Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, July 5, 2017

Facebook နဲ့ ပက်သတ်တဲ့ဆောင်ရန် ရှောင်ရန် အချက်များ

Facebook နဲ့ ပက်သတ်တဲ့ဆောင်ရန် ရှောင်ရန် အချက်များ
_____________________________
(Facebook သုံးရင် ဖတ်ကြည့်သင့်ပါတယ် )

Social Networking Site (S N S)
S N S ဟူသည် ကမ္ဘာတစ်လွှားမှ လူအချင်းချင်းစိတ်ဝင်စားမှု၊ ဝါသနာ၊ ဘဝအတွေ့အကြုံများဖလှယ်နိုင်သည့် Platform တစ်ခုဖြစ်ပါသည်။ Social Networking Site တွေမှာ web-based service ဖြစ်ပြီး user တစ်ယောက်ချင်းစီ သူ့ရဲ့ကိုယ်ပိုင် public profile တစ်ခုတည်ဆောက်ပြီး မိမိနှင့် ချိတ်ဆက်ဖလှယ်မည့် user list ကိုလည်း စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ SNS မှာ mobile connectivity, photo, video sharing နဲ့ blogging စတဲ့ feature တွေလည်းပါဝင်ပါတယ်။ American based site တွေဖြစ်သော Facebook, Google +, Linkedin, Instagram, Reddit, Pinterest, Vine, Tumblrနဲ့ Twitter အစရှိသည့် SNS များဟာ ကမ္ဘာတစ်လွှားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျှက်ရှိကြပါတယ်။

India ဟာ ကမ္ဘာပေါ်မှာ Social media အသုံးအများဆုံးနိုင်ငံအဖြစ် မှတ်တမ်းတင်ထားခြင်းခံခဲ့ရပါတယ်။ ၂၀၁၃ စစ်တမ်းများအရ US ရှိ ၇၃%သော အရွယ်ရောက်သူတွေဟာ Social media များအသုံးပြုလျှက်ရှိကြောင်းသိရသည်။ Califonia တစ်နေရာတည်းပင်လျှင် ၁၅၂၆၇၁၆၀ ဦးရေရှိပြီး Texas တွင် ၉ သန်းရှိသည်။ အစောပိုင်း Social Network Media များ ဖြစ်သည့် The globe.com (1995), Geocities (1994), Tripod.com (1995) အစရှိသည့် SNS များသည် Online Community အသွင်ဖြင့် Chat Room များအဖြစ်ပေါ်ပေါက်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းမှာတော့ အခြားဝါသနာတူ user များကို friend list အတွင်းသို့ compile လုပ်ပြီး အသုံးပြုရသော user profile စနစ်ဟာ social media ရဲ့ အဓိက feature ဖြစ်လာခဲ့ပါတယ်။

လူကြိုက်အများဆုံး social media ၁၅ ခု
1. Facebook 900,000,000 (Estimated)
2. Twitter 310,000,000
3. Linkedin 255,000,000
4. Pinterest 250,000,000
5. Google+ 120,000,000
6. Tumblr 110,000,000
7. Instagram 100,000,000
8. VK 65,000,000
9. Flickr 65,000,000
10. Vine 42,000,000
11. Meetup 40,000,000
12. Tagged 38,000,000
13. ask.fm 37,000,000
14. Meetme 15,000,000
15. Classmate 15,000,000

Facebook
စတင်တည်ထောင်ခဲ့သည့်နှစ်February 4, 2004 (11 years ago)
ရုံးချုပ် Menlo Park, Califonia, US
Founder Mark Zukerberg, Eduardo, Severin, Adrew Mollum, Dustin Moskovitz
ဝန်ထမ်းပေါင်း ၉၁၉၉ဦး (Dec-2014 ထိ)
လက်အောက်ခံကုမ္ပဏီ Instagram
What App
Oculus VR
Private Core

Facebook ကို February 4, 2004 ခုနှစ်တွင် Mark Zuckerberg က သူ့ရဲ့ Harvard တက္ကသိုလ်ရှိ Roomate များနှင့်အတူ စတင်တီထွင်ခဲ့ပါတယ်။
Mark Zuckerberg ဟာ Harvard တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဘဝမှာပဲ Facebook ကို တီထွင်ခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျှံနာဖြစ်လာခဲ့ပါတယ်။

