Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 6, 2017

ကျွန်တော်နဲ့စာဖတ်ခြင်း

ကျွန်တော်နဲ့စာဖတ်ခြင်း
++++++++++++++++

ရေးသူ - ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

နေ့လယ်က ဓမ္မစေတီလမ်းမှာရှိတဲ့ မားကက်ပလေ့(စ်)ကို ဇနီးနဲ့ရောက်ခဲ့ တယ်။ သူဈေးဝယ်နေတာကိုစောင့် ရင်း အမျိုးသားတစ်ဦးက လာပြီးနှုတ် ဆက်တယ်။ စာဖတ်ပရိသတ်တစ်ဦးဖြစ်ကြောင်း၊ အကြံပေးလိုကြောင်း၊ ဂရုတစိုက်လာနှုတ်ဆက်ရှာတယ်။ ကျွန်တော်ဟာ စာရေးနေပေမဲ့ ကိုယ့် ကိုယ်ကိုယ်စာရေးဆရာ တစ်ဦးအနေနဲ့ မယူဆမိဘူး။ စာရေးတဲ့သူတစ်ဦး အနေနဲ့သာ ထင်မိတာ။ အခုဆို မြန်မာ့အလင်းသတင်းစာမှာ တစ်ပတ် တစ်ခါဆောင်းပါးရေးဖြစ်တယ်။ မန္တလေးမြို့ရတနာပုံသတင်းစာမှာလည်း တစ်ပတ်တစ်ခါရေးဖြစ်တယ်။ မန္တလေးမှာရေးတာက ပုံစံတစ်မျိုး၊ သတင်းထောက်တစ်ဦးက ကျွန်တော့်ဆီတစ်ပတ်တစ်ခါ ဖုန်းနဲ့ဆက်သွယ် တယ်။ သူမေးချင်တဲ့သိချင်တဲ့မေးခွန်းတွေပြုစုပြင်ဆင်ထားတယ်။ သူမေး သမျှကို မိနစ် ၃၀ လောက်ကျွန်တော်ဖြေလိုက်ရင် ဆောင်းပါး တစ်ပုဒ်ကောင်းကောင်းရတယ်။ အခုဆို ဆောင်းပါး ၅၀ ကျော်ခဲ့ပြီမို့ စာအုပ်တစ်အုပ်တောင်ထုတ်ဝေနိုင်ခဲ့တယ်။ အမှန်တော့ ကျွန်တော် Voice မဂ္ဂဇင်းမှာ စရေးဖြစ်တယ်။ ကွယ်လွန်သွားတဲ့ ဒေါက်တာနေ၀င်းအောင် ရဲ့ တိုက်တွန်းချက်အရ ကျွန်တော်ပြုလုပ်တဲ့ဟောပြောပွဲတွေကိုအခြေခံပြီး ``ဟောပြောပွဲအတွေ့အကြုံ´´ ခေါင်းစဉ်နဲ့ တစ်ပတ်တစ်ကြိမ်ရေးဖြစ်တယ်။ အပုဒ် ၅၀ လောက်ရတော့ စာအုပ်တစ်အုပ်ထုတ်ခဲ့တယ်။ ကျွန်တော်ရေး ထားတဲ့ ကျန်တဲ့ဆောင်းပါးတွေရှာမရဘူးဆိုတော့ နှမြောနေမိတယ်။ ဒါက လည်း ကျွန်တော့်အပြစ်ပါပဲ။ ရေး သမျှကို မိတ္တူကူးထားသင့်တာ အရင် တစ်ပတ်က မဂ္ဂဇင်းတိုက်က တာဝန်ရှိတဲ့သူတွေနဲ့တွေ့တော့ ဆောင်းပါးတွေပြန်တွေ့ကြောင်း ၀မ်းသာစရာသတင်း ကြားခဲ့ရတယ်။ အခုတော့ ဒီဆောင်းပါးတွေကိုစုပေါင်းပြီး စာအုပ်ထုတ်နိုင်ပြီမို့ အလွန်ပျော် ရပါတယ်။

