Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 2, 2017

လာမနှိုင်းနဲ့


ယခုအပါတ် ဝေါ်စတြိ ဂျာနယ်တွင် ရှိတ် ဟာဆီနာသည်သာ တကယ့် သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဟု ဆန္ဒနန် ဟူးမ် (Sadanand Dhume) ဆိုသူရဲ့ ဆောင်းပါးမှာ နှိုင်းယှဉ်ဖေါ်ပြထားပါတယ်။
အနောက်နိုင်ငံ များတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်က ဟိုလေးတကျော်ကျော် ဖြစ်နေသော်လည်း ရှိတ် ဟာဆီနာက တော့ လူသိနည်းနေပါသေးတယ်။ သို့သော်လည်း သူတို့နှစ်ဦးတွင် ထူးထူးခြားခြား တူညီမှုတွေ ရှိနေပါတယ်။ သူတို့နှစ်ဦးစလုံးက လွတ်လပ်ရေး ကြိုးပမ်းနေမှု ကာလများတွင် မွေးဖွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ရှိတ် ဟာဆီနာရဲ့ ဖခင် ရှိတ် မူဂျီဘာ ရာမန်တို့အား နိုင်ငံကို တည်ထောင်ခဲ့သူများ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ နှစ်ဦးစလုံးက နယူးဒေလီမှာ ကြီးပြင်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၁၉၆၀ ပြည့်လွန်နှစ်များမှာ ကျောင်းသူဘ၀ နဲ့ ကုန်လွန်ခဲ့ပေမယ့် ရှိတ် ဟာဆီနာက တော့ ဖခင်ဖြစ်သူ လုပ်ကြံခံခဲ့ရပြီး ၁၉၇၅ နောက်ပိုင်းတွင် မိသားစုနှင့်အတူ နယူးဒေလီမှာ နိုင်ငံရေး ခိုလှုံပြီး နေခဲ့ရပါတယ်။
စကားပြော နူးညံ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အနောက်နိုင်ငံများမှာ ရေပန်းစားခဲ့ပြီး ၁၉၉၁ မှာ သူမနိုင်ငံကို ဒီမိုကရေစီ ပြန်လည် ရရှိရေး အတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေများကို ဇွဲမလျော့ ကြံကြံခံ ရင်ဆိုင်နေတဲ့ အတွက် ၁၉၉၁ မှာ ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရရှိခဲ့ပါတယ်။
ဒက္ကား တက္ကသိုလ်မှ ဘွဲ့ရခဲ့တဲ့ ရှိတ် ဟာဆီနာ လည်း ဘင်္ဂလားမှာ ထင်ရှားကျော်ကြားတဲ့ မိသားစုက ဆင်းသက်လာသူ ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ် ရဲ့ အင်္ဂလိပ် စကားပြော အသိုက်အ၀န်း မှာ ၀င်ဆန့်နိုင်ခဲ့သူ မဟုတ်တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ အပါတ် နယူးယောက်မှာ ဆောင်းပါးရှင် က မပြီးဆုံးခဲ့တဲ့ သူမ ဖခင်ရဲ့ အကြောင်း စာအုပ် မှာ လက်မှတ်ထိုးခိုင်းတော့ ဘင်္ဂါလီဘာသာ နဲ့ ထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ထက် သုံးလခန့် ငယ်သော