[ KoThura's Note - 4 Jul 2017 ]
*** ယုန်လား၊ လိပ်လား***
ယုန်နဲ့လိပ် ပုံပြင်ကတော့ ကလေးလေးက အစသိမယ်ထင်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက သိခဲ့ရတဲ့အသိပေါ့..
ယုန်လိုမပျင်းဖို့၊ လိပ်လို အမြဲကြိုးစားနေဖို့ပါ။
ဘယ်လိုလူဖြစ်ချင်လဲဆိုရင် ယုန်လိုမဖြစ်ချင်ပါဘူး၊ လိပ်လိုပဲဖြစ်ချင်ပါတယ်ဖြေ ကမှာပါပဲ။
မှားတော့ မမှားပါဘူး... ပေါ်လာတဲ့ အတွေးလေးတခုပြောပါရစေ.
ယုန်မှာ သူ့ရဲ့ အရမ်းကောင်းတဲ့ အစွမ်းသတ္တိက အပြေးမြန်ခြင်းပါ။ တနည်းအားဖြင့် လျင်မြန်တယ်ပေါ့ဗျာ။ ဒါကို လူတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ အတွေးအခေါ်ကောင်းတဲ့သူ၊ ဖြတ်ထိုးဥာဏ်ကောင်းတဲ့သူ၊ လျင်လျင်မြန်မြန်ပြီးစီးအော င် လုပ်ဆောင်နိုင်သူနဲ့သွားတူပါတယ်။
အဲ...ယုန်ရဲ့ အားနည်းသွားတဲ့အချက်ကတော့ သူ့ကို သူများတွေ မမှီတော့ဘူး၊ နေရာဝေးဝေးကိုရောက်ပြီဆိုတာ နဲ့ အိပ်ဖို့၊ အပျင်းကြဖို့ ကြံစည်တော့တာပဲ။ သူကို ဘယ်သူမှ မယှဉ်နိုင်ဘူးဆိုပြီးတော့ပေါ့။
လူတွေနဲ့ ပြန်ယှဉ်ပါဆိုရင်တော့ ကိုယ်မှန်းထားတဲ့ ရာထူး၊ လစာ၊ လုပ်ငန်းတွေ
အောင်မြင်လာရင်၊ သူများတွေထက် အများကြီးသာလာရင် ရှေ့ဆက် တိုးတက်ဖို့
မလုပ်တော့ဘဲ ဒီနေရာ ဒီအခြေအနေမှာပဲ ဇိမ်ယစ်ပြီး မှေးနေတော့တာပါပဲ။
သူများတွေကိုယ့်လုပ် မတွေးနိုင်၊ မခေါ်နိုင်၊ အားမထုတ်နိုင်ပါဘူးဆိုတဲ့
အတွေးလေးနဲ့ ဆက်ပြီးနှပ်နေပါတော့တယ်။
လိပ်ကိုကြည့်ရအောင်၊ လိပ်ဆိုတာ အင်မတန်နှေးကွေးတဲ့သတ္တဝါပါ (ကုန်းပေါ်မှာ အပြေးပြိုင်ခိုင်းရင်ပေါ့)၊
လူတွေမှာလည်း တချို့အပိုင်းတွေမှာ လုပ်တာကိုင်တာ မကျွမ်းတဲ့သူ၊
နားလည်ရခက်တဲ့သူ၊ ဥာဏ်မပြေးသူတွေရှိပါတယ်။ သူတို့လုပ်ရင်
အလွယ်တကူပြီးတာရှားပါတယ်၊ ဥာဏ်လည်း အဲ့လောက်မပြေးပါဘူး၊ ဖြတ်ထိုးဥာဏ်လည်း
မကောင်းကြပါဘူး။
အဲ.. လိပ်ရဲ့ အားသာချက်တခုကိုပြောပါဆိုရင်တော့ ခြေလှမ်းမပြတ်ဆက်တိုက်မနားမ နေသွားနိုင်ခြင်းပေါ့။ လူတွေမှာလည်း ဒီလို ဥာဏ်သိပ်မကောင်း၊ ဗဟုသုတ နည်းပါးပေမယ့် နေ့စဉ် ကျားကုတ်ကျားခဲကြိုးစားနေသူ တွေလည်း ရှိပါတယ်။ သူတို့က သူတို့ရဲ့ အဓိက အားသာချက်ဖြစ်တဲ့ ဒီဇွဲမလျော့တမ်းအားထုတ်မှုကို နေ့စဉ် သုံးကြပါတယ်။ လက်ရှိ အဆင့်ကထက် တိုးတက်သွားဖို့၊ အောင်မြင်ဖို့ပေါ့။
