စီမံခန့်ခွဲမှု
ပညာရှင်" တေလာ" ၏ အလိုအရ အဖွဲ့အစည်းတစ်ခု၏ အမြတ်ကိုမြှင့်တင်ရန်
အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို အမြင့် ဆုံးဖြစ်စေရန် ပြုလုပ်ရမည်ဟုဆိုပါသည်။
သူ၏အယူအဆများမှာ-
၁။ပို၍စွမ်းဆောင်နိုင်သောလူ များ
Men are more efficient
-စက်များကဲ့သို့ပင်လူများသည်လည်း သက်ဆိုင်ရာ အလုပ်များကို သီအိုရီမှ တွက်ချက်သကဲ့သို့ပင် လုပ်နိုင်စွမ်းရှိကြသည်။
၂။ငွေကအလုပ်ကြိုးစားရန်မက်လုံးဖြစ်
Money as incentive to hard work
-သင့်လျော်သော အကျိုးခံစားခွင့်ငွေကိုပေြး ခင်းဖြင့်လူတို့က ၀င်ငွေပိုရရန် ပို၍ကြိုးစားသည်။
၃။စီမံခန့်ခွဲမှုနှင့်ပူးပေါ င်းဆောင်ရွက်ခြင်း
cooperation with management
-၀န်ထမ်းများက စီမံခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်ကို သိမြင်စေရသည်။ အဖွဲ့အစည်း၏၀င်ငွေတိုးခြင်း က အဖွဲ့အတွက်အမြတ်ငွေများလာစေ သကဲ့သို့ ၀န်ထမ်းများအတွက်လည်း လုပ်ခလစာတိုးစေနိုင်သည်။
၎။သိပ္ပံနည်းကျစီမံခန့်ခွဲမှု
Scientific Management
-စီမံခန့်ခွဲသူများသည်အလုပ် သမားများအလုပ်လုပ်ရာတွင် ပိုကောင်းသောနည်းလမ်းများကိုလေ့လာရှာဖွေပေးခြင်းမရှိဘဲ လုပ်သား များဖြစ်သလိုလုပ်ပြီး ရလဒ်မကောင်းဖြစ်နေခြင်းကို လှစ်လျူ ရှုထားလေ့ ရှိသည်ဟုဆိုသည်။
သိပ္ပံနည်းကျစီမံခန့်ခွဲမှုအရ အောက်ပါမူ၎ချက်ဖြင့် အထက်ပါ အခြေ အနေများကိုကျော်လွှားရန်ဖော် ပြခဲ့သည်။
(က) အလုပ်၏မှန်ကန်သောသိပ္ပံနည်းကျဖွံ့ဖြိုးမှု
အလုပ်ရှင်နှင့် အလုပ်သမားကြားမှ မျှတသော အလုပ်ပမာဏ ကိုသတ်မှတ်ကာ လုပ်သားတစ်ဦးချင်း၏ တစ်နေ့တာအလုပ်တာဝန်များ ကိုဖော်ထုတ်သည်။ဤအလုပ်ပမာဏကိုတစ်နေ့တာအတွက်မျှော်လင့်ထားပြီးအလုပ်ပြီးပါကအပြည့်အ၀ ခံစားခွင့်ရပြီး မပြီးက ဒဏ်ငွေ ချမှတ်နိုင်သည်။ (ဥပဒေနှင့်မညီပါက ဒဏ်ငွေဖြတ်တောက်ခြင်း မပြုလုပ်ရ ၊သတိပေးဆုံးမှုမှုဖြင့်သာပြုလုပ်နိုင်သည်)
(ခ)သိပ္ပံနည်းကျရွေးချယ်မှုနှ င့် လေ့ကျင့်သင်ကြားခြင်း
ဝန်ထမ်းသည် အမြင့်ဆုံးလစာခံစားခွင့်ကို သတ်မှတ်ထားသော အလုပ်တာဝန် များပြီးမြောက်မှ ရရှိမည်ဖြစ်ရာလုပ်ကိုင်ရန်အ ဆိုပါ အလုပ်ကို လုပ်နိုင် မည့်ကာယအား၊ ဉာဏအားရှိသူကိုသာရွေးချယ် ရမည်ဖြစ်သည်။အရည်အချင်းပြည့်ဝသူကိုမရရှိပါက လေ့ကျင့် သင်ကြားပေးခြင်းဖြင့်ပထမတန်း ၀န်ထမ်းဖြစ်လာမည်။ ရာထူး/ လစာတိုးပေးရန်အခွင့်အလမ်းကို အမြဲ ဖွင့် ထားရမည်ဖြစ်သည် ။
