" အောင်မြင်မှုလမ်းစပိတ်ဆို့မှု ကို ကျော်ဖြတ်ခြင်းနည်းပညာ "
========================== =======
" ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို အဆောက်အအုံတစ်ခုအဖြစ်ဆိုကြပါစို့....။
ဒါဆိုရင် အဲ့ဒီအဆောက်အအုံနဲ့ ပက်သက်တဲ့ ကျွန်တော်တို့တွေရဲ့ အတွေးအမြင်ဟာ ငြမ်းနဲ့တူပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အဆောက်အအုံကောင်းဖို့အတွက် ငြမ်းကောင်းကောင်း ဆင်ထားဖို့လိုပါတယ်။
အတွေ့အကြုံဟာ အားသဘောကို ဆောင်ပါတယ်။ ကောင်းတဲ့ဆီကို တွန်းပို့ပေးနိုင်တဲ့ တွန်းအားဖြစ်နိုင်သလို ဆိုးတဲ့ဆီကို တွန်းပို့နိုင်တဲ့ တွန်းအားလည်း ဖြစ်နိုင်ပါတယ်။
ဒီသဘောတရားအတိုင်း ကောင်းတဲ့ ဆိုးတဲ့ ပင့်အား ဖိအားတွေလည်း ဖြစ်နိုင်ပါတယ်။ ဘ၀ရှေ့ရေးဆီ ခရီးဆက်ရာမှာ ဒီလိုအတွေးအမြင်အားတွေကို ကောင်းမြင်စွာ ပဲ့ထိန်းပေးနို်င်အောင် လေ့ကျင့်လို့ရပါတယ်။
ခရီးမြန်မြန်ပြီးမြောက်ဖို့ အတွက် မကောင်းတဲ့အတွေးအမြင်ဆွဲအား တွေကိုလည်း ဖြုတ်ချခဲ့နိုင်ရပါလိမ့်မယ် ။ တစ်နည်းဆိုရရင် ဘ၀ကိုနောက်ပြန်လှည့်သွားစေနိုင်တဲ့ အတွေးဆိုးမျိုးတွေပေါ့ ။
ကျရှုံးခဲ့တဲ့ ကျြိုးပမ်းမှုတွေနဲ့ မှားယွင်းမှုတွေဟာ ဖြစ်လာမယ့် ညွန်ပြမှုတွေလို့ အမြဲတမ်း ခံယူမထားပါနဲ့။ ကြိုးစားနေတဲ့သူဟာ ရည်မှန်းထားတဲ့ အောင်မြင်မှုကို မရသေးရင်တောင်မှ ဖွံ့ဖြိုးတိုးတက်မှုကိုတော့ တောက်လျှောက်ရနေနိုင်ပါတယ်။
ဖြစ်ချင်တဲ့ကိစ္စတစ်ခုကို ကောင်းကောင်းမွန်မွန် အဆုံးမသတ်နိုင်ပေမယ့်လည်း ဒါဟာ အတွေ့အကြုံကောင်းတွေထဲက တစ်ခုဆိုတာကို ပြင်းပြင်းရှူ ပြီး တောင့်ခံထားလိုက်ပါ။ အောင်မြင်မှုက မိတ်ဆွေ မမျှော်လင့်တော့တဲ့အချိန်မှာ ဘွားခနဲရောက်လာတတ်တာမျိုး ရှိတတ်တယ်။
ပြီးတော့ မိတ်ဆွေရည်မှန်းချက်ရဲ့ အတိုင်းအဆကလည်း ရှိသေးပါတယ်။ တခြားလူတွေနဲ့ တန်းတူသွားယှဉ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ကြိုးစားမြဲ ကြိုးစားပါ။ အောင်မြင်မှုက လိုက်လာပါလိမ့်မယ်။
ကျရှုံးတယ်ဆိုတာ တစ်ခဏတာပါ။
စွန့်လွှတ်အရှုံးပေးလိုက်တာကမှ ထာဝရနောင်တရနေမည် ဖြစ်နေပါလိမ့်မယ်.....။