ကျွန်တော့်ကို မိတ်ဆွေတွေ၊ အသိတွေ၊ တပည့်တွေက မကြာခဏမေးကြ တယ်။ ဒီလောက်အလုပ် များတဲ့အကြား စာရေးဖို့အချိန်ဘယ်လိုရှာသလဲ။ စာကို ဘယ်နေ့မှာရေးသလဲ။ ဈာန်ဝင်အောင်ဘယ်လိုလုပ်သလဲ။ ဒီမေး ခွန်းတွေကြားရတော့ ကျွန်တော့်အတွက်စဉ်းစားစရာဖြစ်တယ်။ ကျွန်တော့် အဖို့ ဈာန်ဝင်မှဒီနေရာမှ ဟိုနေရာမှ ဒီအချိန်မှဟိုအချိန်မှဆိုတာ သက်သက် မရှိဘဲ၊ အချိန်ရှိရင် ဇနီး နဲ့တီဗွီအတူကြည့်ရင်းရေးလိုက်တာပဲ။ အခုလည်း သတင်းဖွင့်ထားရင်းရေးနေ တာ။ ရေးချင်တဲ့အကြောင်းအရာကိုတွေးပြီး စိတ်ထဲပေါ်လာတာကိုရေးဖြစ်တာ။ ခေါင်းစဉ်ရွေးချယ်မှုကတော့ ကိုယ့်ခေါင်းထဲပေါ်တာကို ရွေးတာဖြစ်တယ်။ စောစောက စာဖတ်ပရိသတ် က အခုခေတ်လူငယ်တွေစာမဖတ်ကြဘူး။ ဒါကြောင့် စာဖတ်အောင် တိုက် တွန်းပေးပါလို့ တိုက်တွန်းခဲ့တယ်။ စာဖတ်ခြင်း နဲ့ပတ်သက်လို့ မိမိဖြတ် သန်းလာခဲ့တဲ့ ဘ၀နဲ့ယှဉ်ပြီးသုံးသပ်ချင်တယ်။ ကျွန်တော်က ငယ်ငယ် ကတည်းက စာဖတ်ဝါသနာပါတယ်။ မေမေ့ရဲ့ဖေဖေ၊ ကျွန်တော့်အဘိုးက ထားဝယ်မြို့မှာ ဘဏ်တစ်ခု ရဲ့စာရေးကြီး၊ အင်္ဂလိပ်စာကောင်းတယ်။ အဖေလုပ်တဲ့သူကလည်း သူဝါသနာပါတဲ့ စစ်သူကြီးတွေရေးသားတဲ့ စာအုပ်အထူကြီးတွေအိမ်မှာစုထားတယ်။ အဘိုးကတစ်ဆင့် ကျွန်တော် Reader's Digest မဂ္ဂဇင်းကိုစပြီးဖတ်ခဲ့တယ်။ အဖေ့ရဲ့စာအုပ်တွေကို လည်းဖတ်ခဲ့တယ်။ ကျွန်တော်ငယ်ငယ်ကတက်တဲ့ကျောင်းဖြစ်တဲ့ အင်္ဂလိပ် မက်သဒစ်အထက်တန်းကျောင်းမှာ တစ်ပတ်တစ်ခါစာကြည့် တိုက်ကိုသွားရတဲ့ အချိန်ကိုသတ်မှတ်ထားတယ်။ ငယ်ငယ်ကတည်းက စာအုပ်ကို ချစ်မြတ်နိုးအောင် အကျင့်လုပ်ပေးခဲ့တာဖြစ်တယ်။ တက္ကသိုလ်ရောက်ပြန်တော့ ဆရာ၊ ဆရာမတွေက ပြဋ္ဌာန်းစာအုပ်တွေ သတ်မှတ်ပေးထားတဲ့အတွက် စာမဖတ်လို့မရတော့ဘူး။ ဘွဲ့လွန်ကို နိုင်ငံခြားမှာတတ်တော့လည်း စာကြည့်တိုက် မှာပဲ အချိန်ကုန်ခဲ့တာ။ ဘွဲ့ လွန်ပါရဂူဘွဲ့အတွက် သုတေသနလုပ်တဲ့အခါ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ရှိတဲ့ နာမည်ကြီးဗြိတိသျှစာကြည့်တိုက်မှာ လေးလတိတိအချိန်ယူပြီး လိုချင် တဲ့အထောက်အထားတွေကိုရှာဖွေခဲ့ရတယ်။ နိုင်ငံခြားမှာရှိတဲ့ တက္ကသိုလ်တွေကိုဆန်းစစ်တဲ့နေရာမှာ ဒီတက္ကသိုလ်မှာရှိတဲ့စာကြည့် တိုက်ကို ပေတံတစ်ခုအနေနဲ့သတ်မှတ်တယ်။

