Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 5, 2017

သူဌေးတွေ ပိုက်ဆံကို ကြည့်ပုံက သူများနဲ့ မတူဘူး – စတိဗ်ဆီးဘိုးလ်


shared by knight on 04/07/17  -  kumudranews.com  -  Education
သူဌေးတွေက ချမ်းသာပြီးရင်း ချမ်းသာနေချိန် လူလတ်တန်းစားတွေက ဒုံရင်း ဒုံရင်းဖြစ်နေတယ်လို့ မထင်ရဘူးလား။

လူတွေကို ချမ်းသာကြွယ်ဝမှုမရ အောင် အဓိကဟန့်တားနေတာကပိုက်ဆံနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အတွေးတွေ၊ယုံကြည်မှုတွေနဲ့ ဒဿနတွေဖြစ်တယ်လို့ စတိဗ်ဆီးဘိုးလ်ကဆိုပါတယ်။ ကိုယ်ထူးကိုယ်ချွန်ကြိုးစားရင်းသန်းကြွယ်သူဌေးဖြစ်ခဲ့တဲ့ ဆောင်းပါးရှင်ဟာ ပြီးခဲ့တဲ့နှစ် ၃၀ အတွင်း ကမ္ဘာ့အချမ်းသာဆုံးသူ ၁၂၀ဝ ကျော်ကို အင်တာဗျူးလုပ်ခဲ့ရင်း သည် သဘောတရားကိုတွေ့ရှိခဲ့ပါတယ်။ လူလတ်တန်းစားနဲ့ သူဌေးတွေဟာ တခြားနေရာမှာ အတွေးတူရင်တောင် ပိုက်ဆံနဲ့ ပတ်သက်တဲ့ အတွေးက အကွာကြီးကွာပါတယ်တဲ့။ အတွေးကွာလို့  လုပ်ရပ်ကွာ၊ လုပ်ရပ်ကွာလို့ ချမ်းသာကြွယ်ဝမှုချင်း ကွာရတယ်လို့ သူကယူဆပါတယ်။ အခု ဖော် ပြမှာက သူဌေးတွေရဲ့ ပိုက်ဆံအပေါ်အမြင် ကို Business Insider မဂ္ဂဇင်းမှာ သူရေး သားထားတာ ဖြစ်ပါတယ်။

၁။ သူဌေးတွေက ဝင်ငွေရဖို့ အာရုံစိုက်တယ်။

လူအများစုက သူတို့ရထားတဲ့ ပိုက်ဆံလေး မပျောက်ပျက်အောင် ဘယ်လိုစုဆောင်းမလဲလို့ အဓိက အာရုံစိုက်ကြတယ်။ သူဌေးတွေကလည်း ငွေစုတာဟာ အရေးပါမှန်းနားလည်ပါတယ်။ ဒါပေမဲ့ ဝင်ငွေရအောင် ရှာတာကပိုအရေးကြီးတယ်လို့ သိကြတယ်။

လူအများစုက စိတ်ကူးကောင်းလေး တော့ ရှိပါရဲ့။ ရှိစုမဲ့စုပိုက်ဆံလေး ပျောက်သွားမှာစိုးလို့ မစွန့်စားရဲဘူး။

သူဌေးတွေကတော့ ချွေချွေတာတာ သုံးစွဲတာထက် လူအများစုရဲ့ သာမန်အတွေးတွေကို စွန့်ပယ်ပြီး ဝင်ငွေပိုများများရမယ့်အရာထဲ သူတို့ရဲ့ စိတ်အာရုံတွေ ထည့်ထားကြတယ်။
၂။ သူဌေးတွေက ကုတ်အားသုံးတယ်။

သူဌေးတွေက ကုတ်အားကို နေရာ တိုင်းမှာ တည်ဆောက်တယ်။ သူတို့လုပ်ငန်းရဲ့ အကျိုးအမြတ်အများဆုံး ဧရိယာမှာ အားအများဆုံး  စိုက်ထည့်ပြီး တစ်ချိန် တည်းမှာပဲ ရလဒ်အမြင့်ဆုံးဖြစ်အောင် သူတို့ရဲ့ အဆက်အသွယ်၊ ဂုဏ်သတင်းနဲ့ ရင်းမြစ်တွေကို များသထက်များအောင် မြှင့်တင်ပါတယ်။ လူလတ်တန်းစားက အ လုပ် ကြိုးစားတာကို ဂုဏ်အဆောင်အယောင်အဖြစ် ရှုမြင်တယ်။ သူဌေးတွေက အောင်မြင်မှုကို ပိုအရေးကြီးတဲ့ ဂုဏ်အဆောင် အယောင်အဖြစ် ရှုမြင်တယ်။