မိတ်ဆွေနောက်ကွယ်မှာ မိတ်ဆွေမကောင်းကြောင်းပြောဆိုကြတဲ့
သူတွေကို လျစ်လျူ ရှု့တတ်ရမယ်။ သူတို့ရဲ့ အပြုအမူဆိုးတွေကြောင့် သူတို့ဟာ
မိတ်ဆွေ နောက်ကွယ်မှာ ရှိနေကြလိမ့်မယ်။ ခွန်အားပြည့် သန်စွမ်းတယ်ဆိုတာ
တိုက်ပွဲတိုင်းကို ၀င်နွှဲရမယ်လို့ ဆိုလိုသာ မဟုတ်ပါဘူး။
အဲ့ဒီလို မိတ်ဆွေဆိုးတွေအတွက် မိတ်ဆွေအားအင်ကို တစ်ပြားသားဖိုးမှ မသုံးစွဲလိုက်ပါနဲ့။ ကောလဟာလဟာ ကာလတိုပါတယ်။ ဒီလိုကိစ္စမျိုးအတွက် ခွန်အားကိုမသုံးစွဲတာဟာ အောင်မြင်မှုအတွက် လောင်စာသိုလှောင်နည်းတစ်မျိုးဖြစ်ပါတယ်။
တစ်ကယ်စွဲမှတ်ထားရမှာက ဒီနေ့ဟာ မိတ်ဆွေ အအိုမင်းဆုံးနေ့ဖြစ်ပြီး မိတ်ဆွေ နောက်တဖန် ဘယ်တော့မှပြန်မရနိုင်တော့တဲ့  အနုပျို ဆုံးနေ့လည်း ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါကြောင့် ရည်မှန်းရာနောက်ကို လိုက်ပြီးတော့ တန်ဖိုးထားမှုတွေကိုဖော်ဆောင်ဖို့ အကောင်းဆုံးကာလဟာ ဒီနေ့ပါပဲ။
မိတ်ဆွေရည်မှန်းချက်ရဲ့ တကယ့်အဆုံးဟာ ဘယ်နေရာမှာဆိုတာ ဘယ်တော့မှ မသိနိုင်ပါဘူး။ သိနိုင်သလောက်က ဒီနေ့ ဘယ်နေရာ ၊ ဘယ်အတိုင်းအတာလောက်အထိ ရောက်နေတယ်ဆိုတာနဲ့ ရှေ့ဆက်ခံယူချက်က ကျွန်တော်တို့ ရည်မှန်းရာ ရွက်သင်္ဘောရဲ့ ရွေ့လျားမှုကို ဖြစ်ပေါ်စေတာပါပဲ။
ခံယူချက်ဟာ ကြိုးပမ်းမှုခရီးစဉ်ရဲ့ အတွေ့အကြုံ တွေကို သိုမှီးပြီး အောင်မြင်မှုအတိုင်းအဆကို ဆုံးဖြတ်ပေးပါတယ်.....။"
စာပေချစ်မြတ်နိုးသူများအား လေးစားလျက်
Aung Ko Latt
ရာမညမြေ
==========================
" ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို အဆောက်အအုံတစ်ခုအဖြစ်ဆိုကြပ
ဒါဆိုရင် အဲ့ဒီအဆောက်အအုံနဲ့ ပက်သက်တဲ့ ကျွန်တော်တို့တွေရဲ့ အတွေးအမြင်ဟာ ငြမ်းနဲ့တူပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အဆောက်အအုံကောင်းဖို့အတွက် ငြမ်းကောင်းကောင်း ဆင်ထားဖို့လိုပါတယ်။
အတွေ့အကြုံဟာ အားသဘောကို ဆောင်ပါတယ်။ ကောင်းတဲ့ဆီကို တွန်းပို့ပေးနိုင်တဲ့ တွန်းအားဖြစ်နိုင်သလို ဆိုးတဲ့ဆီကို တွန်းပို့နိုင်တဲ့ တွန်းအားလည်း ဖြစ်နိုင်ပါတယ်။
