အောင်မြင်သူများလုပ်ဆောင်လေ့ ရှိသည့် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိ သည့်ပုံစံလုပ်ဆောင်ချက်များ
မိမိကိုယ်ကိုယုံကြည်မှုရှိခြ င်းဟာ မိမိ Career အောင်မြင်မှု၏သော့ချက်တစ်ခြု ဖစ်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိ သူတွေဟာ အများရဲ့ယုံကြည်မှုကိုလည်းရရှိသလို လွှမ်းမိုးနိုင်စွမ်းလည်းရှိတယ်လို့ သုတေသနစစ်တမ်းများအရသိရပါတယ်။ ဒါပေမဲ့ စင်ပေါ်မှာ၊ လူအများရှေ့မှာစကားပြောရတဲ့ အခါ လူစိမ်းတစ်ယောက်နဲ့စကားပြော တဲ့အခါ အစည်းအဝေးတွေမှာပါဝင်ရတဲ့အခါ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိ တာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမျိုးတွေမှာ ကိုယ့်ရဲ့ကိုယ်နေဟန်ထားကိုဂ ရုစိုက်ပါ။ ကိုယ့်ရဲ့ခန္ခာကိုယ်အနေအထားကိုအသုံးပြုပြီး ယုံကြည်မှုရှိကြောင်းကိုပြသနိုင်ပါတယ်။ ခေါင်းဆောင်တွေ အနေနဲ့လည်းမိမိကိုယ်ကိုယြုံ ကည်မှုရှိကြောင်းပြသဖို့ဟာ အရမ်းကိုအရေးကြီးပါတယ်။
ဒါကြောင့် အောင်မြင်သူတွေလုပ်ဆောင်လေ့ ရှိတဲ့ အောက်ကအချက်လေးတွေကိုအသုံြး ပုပြီး မိမိယုံကြည်မှုရှိကြောင်းကို ပြသလိုက်ပါ။
(၁) တစ်ဖက်သူကိုကြည့်ပြီး စကားပြောပါ
တစ်စုံတစ်ယောက်နဲ့စကားပြောတဲ့အခါ
ဥပမာ အင်တာဗျူးဖြေဆိုတဲ့အခါမှာ တစ်ဖက်သူကိုကြည့်ပြီး စကားပြောပါ။
စကားပြောနေချိန်မှာ အခြားဖက်ကိုကြည့်နေတာမျိုး ဖုန်းကိုကြည့်ပြောတာမျိုး
မျက်လွှာချပြောတာမျိုးမလုပ်ေ ဆာင်သင့်ပါ။ တစ်ဖက်သူကိုမျက်လုံးချင်းကြ ည့်ပြီး စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိ တာကိုပြသရာရောက်ပြီး တစ်ဖက်သူကလည်းသူ့ကိုအလေးထား ကြောင်းကို ခံစားမိစေမှာဖြစ်ပါတယ်။
(၂) မတ်မတ်ရပ်ပါ
လူအများရှေ့မှာစကားပြောတဲ့အ ခါပဲဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့စကားပြောတဲ့ အခါမှာပဲဖြစ်ဖြစ် podium ကိုမှီရပ်တာ၊ နံရံမှီတာ၊ တစ်ခုခုကိုမှီတာမျိုးမလုပ်ေ ဆာင်ဘဲ မတ်မတ်ရပ်ပါ။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် အခြားသူစကားပြောတာကိုစိတ်ဝင်တစားနားထောင်ကြောင်းပြသလို မိမိကိုယ်ကိုယ်ယုံကြည်မှုရှိ ကြောင်း လည်းပြသရာရောက်ပါတယ်။
(၃) လက်များကိုအိတ်ကပ်ထဲမထည့်ပါ နဲ့
ကိုယ့်လက်တွေကို ဘောင်းဘီ၊ အင်္ကျီအိတ်ကပ်ထဲထည့်ထားခြင်း ဟာ စိတ်မသက်မသာဖြစ်တဲ့အခါ မသေချာမရေရာတဲ့အခါ လုပ်ဆောင်လေ့ရှိတယ်လို့သုတေ သနတွေ့ရှိချက်များက ဆိုပါတယ်။ ကြောက်ရွံ့တဲ့အခါမှာလည်း လက်တွေကိုဝှက်ထားတတ်သလို တစ်ဖက်သူကလည်းယုံကြည်မှုမရှိ သူလို့ မြင်စေတတ်ပါတယ်။ ဒါကြောင့် လက်တွေကိုအပြင်ထုတ်ထားပြီး ယုံကြည်မှုရှိသူတစ်ယောက်အနေနဲ့လုပ် ဆောင်သင့်ပါတယ်။