(ဂ)သိပ္ပံနည်းကျ အလုပ်နှင့်လေ့ကျင့်ထားသောဝန်ထမ်းအတူတွဲဖက်ခြင်း
ဝန်ထမ်းက အရည်အချင်းပြည့်မှ အလုပ်ပြီးမြောက်သောခံစားခွင့်အပြည့် ရမည်ကို သိလျှင်လေ့ကျင့်သင်ကြားမှုကိုကြိုဆိုမြဲဖြစ်သည် ။စီမံခန့်ခွဲသူ ကလည်း အလုပ်ပြီးမြောက်မှ တိုးတက်မှုအခွင့်အလမ်း ရှိသဖြင့် လေ့ လာကြံဆ မည်ဖြစ်သည်။
(ဃ) စီမံခန့်ခွဲသူများနျှင့်ဝန် ထမ်းများပုံသေနှင့်ရင်းနှီး သောပူးပေါင်းဆောင် ရွက်ခြင်း
စီမံခန့်ခွဲသူများနှင့်ဝန်ထ မ်းသည်အလုပ်ကို
ခွဲခြားလုပ်ကိုင်ကြသည်။ စီမံခန့်ခွဲသူကလုပ်ရမည့် အချက်များကိုညွှန်ကြားသည်၊
အလုပ်ပမာဏ ကို တွက်ချက်သည်။လုပ်ကိုင်စဉ် ကြီးကြပ်သည်၊ လိုအပ်သောစွမ်း
အားစုများဖြည့်ပေးသည်။ လုပ်ခပေးသည်။ဝန်ထမ်းကညွှန်ကြားသည်တို့ကိုသတ်မှတ်အဆင့်အ တန်းနှင့်ပြီးမြောက်ရန်အလုပ်လုပ်သည် ။ အပြန်အလှန်ရင်းနှီးပြီးအပေး အယူမျှလျှင်ပြဿ နာနည်းသည် ။နှစ်ဦးနှစ် ဖက် တူညီသောအခြေခံယူဆချက်ရှိသည် ။ အလုပ်ကို သိပ္ပံနည်းကျလေ့ လာချဉ်းကပ်၍ လုပ်ကိုင်ရန် အကောင်းဆုံးနည်းကို ရှာဖွေခြင်း အခြေခံဖြစ်သည် ။
-------------------------- -------------------------- ------------------
အလားတူစီမံခန့်ခွဲမှုပညာရှင် "ဖားရိုး" ကလည်း ကောင်းစွာ ချမှတ်ထားသော အခြေခံမူအချို့ကို ဖော်ထုတ်တင်ပြခဲ့သည်။
ဤမူများသည်ပြုပြင်လွယ်ဖြစ်ြ ပီး ပြောင်းလဲနေသော အခြေအနေများ တွင်ညှိနှိုင်းအသုံးပြုရန်လည်းထောက်ပြခဲ့သည်။သူကစီမံခန့် ခွဲမှုအခြေခံမူ ၁၄ ချက်ကိုရေးသားဖော်ပြခဲ့သည် -
၁။အလုပ်ခွဲခြားလုပ်ကိုင်ခြင်း-အလုပ်ကို အထူးပြုလေ့လာဆောင် ရွက်ခြင်း Division of work concept of specialization of work
လူအများက အလုပ်ကို အထူးပြုလုပ်ကိုင်လျှင် သူတို့စူးစိုက် အာရုံနစ်သည်နှင့်အမျှ တိကျသေချာမှုနှင့်အတူ စွမ်းရည်ရလာပြီး အလုပ်ရလဒ် ပိုကောင်းလာသည်။သို့သော် အတွေ့အကြုံမှ သင်ကြားခြင်းက အတိုင်းအတာတစ်ခုအထိသာဖြစ်သည်။
၂။လုပ်ပိုင်ခွင့် (အာဏာ)နှင့်တာဝန်ယူမှု
Authority & Responsibility
အမိန့် ၊ညွှန်ကြားချက်ပေးရန်နှင့် လိုက်နာစေရန် အခွင့်အာဏာ သည်စီမံခန့်ခွဲသူ၏ တရားဝင်အာဏာပိုင်မှုမှလာသည်ြ ဖစ်စေ၊ သူ၏ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုမှလာသည်ဖြစ်စေအခွင့်အာဏာကိုကျင့်သုံးတိုင်းတာဝန်ခံယူမှုက ပေါ်ပေါက်လာသည်။
၃။စည်းကမ်း လိုက်နာမှုနှင့်လေးစားမှုအခြေ ခံ
