Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Saturday, October 7, 2017
၁။ ဂျက်ဘီဇော့ (Jeff Bezos)
Jeff Bezos
Jeff Bezos
The Remains of the Day
The Remains of the Day
The New Jim Crow
The New Jim Crow
Mark Zuckerberg
Mark Zuckerberg
Satya Nadella
Satya Nadella
The Art of Happiness
The Art of Happiness
Jeff Weiner
Jeff Weiner
Warren Buffett
Warren Buffett
၆။ စတိဗ်ဂျော့ (Steve Jobs)
Steve Jobs
Steve Jobs
ကျော်စိုးအောင် (အခရာ)
www.akhayar.com 
[Unicode]
အောင်မြင်သူတွေရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တဲ့ စာအုပ်စာပေများ
နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ကုမ္ပဏီတွေရဲ့ ပဲ့ကိုင်ရှင်တွေက စာအုပ်ဖတ်ကြရဲ့လား။ ဘယ်လိုစာအုပ်မျိုးတွေကို ကြိုက်ကြတာလဲ။ နယ်ပယ်အသီးသီးမှ ကုမ္ပဏီတွေရဲ့ CEO တွေရဲ့ ဘဝတွေကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ စာအုပ်တွေက ဘာတွေများဖြစ်မလဲ။ ကြည့်ရအောင်။
၁။ ဂျက်ဘီဇော့ (Jeff Bezos)
Forbes မဂ္ဂဇင်းရဲ့ အောက်တိုဘာလ သတ်မှတ်ချက်အရ အမေရိကန်ဒေါ်လာ ၇၂.၈ ဘီလီယံကြွယ်ဝမှုနဲ့ ကမ္ဘာ့တတိယအချမ်းသာဆုံးသူဌေးကြီး ဂျက်ဘီဇော့ (Jeff Bezos) ရဲ့အကြိုက်ဆုံးစာအုပ်က ဂျပန်စာရေးဆရာ ကဇူးအို အစ်ရှိဂူရိုး (Kazuo Ishiguro) ရေးသားတဲ့ “The Remains of the Day” စာအုပ်ပဲဖြစ်ပါတယ်။
Jeff Bezos
Jeff Bezos
ဂျက်ဘီဇော့ဟာ သုတစာပေထက်စာရင် စိတ်ကူးယဉ်ဆန်တဲ့ ရသစာပေတွေကိုပဲ နှစ်သက်ခဲ့သူပါ။ “The Remains of the Day” စိတ်ကူးယဉ်ဝတ္ထုထဲမှာ အင်္ဂလိပ်အစေခံ မစ္စတာစတီဗင် (Mr. Stevens) အကြောင်း ရေးဖွဲ့ထားပြီး ဝတ္ထုထဲမှာ နောင်တရမှု၊ ခွင့်လွှတ်တတ်မှုနဲ့ ပူဆွေးမှုတွေကို ရောထွေးခံစားရဖို့ (၁ဝ) နာရီတောင် အချိန်ပေးဖတ်ခဲ့တယ်လို့ Newsweek မဂ္ဂဇင်းနဲ့ တွေ့ဆုံပွဲမှာ ရင်ဖွင့်ခဲ့ပါတယ်။
The Remains of the Day
The Remains of the Day
၂။ မက်ခ်ဇူကာဘတ် (Mark Zuckerberg)
ကမ္ဘာကျော် လူမှုကွန်ရက် Facebook မှာ CEO အဖြစ် တာဝန်ယူနေတဲ့ မက်ခ်ဇူကာဘတ် (Mark Zuckerberg) ရဲ့အကြိုက်ဆုံးစာအုပ်က မစ်ရှယ် အလက်ဇန်းဒါး (Michelle Alexander) ရေးသားခဲ့တဲ့ “The New Jim Crow” စာအုပ်ဖြစ်ပါတယ်။
The New Jim Crow
The New Jim Crow
အမေရိကန်နိုင်ငံမှာ ရာဇဝတ်မှုတွေကို ကိုင်တွယ်တဲ့အခါ လူမည်းတွေအပေါ် တရားမျတမှု ဘယ်လောက်ရှိသလဲဆိုတာကို “The New Jim Crow” စာအုပ်မှာ အသေးစိတ်ရေးသားခဲ့ပြီး ၂ဝ၁ဝခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။ ဒီစာအုပ်ဖတ်ပြီးတဲ့နောက်မှာ မက်ခ်ဇူကာဘတ်ဟာ စန်ကွမ်တင်ပြည်နယ်အကျဉ်းထောင် (San Quentin State Prison) ကို သွားရောက်လေ့လာတဲ့အထိ စိတ်အားထက်သန်ခဲ့ပါတယ်။