(၄) လက်မပိုက်ပါနဲ့
တစ်ဖက်သူနဲ့စကားပြောတဲ့အခါ လက်ပိုက်ထားခြင်းဟာ မိမိကိုယ်ကိုယ်အကာအကွယ်ယူကာ ကြောက်ရွံ့မှုကိုပြသရာရောက်သ လို အခြားသူများကိုလည်းအနေရခက်ေ စပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါမှာ လက်တွေကိုဖြန့်ကားသည့်ပုံစံ ကိုအသုံးပြုကာ ယုံကြည်မှုရှိကြောင်းကိုပြသနိုင် ပါတယ်။
(၅) ပြုံးပါ
မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ သူတွေဟာ မိမိမှာစိုးရိမ်ပူပန်မှုတွေမ ရှိသည့်အတိုင်း အပြုံးဖြင့်နှုတ်ဆက်လေ့ရှိ ကြပါတယ်။ ရုံးမှာအခြားသူတွေနဲ့ဖြတ်သွားရင်းတွေ့တဲ့အခါ ကိုယ့်ဖက်ကစတင်ပြုံးပြပါ။ အပြုံးဟာ တစ်ဖက်သူကိုလည်း ပြန်လည်ပြုံးပြအောင်လုပ်ဆော င်နိုင်သလို ဆက်ဆံရေးလည်းပိုမိုကောင်းမွ န် စေပါတယ်။
ဟားဗတ်ရဲ့ပါမောက္ခ TED talk မှာလူကြည့်အများဆုံး speaker ထဲကတစ်ယောက်ဖြစ်တဲ့ Amy Cuddy က သူ့ရဲ့ “Your body language may shape who you are” ဆိုတဲ့ talk မှာပြောထားတာက မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလို့ခံစားရ တဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်နေဟန်ထားကိုအ သုံးပြုပြီး
ယုံကြည်မှုရှိကြောင်း ပြသနိုင်ပါလို့ဆိုပါတယ်။ စာဖတ်သူတို့လည်း
စိတ်ဝင်စားရင်သူ့ရဲ့ TED talk ကိုကြည့်ကြည့်ပါ။ ကိုယ်နေဟန်ထားကလူတစ်ယောက်ကို ဘယ်လောက်အကျိုးသက်ရောက်မှုရှိစေသလဲဆိုတာကို သိနိုင်ပါလိမ့်မယ်။
#Laura_Cho
Career Coach
www.laurachointernational. com
မိမိကိုယ်ကိုယုံကြည်မှုရှိခြ
ဒါကြောင့် အောင်မြင်သူတွေလုပ်ဆောင်လေ့
(၁) တစ်ဖက်သူကိုကြည့်ပြီး စကားပြောပါ
တစ်စုံတစ်ယောက်နဲ့စကားပြောတ
(၂) မတ်မတ်ရပ်ပါ
လူအများရှေ့မှာစကားပြောတဲ့အ
(၃) လက်များကိုအိတ်ကပ်ထဲမထည့်ပါ
ကိုယ့်လက်တွေကို ဘောင်းဘီ၊ အင်္ကျီအိတ်ကပ်ထဲထည့်ထားခြင်း
(၄) လက်မပိုက်ပါနဲ့
တစ်ဖက်သူနဲ့စကားပြောတဲ့အခါ လက်ပိုက်ထားခြင်းဟာ မိမိကိုယ်ကိုယ်အကာအကွယ်ယူကာ
(၅) ပြုံးပါ
မိမိကိုယ်ကိုယုံကြည်မှုရှိတဲ
ဟားဗတ်ရဲ့ပါမောက္ခ TED talk မှာလူကြည့်အများဆုံး speaker ထဲကတစ်ယောက်ဖြစ်တဲ့ Amy Cuddy က သူ့ရဲ့ “Your body language may shape who you are” ဆိုတဲ့ talk မှာပြောထားတာက မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလို့ခံစားရ
#Laura_Cho
Career Coach
www.laurachointernational.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။