Dicipline -Based on Obdience and Respect
လုပ်ငန်းချောမွေ့စွာလည်ပတ်ရ န်မရှိမဖြစ်လိုအပ်သည်။စည်း ကမ်းမရှိပဲ မည်သည့်အဖွဲ့အစည်းမှ မရပ်တည်နိုင်ပါ။
၎။ညီညွှတ်သောကွပ်ကဲမှု - အထက်အရာရှိတစ်ဦးထံမှ သာအမိန့်များ ရရှိခြင်း
Unity of Command received orders from one supervisor
မည်သည့်လုပ်ဆောင်ချက်တွင်မဆို ၀န်ထမ်းတစ်ဦးသည် အထက် အရာရှိတစ်ဦးထံမှသာညွှန်ကြား ချက်ကိုခံယူရန်ဖြစ်သည် ။သို့မ ဟုတ်ပါက လုပ်ပိုင်ခွင့် အာဏာသက်ရောက်ခြင်းမရှိတော့ဘဲ စည်းကမ်း၊အမိန့်နာခံမှုနှင့် တည်ငြိမ်မှုမရှိဖြစ်လာနိုင်သ ည်။နှစ်ဦးထံမှ အမိန့်နာခံရခြင်းသည် ပဋိပက္ခများဖြစ်စေသော အကြောင်းတစ်ရပ်ဖြစ် သည်။
၅။ဦးတည်ဖက် ညီညွှတ်မှု Unity of Direction
လုပ်ဆောင်ချက်ညီညွတ်ရန် ၊ပေါင်းစပ်ညှိနှိုင်းရန် ၊စုစည်းအားထုတ်ရန် ဦးဆောင်သူ တစ်ယောက်၊စီမံချက်တစ်ခုသာ လျှင်ရှိသင့်သည်။ မည်သည့်လုပ်ဆောင်ချက်များမဆို တူညီသော ရည်ရွယ်ချက်တွင် အကျုံးဝင်ရမည်ဖြစ်သည်။
၆။တစ်ဦးချင်းအကျိုးစီးပွား သည်အားလုံး ယေဘုယျစီးပွားတွင်ပါ ၀င်ပြီးဖြစ်ခြင်း
Subordination of individual interest to general interest
ဝန်ထမ်းတစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၏ အကျိုးစီးပွား သည်အဖွဲ့အစည်း၏ စီးပွားနှင့်ကွဲပြား၍ မရှိသင့်ပါ ။
၇။ဝန်ထမ်းများကိုလစာခံစားခွ င့်ပေးခြင်း
Remuneration of personnel
လစာပေးခြင်း သည်ဝန်ထမ်းနှင့် အဖွဲ့အစည်းအတွက်မျှတမှု နှင့်ဖြစ်နိုင် သရွေ့ ကျေနပ်မှုရှိစေသင့်သည် ။
၈။ဗဟိုမှ ချုပ်ကိုင်ခြင်း Centralization
ဗဟိုပြုခြင်းနှင့် ခွဲဖြန့်ခြင်းသည် လွယ်ကူသော အချိုးအစား ဆိုင်ရာ မေးခွန်းဖြစ်သည်။အဖွဲ့အစည်း ၏အခြေအနေ၊လက်အောက်ခံတို့၏ အားကိုးအားထားပြုနိုင်မှု ၊ စီမံခန့်ခွဲသူ၏ စရိုက်သဘာဝအပေါ် အခြေခံသည် ။
၉။ထက်အောက်ကွင်းဆက် အာဏာပိုင်မှုလမ်းကြောင်း
Scalar chain - Routing of the line of authority
အထက်အမြင့်ဆုံး အာဏာပိုင်မှ အနိမ့်ဆုံးရာထူးများ ဆီသို့ လမ်းကြောင်းဖြစ် သည်။တစ်ချက်လွှတ်အာဏာ ပိုင်သူမှဖြစ်စေ၊ သူ့ထံသို့ဖြစ်စေ ဆက်သွယ်မှုအားလုံးသွားလာရမည့်
လမ်းကြောင်းဖြစ် သည်။အစိုးရဌာနများကဲ့သို့ ကြီးမားသော အဖွဲ့အစည်းတွင်
ဤလမ်းကြောင်း သည် အကျိုးပျက်စီးလောက်အောင် ရှည် လျားကြန့်ကြာခြင်း