Mark Zuckerberg
Mark Zuckerberg
လူမျိုးရေးမခွဲခြားဘဲ တန်းတူညီမျှ တရားစီရင်ရေးဖြစ်ဖို့ အချက်အလက်ကောက်ယူရာမှာ အမေရိကန်ဒေါ်လာ ၆.၅သန်း လှူဒါန်းခဲ့ပါသေးတယ်။
၃။ စန်တရာ နာဒယ်လာ (Satya Nadella)
မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်း (Microsoft Corporation) မှာ CEO တာဝန်ယူထားတဲ့ စန်တရာ နာဒယ်လာ (Satya Nadella) ရဲ့အကြိုက်ဆုံးစာအုပ်က ပါမောက္ခ ကာရိုးဒွက် (Carol Dweck) ရေးသားတဲ့ “Mindset: The New Psychology of Success” စာအုပ်ပဲဖြစ်ပါတယ်။
Mindset: The New Psychology of Success
Mindset: The New Psychology of Success
ဒီစာအုပ်ကို သူ့အမျိုးသမီးက တိုက်တွန်းလို့ ဖတ်ခဲ့တာဖြစ်ပြီး မချချင်လောက်အောင် စွဲလမ်းသွားတယ်လို့ ဆိုပြန်ပါတယ်။ ဒီစာအုပ်မှာက ပုံသေစိတ်နှလုံးနဲ့ ပြောင်းလဲနေတဲ့ စိတ်နှလုံးကို ယှဉ်တွဲဖော်ပြထားပြီး စိတ်ခံစားချက်ဟာ အချိန်အခါလိုက် ပြောင်းလဲသင့်တယ်လို့ ရေးသားထားပါတယ်။
Satya Nadella
Satya Nadella
ကုမ္ပဏီတစ်ခု တိုးတက်ကြီးပွားလိုချင်ရင် အဖွဲ့အစည်းတစ်ခုလုံး လေ့လာသင်ယူပြီး ဦးနှောက်ဖွံ့ဖြိုးဖို့ Growth Mindset အဖြစ် ပြောင်းသင့်တယ်လို့ စန်တရာ နာဒယ်လာက Wall Street Journal မှာ ပြောသွားပါတယ်။
၄။ ဂျက်ဖ်ဝိန်နာ (Jeff Weiner)
LinkedIn ရဲ့ CEO ဖြစ်တဲ့ ဂျက်ဖ်ဝိန်နာ (Jeff Weiner) ကတော့  ဟောင်းဝဒ်ကတ္တလာ (Howard Cutler) ရေးသားတဲ့ “The Art of Happiness”  စာအုပ်ကို ညွှန်းသွားပါတယ်။
The Art of Happiness
The Art of Happiness
စာရေးဆရာ ဟောင်းဝဒ်ကတ္တလာက တိဘတ်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) ကို တွေ့ဆုံမေးမြန်းထားပြီး ဘဝကို ဘယ်လိုပျော်ရွှင်အောင်နေမလဲဆိုတဲ့အကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။
Jeff Weiner
Jeff Weiner
တစ်ယောက်ကို တစ်ယောက် သနားကြင်နာမှုဆိုတာ ကျင့်ကြံဖို့ ခက်ခဲပေမယ့် လူသားတိုင်း စောင့်ထိန်းအပ်ပါတယ်လို့ LinkedIn ရဲ့ ပဲ့ကိုင်ရှင်ကြီးက Silicon Valley Business Journal မှာ ပြောဆိုသွားပါတယ်။
၅။ ဝါရင့်ဘန့်ဖတ် (Warren Buffett)
Berkshire Hathaway မှာ CEO အဖြစ် တာဝန်ယူထားတဲ့ ဝါရင့်ဘန့်ဖတ် (Warren Buffett) ရဲ့အကြိုက်ဆုံးစာအုပ်က ဘက်ဂျမင် ဂရေဟမ် (Benjamin Graham) ရဲ့ “The Intelligent Investor” ဆိုတဲ့စာအုပ်ပါ။