မူလအစတွင် Facebook ကို Harvard တက္ကသိုလ်၏ Networking Site အဖြစ် မိတ်ဆက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘော်စတွန်အနီးတစ်ဝိုက်တက္ကသိုလ်များ၊ Ivy League နဲ့ Stanford တက္ကသိုလ်အထိ တိုးချဲ့ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် Facebook ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်လာခဲ့ပါတယ်။
Facebook ဆိုင်ရာသိမှတ်စရာ
• Facebook ကို Language ပေါင်း ၇၀ နှင့်အသုံးပြုနိုင်သည်။
• ၂၀၀၉ ခုနှစ်တွင် Facebook သည် ကမ္ဘာ့လူကြိုက်အများဆုံး Social Network အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
• November 2010 တွင် Facebook သည် Google နှင့် Amazon.com ပြီးလျှင် တတိယအကြီးဆုံး အမေရိကန် Web Company ဖြစ်လာခဲ့သည်။

• ကမ္ဘာပေါ်တွင် လူ ၁၃ ဦးမှ ၁ ဦးတိုင်းသည် Facebook အသုံးပြုသည်။
• မိနစ် ၂၀ တိုင်းတွင် ဓာတ်ပုံပေါင်း ၂၇ သိန်းကျော် Facebook ပေါ်သို့ရောက်သည်။
• မိနစ် ၂၀ တိုင်းတွင် Comment ပေါင်း ၁၀.၂ သန်း Facebook ပေါ်သို့ရောက်သည်။
• မိနစ် ၂၀ တိုင်းတွင် Friend Request ၁.၉၂ သန်း Accept လုပ်နေကြသည်။
• မိနစ် ၂၀ တိုင်းတွင် Status update ပေါင်း ၁.၈၅၁ သန်း Facebook ပေါ်သို့ရောက်သည်။

• အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား Facebook အသုံးပြုသူများထဲတွင် ၄၈ ရာခိုင်နှုန်းသောအရေအတွက်သည် အိပ်ရာထတိုင်း Facebook ဝင်စစ်သည်။
• တစ်လတွင် မိနစ်ပေါင်း ဘီလီယံ ၇၀၀ Facebook အသုံးပြုကြသည်။
• မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုသူဦးရေသည် ကွန်ပြူတာဖြင့် Facebook အသုံးပြုသူဦးရေထက် အရေအတွက် ၂ ဆ ပိုမိုများပြားသည်။
• Texas Hold'em Poker အမည်ရ page သည် ကမ္ဘာပေါ်တွင် Like အများဆုံး Facebook Page ဖြစ်သည်။
• အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် Facebook အသုံးပြုသူအများဆုံးနိုင်ငံဖြစ်ပြီး အသုံးပြုသူဦးရေ ၁၅၅ သန်းရှိသည်။ ယင်းမှာ တစ်ကမ္ဘာလုံးအသုံးပြုသူ၏ ၂၃.၆ ရာခိုင်နှုန်းဖြစ်သည်။
• Facebook သည် ကမ္ဘာပေါ်တွင် တတိယမြောက်လူကြည့်အများဆုံး ဗီဒီယိုဝက်ဘ်ဆိုက်တစ်ခုကဲ့သို့ဖြစ်လာပြီး ကြည့်ရှုသူ ၄၆.၆ သန်းကျော်လွန်ခဲ့ပြီဖြစ်သည်

• Facebook user တစ်ယောက်တွင် ပျှမ်းမျှ Friend အယောက် ၁၃၀ ရှိသည်။
• Facebook Homepage ပေါ်မှ မျက်နှာပိုင်ရှင်သည် Mark Zuckerberg ၏ သူငယ်ချင်းဖြစ်သူ Al Pacino ၏ မျက်နှာဖြစ်သည်။
• Poke ၏ အဓိပ္ပာယ်ကို သေချာသတ်မှတ်ထားခြင်းမရှိပေ။ Facebook help center မှာ Poke ၏ အလုပ်လုပ်ပုံကို ရှာကြည့်နိုင်သော်လည်း Poke တွင် တိကျသော definition ပေ။ Interview တစ်ခုတွင် Mark Zuckerberg အား Poke ၏ အဓိပ္ပာယ်အတိအကျကိုမေးမြန်းရာတွင် Poke ၏ ရည်ရွယ်ချက်မှာ တသီးတခြားမရှိဘဲ အပျော်သဘောသက်သက် ထည့်သွင်းထားခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။