မျိုးဖြစ်တတ်သည် ။"ဖားရိုး" က များစွာသော လုပ်ဆောင်ချက်များ သည်
မြန်မြန်ဆန်ဆန် အရေးယူဆောင် ရွက်ခြင်းအပေါ်မှီတည်ကြောင်း ထောက်ပြခဲ့သည်။သို့ဖြင့် အဖွဲ့အစည်း အတွင်းမှ အဆင့်တူ ၀န်ထမ်းများသည် တိုက်ရိုက်ဆက် သွယ်လုပ် ကိုင်သင့်သည်။အထက်အရာရှိမှလ ည်းဖြစ်နိုင်သရွေ့ ခွင့်ပြုရန် လိုအပ် သည်။ အာဏာပိုင်မှု အဆင့်အသီးသီးတွင် ဤကဲ့သို့ ကျင့်သုံးမှုမျိုးကို ပုံမှန်ကျင့်သုံးရန်ဖြစ်သည် ။
၁၀။ အစီအစဉ်ကျနမှု Order
ရုပ်ဝတ္ထုပစ္စည်းတို့ကို ဆုံးရှုံးမှုမဖြစ်စေရန် သင့်လျော်မှန်ကန် စွာ နေရာ ချထားသကဲ့သို့ လုပ်ငန်းချောမွေ့လည် ပတ်အောင်မြင်ရန်မရှိ မဖြစ် လိုအပ်သော ရာထူးနေရာများတွင်လည်း သင့်လျော်သော လူများကိုသာ ခန့်ထားရန်ဖြစ်သည် ။
၁၁။မျှတမှု Equity
စီမံခန့်ခွဲသူများသည် သူတို့၏ လက်အောက်ဝန်ထမ်းများ အပေါ်ခင်မင် မှုနှင့် မျှတမျှရှိသင့်ကြောင်းဖော်ြ ပထား သည်။ ကောင်းမွန်သော လူ့သ ဘာဝ၊အတွေ့အကြုံနှင့်အမြင်စူးရှမှုတို့က မျှတမှုကို ပုံဖော်ခြင်းဖြစ်သည်။
၁၂။ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု တည်ငြိမ်ခြင်း
Stability of tenture of personnel
ဝန်ထမ်းများအ၀င်အထွက်များခြ င်းသည် နိမ့်ပါးခြင်းကိုပြသည်။ အဖွဲ့အစည်းတစ်ခုတွင်တာဝန်ထမ်းဆောင်မှု မတည်ငြိမ်ခြင်းသည် လုပ်ငန်း နိမ့်ပါးခြင်း၏ အကြောင်းနှင့်အကျိုးပင်ဖြစ် သည်။
၁၃။ ထိုးထွင်းကြံဆခြင်း Initiative
ထိုးထွင်းကြံဆခြင်း သည်စီးပွားရေးလုပ်ငန်းများ အတွက်ကြီးစွာသော အင်အားဖြစ်ခြင်းကိုဆောင်ယူလာလေ့ရှိသည်။ ခက်ခဲသောအချိန် / အခြေနေများတွင်ပို၍
လိုအပ်သည်။သို့ဖြင့် ဤသို့ ထိုးထွင်းကြံဆ မှုမျာားကို အပြည့်အ၀ဖြစ်လာစေရန်
အားပေးဖွံ့ဖြိုးစေသင့်သည် ။စီမံခန့်ခွဲသူသာမက ၀န်ထမ်းကလည်း
ထိုးထွင်းကြံဆနိုင်သည်ဖြစ်၍ တစ်ဦးနှင့်အများ လက်အောက်ဝန်ထမ်းများ၏
ထိုးထွင်းကြံဆမှုများကို စီမံခန့်ခွဲသူမှလမ်းဖွင့်ပေးသင့်သည်။
ဤသို့အောင်ြမင်စွာလုပ်ဆောင် နိုင်ခြင်း ကပင် စီမံခန့်ခွဲသူ၏ ထူးကဲသော အရည်အချင်းဖြစ်သည် ။
၁၄။ တစ်စိတ်တစ်ဝမ်းတည်း Esprit De corps
အရေးတစ်ခုတွင် တစ်စိတ်တစ်ဝမ်းတည်းထောက်ခြံ ခင်းသည် ထိုအရေးအတွက်ကြီးစွာသော အင်အားဖြစ်သည်။ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေစေ ရန်၊စီမံခန့်ခွဲသူများက
အားထုတ် သင့်သည် ။"ဖားရိုး" က အကြံပြုသည်မှာ လက်အောက်ဝန်ထမ်းများ အတွင်း
