Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 7, 2017

ကောက်ရိုးမီးလို မဖြစ်စေဖို့...

ကောက်ရိုးမီးလို မဖြစ်စေဖို့...

စာအုပ်လေးတွေဖတ်တယ်..အားတွေတက်လာတယ်.
ကြိုးစားချင်လာတယ်။ ရုပ်ရှင်လေးတွေကြည့်တယ်...
ဗီဒီယိုလေးတွေကြည့်မိတယ်...ကြိုးစားချင်လာတယ်။
ဒါပေမယ့် အဲ့ဒီကြိုးစားချင်စိတ် ဘယ်နှစ်ရက်ခံလေ့ရှိ
ပါသလဲ။ စာဖတ်သူတွေမဖြေခင်ကျွန်တော့်အကြောင်း
လေး အရင်ဆုံးပြောပြပါ့မယ်။

ကျွန်တော်လည်း တစ်ခုခုကို လုပ်မယ်ဆိုပြီး အပျင်းကြီး
ပျင်းလေ့ ရှိခဲ့ဖူးပါတယ်။ နေ့ရွှေ့ညရွှေ့နဲ့ အချိန်တွေကုန်
ခဲ့ဖူးပါတယ်။ ဒါဆို အခုအဲ့ဒီအကျင့် ပျောက်ပြီးလားလို့
မေးရင်မပျောက်သေးပါဘူး။ ဒါပေမယ့် ထူးခြားချက်
တော့ရှိပါတယ်။ အခုနောက်ပိုင်း ပျင်းရင် သိပ်ပြီးကြာ
လေ့ မရှိတော့ပါဘူး။ အရှိန်သေသွားရင် အရှိန်ပြန်ယူ
ရတာတော့ ရှိပါတယ်။ ဒါပေမယ့် ကောက်ရိုးမီးလိုမျိုး
ခဏလေးနဲ့ သေသွားတာတော့ မရှိတော့ပါဘူး။ ဘဝမှာ
မိမိလိုချင်တဲ့နေရာကိုရောက်ဖို့ဆိုတာ အဲ့ဒီအကျင့်ကို
အတတ်နိုင်ဆုံး ချိုးနှိမ်ထားဖို့လိုပါတယ်။ ကျွန်တော်
ကိုယ်တိုင် အပြီးတိုင် မဖျောက်နိုင်တဲ့အတွက် စာဖတ်
သူတွေကိုလည်း ယုတ္တိမရှိတာတော့ အကြံပေးမှာ
မဟုတ်ပါဘူး။ လူတိုင်းဟာ ပျင်းတတ်ကြပါတယ်။
ဒါပေမယ့် ဘယ်လောက်ကြာကြာပျင်းလဲဆိုတာ
အရမ်းအရေးကြီးပါတယ်။

ကျွန်တော် အင်္ဂလိပ်စာလေ့လာစဉ်ကလည်း တစ်ခါ
တစ်လေ အရမ်းစိတ်ပါတဲ့အခါ တစ်လလောက် မပျက်
မကွက်လေ့လာပြီး စိတ်မပါတော့ရင်လည်း လေသွား
တတ်ပါတယ်။ အချို့က အဲ့ဒီလိုလေရင်းနဲ့ လမ်းကြောင်း
မှန်ကနေ သွေဖည်သွားတတ်ပါတယ်။ ကျွန်တော် အခု
အချိန်မှာ အင်္ဂလိပ်လိုပြောတတ်ခြင်းရဲ့ အကြောင်းရင်းက
ဘယ်လောက်ပဲ လေ..လေ.. လမ်းကြောင်းမှန်ပေါ်ပြန်
တက်ခဲ့လို့ပါ။ နောက်ပြီး အဲ့ဒီလို လေတဲ့အချိန်ကိုနည်း
သထက်နည်းအောင် လေ့ကျင့်ခဲ့လို့ပါ။

ဘယ်လိုလေ့ကျင့်ရမလဲ...