• Facebook တွင် ဆက်ခံသူကိုရွေးရသော Feature ထပ်တိုးထားသည်။ Facebook အသုံးပြုသူတစ်ဦးဦးသေဆုံးသောအခါ သူ၏အကောင့်ကိုကျန်တစ်ဦးဦးက လက်လွှဲဆက်ခံစေနိုင်ဖို့အတွက် ကြိုတင်ရွေးချယ်ထားနိုင်သည့်နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းပေါ်ထွက်မလာခင်က အကောင့်ပိုင်ရှင်တစ်ဦးဦးသေဆုံး၍ Facebook ကို အကြောင်းကြားလျှင် ထိုသူ၏ Facebook စာမျက်နှာသည် သူ့ကိုအမှတ်ရသောစာမျက်နှာအဖြစ်ပြောင်းလဲသွားမည်ဖြစ်သော်လည်း ထိုစာမျက်နှာမှာ တခြားဘာမှပြုပြင်ပြောင်းလဲ၍မရပါ။ ယခု Legacy Contact ဟုခေါ်သည့် အမွေဆက်ခံသူကိုရွေးချယ်ထားနိုင်သည့် နည်းလမ်းအရ အဆိုပါဆက်ခံသူဟာ သေဆုံးသူရဲ့ စာမျက်နှာပေါ် (Wall) မှာ Post တင်တာ၊ Friend အသစ်လက်ခံတာ၊ Profile ပုံနဲ့ Cover ပုံတွေပြောင်းတာ စတာတွေလုပ်နိုင်မှာပါ။ ယခုလောလောဆယ်မှာ ထို Legacy Contact ရွေးချယ်သည့်နည်းကို American Fackbook user များသာ အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး တခြားနိုင်ငံများမှ Facebook အသုံးပြုသူများအတွက် နောက်မှ ဆက်လက်တိုးချဲ့ပေးသွားမှာဖြစ်ပါတယ်။

• Facebook မှာ Follower အများဆုံး Celebrity တွေကတော့ Shakira, Cristiano Ronaldo, Eminem, Rihanna တို့ ဖြစ်ပါတယ်။
Facebook က သင့်ကို Block ရခြင်းအကြောင်းများ
Friend များများ Add ခြင်း
တစ်ကြိမ်ထဲမှာ Friend Request အများအပြားပို့မိလျှင် Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာပိတ်ပါတယ်။ နောက်မထင်ရင် မထင်သလို Message ပို့ခွင့်ပါပိတ်ပါတယ်။
Message များများပို့ခြင်း
Page တွေ၊ မသိတဲ့လူတွေဆီ စာအများအပြားပို့လျှင်လည်း Facebook က စာပို့ခွင့်ပိတ်ပါတယ်။
Like ဇွတ်လုပ်ခြင်း
ဒါက ဒီနောက်ပိုင်းမှ Facebook က ချမှတ်တဲ့ ပေါ်လစီဖြစ်ပါတယ်။ Like အများအပြားလုပ်လျှင်လည်း Like block ခြင်းခံရတတ်ပါတယ်။
Group အများအပြားဝင်ခြင်း
User တစ်ယောက်ကို maximum group (၂၀၀) ပဲ ဝင်ခွင့်ပေးပါတယ်။ တချို့ User တွေဟာ Group ကို ပေးထားတဲ့ Limit ကုန်အောင် ဝင်ကြသောကြောင့် အကောင့် Log in လုပ်ရာမှာ error တက်တဲ့အထိဖြစ်နိုင်ပါတယ်။
နေရာပြောင်းသုံးလွန်းခြင်း
Facebook တင်မကဘဲ G-talk စတာတွေမှာလည်းအတူတူပါပဲ။ ဥပမာ- မနေ့က ရန်ကုန်မှာသုံးတယ်။ နောက်နေ့ Singapore မှာသုံးတယ်ဆိုရင်တော့ Facebook က အကောင့်ကိုပိတ်ပါတယ်။ ပေးလာတဲ့အကြောင်းပြချက်ကတော့ သင်ဒီအကောင့်သုံးတဲ့လူ တကယ်ဟုတ်ရဲ့လားတဲ့။ ပြီးတော့ Security Question တွေ ဖြေရပါတယ်။

