#အပြုံးနဲ့သာစွန့်လွှတ်လိုက် ပါ
*********************
စွန့်လွှတ်ဖို့ အချိန်တန်ရင်
စွန့် လွှတ်လိုက်ဖို့ မနှောင့်နှေးပါနဲ့။
တစ်ယောက်အပေါ်တစ်ယောက်
နားလည်မှုတွေ မထားတော့ရင်၊
ကိုယ့်အတွက်လည်း
ဝန်ထုတ်ဝန်ပိုးဖြစ်စေသလို
သူ့ ဖက်ကလည်း ကိုယ့်အပေါ်
ပိုပြီး ... စိတ်ကုန်သွားပါလိမ့်မယ်။
ရေစက်ပါလို့တွေ့ ဆုံခွင့်ရခဲ့ပြီးပြီ။
ရေစက်ကုန်တော့လည်း
ခွဲခွာရမှာ နိယာမမို့ 
လမ်းခွဲချိန်မှာ ခံနိုင်ရည်ရှိအောင်ပဲ
ကြိုးစားထားဖို့ လိုအပ်ပါတယ်။
လူတိုင်းဟာ ကိုယ်စိတ်နဲ့ကိုယ်၊
သူ့စိတ်နဲ့ သူ့အမြင်ရှင်သန်နေကြတာလေ။
သူဟာကိုယ်မှ မဟုတ်တာ၊
ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တာလည်း
သဘာဝတရား တစ်ခုပါ။
မိသားစုကြားမှာဖြစ်စေ၊
သူငယ်ချင်းမိတ်ဆွေတွေကြားမှာဖြစ်စေ၊
ချစ်သူတွေကြားမှာဖြစ်စေ၊
ပွင့်လင်းမှုဟာ အားဆေးတစ်ခွက်လိုပါဘဲ။
တစ်ယောက်အပေါ်တစ်ယောက်
မရိုးသားရင်၊ ပွင့်လင်းမှု မရှိခဲ့ရင်
အောင့်သက်သက်ဆက်ဆံရေးဟာ
ပြဿ နာတွေ၊ ထပ်ခါထပ်ခါ ဖန်တီးနေသလို
မကြာခဏ အထင်မြင်လွဲမှုတွေနဲ့ အတူ
ကျေနပ်စရာကောင်းတဲ့ ဆက်ဆံရေး
ဘယ်တော့မှ မရနိုင်တော့ပါဘူး။
ဒီလို အမြင်မကြည်တဲ့ ဆက်ဆံရေးနဲ့ 
ဘယ်လို ရှေ့ဆက်ကြမှာလည်းဆိုတာ
အဓိကတွေးစရာ ဖြစ်ပါတယ်။
ကိုယ်တွေးရမှာက
သူ ငါ့အပေါ်
နောက်ထပ် နောက်ထပ်
လိမ်ညာနေဦးမှာဘဲလား။
သူ ...
ဆက်လိမ်ညာနေရင်ရော
ငါ ခံနိုင်ရည် ရှိပါ့မလား။
သူ
နောက်ထပ် မပွင့်လင်းရင်
ငါ သည်းခံနိုင်ဦးမှာလား။
သူကရော
ငါသည်းမခံနိုင်လို့ ပြောမိရင်
ဘယ်လို တုန့်ပြန်နိုင်သလည်း။
သူ့ တုန်ပြန်မှုတွေကို ...
ငါ့အနေနဲ့ ခံနိုင်ရည် ရှိပါ့မလား။ ... အစရှိတဲ့
__________________________ ________________
#အပေါ်ယံအခက်ခဲတွေကိုအဓိကတွေးကြည့်ပါ။
__________________________ ________________
လူတိုင်း လူတိုင်းဟာ ကိုယ်ချစ်တဲ့သူရဲ့၊
ကိုယ်တန်ဖိုးထား ... မြတ်နိုးတဲ့ သူတွေရဲ့
ဥပက္ခာဒဏ်ကို ... ခံနိုင်ရည် မရှိကြပါဘူး။
ဒါကြောင့် ... တဖက်လူရဲ့
ဥပက္ခာပြု မှုတွေ မရောက်လာခင်
လမ်းခွဲနိုင်ဖို့ ခံနိုင်ရည်စိတ် မွေးမြူ ထားပါ။
အမုန်းတရားတွေရောက်မလာခင်
ကိုယ့်ဖက်က စွန့်လွှတ်နိုင်အောင် ကြိုးစားပါ။
ပြဿ နာပေါင်းစုံ သယ်မလာခင် ကင်းနိုင်သမျှ
ကင်းအောင် နေတတ်ဖို့ အားယူထားပါ။
လောကကြီးမှာ
ကိုယ်ချစ်တဲ့ တန်ဖိုးထားတဲ့သူတွေကို
လွယ်လွယ်နဲ့ ဘယ်သူမှ မစွန့်လွှတ်နိုင်သလို
အမုန်းဒဏ်လည်း ... မခံနိုင်ကြပါဘူး။
ဒါပေမဲ့ ... စွန့်လွှတ်သင့်ပြီလို့ 
ကိုယ့်ဖက်က ယူဆလိုက်ရင်ကိုယ့်စိတ်တွေ
မနာကျင်သေးခင် စွန့်လွှတ်လိုက်ပါ။
ရှေ့ဆက်ဖို့ ... ...