ဒက္ကားလေဒီသည် သူမလို ထင်ရှားလာဖို့ မရှိပေမယ့် “ရိုဟင်ဂျာ” အရေးအတွက် သူမနာမည် လျမ်းလျမ်းတောက် ဖြစ်လာစေခဲ့ပါတယ်။ သူမရဲ့ လူဦးရေ သိတ်သည်းပြီး ဆင်းရဲလှတဲ့ နိုင်ငံမှာ ဒုက္ခသည်များကို လက်ခံခဲ့တဲ့ အတွက် ချမ်းသာကြွယ်ဝပြီး ဧရိယာ ကျယ်ဝန်းတဲ့ နိုင်ငံတွေထက် စာရင်တော့ အကြင်နာ တရား ပိုရှိတဲ့ အမျိုးသမီးကြီးလို့ ဆိုရမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ “ကျမတို့နိုင်ငံက ချမ်းသာတာ မဟုတ်ပေမယ့် ကျမတို့ နှလုံးသားကတော့ ကြီးပါတယ်တော်” ဟု ရှိတ် ဟာဆီနာက ဆောင်းပါးရှင်ကို ပြောသွားခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းများတွင် နေထိုင်ရေသူများကို ပြင်ပသို့ ခြေတလှမ်းမျှပင် လှမ်းခွင့်မပေးသည့်အပြင် ဆင်းကပ်ဒ်များ ရောင်းချခြင်း မပြုရန်ပင် နိုင်ငံတွင်းရှိ မိုဘိုင်းလ် အော်ပရေတာ များကို တင်းကျပ်စွာ အမိန့်ထုတ်ထားခဲ့သည့်အကြောင်းများ၊ အဆိုပါ ဒုက္ခသည်များကို နိုင်ငံတကာမှ အလှုငွေများ ဖြင့် လူသူမနီးသည့် ကျွန်းသို့ပိုရန် ပြင်ဆင်နေသည့်အကြောင်းများကိုတော့ ဆောင်းပါးရှင် ဆိုသူက မျက်ကွယ်ပြုထားပြန်ပါတယ်။
ပြည်တွင်း နိုင်ငံရေးတွင်လည်း မိမိ မဲအနိုင်ရရှိရေး အတွက် အစ္စလာမ်ဝါဒီများ အလိုကျ ဆောင်ရွက်နေပြီး ဘာသာရေး တွင် အလယ်အလတ် ရှိသူ ဘလောဂါများ၊ လစ်ဘရယ် အတွေး အခေါ်ရှိသူများအား သူမက အားပေးထောက်ခံနေသူများက သတ်ဖြတ်ပြစ်၍ ၂၀၁၃ မှ စ၍ ယနေ့အထိ လူပေါင်း နှစ်ဒါဇင်ကျော် အသတ်ခံခဲ့ရသည့်အဖြစ်ကိုလည်း မသိချင်ယောင် ဆောင်နေပါတယ်။
နိုင်ငံတွင်းရှိ အကြီးဆုံး အစ္စလာမ်ပါတီကြီးရဲ့ ခေါင်းဆောင် မိုတီယာ ရာမန် နီဇာမီကို ၁၉၇၁ လွတ်လပ်ရေး စစ်ပွဲအတွင်း ပြစ်မှုကျူးလွန်ခဲ့သည်ဆိုကာ ယခုမှ တရားရုံးတင်၍ ကွပ်မျက်ခဲ့သည့်အကြောင်းများအားလည်း ထိုစဉ်က အုတ်အော်သောင်းနင်း လုပ်ခဲ့ကြသည့် အကြောင်းများနှင့် ဘင်္ဂလားဒေ့ရှ် သည် အာဏာရှင် နိုင်ငံ အဖြစ် တဖြေးဖြေး သက်ဆင်းလာနေသည့် အကြောင်းများကို မီဒီယာ များက ယခုအခါ ရေငုံနှုတ်ပိတ်နေခဲ့ကြပြန်ပါတယ်။ (နစ်ဇာမီသည် အတိုက်အခံများ အာဏာရစဉ်က စက်မှုဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့ဖူးပါတယ်)