IP Address က ရန်ကုန်နဲ့ စင်္ကာပူ မတူလို့ပါ။ Facebook အနေနဲ့ ဒီလို Layer တစ်ခုခံထားပေးတဲ့အပေါ်မှာလည်း တော်တော်များများက အတွန့်မတက်ကြပါဘူး။ Security Question တွေကို မေးတဲ့နေရာမှာလည်း ကိုယ်အကြည့်များ၊ အတွေ့များ၊ စကားအပြောများ၊ Like များ၊ Comment များတဲ့သူတွေရဲ့ဓာတ်ပုံတွေကို ရွေးခိုင်းတာမျိုးဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ဘယ်သူမှ သတိမထားမိ၊ ဂရုမစိုက်မိရင်တော့ အကောင့်ပြန်ရဖို့ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့သူများ သတိပြုပါ။
Device ပြောင်းသုံးလွန်းခြင်း
ဒီနေ့အင်တာနက်ဆိုင်တစ်ခုမှာ Window XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်းရောက်ရော အိမ်က Window 7 နဲ့ ဖွင့်ပြီဆိုပါစို့။ သင့်အကောင့်ကို Window 7 နဲ့ ရန်ကုန်မှာ သုံးသွားပါတယ်ဆိုပြီး Alert လုပ်တတ်ပါတယ်။ ခဏခဏအပြင်ထွက်သုံးဖြစ်တဲ့ user တွေကိုတော့မမေးပါဘူး။ အလေ့အထမရှိတဲ့ Account တွေဆိုရင်တော့ ဖြစ်တတ်ပါတယ်။
poke လုပ်လွန်းခြင်း
Poke ကိုမသိတဲ့လူတွေ တစ်ယောက်နဲ့တစ်ယောက်ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် ထည့်ပေးထားခြင်း ဖြစ်ပါတယ်။ သို့သော် ဇွတ် poke လုပ်လွန်းရင် အကောင့်ကိုပိတ်ပါတယ်။ မြန်မာပြည်မှာတော့ဖြစ်ခဲပါတယ်။
Link များ share လွန်းခြင်း
Blog တွေ၊ Wordpress တွေကလာတဲ့ Link တွေကို Facebook ပေါ်ကို Transfer လုပ်တာကို သူတို့မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့်သူတွေလို့ပဲ များသောအားဖြင့်သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲဖြစ်ဖြစ်၊ Message တွေမှာပဲဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရပေးနေမယ်ဆိုရင်တော့ Security Question တွေစပါပြီ။
Report အလုပ်ခံရများရင်
ဒါကတော့ တော်တော်များများသိပါတယ်။ အကောင့် Report လုပ်ခံရတာတို့၊ ဓာတ်ပုံ Report လုပ်ခံရတာတို့၊ Comment Report လုပ်ခံရတာတို့ အကြိမ်အရေအတွက်များလာရင် အကောင့်ကို Facebook က Block ဖို့ ကျိန်းသေနေပါပြီ။ Security Question တွေ ဖြေရပါပြီ။

App အလွန်အကျွံသုံးခြင်း
သူများက ဟို App လေးတင်တော့ ကိုယ်လည်းလိုက်click ၊ ဒီ Link လေးတွေ့တော့ ကိုယ်လည်းလိုက်click ရင်းနဲ့ နောက်ဆုံး Account ပိတ်ခံရတတ်ပါတယ်။