ဒီသဘောတရားအတိုင်း ကောင်းတဲ့ ဆိုးတဲ့ ပင့်အား ဖိအားတွေလည်း ဖြစ်နိုင်ပါတယ်။ ဘ၀ရှေ့ရေးဆီ ခရီးဆက်ရာမှာ ဒီလိုအတွေးအမြင်အားတွေကို ကောင်းမြင်စွာ ပဲ့ထိန်းပေးနို်င်အောင် လေ့ကျင့်လို့ရပါတယ်။
ခရီးမြန်မြန်ပြီးမြောက်ဖို့
ကျရှုံးခဲ့တဲ့ ကျြိုးပမ်းမှုတွေနဲ့ မှားယွင်းမှုတွေဟာ ဖြစ်လာမယ့် ညွန်ပြမှုတွေလို့ အမြဲတမ်း ခံယူမထားပါနဲ့။ ကြိုးစားနေတဲ့သူဟာ ရည်မှန်းထားတဲ့ အောင်မြင်မှုကို မရသေးရင်တောင်မှ ဖွံ့ဖြိုးတိုးတက်မှုကိုတော့ တောက်လျှောက်ရနေနိုင်ပါတယ်။
ဖြစ်ချင်တဲ့ကိစ္စတစ်ခုကို ကောင်းကောင်းမွန်မွန် အဆုံးမသတ်နိုင်ပေမယ့်လည်း ဒါဟာ အတွေ့အကြုံကောင်းတွေထဲက တစ်ခုဆိုတာကို ပြင်းပြင်းရှူ ပြီး တောင့်ခံထားလိုက်ပါ။ အောင်မြင်မှုက မိတ်ဆွေ မမျှော်လင့်တော့တဲ့အချိန်မှ
ပြီးတော့ မိတ်ဆွေရည်မှန်းချက်ရဲ့ အတိုင်းအဆကလည်း ရှိသေးပါတယ်။ တခြားလူတွေနဲ့ တန်းတူသွားယှဉ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ကြိုးစားမြဲ ကြိုးစားပါ။ အောင်မြင်မှုက လိုက်လာပါလိမ့်မယ်။
ကျရှုံးတယ်ဆိုတာ တစ်ခဏတာပါ။
စွန့်လွှတ်အရှုံးပေးလိုက်တာကမ
မိတ်ဆွေနောက်ကွယ်မှာ မိတ်ဆွေမကောင်းကြောင်းပြောဆ
အဲ့ဒီလို မိတ်ဆွေဆိုးတွေအတွက် မိတ်ဆွေအားအင်ကို တစ်ပြားသားဖိုးမှ မသုံးစွဲလိုက်ပါနဲ့။ ကောလဟာလဟာ ကာလတိုပါတယ်။ ဒီလိုကိစ္စမျိုးအတွက် ခွန်အားကိုမသုံးစွဲတာဟာ အောင်မြင်မှုအတွက် လောင်စာသိုလှောင်နည်းတစ်မျိ
တစ်ကယ်စွဲမှတ်ထားရမှာက ဒီနေ့ဟာ မိတ်ဆွေ အအိုမင်းဆုံးနေ့ဖြစ်ပြီး မိတ်ဆွေ နောက်တဖန် ဘယ်တော့မှပြန်မရနိုင်တော့တဲ
မိတ်ဆွေရည်မှန်းချက်ရဲ့ တကယ့်အဆုံးဟာ ဘယ်နေရာမှာဆိုတာ ဘယ်တော့မှ မသိနိုင်ပါဘူး။ သိနိုင်သလောက်က ဒီနေ့ ဘယ်နေရာ ၊ ဘယ်အတိုင်းအတာလောက်အထိ ရောက်နေတယ်ဆိုတာနဲ့ ရှေ့ဆက်ခံယူချက်က ကျွန်တော်တို့ ရည်မှန်းရာ ရွက်သင်္ဘောရဲ့ ရွေ့လျားမှုကို ဖြစ်ပေါ်စေတာပါပဲ။
ခံယူချက်ဟာ ကြိုးပမ်းမှုခရီးစဉ်ရဲ့ အတွေ့အကြုံ တွေကို သိုမှီးပြီး အောင်မြင်မှုအတိုင်းအဆကို ဆုံးဖြတ်ပေးပါတယ်.....။"
စာပေချစ်မြတ်နိုးသူများအား လေးစားလျက်
Aung Ko Latt
ရာမညမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။