ကျွန်တော့်အနေနဲ့ ပြောပါဆိုရင်တော့... ယုန်လည်းဖြစ်ချင်ပါ၊ လိပ်လည်းဖြစ်ချင်ပါ။ ဒီ နှစ်ဦးစလုံးရဲ့ အားသာချက်ကို ယူသင့်ပါတယ်၊ အားနည်းချက်တွေကို တတ်နိုင်သမျှလျော့ရပါမယ်။
ကိုယ်က ဥာဏ်ကောင်းသူလား၊ ဒါဆိုရင် အပျင်းလျော့ပါ၊ လက်ရှိမှာ သူများထက်သာတာပါပဲဆိုပြီး နှပ်မနေပါနဲ့။ သူများထက် ဘယ်လောက်သာအောင်သွားနိုင်သေးတယ်ဆိုတာ ဆက်လက်ကြိုးစားပြီး အဖြေရှာကြည့်လိုက်ပါ။
ကိုယ်က ဝီရိယကောင်းသူလား၊ ဒါဆိုရင် ဥာဏ်ကောင်းအောင် ထပ်ကြိုးစားပါ။ ဗဟုသုတ များအောင် စာပေတွေဖတ်ပါ၊ အတွေ့အကြုံရှိသူတွေကို ချဉ်းကပ်ပါ။
ဒီနေ့ အတွေးလေးက မိတ်ဆွေအတွက် တွေးစရာလေး တခုရသွားမယ်ထင်ပါတယ်။
အဆင်ပြေပါစေဗျာ။
#KoThuraNote
#4Jul2017
*** ယုန်လား၊ လိပ်လား***
ယုန်နဲ့လိပ် ပုံပြင်ကတော့ ကလေးလေးက အစသိမယ်ထင်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက သိခဲ့ရတဲ့အသိပေါ့..
ယုန်လိုမပျင်းဖို့၊ လိပ်လို အမြဲကြိုးစားနေဖို့ပါ။
ဘယ်လိုလူဖြစ်ချင်လဲဆိုရင် ယုန်လိုမဖြစ်ချင်ပါဘူး၊ လိပ်လိုပဲဖြစ်ချင်ပါတယ်ဖြေ
မှားတော့ မမှားပါဘူး... ပေါ်လာတဲ့ အတွေးလေးတခုပြောပါရစေ.
ယုန်မှာ သူ့ရဲ့ အရမ်းကောင်းတဲ့ အစွမ်းသတ္တိက အပြေးမြန်ခြင်းပါ။ တနည်းအားဖြင့် လျင်မြန်တယ်ပေါ့ဗျာ။ ဒါကို လူတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင
အဲ...ယုန်ရဲ့ အားနည်းသွားတဲ့အချက်ကတော့ သူ့ကို သူများတွေ မမှီတော့ဘူး၊ နေရာဝေးဝေးကိုရောက်ပြီဆိုတာ
လိပ်ကိုကြည့်ရအောင်၊ လိပ်ဆိုတာ အင်မတန်နှေးကွေးတဲ့သတ္တဝါပါ (ကုန်းပေါ်မှာ အပြေးပြိုင်ခိုင်းရင်ပေါ့)၊
အဲ.. လိပ်ရဲ့ အားသာချက်တခုကိုပြောပါဆိုရင
ကျွန်တော့်အနေနဲ့ ပြောပါဆိုရင်တော့... ယုန်လည်းဖြစ်ချင်ပါ၊ လိပ်လည်းဖြစ်ချင်ပါ။ ဒီ နှစ်ဦးစလုံးရဲ့ အားသာချက်ကို ယူသင့်ပါတယ်၊ အားနည်းချက်တွေကို တတ်နိုင်သမျှလျော့ရပါမယ်။
ကိုယ်က ဥာဏ်ကောင်းသူလား၊ ဒါဆိုရင် အပျင်းလျော့ပါ၊ လက်ရှိမှာ သူများထက်သာတာပါပဲဆိုပြီး နှပ်မနေပါနဲ့။ သူများထက် ဘယ်လောက်သာအောင်သွားနိုင်သေ
ကိုယ်က ဝီရိယကောင်းသူလား၊ ဒါဆိုရင် ဥာဏ်ကောင်းအောင် ထပ်ကြိုးစားပါ။ ဗဟုသုတ များအောင် စာပေတွေဖတ်ပါ၊ အတွေ့အကြုံရှိသူတွေကို ချဉ်းကပ်ပါ။
ဒီနေ့ အတွေးလေးက မိတ်ဆွေအတွက် တွေးစရာလေး တခုရသွားမယ်ထင်ပါတယ်။
အဆင်ပြေပါစေဗျာ။
#KoThuraNote
#4Jul2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။