစုံနဲ့ လှုပ်ရှားခဲ့သူပါ။ ဒါပေမဲ့ "ထရမ့်" ရဲ့ ပစ်မှတ်က တခုတည်း မဟုတ်ပါဘူး။ ဒီ လူမျိုးရေး၊ အသားအရောင်ခွဲခြားတဲ့ Birther movement ကို" ဟီလ်လာရီကလင်တန်" က ၂၀၀၈ ဒီမိုကရက်တစ်ပါတီတွင်းရွေးေ
နောက်တမျိုးကတော့ ပုံကြီးချဲ့ပြီး ထင်သလိုပြောတဲ့ “ပေါက်ကရလေးဆယ်"ပါ။ အိုဘားမား ဟာ ဆီးရီးယား ဒုက္ခသည် စုစုပေါင်း (၂) သိန်း လက်ခံသွားဖို့ သဘော တူညီခဲ့တယ်ဆိုပြီး ထပ်ခါထပ်ခါ ပြောခဲ့တာလည်း ထရမ့်ပါပဲ။ တကယ်အမှန် လက်ခံခဲ့တာ (၁) သောင်း အောက် မှာပဲရှိပါတယ်။ ပါတီတွင်း ကိုယ်စားလှယ်လောင်း အတွက် ယှဉ်ပြိုင်ပွဲမှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့ ဦးရေ ၄၂% ရှိတယ်လို့ သူက ဆိုပါတယ်။ တကယ်တော့ အလုပ်လက်မဲ့က ၅%ပါ။ မင်းသားကြီး ထရမ့်က အလုပ်က ပင်စင် ယူထားသူတွေ၊ အိမ်မှာပဲနေပြီး အလုပ် မလုပ်နိုင်တော့ တဲ့ မိဘတွေ၊ သက်ကြီး ရွယ်အိုတွေ၊ နာတာရှည်ရောဂါ သည်တွေ၊ မသန်မစွမ်းတွေနဲ့ အလုပ်အကိုင်ရှာဖွေနေဆဲ အလုပ် လက်မဲ့တွေ အားလုံးပေါင်းပြီး အလုပ် လက်မဲ့ဦးရေ ၄၂% ကို ဆိုလို တာပါတဲ့။ ဆိုတော့ သူ့ရဲ့ "အဆို" က မှားတယ်လို့ ပြောလို့ မရတော့ဘူးပေါ့။ ဒီလို ဇာတ်လမ်းမျိုးကိုလည်း ထရမ့် ပြောတတ်ပါတယ်။
အမေရိကန်ရဲ့ ဆေးဝါးကူညီထောက်ပံ့ရေး အစီအစဉ်မှာ ဆေးဝါးဈေးနှုံး သက်သာဖို့ အဆိုပြုထားတဲ့ ပေါ်လစီကို ဒေါ်နယ်ထရမ့် သာမက ပြိုင်ဖက်တွေဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီက ဟီလာရီကလင်တန်နဲ့ ဘာနီဆန်းဒါးစ် တို့လည်း သဘောတူညီ ကြပါတယ်။ အဲဒီမှာ မင်းသားကြီး ထရမ့်က သူ့ပြိုင်ဖက်တွေနဲ့ မတူပဲ သူ့အနေနဲ့ ဆေးဝါး ဈေးနှုန်းတွေ ကနေ တနှစ်ကို ဒေါ်လာ ဘီလီယံ (၃၀၀) လောက် ချွေတာနိုင်တယ် လိုဆိုပါ တယ်။ တကယ်တော့ အဲဒီ ဆေးဝါး ထောက်ပံ့ရေးစားရိတ် တနှစ်လုံး ကုန်ကျငွေ အားလုံးမှ ဒေါ်လာ (၇၈) ဘီလီယံ ပဲရှိတာပါ။ အဲဒီမှာတင် ဝါရှင်တန် ပို့စ် သတင်း အချက်အလက် မှန်မမှန်စစ်တဲ့ fact-checking blog ကနေ ထရမ့်ဟာ ရယ်စရာ ကောင်းတဲ့ မဖြစ်နိုင်တာတွေ ပြောနေပြီး ဒီကိစ္စမှာ ထရမ့်ဟာ "ရေ"ကို အားလုံး မြင်တွေ့ပြီး သိနေ တာတောင် "ဝိုင်" လို့ ပေါ်ပေါ်ထင်ထင် ပြောင်ကျကျပြောတာလို့ ခိုင်းနှိုင်းပြောဆိုထားပါတယ