Hacker တွေ Account တွေကို ဘယ်လိုနည်းလမ်းတွေသုံးပြီး hack နေကြသလဲ။
အခုတလော Hacker တွေ Hack နေတဲ့နည်းတွေကတော့
Phishing
Keylogger
Add-ons
Trusted contacts (ဒါကတော့ သုံးတာမကြာသေး) စတာတွေသုံးပြီး Hack နေကြတာပါ။

Phishing
Phishing ဆိုတာ Facebook, G-mail စတာတွေရဲ့ Home Page အတုတွေပါ။ Phishing အတုတွေကို ဘယ်ကနေတွေ့နိုင်သလဲဆိုတော့ Hack မယ့်လူကမျှားထားတဲ့ Page အတုတွေကနေ တွေ့နိုင်ပါတယ်။ Link လေးတစ်ခု ချထားပေးမယ်။ အဲဒီ Link ကို click လိုက်တာနဲ့ Facebook log in page, G- mail log in page လေး ကျလာမှာပါ။ ဒါကို ကိုယ်ကနည်းပညာပိုင်းအားနည်းတော့ မသိဘဲ e-mail နဲ့ password ကို ရိုက်ပြီးဝင်လိုက်တာနဲ့ Hacker ရဲ့ထောင်ချောက် ထဲရောက်ပြီး ကိုယ့်ရဲ့ G-mail နဲ့ Facebook အကောင့်တွေ Hacker ရဲ့ Hosting လို့ခေါ်တဲ့ Online ပေါ်က နေရာလေး တစ်ခုမှာ ရောက်သွားပါတယ်။ အဲဒီအခါမှာ ကိုယ့်အကောင့်ဟာ Hacker ရဲ့လက်ထဲရောက်သွားပါပြီ။ ဒီအကောင့် ပြန်လိုက်လို့မရနိုင်ဘူးလားဆိုတော့ အချိန်ပေးပြီး နည်းပညာသုံးပြီးပြန်လိုက်မယ်ဆိုရင် ရလည်းရနိုင်သလို မိမိအကောင့်က Hacker ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီး ချယ်လှယ်တာခံရရင်လည်း ခံရနိုင်ပါတယ်။ ဒါကြောင့် မိမိနဲ့မရင်းနှီးတဲ့သူပေးတဲ့ မည်သည့် Link ကိုမှ click မနှိပ်မိပါစေနဲ့။ Link ကို နှိပ်လိုက်လို့် E-mail နဲ့ password တောင်းပြီဆိုရင် ပိတ်လိုက်ပါ။ လုံးဝ မရိုက်ထည့်လိုက်ပါနဲ့။ ဒါဆို Phishing နဲ့ Hack ခြင်းကို ကာကွယ်နိုင်ပါပြီ။

