#နေထိုင်မှု။
🍓🍓🍓🍓🍓
လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဘော်လီနဲ့အတွင်းခံအပြင်ထုတ် ထားရင် ကျက်သရေမရှိဘူး၊
နှစ်သုံးဆယ်ကြာတော့ ဘော်လီနဲ့အတွင်းခံကို ဆိုင်ကြီးတွေမှာ တင်ထားရင် ခေတ်မီတယ်။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က အင်္ကျီနဲ့ဘောင်းဘီမှာ အပေါက်နဲ့ ဖာရာပေါ်ရင် ဆင်းရဲလို့၊
နှစ်သုံးဆယ်ကြာတော့ အင်္ကျီနဲ့ဘောင်းဘီမှာ အပေါက်နဲ့ ဖာရာကို ပိုက်ဆံနဲ့ဝယ်တာ ချမ်းသာလို့။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဘဏ်မှာငွေချေးရဖို့ သင်ကအနူးအညွှတ်တောင်းပန်ရတယ် ၊
နှစ်သုံးဆယ်ကြာတော့ ဘဏ်က သင်ငွေလာချေးဖို့ အနူးအညွှတ်လာတောင်းပန်တယ်။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူတစ်ယောက်လုပ်ရင် တစ်မိသားစုလုံးစားရတယ်၊
နှစ်သုံးဆယ်ကြာတော့ လူနှစ်ယောက်လုပ်တောင် ကလေးတစ်ယောက်မွေးဖို့ အနိုင်နိုင်စဉ်းစားရတယ်။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က တက္ကသိုလ်ဖြေဆိုအောင်နိုင်ဖို့ အင်မတန်မှခက်ခဲတယ်၊
နှစ်သုံးဆယ်ကြာတော့ တက္ကသိုလ်ဖြေဆို မအောင်ဖို့တောင်အင်မတန်မှခက်ခဲတယ်။ (ကိုယ့်ခေတ်က အောင်ချက်နဲ့ ကိုယ့်မိဘခေတ်က အောင်ချက် နှိုင်းယှဉ်ပြီးမှလာပြန်ပြော ပါ)
လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူတစ်ယောက်နဲ့ မှားအိပ်မိပြီဆို သူက တစ်သက်လုံး သင့်လူပဲ၊
နှစ်သုံးဆယ်ကြာတော့ အကြိမ်ကြိမ်အိပ်ပြီးရင်တာင် လူက သင့်ဟာဟုတ်မဟုတ် မသေချာသေးဘူး။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က အိမ်မှာ လူအိုတစ်ယောက်ရှိရင် မင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတယ် ၊
နှစ်သုံးဆယ်ကြာတော့ အိမ်မှာ လူအိုတစ်ယောက်ရှိရင် အကုန်လုံးထွက်ပြေးချင်တယ်။
အချိန်က ပြောင်းလဲတတ်သလို လူတွေကလည်း ပြောင်းလဲလာတယ်၊
အချို့အရာတွေက ကျနော်တို့ ဘယ်လောက်ကြိုးစား ကြိုးစား၊ ပြန်သွားလို့ မရတာက မရတာပဲ။
လူ့ဘဝ...
အကောင်းဆုံး စိတ်အခြေအနေက 'တည်ငြိမ်ခြင်း'
အကောင်းဆုံး ခံစားချက်က 'လွတ်လပ်ခြင်း'
တစ်ခါတစ်လေ အရာရာကို ခပ်ပေါ့ပေါ့လေးတွေးခြင်းဟာ ပျော်ရွှင်မှုကိုရစေတယ်၊
ဒီနေ့ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ မနက်ဖြန်ရောက်ရင် ကိစ္စလေးဖြစ်သွားကော။
ဒီနှစ် ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောက်နှစ်ရောက်ရင် ပုံပြင်လေးဖြစ်သွားကော။
ဒီဘဝ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောင်ဘဝရောက်ရင် ယုံတမ်းစကားဖြစ်သွားကော။
ကျနော်တို့တွေက ယုံတမ်း ပုံပြင်တွေကို ဖန်တီးနေတဲ့သူတွေလေ... မေ့နေပြီလား။
ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြုံတိုင်း ကိုယ့်ကိုပြန်သတိပေးပါ။
ဒီနေ့က ကုန်သွားမှာ၊ မနက်ဖြန်က ရောက်လာမှာ၊ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာ၊ ခေတ်နဲ့ အချိန်က ကိုယ့်ကိုဆေးကြောသွားမှာ၊ အသက်တို့က လျော့ပါးသွားမှာ။
ကျားတစ်ဗန်းမှာ ကျားစေ့ မ,တာနဲ့ ချတာ ကြားထဲမှာ စဉ်းစားတာ
ပွဲပြီးတဲ့အချိန်ထိပဲ...
လူ့တစ်ဘဝမှာ ရယူလိုခြင်း နဲ့ စွန့်လွှတ်ခြင်း ကြားထဲမှာ စိတ်တွေ သောကရောက်ကြတာ..
သေတဲ့ အချိန်အထိပဲ...
သင့်ရဲ့စိတ်ကို အရှုပ်ထုပ်တွေနဲ့ မချည်နှောင်ထားပါနဲ့၊
အသက်ကိုတစ်ချက် ပြင်းပြင်းရှုကြည့်ပါ၊
အတိတ်ကို လွှတ်ချပြီး ပစ္စုပ္ပန်မှာနေထိုင်ပါ၊
တစ်ချို့ မမြင်ရတဲ့အရာတွေကို နှလုံးသားနဲ့ နားလည်ကြည့်ပါ၊
ဘယ်သူနဲ့နေရတာပျော်လဲ?