ကိုယ်ဟာ “ငပျင်း zone” ထဲရောက်နေပြီဆိုရင် အရင်
ဆုံး ကျွန်တော့်ကို ကျွန်တော်ပြန်မေးပါတယ်။ ကျွန်တော့်
ရည်မှန်းချက်ကဘာလဲ...၂၀၁၇ အကုန်မှာ ကျွန်တော်
ဘယ်အနေအထားရောက်ချင်တာလဲ..၂၀၁၇ ကုန်ဖို့ရော
ဘယ်လောက်ကျန်သေးလဲ..၂၀၁၇ မှာ ရည်မှန်းချက်
တွေမရရင် အသက်က တစ်နှစ်ပိုကြီးတော့မယ်။ ဒီ
၂၀၁၇ ထဲမှာရော ငါဘာတွေလုပ်ခဲ့လဲ..ဘာတွေမျာ
အလေလိုက်ခဲ့လဲ။ အဲ့ဒါတွေ တောက်လျှောက်ပြန်စဉ်း
စားပါတယ်။ တစ်ခါတစ်လေ အဲ့ဒီလို စဉ်းစားရင်းနဲ့
ချက်ချင်း ပြန်ကြိုးစားချင်စိတ် ပေါက်လာတတ်ပါ
တယ်။ အကြောင်းကတော့ မိမိဘာမှ မလုပ်ရသေး
တာကို သတိထားမိသွားတတ်လို့ပါ။ သို့မဟုတ်
မိမိလုပ်ခဲ့တာတွေဟာ အနည်းအကျဉ်းပဲရှိသေးတာ
ကို သတိထားမိသွားလို့ပါ။

နောက်တစ်ချက်အနေနဲ့ ကျွန်တော် အောင်မြင်တဲ့
သူတွေအကြောင်း စာအုပ်တွေ ဖတ်ပါတယ်။ မိမိ
အားကျရတဲ့သူတွေ အကြောင်းပြန်တွေးပါတယ်။
သူတို့ကို အတုယူပါတယ်။ သူတို့ဘယ်လို အရှုံးမပေး
ခဲ့လဲ ပြန်တွေးပါတယ်။ ပြီးရင်တော့ စပြီး ပြန်ကြိုးစား
ပါတော့တယ်။

လူတွေဟာ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်
“ငပျင်း Zone”ထဲရောက်သွားတတ်ကြပါတယ်။လူတိုင်း
လိုလိုပါပဲ။ ကျွန်တော်လည်း ယနေ့အထိ ရောက်ဆဲပါပဲ။
အဓိကအချက်က အဲ့ဒီထဲမှာ အကြာကြီးမနေမိဖို့ပါ။
အဲ့ဒီထဲ အကြာကြီးနေမိရင် ဆိုးကျိုးတွေ အများကြီး
ရှိပါတယ်။ ဒီအကြောင်းကို နောက်ထွက်ထားတဲ့
“လက်ဆောင်”စာအုပ်ထဲမှာလည်း ရေးထားပါသေး
တယ်။ အဲ့ဒီ ငပျင်း Zone ထဲမှာ အကြာကြီးနေမိရင်
ပျော်ရွှင်ခြင်းနဲ့လည်း ကင်းဝေးလာတတ်ပါတယ်။ ပျင်း
တော့ အလုပ်မလုပ်ဘူး။ အလုပ်မလုပ်တော့ ကျရှုံးလာ
တယ်။ ကျရှုံးတော့ စိတ်ညစ်လာတယ်။ စိတ်ညစ်တော့
ဘာမှမလုပ်ချင်ပဲ ပြန်ပျင်းလာတယ်။ အဲ့ဒီသံသရာထဲ
တော့ ရောက်မသွားပါစေနဲ့။

“ငပျင်း Zone”ထဲမှာနေတာ ကြာနေပြီလား...ကိုယ့်ကိုယ်ကို
ပြန်မေးကြည့်အုံးနော်။

#မိုးရှင်း (I.M.T) ရေးသားသည်။
Photo credit => Drkellyann.com

လက်ဆောင်စာအုပ်ကို မဖတ်ရသေးသူတွေအတွက်
တတိယအကြိမ်ထုတ်ဝေပေးထားပါတယ်။ City mart,
Ocean နဲ့ စာအုပ်ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါပြီ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။