မိမိဘဝကို တခြားဘဝများနှင့် မနှိုင်းယှဉ်မိပါစေနဲ့
__________________________ _________
ကျွန်တော့်စာကိုဖတ်သည့် ညီမတစ်ယောက်က ကျွန်တော့်
ကို မေးခွန်းလာမေးပါတယ်။သူက အရမ်းအားငယ်တတ်လို့
တဲ့ . . .အဲဒါဘာလို့ဖြစ်ရတာလဲဆိုပြီး မေးပါတယ်။ အဲဒီခံ
စားချက်က လူတိုင်းနီးပါး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်
ဆို Stateကျောင်းသားဘဝက မိမိကိုယ်ကို အားငယ်တတ်
လွန်သည်မှာ တပါးသူများထက် ဆိုးဝါးခဲ့ပါတယ်။
ဘယ်လောက်ထိဆိုးဝါးခဲ့လည်းဆိုရင် ကလေးတစ်ယောက်
လို လူးလိမ့်ငိုခဲ့ရတဲ့ အဖြစ်မျိုးပါ။မိမိက တပါးသူများကဲ့သို့
စာမတော်သည့်အပြင် Dyslexiaခေါ် စာဖတ်လျှင် လွယ်
လွယ်နှင့် ဆိုလိုရင်းကို သဘောမပေါက်တတ်သည့် ပြဿ
နာရှိနေတာကတစ်ကြောင်း။ပြီးေ တာ့ စာတော်တဲ့သူများကဲ့
သို့ မိမိက စာဘာလို့မရရတာလဲဆိုပြီး နှိုင်းယှဉ်မိတော့ စိတ်
ဓါတ်တွေ တအားကျလာတယ်။အားငယ်စိတ်တွေ ငယ်ထိပ်
ရောက်ပြီး မိမိလုပ်ဆောင်နိုင်စွမ်းကို ယုံကြည်မှု ကင်းမဲ့လာ
တော့တာပါပဲ။
နောက်တော့ မိမိကိုယ်ကို ပြန်စစ်ရတော့တယ်။ ငါဘာလို့
စိတ်ဓါတ်တွေကျပြီး အားငယ်နေရတာလဲဆိုပြီး မိမိဘာသာ
မေးခွန်းတွေထုတ်ရတယ်။ဆရာပလောင်ကလည်း သူ့ဆယ်
တန်းဘဝက ဘယ်လို အားငယ်ခဲ့ရကြောင်းကို ရယ်ရယ်
မောမောနှင့် ပြောပြပေးသောကြောင့် စိတ်ဓါတ်တွေ တက်
ကြွလာပြီး စာတွေပြန်ကျက်တယ်။အဲဒီနောက် မိမိဘဝကို
တပါးသူရဲ့ဘဝများနှင့် မနှိုင်းယှဉ်မိအောင် သတိထားပြီး နေ
တတ်လာတယ်။ယခုတော့ စာတွေများများဖတ်လာသော
ကြောင့် အားငယ်စိတ်တွေက မရှိသလောက်ဟု ဆိုရပါမည်။
လူတစ်ယောက် အားငယ်ရသည့် အဓိကအချက်က မိမိဘ
ဝကို တပါးသူရဲ့ဘဝနှင့် နှိုင်းယှဉ်မိသောကြောင့်ပါ။ မိမိသိ
ထားရမှာက မိမိဘဝက တခြားသူများဘဝနှင့် မတူဘူးဆို
တာကို သိထားရမယ်။သူ့ဘဝက သူ့ဘဝလေ မိမိဘဝနှင့်
ဘာမျှ မသက်ဆိုင်ပါ။အဲဒါကို မိမိက သူ့ဘဝနှင့်မိမိဘဝကို
တစ်ပုံစံတည်းဖြစ်ဖို့ ကြိုးစားနေခြင်းဟာ မဖြစ်သင့်သော
ကိစ္စပါ။ မိမိကလည်း မိမိပုံစံနှင့် မိိမိဘဝတစ်ခုကို တည်
ဆောက်ရမှာပါ။အဲဒါကို ကုန်ပစ္စည်းတစ်ခုလို တစ်ပုံစံတည်း
သူ့ဘဝနှင့် ကိုယ့်ဘဝ တထေးရာတည်းဖြစ်အောင် အတင်
မလုပ်ယူမိပါစေနဲ့။ကော်ဖီချင်တူရင်တောင် သူကSuper
ဆိုရင် မိမိက Happyလုပ်ပါ။ကိုယ့်အမူအရာ ကိုယ့်စတိုင် နှင့်ကိုယ့်ဘဝအိမ်လေးကို တည်ဆောက်ပါ။
Don't compare your life with others'
because the shine of the sun and the moon is not at the same time.