တခါ ရွေးကောက်ပွဲကာလမှာ မက္ကစီကိုကနေ အမေရိကန်ကို တရားမဝင် ဝင်ရောက် နေထိုင် ကြတာတွေနဲ့ ပါတ်သက်ပြီး အမေရိကန်-မက္ကစီကို နယ်စပ်တလျှောက် မိုင်အရှည် (၂,၀၀၀) လောက်ကို ခြံစည်းရိုး တံတိုင်း ကာရံ ရမယ်လို့ ကြွေးကြော်တဲ့ အပြင် အဲဒီ ကုန်ကျစားရိတ်က အမေရိကန် ဒေါ်လာ (၈) ဘီလီယံလောက် ကုန်နိုင်ပြီး ဒါကို မက္ကစီကိုက အကုန်အကျ ခံရမယ်လို့ ဆိုထားပါတယ်။ သူလည်း သမ္မတ ဖြစ်လာရော, အမေရိကန်ရဲ့ Homeland Security ဌါနက ထုတ်ပြန်တဲ့သတင်းမှာ ခြံစည်းရိုးတံတိုင်း ကာရံစားရိတ်ဟာ ဒေါ်လာ (၂၁) ဘီလီယံ လောက် ကုန်လိမ့်မယ် လို့လည်း ဆိုရော ထရမ့်က သူ့အနေနဲ့ ခြံစည်းရိုး တံတိုင်း ကာရံရေး အတွက် ဒီဇိုင်းနဲ့ ငွေကြေး ညှိနှုန်းမှုတွေမှာ မပါဝင်သေးတဲ့ အတွက် ဘာမှ မသိသေး သလို ပုံစံနဲ့ သူ့ရဲ့ တွစ်တာမှာ ပြောထားပြီး သူလုပ်မယ်ဆိုရင်တော့ ကုန်ကျစားရိတ်တွေ သက်သာလိမ့်မယ်လို့ ဆိုပါတယ်။ ကုန်ကျ စားရိတ်ကို မက္ကစီကိုက ပေးရမယ်ဆိုတာ အစား လွှတ်တော်မှာ ဘတ်ဂျက် လာတောင်းနေပါတယ်။
ထရမ့်ရဲ့ ထင်ရှားတဲ့ “ပေါက်ကရလေးဆယ်” အထဲမှာ လုံးဝ မမှန်ကန်တဲ့ သတင်းတခု ကတော့ ၂၀၀၁ မှာဖြစ်ခဲ့တဲ့ ၉/၁၁ အကြမ်းဖက် ကိစ္စပါ။ သူက နယူးယော့ခ်က တွင်တာဝါ နှစ်ခုကို အကြမ်းဖက်သမားတွေ တိုက်ခိုက် ခဲ့တာတွေ အပြီး အမေရိကန်ရဲ့ နယူဂျာစီ စီးတီးမှာ ရှိတဲ့ ထောင်နဲ့ချီတဲ့ မွတ်စလင်မ် တွေအောင်ပွဲခံ နေကြတယ်လို့ ဆိုပါတယ်။ ထရမ့်က သူ့အနေနဲ့ မွတ်စလင်မ် တွေအောင်ပွဲခံ နေကြတယ် ဆိုတာကို စာထဲမှာ ဖတ်ရတာမဟုတ်ပဲ တီဗွီမှာ မြင်တွေ့ရတယ်လို့ အခိုင်အမာဆိုပါတယ်။ ထုံးစံအတိုင်း မှန်မမှန်ကို fact-checking site မှာ ၉/၁၁ တိုက်ခိုက်မှုအပြီး (၆) ရက် အကြာမှာ ဒီလိုအဖြစ်အပျက်တွေ ရှိခဲ့တာ ဟုတ်/မဟုတ် ပြန်ရှာရပါတယ်။ တကယ်လည်း မဟုတ်တော့ ဘယ်ရှာတွေ့ ပါ့မလဲ။
ဒေါ်နယ်လ်ထရမ့် အနေနဲ့ ၂၀၁၆ ရွေးကောက်ပွဲ ကာလအတွင်း သူအနိုင်ရဖို့ မဖြစ်နိုင်တော့ဘူးထင်ပြီး ဒီ သမ္မတ ရွေးကောက်ပွဲဟာ ဟီလာရီကလင်တန် သမ္မတဖြစ်လာအောင် အကွက်ဆင်ပြီးသား ဖြစ်တယ်၊ ကုလားဖန်ထိုးပြီးသား ဖြစ်တယ်လို့ တောက်လျှောက် ပြောခဲ့သူပါ။ မီဒီယာတွေ ကလည်း သူ့ဘက်မှာ မရှိတော့ သူ့ကိုေ ထောက်ခံတဲ့သူတွေကို" အခုလို ကြီးကျယ်ပြီး