ရန်ကုန်တက္ကသိုလ်ကိုကြည့်ရင် တက္ကသိုလ်များစာကြည့်တိုက်ဟာ အလွန် ကျက်သရေရှိလှတဲ့နေရာဖြစ်တယ်။ ရှားပါးလှတဲ့ စာအုပ်တွေ၊ စာ တမ်းတွေ၊ ပေပုပိုက်တွေနဲ့ ပြည့်စုံလှတယ်။ ကျွန်တော့်ရဲ့အိမ်မှာလည်း စာအုပ်တွေပဲရှိတယ်။ စာအုပ်စင်ကို ခမ်းနားအောင်လုပ်ထားပြီး စာ အုပ်တွေစုထားတယ်။ ကျွန်တော့်ရဲ့အကျင့်ကို သမီးလုပ်တဲ့သူကလည်း အတုယူတယ်။ သူကစာအုပ်ဝယ်ပေးဖို့ပဲ ပူဆာတယ်။ အရုပ်တွေ၊ အ၀တ် အစားတွေကို မတောင့်တဘူး။ ဒါကြောင့်လည်း သူရဲ့အိပ်ခန်းမှာ စာအုပ် စင်တစ်ခန်းလုံးပြည့်။ ကျွန်တော့်အမြင်မှာတော့ အိမ်တစ်အိမ်မှာ မရှိမဖြစ် တဲ့အရာက ပရိဘောဂ၊ စာအုပ်စင်ဖြစ်ပြီး ဒီစာအုပ်စင်မှာ မိမိနှစ်သက်တဲ့ စာအုပ်တွေနဲ့ ပြည့်စုံစေချင်တာဟာ ဆင်းရဲတာချမ်းသာတာနဲ့ မသက်ဆိုင် ဘူးလို့ ယူဆမိတယ်။ စာကြည့်တိုက်တို့၊ စာအုပ်စင်တို့ကို စဉ်းစားရင် စာအုပ်တွေစုတာ၊ စာအုပ်တွေတင်ထားတယ်လို့မစဉ်းစားဘဲ အသိ တရားတွေ၊ ပညာတွေကို စုဆောင်းထားတယ်လို့ လက်ခံစဉ်းစားနိုင်ဖို့ လိုအပ်တယ်။ စာအုပ်ဝယ်တာကို အသုံးစရိတ်လို့မမြင်ဘဲ စုဆောင်းမှုလို့ သုံးသပ်စေ ချင်တယ်။

စာဖတ်ခြင်းကို ကျွန်တော်အခွင့်အရေးရတိုင်းတိုက်တွန်းခဲ့တယ်။ အားပေး ခဲ့တယ်။ အခုလိုအားပေးတဲ့ အခါ ဂန္တ၀င်စာအုပ်တွေဖတ်ဖို့မပြောဘူး။ ကိုယ်ကြိုက်တဲ့ဘာစာအုပ်ပဲဖြစ်ဖြစ်ဖတ်စေချင်တယ်။ အမှန်တော့ စာ ဖတ်ခြင်းဟာ အကျင့်ပဲဖြစ်တယ်။ အကျင့်ဖြစ်တာမို့ အခြေခံသုံးခုအပေါ် မူတည်တယ်။ အသိ၊ အတတ်နဲ့ဆန္ဒ၊ အသိရှိပြီး၊ ကျွမ်းကျင်လိမ္မာပြီး လုပ် ချင်တဲ့ဆန္ဒပြင်းပြရင် အကျင့်တစ်ခုဖြစ်လာတယ်။ ကောင်းတဲ့အကျင့်တစ်ခု ရှိဖို့ ဒီသုံးပွင့်ဆိုင်အချက်နဲ့ပြည့်စုံရင် အလိုလိုဖြစ်လာတာပါပဲ။ စဉ်းစားနေ စရာတောင်မလိုပါဘူး။ စာဖတ်ခြင်းဟာ အကျိုးရှိတာကို ပထမဦးဆုံးသိရှိဖို့ လိုအပ်တယ်။ ဒီအသိကို စာဖတ်ခိုင်းဖို့ပညာတတ်မှရမယ်။ စာမတတ်သူ တစ်ဦးဟာ စာဖတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သိခြင်း၊ တတ်ခြင်းရဲ့မပြည့်စုံ ဘူး။ လုပ်ချင်တဲ့ဆန္ဒလည်းရှိရမယ်။ ဆန္ဒမရှိရင် ဘယ်လောက်သိသိ ဘယ်လောက် တတ်တတ် စိတ်မပါရင်၊ ဆန္ဒမရှိရင် အလကားပဲ။ အကျင့် တစ်ခုရအောင်လုပ်ဖို့ အလွန်အရေးကြီးတယ်။ ကျွန်တော်ဟာ မနက်စောစောအားကစားလုပ်ဖို့ပြေးဖြစ်တယ်။ လေ့ကျင့်ခန်းလုပ် တာကောင်းကြောင်း၊ အကျိုးရှိကြောင်းသိတယ်။ ပြေးတဲ့ခါမှာလည်း ဘယ် လိုလှုပ်ရှားဖို့လိုအပ်တာကိုလည်း အတတ်ရှိတယ်။ အသိနဲ့ အတတ် ကို မနက်စောစောထပြီး ပြေးနိုင်ဖို့ဆန္ဒရှိအောင် ကြိုးစားရတယ်။ ဆောင်း တွင်းကာလမှာ ပိုပြီးခက်ခဲတယ်။ သူများတစ်တွေအိပ်ကောင်းတုန်း ကိုယ်က ထဖို့တော်ရုံတန်ရုံ ဆန္ဒနဲ့မဖြစ်နိုင်ဘူး။

