Richard Michael William is feeling motivated with Sayar Zaw and 3 others.
(စိတ်ဓါတ်ကျတိုင်း ဖတ်ဖို့ Share ထားလိုက်ပါ
ဖြည်းဖြည်းချ င်း ဖတ်သွားပါ )
Give Up (Or) Get Up ?
=================
မျှော်လင့်ချက်မရှိတော့ဘူးလား ?
ဘဝရှိနေသ၍ မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ်
'ကျွန်တော့်အတွက်တော့ မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူး' လို့ ညည်းတွားနေမှာလား
ဟုတ်ပြီ မိတ်ဆွေ
ကျေးဇူးပြု ပြီး မျက်လုံးလေး ခဏလောက်မှိတ်ပေးပါ
'မင်း နေကောင်းရဲ့လား ?' လို့ ကျွန်တော် မေးချ င်တယ်
အခု သင့်ဆီမှာ ဘယ်လိုကြီးမားလေးလံတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပြီလဲ?
ဘယ်လို မျက်ရည်မျိုးကို ထိန်းချု ပ်ထားနေရသလဲ ?
ဘယ်လို နာကျ င်မှုမျိုးတွေ ရင်ထဲမှာ သိမ်းဆည်းထားနေရသလဲ ?
'လူတွေက မင်းကို မကြည့်ချ င်တော့ဘူး မလိုချ င်တော့ဘူး စကားမပြောချင်ကြတော့ဘူး' လို့ မင်း တွေးထင်မိလိမ့်မယ်
လူတွေက 'မင်း နေကောင်းရဲ့လား ' လို့ မေးကြတဲ့အခါ မင်းက 'နေကောင်းပါတယ် ' လို့ ပြန်ဖြေမှာ မဟုတ်လား
တကယ်တော့ မင်းရင်ထဲမှာ ပျော်မနေပါဘူး
နောက်တော့
မင်းပတ်ဝန်းကျ င်ကပြောတဲ့ လိမ်ညာမှုတွေကို မင်း ယုံကြည်လက်ခံလာမိလိမ့်မယ်
သူတို့က မင်းကို ' ဘဝမှာ ဘာမှ မလုပ်နိုင်ပါဘူး အရည်အချ င်းမပြည့်ပါဘူး' လို့ ပြောလာကြတဲ့အခါမှာရော မင်းယုံကြည် လက်ခံလိုက်မှာလား ?
တကယ်တော့ ကျွန်တော်တို့တွေ ကြောက်နေကြတာ အထီးကျ န် ကျန်ရစ်ခဲ့ကြမှာကိုပါ
ဘာလို့လဲဆိုတော့
သူတို့က မင်းကို သဘောမကျ ဘူးဆိုရင် ဘယ်သူ့ကို သဘောကျ ကြမလဲ ?
သူတို့က မင်းကို လက်မခံကြဘူးဆိုရင် ဘယ်သူ့ကို လက်ခံကြမလဲ ?
ကျွန်တော်ကိုယ်တိုင်လည်း အရည်အချင်းမပြည့်မှီဘူလို့ ယုံကြည်လာမိခဲ့တယ်
ကျွန်တော်ဟာ အရှုံးသမားတစ်ယောက်ပါလို့ လက်ခံလာမိခဲ့တယ်
နောက် ကျွန်တော့်ကို ချစ်မယ့်သူ လက်ခံနားလည်မယ့်သူ ရှိမှာမဟုတ်ဘူးလို့ ယုံကြည်မိခဲ့တယ်
တနေ့ထက်တနေ့ လျှောက်ရမယ့် ခြေလှမ်းတွေဟာ ပိုများလာတယ်
ပြောနေကြတဲ့ အသံတွေပိုကြားလာတယ်
မင်းဘဝမှာ ဘာကိုပဲလုပ်လုပ် အရည်အချ င်းမပြည့်မှီဘူးလို့ ပြောလာကြတဲ့အခါ
မင်းရဲ့ ခြေလှမ်းတွေ ရပ်တန့်ပစ်လိုက်မှာလား
မင်းမှာ ဒီနေ့ ဘယ်ခြေလှမ်း လှမ်းမလဲဆိုတာ ရွေးချ ယ်စရာ နည်းလမ်းတွေရှိပါသေးတယ်
ဘဝမှာ မင်းလုပ်ဖို့ ဖြစ်နိုင်တာတွေရှိသလို မဖြစ်နိုင်တဲ့အရာတွေလည်းရှိပါတယ်
ပြောင်းလဲလို့မရဘဲ တစ်သက်လုံးဒီအတိုင်းနေသွားရမယ့် အရာတွေအားလုံ ကျွန်တော်တို့မှာရှိနေသမျှ ရွေးချ ယ်မှုတွေကို အရှုံးမပေးဘဲ ရှေ့ဆက်သွားဖို့ပါပဲ
မေးပါရစေ …
'မင်း ဘာကို ယုံကြည်သလဲ? '
မင်းကိုယ်မင်း ယုံကြည်မလား ?
ဒါမှမဟုတ် သူများတွေရဲ့ ဝေဖန်စကားသံတွေကို မင်းယုံမလား ?
တချို့လူတွေက အရှုံးသမားလို့ပြောရင်ရော မင်းကိုယ်မင်း လက်ခံယုံလိုက်မှာလား ?