"မင်းရဲ့ဘဝကို တခြားသူများဘဝနှင့် မနှိုင်းယှဉ်မိပါစေနဲ့။ဘာလို့ လဲဆိုတော့ နေနှင့်လဟာ သူ့အချိန်နှင့်သူတောက်ပ
ကြတာလေ။"
-ဝက်ပ်ဆိုဒ်တစ်ခုမှ
(မိမိအမြင်သာ ဖြစ်၍ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါ
ကြောင်း)
Written by;စာဖတ်သူများကို အစဉ်လေးစားလျက်ရှိပါသော
ဖေဖြိုးမေ(မြန်မာ့မြေမှ မြန်မာပြည်သား)
__________________________
ကျွန်တော့်စာကိုဖတ်သည့် ညီမတစ်ယောက်က ကျွန်တော့်
ကို မေးခွန်းလာမေးပါတယ်။သူက အရမ်းအားငယ်တတ်လို့
တဲ့ . . .အဲဒါဘာလို့ဖြစ်ရတာလဲဆိုပြီ
စားချက်က လူတိုင်းနီးပါး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်
ဆို Stateကျောင်းသားဘဝက မိမိကိုယ်ကို အားငယ်တတ်
လွန်သည်မှာ တပါးသူများထက် ဆိုးဝါးခဲ့ပါတယ်။
ဘယ်လောက်ထိဆိုးဝါးခဲ့လည်းဆိ
လို လူးလိမ့်ငိုခဲ့ရတဲ့ အဖြစ်မျိုးပါ။မိမိက တပါးသူများကဲ့သို့
စာမတော်သည့်အပြင် Dyslexiaခေါ် စာဖတ်လျှင် လွယ်
လွယ်နှင့် ဆိုလိုရင်းကို သဘောမပေါက်တတ်သည့် ပြဿ
နာရှိနေတာကတစ်ကြောင်း။ပြီးေ
သို့ မိမိက စာဘာလို့မရရတာလဲဆိုပြီး နှိုင်းယှဉ်မိတော့ စိတ်
ဓါတ်တွေ တအားကျလာတယ်။အားငယ်စိတ်တွေ ငယ်ထိပ်
ရောက်ပြီး မိမိလုပ်ဆောင်နိုင်စွမ်းကို
တော့တာပါပဲ။
နောက်တော့ မိမိကိုယ်ကို ပြန်စစ်ရတော့တယ်။ ငါဘာလို့
စိတ်ဓါတ်တွေကျပြီး အားငယ်နေရတာလဲဆိုပြီး မိမိဘာသာ
မေးခွန်းတွေထုတ်ရတယ်။ဆရာပလေ
တန်းဘဝက ဘယ်လို အားငယ်ခဲ့ရကြောင်းကို ရယ်ရယ်
မောမောနှင့် ပြောပြပေးသောကြောင့် စိတ်ဓါတ်တွေ တက်
ကြွလာပြီး စာတွေပြန်ကျက်တယ်။အဲဒီနောက်
တပါးသူရဲ့ဘဝများနှင့် မနှိုင်းယှဉ်မိအောင် သတိထားပြီး နေ
တတ်လာတယ်။ယခုတော့ စာတွေများများဖတ်လာသော
ကြောင့် အားငယ်စိတ်တွေက မရှိသလောက်ဟု ဆိုရပါမည်။
လူတစ်ယောက် အားငယ်ရသည့် အဓိကအချက်က မိမိဘ
ဝကို တပါးသူရဲ့ဘဝနှင့် နှိုင်းယှဉ်မိသောကြောင့်ပါ။ မိမိသိ
ထားရမှာက မိမိဘဝက တခြားသူများဘဝနှင့် မတူဘူးဆို
တာကို သိထားရမယ်။သူ့ဘဝက သူ့ဘဝလေ မိမိဘဝနှင့်
ဘာမျှ မသက်ဆိုင်ပါ။အဲဒါကို မိမိက သူ့ဘဝနှင့်မိမိဘဝကို
တစ်ပုံစံတည်းဖြစ်ဖို့ ကြိုးစားနေခြင်းဟာ မဖြစ်သင့်သော
ကိစ္စပါ။ မိမိကလည်း မိမိပုံစံနှင့် မိိမိဘဝတစ်ခုကို တည်
ဆောက်ရမှာပါ။အဲဒါကို ကုန်ပစ္စည်းတစ်ခုလို တစ်ပုံစံတည်း
သူ့ဘဝနှင့် ကိုယ့်ဘဝ တထေးရာတည်းဖြစ်အောင် အတင်
မလုပ်ယူမိပါစေနဲ့။ကော်ဖီချင
ဆိုရင် မိမိက Happyလုပ်ပါ။ကိုယ့်အမူအရာ ကိုယ့်စတိုင် နှင့်ကိုယ့်ဘဝအိမ်လေးကို တည်ဆောက်ပါ။
Don't compare your life with others'
because the shine of the sun and the moon is not at the same time.
"မင်းရဲ့ဘဝကို တခြားသူများဘဝနှင့် မနှိုင်းယှဉ်မိပါစေနဲ့။ဘာလို
ကြတာလေ။"
-ဝက်ပ်ဆိုဒ်တစ်ခုမှ
(မိမိအမြင်သာ ဖြစ်၍ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါ
ကြောင်း)
Written by;စာဖတ်သူများကို အစဉ်လေးစားလျက်ရှိပါသော
ဖေဖြိုးမေ(မြန်မာ့မြေမှ မြန်မာပြည်သား)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။