အကျေလည်မှုပြသခြင်းကို ရှောင်ရန်နှင့် စာဖြင့်ရေးသား
အသိပေးညွှန်ကြားစည်းကမ်းထုတ် ခြင်းထက် လွယ်ကူ လျင်မြန်သောနှုတ်ဖြင့် ပြောကြားမှု ပြုရန်တို့ဖြစ်သည် ။
ဒီသင်ခန်းစာကို Office Administration Advance Course မှာ ပြည့်ပြည့်စုံစုံ ရှင်းလင်းသင်ကြားပေးခဲ့ပြီး ဖြစ်ပါသည် ။
သင်တန်းသားများပြန်လည်လေ့လာ နိုင်ရန်အလို့ငှာ တင်ပြပေး လိုက်ပါ သည်။
၁။ပို၍စွမ်းဆောင်နိုင်သောလူ
Men are more efficient
-စက်များကဲ့သို့ပင်လူများသည
၂။ငွေကအလုပ်ကြိုးစားရန်မက်လ
Money as incentive to hard work
-သင့်လျော်သော အကျိုးခံစားခွင့်ငွေကိုပေြး
၃။စီမံခန့်ခွဲမှုနှင့်ပူးပေါ
cooperation with management
-၀န်ထမ်းများက စီမံခန့်ခွဲမှုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်ကို သိမြင်စေရသည်။ အဖွဲ့အစည်း၏၀င်ငွေတိုးခြင်း
၎။သိပ္ပံနည်းကျစီမံခန့်ခွဲမ
Scientific Management
-စီမံခန့်ခွဲသူများသည်အလုပ်
သိပ္ပံနည်းကျစီမံခန့်ခွဲမှုအရ
(က) အလုပ်၏မှန်ကန်သောသိပ္ပံနည်းက
အလုပ်ရှင်နှင့် အလုပ်သမားကြားမှ မျှတသော အလုပ်ပမာဏ ကိုသတ်မှတ်ကာ လုပ်သားတစ်ဦးချင်း၏ တစ်နေ့တာအလုပ်တာဝန်များ ကိုဖော်ထုတ်သည်။ဤအလုပ်ပမာဏက
(ခ)သိပ္ပံနည်းကျရွေးချယ်မှုနှ
ဝန်ထမ်းသည် အမြင့်ဆုံးလစာခံစားခွင့်ကို
(ဂ)သိပ္ပံနည်းကျ အလုပ်နှင့်လေ့ကျင့်ထားသောဝန
ဝန်ထမ်းက အရည်အချင်းပြည့်မှ အလုပ်ပြီးမြောက်သောခံစားခွင
(ဃ) စီမံခန့်ခွဲသူများနျှင့်ဝန်
စီမံခန့်ခွဲသူများနှင့်ဝန်ထ
--------------------------
အလားတူစီမံခန့်ခွဲမှုပညာရှင်
ဤမူများသည်ပြုပြင်လွယ်ဖြစ်ြ
၁။အလုပ်ခွဲခြားလုပ်ကိုင်ခြင
လူအများက အလုပ်ကို အထူးပြုလုပ်ကိုင်လျှင် သူတို့စူးစိုက် အာရုံနစ်သည်နှင့်အမျှ တိကျသေချာမှုနှင့်အတူ စွမ်းရည်ရလာပြီး အလုပ်ရလဒ် ပိုကောင်းလာသည်။သို့သော် အတွေ့အကြုံမှ သင်ကြားခြင်းက အတိုင်းအတာတစ်ခုအထိသာဖြစ်သည
၂။လုပ်ပိုင်ခွင့် (အာဏာ)နှင့်တာဝန်ယူမှု
Authority & Responsibility
အမိန့် ၊ညွှန်ကြားချက်ပေးရန်နှင့် လိုက်နာစေရန် အခွင့်အာဏာ သည်စီမံခန့်ခွဲသူ၏ တရားဝင်အာဏာပိုင်မှုမှလာသည်ြ
၃။စည်းကမ်း လိုက်နာမှုနှင့်လေးစားမှုအခြေ
Dicipline -Based on Obdience and Respect
လုပ်ငန်းချောမွေ့စွာလည်ပတ်ရ
၎။ညီညွှတ်သောကွပ်ကဲမှု - အထက်အရာရှိတစ်ဦးထံမှ သာအမိန့်များ ရရှိခြင်း
Unity of Command received orders from one supervisor