မဖြစ်နိုင်ဘူးလို့ ခံယူလိုက်ရင် ကိုယ့်စိတ်တွေ
ဝန်ထုတ်ဝန်ပိုးမဖြစ်ခင် စွန့်လွှတ်လိုက်ပါ။
"နေမြင့်လေ အရူးရင့်လေ" ဆိုတဲ့
စကားပုံလိုပါဘဲ၊
တဖက်လူရဲ့မရိုးသားမှုတွေကို
သိရက်နဲ့ မစွန့်လွှတ်နိုင်ရင်
ရင်ထဲက သောကတွေဟာ ဖွဲမီးလိုပါဘဲ။
တငွေ့ငွေ့နဲ့ လောင်မြိုက်ရင်းဒေါသတွေက
အမှားဆီကို တွန်းပို့ သွားပါလိမ့်မယ်။
လေးလံနေတဲ့အရာကို
လွှတ်ချ ပစ်ဖို့ လည်း မတွေဝေပါနဲ့။
ပူလောင်နေတဲ့အရာကိုလည်း
လွှင့်ပစ်လိုက်ဖို့ မနှောင့်နှေးပါနဲ့။
တင်းကျပ်နေတဲ့အရာကိုလည်း
ထုတ်ပစ်လိုက်ဖို့ မကြောက်ပါနဲ့။
ဒဏ်ရာဆိုတာ မရင်းခင်သာ
ကုသဖို့ လွယ်တာမို့ အချိန်မှီကုသဖို့
ကြိုးစားခြင်းသာ အမှန်ကန်ဆုံးဖြစ်ပါတယ်။
ပွင့်လင်းမှု မရှိ၊
ရိုးသားမှု မရှိတဲ့သူတွေဟာ
ကိုယ့်ဘဝအတွက်
အရာမရောက်တဲ့လူတွေမို့ 
အမုန်းနဲ့ လမ်းခွဲခြင်းမဟုတ်ပဲ
အပြုံးလေးနဲ့ စွန့်လွှတ်ပစ်လိုက်ပါ။
#May_Noe
*********************
စွန့်လွှတ်ဖို့ အချိန်တန်ရင်
စွန့် လွှတ်လိုက်ဖို့ မနှောင့်နှေးပါနဲ့။
တစ်ယောက်အပေါ်တစ်ယောက်
နားလည်မှုတွေ မထားတော့ရင်၊
ကိုယ့်အတွက်လည်း
ဝန်ထုတ်ဝန်ပိုးဖြစ်စေသလို
သူ့ ဖက်ကလည်း ကိုယ့်အပေါ်
ပိုပြီး ... စိတ်ကုန်သွားပါလိမ့်မယ်။
ရေစက်ပါလို့တွေ့ ဆုံခွင့်ရခဲ့ပြီးပြီ။
ရေစက်ကုန်တော့လည်း
ခွဲခွာရမှာ နိယာမမို့ 
လမ်းခွဲချိန်မှာ ခံနိုင်ရည်ရှိအောင်ပဲ
ကြိုးစားထားဖို့ လိုအပ်ပါတယ်။
လူတိုင်းဟာ ကိုယ်စိတ်နဲ့ကိုယ်၊
သူ့စိတ်နဲ့ သူ့အမြင်ရှင်သန်နေကြတာလေ။
သူဟာကိုယ်မှ မဟုတ်တာ၊
ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တာလည်း
သဘာဝတရား တစ်ခုပါ။
မိသားစုကြားမှာဖြစ်စေ၊
သူငယ်ချင်းမိတ်ဆွေတွေကြားမှ
ချစ်သူတွေကြားမှာဖြစ်စေ၊
ပွင့်လင်းမှုဟာ အားဆေးတစ်ခွက်လိုပါဘဲ။
တစ်ယောက်အပေါ်တစ်ယောက်
မရိုးသားရင်၊ ပွင့်လင်းမှု မရှိခဲ့ရင်
အောင့်သက်သက်ဆက်ဆံရေးဟာ
ပြဿ နာတွေ၊ ထပ်ခါထပ်ခါ ဖန်တီးနေသလို
မကြာခဏ အထင်မြင်လွဲမှုတွေနဲ့ အတူ
ကျေနပ်စရာကောင်းတဲ့ ဆက်ဆံရေး
ဘယ်တော့မှ မရနိုင်တော့ပါဘူး။
ဒီလို အမြင်မကြည်တဲ့ ဆက်ဆံရေးနဲ့ 
ဘယ်လို ရှေ့ဆက်ကြမှာလည်းဆိုတာ
အဓိကတွေးစရာ ဖြစ်ပါတယ်။
ကိုယ်တွေးရမှာက
သူ ငါ့အပေါ်
နောက်ထပ် နောက်ထပ်
လိမ်ညာနေဦးမှာဘဲလား။
သူ ...