သင်ဟာ အလုပ်ကြိုးစားဖို့ အဆုံးအမခံယူရင်း ကြီးပြင်းလာပါသလား။ အလုပ်အရမ်းကြိုးစားပေမဲ့  ပိုက်ဆံ ထင်သလောက်မရဘူးဆိုရင် ပိုအောင်မြင်မှုရဖို့အတွက် အဆက်အသွယ်၊  ဂုဏ်သတင်းစတဲ့ ကုတ်အားတစ်ခုခုကို အသုံးပြုရတော့မယ်လို့ သတိရလိုက်ပါ။
၃။ သူဌေးတွေအတွက် ပိုက်ဆံနဲ့
အချိန် ကာလထပ်တူမကျဘူး။

လူအများစုအတွက် အချိန်ဆိုတာ ပိုက်ဆံပါပဲ။ သာမန်လူတစ်ယောက်က  ဘောနပ်စ်တွေ၊ လစာတိုးတာတွေမှအပ ပိုက်ဆံများများ ရချင်ရင် အချိန်များများ အလုပ်လုပ်ရတယ်။
သူဌေးတွေကတော့ ပိုက်ဆံများများ ရဖို့ အချိန်ကာလနဲ့ မသက်ဆိုင်ကြောင်း သိကြတယ်။ သူတို့ဟာ ပြဿနာတွေကို ဖြေရှင်းတဲ့ စိတ်ကူးတွေကတစ်ဆင့် ပိုက်ဆံရအောင်ရှာရာမှာ ဆရာကြီးတွေ ဖြစ်နေတတ်တယ်။ စိတ်ကူးတွေကို ကန့်သတ်လို့ မရဘူး။ ဒါကြောင့် သူတို့ရရှိမယ့် ပိုက်ဆံပမာဏကိုလည်း ကန့်သတ်လို့ မရပါဘူး။
၎။ သူဌေးတွေက ချမ်းသာတယ်ဆိုတာ  အခွင့်အရေးတစ်ခုလို့ ယုံကြည်တယ်။

သာမန်လူတွေက ချမ်းသာခြင်းဆိုတာ အတိတ်ကံကောင်းတဲ့သူတွေသာ ရရှိတဲ့အရာလို့ ယုံကြည်ကြပါတယ်။ အဆင့် မြင့်မြင့် တွေးခေါ်တတ်သူတွေကတော့ အရင်းရှင်တိုင်းပြည်တစ်ပြည်မှာ တခြားသူတွေအတွက် ဧရာမတန်ဖိုးတွေကို ဖန်တီးပေးနိုင်ရင် ချမ်းသာနိုင်တဲ့အခွင့်အလမ်းရှိတယ် လို့  သိမြင်ကြပါတယ်။ တကယ်လို့ တ ခြား သူတွေရဲ့ ဘဝကို ပိုမိုလွယ်ကူသက်သာအောင် သူတို့ဖန်တီးနိုင်မယ်ဆိုရင် သူတို့လည်း ချမ်းသာခွင့်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ထင်ရှားကျော်ကြားသူတွေဟာ သူ တို့ ဖန်တီးထားတဲ့  တန်ဖိုးအတိုင်း ချမ်းသာခွင့်ရှိမယ်လို့ ယုံကြည်ပါတယ်။  ဒါကြောင့် ကိုယ်ထူးကိုယ်ချွန်သမားတွေဟာ ကံ ကောင်းလို့ဆိုတာကို မေ့ထားလိုက်ပါ။ ကိုယ့်ဟာကိုယ်ရှာနိုင်ရင် ရှာနိုင်သ လောက် သူဌေးဖြစ်နိုင်တယ်လို့ ယုံ ကြည်ပါ။

ပိုက်ဆံနဲ့ ပတ်သက်ရင် အရေးကြီးဆုံးက သင့်ပညာရေးအဆင့်၊ ဉာဏ်ရည်ဉာဏ်သွေး၊ ကျောင်းတွင်းစွမ်းဆောင်ရည်တွေ ဘယ်လောက်ပဲရှိရှိ သင်ဟာမီလျံနာဖြစ်နိုင်ပြီး ဆန္ဒရှိသလောက် ပိုက်ဆံရှာနိုင်ပါတယ်။ ပိုက်ဆံကို ကြောက်စိတ်နဲ့ ရှားပါးမှုအဖြစ်မမြင်ပါနဲ့။ ပိုက်ဆံဟာ လွတ်လပ်မှု၊ ဖြစ်နိုင်မှု၊ အခွင့်အလမ်းနဲ့ အလျှံပယ်ကြွယ်ဝတဲ့ အရာအဖြစ်သာ မြင်လိုက်ပါ။

အကယ်၍ သင်ဟာချမ်းသာရင် သင့်အတွေးအခေါ်ကို ဆက်ထိန်းထားပါ။ မချမ်းသာဘူးဆိုရင်တော့ ပိုက်ဆံနဲ့ ပတ်သက်တဲ့ သင့်အတွေးအခေါ်ကို ပြောင်းပစ်ဖို့ လိုပါပြီ။

စတိဗ်ဆီးဘိုးလ်ဟာ “ချမ်းသာတဲ့လူတွေဘယ်လိုတွေးကြသလဲ” စာအုပ်ကို ရေးသားထုတ်ဝေထားပါတယ်။

မနောစင်
(ref: BusinessInsider, How rich people think)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။