သမိုင်းဝင်ဖြစ်တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲရဲ့ ရလာဒ်အဖြေကို ငါ့အနေနဲ့ လုံးဝဥဿုံ လက်ခံမယ်။ ဒါပေမဲ့ ရိုးရိုး လက်ခံမှတော့ မဟုတ်ဘူး. တကယ်လို့ ငါ အနိုင်ရခဲ့မယ်ရင် လက်ခံမှာပေါ့” ဆိုတဲ့ နောက်ဆက်တွဲ စကားနဲ့ ချည်တုပ်ပြီး ပြောတာဖြစ်ပါတယ်။ သဘောက သူသာ ရှုံးခဲ့ရင် ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောင်ကျကျ ပြောတာ ဖြစ်ပါတယ်။
ထရမ့်အနေနဲ့ သူ့အတွက် ကံကောင်း ထောက်မ တဲ့အခြေအနေတွေဟာ ရွေးကောက်ပွဲ မတိုင်မီလေးမှာ ကပ်ပြီး ဖြစ်ခဲ့တာပါ။ အများသိပြီးဖြစ်တဲ့ October Surprise ပါ။ဟီလာရီကလင်တန်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့တဲ့ ကာလတွေမှာ ကိုယ်ပိုင် ဆာဗာသုံးပြီး ကိုယ်ပိုင် အီးမေးလ် တွေ ပေးပို့ခဲ့တာနဲ့ ပါတ်သက်ပြီး FBI ကအရင် စုံစမ်းစစ်ဆေး ခဲ့ပါတယ်။ ဒါပေမဲ့ FBI ဒါရိုက်တာ ဂျိမ်းစ်ကော်မီက အရေးကြီးတဲ့ သတင်းတွေမပါဝင်တဲ့ဟီလာရီကလင
ဒီလို FBI က ဆုံးဖြတ်ခဲ့ ပေမဲ့လည်း အဲလို ဆုံးဖြတ်မှုအပေါ် ထရမ့်က ဘဝင်မကျပါဘူး။ ထရမ့်က သူသာ အနိုင်ရခဲ့ရင် အစိုးရ အထူးရှေ့နေဌါးဖို့ သူ့ရဲ့ တရားရုံးချုပ် ရှေ့နေကို ညွှန်ကြားမယ်။ ပြီးရင် ဟီလာရီကို တရားစွဲဆိုပြီး ထောင်ချပြစ်မယ်လို့ ပြောခဲ့ပါတယ်။ FBI ကတောင် အပြစ် မရှိဘူးလို့ ပြောခဲ့တာကို ထရမ့်က သဘောမတူနိုင်ဖြစ်ပြီး သူအနိုင်ရဖို့ တိုက်ကွက် တခုအနေနဲ့ ဒီလိုပြောခဲ့တာ ဖြစ်ပေမဲ့ သူအနိုင်ရပြီး နောက်မှာတော့အဲဒီ သူ့ရဲ့ရွေးကောက်ပွဲကြွေးကြေ
ရပ်ရှားတွေ ဟီလာရီကလင်တန်ရဲ့ ရွေးကောက်ပွဲ ကမ်းပိန်းဥက္ကဌ ဂျိုး ပေါ်ဒက်စ်တာရဲ့ အီးမေးလ် ကို hacking လုပ်ပြီးနောက်မှာ ဟီဘာရီကို ဒုတိယ အကြိမ်အဖြစ်စွပ်စွဲဖို့ အနေအထားတွေ ထပ်ဖြစ် လာခဲ့ ပါတယ်။ အဲဒီအချိန်ကတော့ ရွေးကောက်ပွဲနဲ့ နီးကပ်နေပြီဖြစ်တဲ့ အောက်တိုဘာလ မှာဖြစ်ခဲ့တာပါ။ ဒီလို အနေအထားမှာ ထရမ့်ဟာ အကွက်ရ သွားပြီး "ကလိမ်ကကျစ် ဟီလာရီ ကလင်တန်" ဆိုတာကို ခေါင်းစဉ် တပ်ပြီး သူ့ရဲ့ကမ်းပိန်းတွေမှာ သူ့ကို ထောက်ခံ သူတွေရော၊ ဘယ်သူ့ကို မဲပေးရမှန်း ဆုံးဖြတ်ချက် မချရသေးတဲ့သူတွေပါ ကြားရအောင်၊သူ့ဖက် ပါလာအောင် အသံကျယ်ကျယ်နဲ့ တောက်လျှောက် အော်ပြခဲ့ပါတယ်။ ရပ်ရှားတွေ ဟီလာရီ ကလင်တန်ရဲ့ ရွေးကောက်ပွဲ ကမ်းပိန်းကို အချက် အလက်တွေ ဖောက်ထွင်း ရယူတာကို မဖြစ်နိုင်ဘူးလို့ပြောပြီး ဒီလို hacking ကို တရုပ်တွေ ဒါမှမဟုတ်ဂျိုး ပေါ်ဒက်စ်တာရဲ့ ကုတင်မှာ ထိုင်နေတဲ့ တယောက်ယောက် လုပ်တာလည်း ဖြစ်နိုင်တယ် လို့ဆိုပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့လည်း ထရမ့်ဟာ ဒီအတိုင်း ငြိမ်မနေ ပါဘူး။ သူဟာ electoral college မှာ အပြတ်အသတ် သောင်ပြိုကမ်းပြို နိုင်တယ်လို့ ကြွေးကြော်ပါတယ်။ တကယ်တော့ ဟီလာရီကလင်တန် Popular Vote မှာ မဲအရေအတွက် (၃)သန်းလောက် အနိုင်ရသွားတာပါ။
ဒေါ်နယ်ထရမ့်ရဲ့ “ပေါက်ကရလေးဆယ်" ပြောတတ်ပုံက သူ့ရဲ့ အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်နေတဲ့ သူတွေ အထိ ကူးစက် လာတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရအပြီး "ဒေါ်နယ်ထရမ့်" ရဲ့ inauguration သမ္မတရာထူးနှင်းအပ်ပွဲမှာ တက်ရောက်လာကြတဲ့ လူထုပရိသတ် အရေအတွက်ဟာ အမေရိကန်သမိုင်း တလျှောက် သမ္မတရာထူး အပ်နှင်းပွဲတွေ အားလုံး အနက် မကြုံစဖူး လူထု အများဆုံး တက်ရောက်လာတဲ့ ပွဲဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာ Sean Spicer မှ အိမ်ဖြူတော်ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာ အမှတ်ရကြ ပါလိမ့်မယ်။ ဒါနဲ့ ပါတ်သက်ပြီး အမေရိကန် mainstream media တွေက အိုဘားမား inaugurationနဲ့ ဒေါ်နယ်ထရမ့်ရဲ့ inauguration တွေမှာ တက်ရောက် ခဲ့ကြတဲ့ အမေရိကန်လူထုကြီးကို ကောင်းကင်ကနေ ရိုက်ထားတဲ့ပုံတွေနဲ့ နှိုင်းယှဉ်ပြပြီး မေးခွန်းထုတ်ခဲ့ ကြပါတယ်။ အိုဘားမားရဲ့ သမ္မတ ရာထူးနှင်းအပ်ပွဲမှာ တက်ရောက်လာတဲ့ ပရိသတ်က တော်တော်လေး များတာကို အားလုံးက သိပြီးနောက် သတင်းစာ ရှင်းလင်းပွဲမှာ ထရမ့်ရဲ့အကြံပေးဖြစ်တဲ့ Kellyann Conway က ရှောင်စပိုက်ဆာ ပြောချင်တာက “Alternative Fact” ကို ရည် ညွှန်းတာဖြစ်တယ် လို့ အကြောင်းပြ ပါတယ်။ Conway ပြောတဲ့ “Alternative Fact”ဆိုတာက မမှန်မကန် မှားယွင်း ထွက်ဆိုတာလို့ မီဒီယာက ချေပခဲ့ပါတယ်။ “Alternative Fact” ဆိုတာ ကတော့ အမေရိကန်မှာ လွန်ခဲ့တဲ့နှစ် (၁၀၀) ကျော်လောက် ကတည်းက