လူအချို့က မင်းကို သဘောမကျ ဘူး ဂရုမစိုက်ကြဘူးဆိုတာတွေကို မင်းရဲ့ ကြောက်ရွံ့စိတ်ထဲမှာ ရှိနေဖို့ မလိုပါဘူး
ခြေလှမ်း တစ်လှမ်းခြင်းဆီသာ ယုံကြည်ချ က်နဲ့ လျှောက်လှမ်းပါ
တစ်နေ့မှာ ဒီကြောက်ရွံ့စိတ်တွေ ပျောက်ကွယ်သွားပါလိမ့်မယ်
မင်းကို နာကျ င်စေခဲ့တဲ့သူတွေကိုရော မင်း ခွင့်လွှတ်ပေးနိုင်မလား ?
ဘာလို့လဲဆိုတော့
ကုသခြင်းဆိုတာ အဲ့ဒီ ခွင့်လွှတ်ခြင်းက စတာပါ
တစ်ယောက်ယောက်က မင်းကို စိတ်ပျ က်စေတဲ့အချိန်တိုင်းမှာ တစ်စုံတစ်ယောက်ကို မင်းက အားတက်အောင် ဖေးမကူညီပေးမှာလား ?
တစ်ယောက်ယောက်က မင်းကို တွန်းထုတ်လိုက်ချိန်မှာ မင်းက တခြားလှဲကျ နေသူကို ပြန်ထနိုင်အောင် ထူမပေးမလား ?
မိတ်ဆွေ
မျ က်စိလေးခဏမှိတ်ပြီး ဟင်းလင်းကွင်းပြင်ကြီးထဲမှာ ရှိနေတယ်လို့ တွေးကြည်လိုက်ပါ
အဆောက်အဦးတွေ ခိုကိုးရာနေရာတွေ မရှိတဲ့နေရာမျိုးမှာ ကောင်းကင်ယံက မုန်တိုင်းထန်ပြီး အဲ့မုန်တိုင်းတွေက မင်းဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုကို ဖော်ဆောင်နေတယ်ဆိုရင်
မင်းကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်သူ့မှပြောမပြဘဲနေတာ ပိုကောင်းပါတယ်
ဘာလို့လဲဆိုတော့
ပထမတစ်ချက်က
သူတို့အနေနဲ့ မင်းဘဝရဲ့ အခက်အခဲတွေကို နားလည်ပေးနိုင်မှာမဟုတ်ဘူး
ဒုတိယတစ်ချ က်က
သူတို့ မင်းကို ကူညီပေးနိုင်မှာမဟုတ်ဘူး
မင်းကတော့ အဲ့ဒီမုန်တိုင်းကွင်းပြင်ကြီးထဲမှာ အားပျော့ကာဒူးထောက်ကျ နေပြီး အေးစက်လာတဲ့အချိန်မှာ မင်းဘဝအဆုံးသတ်သွားတော့မယ်လို့ မင်းတွေးနေမိလိမ့်မယ်
မင်း အသက်ရှင်လျက် ကွင်းပြင်ကြီးထဲမှာ ရှိနေသေးတယ် မဟုတ်လား ?
ဟုတ်တယ် …မင်း တည်ရှိနေဆဲပါပဲ
ဒီအခက်အခဲတွေကို မင်းတစ်ယောက်တည်း ရင်ဆိုင်ဖို့ကျော်ဖြတ်နေချိန်မှာ မင်းကို လာပြီးကူညီဖေးမမယ့်သူကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပါ
သူတို့ကိုယ်တိုင် မုန်တိုင်းတွေကို ရပ်စဲသွားအောင်မလုပ်နိုင်ပေမယ့်
မုန်တိုင်းလွန်တဲ့အထိတော့ သူတို့ မင်းကို ပွေ့ဖက်ပြီး နွေးထွေးစေအောင် ပြု လုပ်နိုင်ပါလိမ့်မယ်
သူတို့ မင်းကို ပွေ့ဖက်ထားတဲ့အချိန်မှာ မုန်တိုင်းရှိနေသေးရင်တောင် မင်းအတွက် နွေးထွေးစွာနဲ့ အဆင်ပြေသွားမှာပါ
ဘာလို့လဲဆိုတော့ သူတို့ မင်းနဲ့အတူ မုန်တိုင်းစဲတဲ့အထိ အတူအသက်ရှင် နေပေးသွားလိမ့်မယ်
တစ်ခါတစ်လေ
ဘဝမှာ မင်း လဲကျ သွားတဲ့အခါ
မင်း ရပ်တည်ဖို့ ခွန်အားမရှိတော့သလို ခံစားရတဲ့အခါ
Give up ? or Get up ? အရှုံးပေးမလား ? ဒါမှမဟုတ် မတ်တပ်ထရပ်မလား ?
#လဲကျ သွားတိုင်း နောက်တစ်ခေါက်ပြန်ကြိုးစားပါ
#မင်း အရှုံးမပေးမချ င်း မင်းဘဝ အဆုံးမသတ်သေးပါဘူး
#မင်း ဒီမှာ အသက်ရှင်ရပ်တည်နေသေးတယ် ဆိုတဲ့အချက်နဲ့တင် မင်း နောက်တစ်ခေါက် ထရပ်ဖို့ အခွင့်အရေးရှိကြောင်း မင်းကို သိစေမှာပါ
#မျှော်လင့်ချက်ဆိုတာ ဘယ်လိုမှ ကုန်ဆုံးမသွားပါဘူး
#There Is Still Hope .
#ဘဝရှိနေသေးသ၍ မျှော်လင့်ချ က်ဆိုတာ ရှိနေလျ က်ပါ
#Shareနိုင်ပါတယ်ခင်ဗျာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။