Keylogger
Keylogger ဆိုတာ ကိုယ့်ရဲ့စက်ထဲမှာ ကိုယ်မမြင်ရဘဲအနောက်မှာ Run နေပြီး ကိုယ့်ရဲ့အချက်အလက်တွေကို keylogger ပိုင်ရှင်ရဲ့ E-mail ဆီသို့ အဆက်မပြတ်ပို့ပေးနေတဲ့ ထောက်လှမ်းရေးဆော့ဖ်ဝဲလ် တစ်မျိုးပါ။ Keylogger အမျိုးအစားတွေဟာ keylogger ဝင်နေတဲ့စက်မှာ အချိန်ကိုက် screen shot ဓာတ်ပုံရိုက်သွားတဲ့ Keylogger ဖြစ်ပါတယ်။ ဒီ keyloggerကို အသုံးပြုနေတဲ့userမှာလုံးဝမသိနိုင်ဘဲ keylogger software သွင်းထားသူသာ ကိုယ်ပိုင် password ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ keylogger software ကို ကောင်းတဲ့နေရာတွေမှာလည်း အသုံးချနိုင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ မိဘတွေ ကိုယ့်သားသမီးတွေ Internet ကို ဘာတွေအတွက်သုံးနေကြလဲ။ မကြည့်သင့်တာတွေကြည့်နေလား။ မသုံးသင့်တာတွေသုံးနေလား စသည်ဖြင့် သိချင်တဲ့အခါတွေမှာအသုံးချနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ Hacker တွေသုံးတဲ့ keylogger ဖြစ်ပါတယ်။ keylogger တစ်ခုကို software သုံးပြီး ကိုယ်တိုင်ဖန်တီးလို့ရနိုင်သလို Online ပေါ်က ရနိုင်တဲ့ Keylogger တွေအများကြီးမို့ Hacker တွေအတွက် အလွယ်တကူ အသုံးပြုနိုင်တဲ့နည်းတစ်ခုပါ။ ဒီထက်အဆင့်မြင့်တဲ့ Programming Language တွေနဲ့ အဆင့်မြင့်မြင့်ရေးလို့ရပါသေးတယ်။ Hacker တွေက User တွေရဲ့ စက်ထဲကို Keylogger ဘယ်လိုထည့်လဲဆိုတော့ User တွေ စိတ်ဝင်စားတဲ့ photo, e-books, video စတာတွေမှာကပ်ပြီး user တွေဆီချပေးပါတယ်။ ဒါကိုမသိဘဲ download လုပ်မိပြီး double click နှိပ်လိုက်တာနဲ့ စက်ထဲကို Keylogger ရောက်သွားပြီး Keylogger ပိုင်ရှင်ရဲ့ e-mail ကို data တွေပို့ပါတယ်။ ဒီနည်းလမ်းနဲ့ user ရဲ့ Account, password ကို Hacker တွေ ရရှိပါတယ်။ ဒါကြောင့် သတင်းတွေ၊ ဗီဒီယိုဖိုင်တွေကို စိတ်ချရတဲ့ သတင်းဌာနတွေကပဲဖတ်သင့်ပါတယ်။ Keylogger စစ်ဖို့ဆိုရင် MSE (Microsoft Security Essential) နဲ့ Malwarebytes ၂ မျိုးနဲ့ စစ်နိုင်ပါတယ်။ ပြီးတော့ ကိုယ်က ဒါတွေကိုရှောင်ပေမယ့် ကိုယ်နဲ့စက်မျှသုံးတဲ့သူက မရှောင်ရင်လည်း hacker ရဲ့ ထောင်ချောက်ထဲသက်ဆင်းရမှာမို့ computer တစ်လုံးကို တစ်ယောက်တည်းသုံးတာ အကောင်းဆုံးပါပဲ။ နောက်တစ်နည်းက ကိုယ့်ရဲ့ password ကို keyboard ကနေရိုက်မဝင်ဘဲ window မှာပါတဲ့ on screen keyboard ကနေ ဝင်တာမျိုး၊ note pad မှာ password ကို save ထားပြီး account ဖွင့်တိုင်း copy and paste လုပ်ပြီး ဝင်တာမျိုးတွေနဲ့လည်းလုပ်နိုင်ပါတယ်။
Add ons
Hacker တွေရဲ့ အဓိကပစ်မှတ်တစ်ခုဖြစ်ပါတယ်။ လတ်တလောအသုံးအများဆုံး Hack နည်းလေးဖြစ်ပါတယ်။ ဒီ act ons ကတော့ internet connection ကို ၂ ဆ၊ ၄ ဆ တို့နဲ့ မက်လုံးပေးပြီး link ကို ချပေးတတ်ပါတယ်။

ဒါကိုယုံကြည်တဲ့သူက install လုပ်တော့ Account တွေတန်းစီပြီး ပါကုန်တတ်ပါတယ်။ Add on သုံးချင်ရင် browser ရဲ့ Official site မှာပဲ ရှာသုံးတာ အကောင်းဆုံးပါပဲ။
Trusted contacts
မိမိ account lock ကျရင် trusted contact မှာ ထည့်ထားတဲ့ သူငယ်ချင်းအနည်းဆုံး ၃ ယောက်ဆီကို Facebook မှ code ပို့ပေးခြင်းပါ။ အဓိကအချက်ကတော့ trusted contact list မှာ မိမိကိုယ်ပိုင် account များကိုသာ ထည့်ထားသင့်ပါတယ်။

Content Translation Department
မှ
မနီလာအောင်၏ Facebook နဲ့ ပက်သတ်တဲ့ဆောင်ရန် ရှောင်ရန် အချက်များ ဆွးနွေးမှုကို ပြန်လည်တင်ပြပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။