သုံးလေ့ရှိတဲ့ စကားစုလို့ သိရ ပြီး ဒီကိစ္စနဲ့ ပါတ်သက်ပြီး အနီးဆုံး အဓိပ္ပါယ်ကတော့” ရှေ့နောက်ညီ ညွှတ်မှု မရှိပေမဲ့ အချက်အလက် အမှန် အတွက် ယှဉ်လို့ရတဲ့ အနေအထား” တခုကို ဆိုလိုတာလို့ သိရပါတယ်။ ဒါပေမဲ့လည်း ဒီစကားအသုံးအနှုန်းဟာ ထရမ့်ရဲ့ အကြံပေးဖြစ်တဲ့ Kellyann Conway ကြောင့် ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ ထရမ့်ရဲ့အိမ်ဖြူတော် ပြောရေးဆိုခွင့် ရာထူး ကနေထွက်ခွါခဲ့ပြီးတဲ့ ရှောင်စပိုက်ဆာ ကတော့ "ဒေါ်နယ်ထရမ့်ပွဲဟာ အမေရိကန် သမိုင်းတလျှောက် သမ္မတ inauguration မှာ တက်ရောက် လာကြတဲ့ အများဆုံးသော လူထုကြီးဖြစ်တယ်လို သူပြောမိခဲ့တာ အတွက် နောင်တ ရမဆုံး ဖြစ်ခဲ့တယ်” လို့ နောက်ပိုင်း မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ “ပေါက်ကရလေးဆယ်“ ပြောစကားတွေ၊ အချိန်အခါမရွေး တွစ်တာ ကနေ ပေါက်ကရလေးဆယ်တွစ် နေတာတွေ ရဲ့ အဓိပ္ပါယ်နဲ့ ဆိုလိုရင်းတွေကို နားမလည် ကြတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ အများကြီးရှိပါတယ်။ အဲဒီ အထဲမှာ ထရမ့်နဲ့စကားလုံး စစ်ပွဲတိုက်နေတဲ့ မြောက်ကိုရီးယားက အာဏာရှင်ဖြစ်တဲ့ ထရမ့်အခေါ် ရောကက်ဒ်လူသား ”ကင်ဂျုန်အန်း” အပါအဝင် ဖြစ်ပါတယ်။ မြောက်ကိုရီးယား အနေနဲ့ ထရမ့်အစိုးရရဲ့ ရောထွေး သတင်းစကားတွေ အပေါ် ဘာကို ဆိုလိုတယ် ဆိုတာ ဇဝေဇဝါ ဖြစ်နေလို့ ရီပါတ်ဘလီကန်က အစိုးရအရာရှိဟောင်းနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ တိတ်တိတ်လေး လှုပ်ရှား နေတယ်လို့ သိရပါတယ်။ တကယ်တော့ ပေါက်ကရလေးဆယ် အမြဲလိုလို ပြောတတ်တဲ့ ထရမ့် ပါးစပ်ကထွက်လာတဲ့ စကားလုံးတွေကြောင့် ဝါရှင်တန်မှာ ရှိနေတဲ့သူတွေတောင် ထရမ့်အစိုးရရဲ့ ပေါ်လစီတွေကို ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။
ဒေါ်နယ်လ် ထရမ့် ဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာအများစုနဲ့ လုံးဝ အစေး မကပ်သူ တယောက် ဖြစ်တာ အားလုံးအသိပါ။ ဒါကြောင့် သူက မီဒီယာတွေဟာ မရိုးသားဘူး၊ အကျင့်စာရိတ္တတွေ ပျက်နေတယ်၊ အံ့သြစရာကောင်းအောင် တစ်ဆိတ်ကို တစ်အိတ် လုပ် ပြောနေကြတယ် ၊ အမေရိကန်ရဲ့ mainstream media အများစုဟာ သတင်းအတုတွေ, လုပ်ကြံသတင်းတွေ ထုတ်လွှင့်နေတာဖြစ်တယ် စသဖြင့် ပြောဆိုလေ့ရှိပါတယ်။