The Intelligent Investor
The Intelligent Investor
၁၉၄၉ခုနှစ်မှာ ဖြန့်ချိခဲ့ပေမယ့် ရောင်းအားကောင်းလွန်းလို့ အကြိမ်ပေါင်းများစွာ ထုတ်ဝေခဲ့ရပါတယ်။ ဒီစာအုပ်မှာ ပါးပါးနပ်နပ်ရင်းနှီးမြှုပ်နှံသင့်ကြောင်း မဟာဗျူဟာကျကျ ရေးဖွဲ့ထားပြီး ရင်းနှီးမြှုပ်နှံမှုရဲ့တန်ဖိုးကိုလည်း ရေးဖွဲ့ထားပါတယ်။
Warren Buffett
Warren Buffett
ကုမ္ပဏီအသေးတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်မယ်၊ အချိန်ကြာလာရင် အမြတ်ငွေများများနဲ့ ပြန်ရောင်းစားတတ်တဲ့ ဈေးကွက်ကဝေကြီး ဝါရင့်ဘန့်ဖတ်ဟာ “The Intelligent Investor” စာအုပ်ကို လင်ကွန်းမြို့ (Lincoln) ရဲ့ စာအုပ်ဆိုင်တစ်ဆိုင်မှာ တွေ့ပြီး ဝယ်ခဲ့တာပါလို့ ကိုလံဘီယာတက္ကသိုလ် (Columbia University) ဟောပြောပွဲတစ်ခုမှာ ရင်ဖွင့်သွားပါတယ်။
၆။ စတိဗ်ဂျော့ (Steve Jobs)
Apple ဆိုတဲ့ အမှတ်တံဆိပ်ကို ကမ္ဘာ့နံပါတ် (၁) ဖြစ်အောင် စွမ်းဆောင်ခဲ့ရာမှာ စတိဗ်ဂျော့ (Steve Jobs) ရဲ့ စွမ်းဆောင်မှုက အခရာကျခဲ့ပါတယ်။ ၁၉၇၆ခုနှစ်မှာ Apple ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၁၉၉၇ခုနှစ်မှ ၂ဝ၁၁ခုနှစ်အထိ CEO အဖြစ် တာဝန်ယူခဲ့တဲ့ စတိဗ်ဂျော့ နှစ်သက်တဲ့ စာအုပ်တွေကတော့ “The Innovator’s Dilemma” ၊ “Secrets of the Little Blue Box” ၊ “King Lear” ၊ “Moby-Dick” ၊ “Dylan’s Work” ၊ “Zen Mind, Beginner’s Mind” ၊ “Cutting Through Spiritual Materialism” ၊ “Be Here Now” ၊ “Diet for a Small Planet” နဲ့ “Mucusless Diet Healing System” တွေပါ။
Steve Jobs
Steve Jobs
ဒါပေမယ့် သူ့ရဲ့ iPad 2 ထဲမှာ ထည့်ထားတဲ့ တစ်အုပ်ကတော့ တစ်အုပ်ပဲရှိပါတယ်။ သူအကြိုက်ဆုံးစာအုပ်က ပရာမန်ဟန်စာ ရိုဂန်နန္ဒ (Paramahansa Yogananda) ရေးသားခဲ့တဲ့ “Autobiography of a Yogi”  ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ စတိဗ်ဂျော့ဟာ ၁၉၇၄နှစ်လယ်လောက်တုန်းက အိန္ဒိယနိုင်ငံကို အလည်အပတ်သွားခဲ့တုန်းက ဒီစာအုပ်ကို တွေ့ခဲ့တာပါ။ ယောဂီတွေအနေနဲ့ သမထကမ္မဌာန်းကျင့်စဉ်ကို ဘယ်လိုကျင့်ကြံသင့်တယ်ဆိုတာ ဖော်ပြထားပါတယ်။
Autobiography of a Yogi
Autobiography of a Yogi
ဒါတွေကတော့ ကဏ္ဍအသီးသီးမှာ အောင်မြင်နေတဲ့ CEO တွေရဲ့ အကြိုက်ဆုံးစာအုပ်တွေကို စုစည်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အခရာပရိသတ်ကြီးအနေနဲ့ရော ကိုယ့်အကြိုက်ဆုံးစာအုပ်က ဘာများဖြစ်မလဲ။
ကျော်စိုးအောင် (အခရာ)
www.akhayar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။