မည်သည့်လုပ်ဆောင်ချက်တွင်မဆ
၅။ဦးတည်ဖက် ညီညွှတ်မှု Unity of Direction
လုပ်ဆောင်ချက်ညီညွတ်ရန် ၊ပေါင်းစပ်ညှိနှိုင်းရန် ၊စုစည်းအားထုတ်ရန် ဦးဆောင်သူ တစ်ယောက်၊စီမံချက်တစ်ခုသာ လျှင်ရှိသင့်သည်။ မည်သည့်လုပ်ဆောင်ချက်များမဆ
၆။တစ်ဦးချင်းအကျိုးစီးပွား
Subordination of individual interest to general interest
ဝန်ထမ်းတစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၏ အကျိုးစီးပွား သည်အဖွဲ့အစည်း၏ စီးပွားနှင့်ကွဲပြား၍ မရှိသင့်ပါ ။
၇။ဝန်ထမ်းများကိုလစာခံစားခွ
Remuneration of personnel
လစာပေးခြင်း သည်ဝန်ထမ်းနှင့် အဖွဲ့အစည်းအတွက်မျှတမှု နှင့်ဖြစ်နိုင် သရွေ့ ကျေနပ်မှုရှိစေသင့်သည် ။
၈။ဗဟိုမှ ချုပ်ကိုင်ခြင်း Centralization
ဗဟိုပြုခြင်းနှင့် ခွဲဖြန့်ခြင်းသည် လွယ်ကူသော အချိုးအစား ဆိုင်ရာ မေးခွန်းဖြစ်သည်။အဖွဲ့အစည်း
၉။ထက်အောက်ကွင်းဆက် အာဏာပိုင်မှုလမ်းကြောင်း
Scalar chain - Routing of the line of authority
အထက်အမြင့်ဆုံး အာဏာပိုင်မှ အနိမ့်ဆုံးရာထူးများ ဆီသို့ လမ်းကြောင်းဖြစ် သည်။တစ်ချက်လွှတ်အာဏာ ပိုင်သူမှဖြစ်စေ၊ သူ့ထံသို့ဖြစ်စေ ဆက်သွယ်မှုအားလုံးသွားလာရမည့
၁၀။ အစီအစဉ်ကျနမှု Order
ရုပ်ဝတ္ထုပစ္စည်းတို့ကို ဆုံးရှုံးမှုမဖြစ်စေရန် သင့်လျော်မှန်ကန် စွာ နေရာ ချထားသကဲ့သို့ လုပ်ငန်းချောမွေ့လည် ပတ်အောင်မြင်ရန်မရှိ မဖြစ် လိုအပ်သော ရာထူးနေရာများတွင်လည်း သင့်လျော်သော လူများကိုသာ ခန့်ထားရန်ဖြစ်သည် ။
၁၁။မျှတမှု Equity
စီမံခန့်ခွဲသူများသည် သူတို့၏ လက်အောက်ဝန်ထမ်းများ အပေါ်ခင်မင် မှုနှင့် မျှတမျှရှိသင့်ကြောင်းဖော်ြ
၁၂။ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု တည်ငြိမ်ခြင်း
Stability of tenture of personnel
ဝန်ထမ်းများအ၀င်အထွက်များခြ
၁၃။ ထိုးထွင်းကြံဆခြင်း Initiative
ထိုးထွင်းကြံဆခြင်း သည်စီးပွားရေးလုပ်ငန်းများ အတွက်ကြီးစွာသော အင်အားဖြစ်ခြင်းကိုဆောင်ယူလ
ဤသို့အောင်ြမင်စွာလုပ်ဆောင်
၁၄။ တစ်စိတ်တစ်ဝမ်းတည်း Esprit De corps
အရေးတစ်ခုတွင် တစ်စိတ်တစ်ဝမ်းတည်းထောက်ခြံ
ဒီသင်ခန်းစာကို Office Administration Advance Course မှာ ပြည့်ပြည့်စုံစုံ ရှင်းလင်းသင်ကြားပေးခဲ့ပြီး
သင်တန်းသားများပြန်လည်လေ့လာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။