ထရမ့်က မီဒီယာဟာ လူထုရဲ့ ရန်သူ ဖြစ်တယ်လို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ သူဒီလို ပြောတာဟာ နိုင်ငံရေးကို ချည်းကပ်ဖို့ အသေအချာ စဉ်းစားပြီး အသုံးပြုနေတဲ့ သူ့ရဲ့ မဟာဗျူဟာ တရပ်လည်း ဖြစ်ကောင်းဖြစ် နိင်ပါတယ်။ ထရမ့်ဟာ မီဒီယာတွေရဲ့ အယူအဆတွေ၊ မီဒီယာတွေရဲ့ ပါဝါတွေကို လုံးဝ အလေး မထားတဲ့ သူတယောက်ဖြစ်ပါတယ်။ ထရမ့်နဲ့ မီဒီယာက ရန်ဖက်တွေဖြစ်ပြီး မီဒီယာတွေ ဖက်ကလည်း ထရမ့် ဘာပြောပြော မှန်မမှန် စစ်ဖို့ဝေးစွ,အသေးစိတ် လိုက်ကြည့်ဖို့ဝေးစွ, သူပြောသမျှနဲ့ သူ့ကို ထောက်ခံတဲ့ သူတွေကို ဆန့်ကျင်တာချည်းဖြစ်ပါတယ်။ ဒေါ်နယ်လ် ထရမ့်ရဲ့ နိုင်ငံရေးဟန်ပန်မှာ “ရန်သူ” ဆိုတာ အမြဲ လိုအပ် ပါတယ်။ ဟီလာရီကလင်တန် နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ သမ္မတရွေးချယ်ပွဲမှာ အဓိက ရန်သူဇာတ်ဆောင် အဖြစ် မီဒီယာကို ရွေးချယ်ခဲ့ တာဟာ ထရမ့်အတွက် အံဝင်ဂွင်ကျ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
ဘယ်လိုပဲပြောပြော Post-Truth ခေတ်ကာလကြီးမှာ အမေရိကန်အနေနဲ့ မကြုံစဖူး “ပေါက်ကရလေးဆယ်” အစုံ ပြောတတ်တဲ့ ဒေါ်နယ်လ်ထရမ့် ဆိုတဲ့သမ္မတ တယောက်တော့ ရလိုက်ပါပြီ။ Post-Truth ခေတ်ကာလ ဘယ်လောက် ထပ်ကြာ ဦးမလဲဆိုတာ ခန့်မှန်းမရနိုင်ပါဘူး။ လတ်တလော Post-Truth ခေတ်ကာလ အတွင်းမှာ “Make American Great Again" ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ "ကိုယ်ကျိုးစီးပွါးကာကွယ်ရေ
Post-truth ခေတ်ကာလရဲ့ သက်ရောက်မှုတွေကို ကျနော်တို့ မြန်မာတွေ လျှော့မတွက်စေချင်သလို၊ သိထား သင့်တယ်လို့ ထင်ပါတယ်။ ဆက်ပြီး Post-truth ခေတ်ရဲ့ mainstream media တွေနဲ့ Post-truth ခေတ်ရဲ့ ဗီလိန်လို့ ဆိုနိုင်တဲ့ Fake-news တွေ အကြောင်းပြောပါမယ်။
Thet Winn Tint
Reference:
- POST - TRUTH , How bullshit conquered the world by James Ball
- Related articles from “The Straits Times”
Illustration: brandlearning.com
From Colena Jolly 's wall

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။