ထိုသူ့ဘေးမှာပဲ တစ်သက်လုံးနေထိုင်ပြီး
ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း ပါ။
peace
Credit-
🍓🍓🍓🍓🍓
လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဘော်လီနဲ့အတွင်းခံအပြင်ထုတ်
နှစ်သုံးဆယ်ကြာတော့ ဘော်လီနဲ့အတွင်းခံကို ဆိုင်ကြီးတွေမှာ တင်ထားရင် ခေတ်မီတယ်။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က အင်္ကျီနဲ့ဘောင်းဘီမှာ အပေါက်နဲ့ ဖာရာပေါ်ရင် ဆင်းရဲလို့၊
နှစ်သုံးဆယ်ကြာတော့ အင်္ကျီနဲ့ဘောင်းဘီမှာ အပေါက်နဲ့ ဖာရာကို ပိုက်ဆံနဲ့ဝယ်တာ ချမ်းသာလို့။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဘဏ်မှာငွေချေးရဖို့ သင်ကအနူးအညွှတ်တောင်းပန်ရတယ်
နှစ်သုံးဆယ်ကြာတော့ ဘဏ်က သင်ငွေလာချေးဖို့ အနူးအညွှတ်လာတောင်းပန်တယ်။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူတစ်ယောက်လုပ်ရင် တစ်မိသားစုလုံးစားရတယ်၊
နှစ်သုံးဆယ်ကြာတော့ လူနှစ်ယောက်လုပ်တောင် ကလေးတစ်ယောက်မွေးဖို့ အနိုင်နိုင်စဉ်းစားရတယ်။
လွန်ခဲ့တဲ့နှစ်သုံးဆယ်က တက္ကသိုလ်ဖြေဆိုအောင်နိုင်ဖိ
နှစ်သုံးဆယ်ကြာတော့ တက္ကသိုလ်ဖြေဆို မအောင်ဖို့တောင်အင်မတန်မှခက
လွန်ခဲ့တဲ့နှစ်သုံးဆယ်က လူတစ်ယောက်နဲ့ မှားအိပ်မိပြီဆို သူက တစ်သက်လုံး သင့်လူပဲ၊
နှစ်သုံးဆယ်ကြာတော့ အကြိမ်ကြိမ်အိပ်ပြီးရင်တာင်
လွန်ခဲ့တဲ့နှစ်သုံးဆယ်က အိမ်မှာ လူအိုတစ်ယောက်ရှိရင် မင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတယ်
နှစ်သုံးဆယ်ကြာတော့ အိမ်မှာ လူအိုတစ်ယောက်ရှိရင် အကုန်လုံးထွက်ပြေးချင်တယ်။
အချိန်က ပြောင်းလဲတတ်သလို လူတွေကလည်း ပြောင်းလဲလာတယ်၊
အချို့အရာတွေက ကျနော်တို့ ဘယ်လောက်ကြိုးစား ကြိုးစား၊ ပြန်သွားလို့ မရတာက မရတာပဲ။
လူ့ဘဝ...
အကောင်းဆုံး စိတ်အခြေအနေက 'တည်ငြိမ်ခြင်း'
အကောင်းဆုံး ခံစားချက်က 'လွတ်လပ်ခြင်း'
တစ်ခါတစ်လေ အရာရာကို ခပ်ပေါ့ပေါ့လေးတွေးခြင်းဟာ ပျော်ရွှင်မှုကိုရစေတယ်၊
ဒီနေ့ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ မနက်ဖြန်ရောက်ရင် ကိစ္စလေးဖြစ်သွားကော။
ဒီနှစ် ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောက်နှစ်ရောက်ရင် ပုံပြင်လေးဖြစ်သွားကော။
ဒီဘဝ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောင်ဘဝရောက်ရင် ယုံတမ်းစကားဖြစ်သွားကော။
ကျနော်တို့တွေက ယုံတမ်း ပုံပြင်တွေကို ဖန်တီးနေတဲ့သူတွေလေ... မေ့နေပြီလား။
ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြုံတိုင်း ကိုယ့်ကိုပြန်သတိပေးပါ။
ဒီနေ့က ကုန်သွားမှာ၊ မနက်ဖြန်က ရောက်လာမှာ၊ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာ၊ ခေတ်နဲ့ အချိန်က ကိုယ့်ကိုဆေးကြောသွားမှာ၊ အသက်တို့က လျော့ပါးသွားမှာ။
ကျားတစ်ဗန်းမှာ ကျားစေ့ မ,တာနဲ့ ချတာ ကြားထဲမှာ စဉ်းစားတာ
ပွဲပြီးတဲ့အချိန်ထိပဲ...
လူ့တစ်ဘဝမှာ ရယူလိုခြင်း နဲ့ စွန့်လွှတ်ခြင်း ကြားထဲမှာ စိတ်တွေ သောကရောက်ကြတာ..
သေတဲ့ အချိန်အထိပဲ...
သင့်ရဲ့စိတ်ကို အရှုပ်ထုပ်တွေနဲ့ မချည်နှောင်ထားပါနဲ့၊
အသက်ကိုတစ်ချက် ပြင်းပြင်းရှုကြည့်ပါ၊
အတိတ်ကို လွှတ်ချပြီး ပစ္စုပ္ပန်မှာနေထိုင်ပါ၊
တစ်ချို့ မမြင်ရတဲ့အရာတွေကို နှလုံးသားနဲ့ နားလည်ကြည့်ပါ၊
ဘယ်သူနဲ့နေရတာပျော်လဲ?
ထိုသူ့ဘေးမှာပဲ တစ်သက်လုံးနေထိုင်ပြီး
ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း
peace
Credit-
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။