ဆက်လိမ်ညာနေရင်ရော
ငါ ခံနိုင်ရည် ရှိပါ့မလား။
သူ
နောက်ထပ် မပွင့်လင်းရင်
ငါ သည်းခံနိုင်ဦးမှာလား။
သူကရော
ငါသည်းမခံနိုင်လို့ ပြောမိရင်
ဘယ်လို တုန့်ပြန်နိုင်သလည်း။
သူ့ တုန်ပြန်မှုတွေကို ...
ငါ့အနေနဲ့ ခံနိုင်ရည် ရှိပါ့မလား။ ... အစရှိတဲ့
__________________________
#အပေါ်ယံအခက်ခဲတွေကိုအဓိကတေ
__________________________
လူတိုင်း လူတိုင်းဟာ ကိုယ်ချစ်တဲ့သူရဲ့၊
ကိုယ်တန်ဖိုးထား ... မြတ်နိုးတဲ့ သူတွေရဲ့
ဥပက္ခာဒဏ်ကို ... ခံနိုင်ရည် မရှိကြပါဘူး။
ဒါကြောင့် ... တဖက်လူရဲ့
ဥပက္ခာပြု မှုတွေ မရောက်လာခင်
လမ်းခွဲနိုင်ဖို့ ခံနိုင်ရည်စိတ် မွေးမြူ ထားပါ။
အမုန်းတရားတွေရောက်မလာခင်
ကိုယ့်ဖက်က စွန့်လွှတ်နိုင်အောင် ကြိုးစားပါ။
ပြဿ နာပေါင်းစုံ သယ်မလာခင် ကင်းနိုင်သမျှ
ကင်းအောင် နေတတ်ဖို့ အားယူထားပါ။
လောကကြီးမှာ
ကိုယ်ချစ်တဲ့ တန်ဖိုးထားတဲ့သူတွေကို
လွယ်လွယ်နဲ့ ဘယ်သူမှ မစွန့်လွှတ်နိုင်သလို
အမုန်းဒဏ်လည်း ... မခံနိုင်ကြပါဘူး။
ဒါပေမဲ့ ... စွန့်လွှတ်သင့်ပြီလို့ 
ကိုယ့်ဖက်က ယူဆလိုက်ရင်ကိုယ့်စိတ်တွေ
မနာကျင်သေးခင် စွန့်လွှတ်လိုက်ပါ။
ရှေ့ဆက်ဖို့ ... ...
မဖြစ်နိုင်ဘူးလို့ ခံယူလိုက်ရင် ကိုယ့်စိတ်တွေ
ဝန်ထုတ်ဝန်ပိုးမဖြစ်ခင် စွန့်လွှတ်လိုက်ပါ။
"နေမြင့်လေ အရူးရင့်လေ" ဆိုတဲ့
စကားပုံလိုပါဘဲ၊
တဖက်လူရဲ့မရိုးသားမှုတွေကို
သိရက်နဲ့ မစွန့်လွှတ်နိုင်ရင်
ရင်ထဲက သောကတွေဟာ ဖွဲမီးလိုပါဘဲ။
တငွေ့ငွေ့နဲ့ လောင်မြိုက်ရင်းဒေါသတွေက
အမှားဆီကို တွန်းပို့ သွားပါလိမ့်မယ်။
လေးလံနေတဲ့အရာကို
လွှတ်ချ ပစ်ဖို့ လည်း မတွေဝေပါနဲ့။
ပူလောင်နေတဲ့အရာကိုလည်း
လွှင့်ပစ်လိုက်ဖို့ မနှောင့်နှေးပါနဲ့။
တင်းကျပ်နေတဲ့အရာကိုလည်း
ထုတ်ပစ်လိုက်ဖို့ မကြောက်ပါနဲ့။
ဒဏ်ရာဆိုတာ မရင်းခင်သာ
ကုသဖို့ လွယ်တာမို့ အချိန်မှီကုသဖို့
ကြိုးစားခြင်းသာ အမှန်ကန်ဆုံးဖြစ်ပါတယ်။
ပွင့်လင်းမှု မရှိ၊
ရိုးသားမှု မရှိတဲ့သူတွေဟာ
ကိုယ့်ဘဝအတွက်
အရာမရောက်တဲ့လူတွေမို့ 
အမုန်းနဲ့ လမ်းခွဲခြင်းမဟုတ်ပဲ
အပြုံးလေးနဲ့ စွန့်လွှတ်ပစ်လိုက်ပါ။
#May_Noe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။