သူမရဲ့ အတိုက်အခံ ဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာအားလည်း အမေရိကန် ဒေါ်လာ လေးသိန်း လာဒ်စားမှုနဲ့ တရားစွဲဆိုထားပြန်ပါတယ်။ ထို့အပြင် သူမ နှစ်ပေါင်း လေးဆယ်ကျော် နေထိုင်ရာ အိမ်ကိုလည်း ရှိတ် ဟာဆီနာ က သူမ အာဏာရပြီး နောက်တနှစ် ၂၀၁၀ မှာ အစိုးရအိမ် အဖြစ် သိမ်းယူလိုက်တဲ့ အတွက် အကို ဖြစ်သူရဲ့ အိမ်ကို ခါလီဒါ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။
နောက်ဆုံးအကြိမ် ရွေးကောက်ပွဲ မှာ ရွေးကောက်ပွဲတိုင်းကို အိမ်စောင့်အစိုးရ အဖြစ် တသီးပုဂ္ဂလိက ရက် ၉၀ တာဝန်ယူပြီး ကျင်းပပေးနေကျအား ရှိတ် ဟာဆီနာမှ ဖွဲ့စည်းပုံကို ပြင်ပြီး လက်ရှိ အစိုးရကသာ တာဝန်ယူ ကျင်းပပေးဖို့ ပြောင်းလဲခဲ့တဲ့ အတွက် အတိုက်အခံများ သပိတ်မှောက်ခဲ့တာကြောင့် အာဏာရရှိလာသူ လည်း ဖြစ်ပါတယ်။ အဆိုပါ ရွေးကောက်ပွဲ အားလည်း လုပ်ပွဲကြီး အဖြစ် နိုင်ငံတကာ က ကင်းပွန်းတပ်ခဲ့ကြပါတယ်။
ဒီလို ရှိတ် ဟာဆီနာရဲ့ လုပ်ရပ်တွေကို တဖွဲ့တနွဲ့ ရေးသားခဲ့ကြတဲ့ အနောက်အုပ်စု မီဒီယာ များက ယခုအခါ သူမအား သူရဲကောင်းသဖွယ် ပုံဖေါ်လာနေကြပြန်ပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သီလသမာဓိကောင်းစွာ ဖြင့် ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကို မဆုတ်မနစ် ကိုင်စွဲထားပြီး အရင် အစိုးရဟောင်း မည်မျှ မတရားမှုများ ကျုးလွန်ခဲ့သည် ဖြစ်စေ သည်းခံခွင့်လွှတ်စိတ် နဲ့ ဆက်ဆံ နေသူ ဖြစ်တဲ့ အပြင် နိုင်ငံရေး သမိုင်းတလျောက် ပြစ်ချက်ဆို၍ မြူတမှုန်မျှပင် မရှိသူ ဖြစ်ပါတယ်။
ထို့အပြင် အောက်စဖို့ တက္ကသိုလ်ကြီးမှ ပညာရည်နို့ သောက်စို့ခဲ့တဲ့ အပြင် လစ်ဘရယ် အတွေးအခေါ်ရှိပြီး မြန်မာနိုင်ငံ သမိုင်းကို ငယ်စဉ်ကတည်းက အပါတ်တကုတ် လေ့လာ နေခဲ့သူ အဖို့ အဆိုပါ ရိုဟင်ဂျာ ဆိုသူများရဲ့ သမိုင်းကြောင်း လိမ်လည်မှုကြီးကို ကောင်းစွာ သိရှိထားသူ ဖြစ်သော သူမရဲ့ စကားကို အလေးထား ယုံကြည်စရာ အဖြစ် မယူဆပဲ မိမိတို့ ကိုယ်၌က တလုံးတပါဒမျှ လေ့လာ ခြင်း မရှိ၊ ၀ါဒဖြန့်လိုသူများ ရေးသား ပေးပို့သော စာအုပ်များထဲမှ မှင်နီ တား ထားသည့် စာပိုဒ်လောက် ဖတ်ပြီး ရိုဟင်ဂျာ ဟု ခေါ်ဆိုရေးသားနေကြသူများအဖို့ ပြန်တွေးကြည့်ရင် ရှက်ဖို့ ကောင်းလှပါတယ်။
credit to HSW

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။