စာဖတ်တဲ့အကျင့်ကို ပြုစုလို့ရတယ်။ ဒါကလက်တွေ့ပဲ။ ကျွန်တော့်ရဲ့ သမီးကို ငယ်ငယ်ကတည်းက အိပ်ရာဝင်ခါမနီး ကျွန်တော်စာဖတ်ပြီးသိပ် တယ်။ သူ စိတ် ၀င်စားမယ့်ပုံပြင်တွေပါတဲ့ စာအုပ်တွေ၊ ကာတွန်းတွေ ဖတ်ပြီး သမီးလေးအိပ်တဲ့ အထိ စာဖတ်ပေးတယ်။ ဒီအကျင့်ကို ငယ်ငယ် ကတည်းကရထားတော့ သမီးဟာ ကြီးလာတဲ့အခါ စာဖတ်ခြင်းကို ၀ါသနာ ပါတယ်။ ပြောနေစရာမလိုတော့ ဘူး။ အခုခေတ်လူငယ်တွေ စာမဖတ် ကြတော့ဘူးဆိုတဲ့အဆိုကို ကျွန်တော်သိပ် လက်မခံချင်ဘူး။ ဖတ်နေကြတဲ့ လူငယ်တွေလည်းရှိကြတာပဲ။ ကျွန်တော်မေးချင်တဲ့မေးခွန်းက လူငယ်တွေ စာမဖတ်တာ ကိုအပြစ်တင်နေမယ့်အစား လူငယ်တွေစာဖတ်လာအောင် ဘာတွေလုပ်သင့်သလဲဆိုတာကို အဖြေရှာရမှာဖြစ်တယ်။ စာမဖတ်တဲ့ အကြောင်းအရင်းသိရင် စာဖတ်ချင်လာအောင် ဘာတွေလုပ်သင့်သလဲ ဆိုတဲ့အဖြေတွေထုတ်နိုင်မှာဖြစ်တယ်။ ကျွန်တော့် အမြင်ကတော့ စာ မဖတ်တဲ့သူတွေရဲ့အပြစ်မဟုတ်ဘဲ စာဖတ်ချင်အောင် မရေးတတ်တဲ့ သူတွေကြောင့်ဖြစ်တယ်လို့မြင်မိတယ်။ အခုလိုပြောလိုက်ရင် ကျွန်တော် ကဝေဖန်ခံရမှာပဲ။ ကျွန်တော်သုံးသပ်မိတာတစ်ခုရှိတယ်။ ၀တ္ထု စာအုပ် တစ်အုပ်ဖတ်ရင် လက်ထဲကမချနိုင်ပေမယ့် ပြဋ္ဌာန်းစာအုပ်ကိုကိုင်လိုက် တာနဲ့ စာမျက်နှာသုံးလေးရွက်ပြီးရင် ဘာကြောင့်ဆက်မဖတ်ချင်တော့တာ လဲ။ စာရေးမှုတွေဟာနက်နဲတယ်။ ခက်အောင်ရေးသားကြတယ်။ အလွယ် တကူနားလည်အောင် မဖန်တီးနိုင်တာမို့ ဆက်ဖတ်ချင်ပေမယ့် စိတ်ဝင် စားမှုလျော့လာတယ်။ အစအဆုံးဖတ်ချင်တဲ့စိတ်ပျောက်သွားတယ်။ အချို့ရေးသားချက်တွေဖတ်ပြီး ဘာဆိုလိုမှန်းမသိဘူး။ ကိုယ်ပဲဥာဏ်မမီ လို့ထင်ပါရဲ့။ ရှုပ်ထွေးအောင်ခက်အောင်တမင်တကာရေးနေကြသလိုပဲ။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ၊ ကိုယ်ပေးချင်တဲ့အကြောင်းအချက်ကို အာရုံမပြုဘဲ ကိုယ် ဘယ်လောက်တတ်တယ်၊ ဘယ်လောက်သိတယ်၊ ဘယ်လောက်တော်တယ် ဆိုတာကို ဦးတည်နေသလိုပဲ။ ``ဒီဆရာ သိပ်တော်တာပဲ၊ တစ်လုံးမှနားမလည်ဘူး´´ ဆိုသလိုဖြစ်နေတယ်။ အမှန်တော့ အဓိကအာရုံပြုရမယ့်သူက ၊ သူ့ အတွက်ရေးတာ၊ သူ သိအောင်၊ သူနားလည်အောင်၊ ဒီစာတစ်ပုဒ်ဖတ်လိုတဲ့ အတွက် သူ့ အတွက် အကျိုးရှိအောင်၊ ဘယ်လိုရေးသင့်သလဲ၊ ဘယ်လိုတင်ပြသင့် သလဲ၊ ဘယ်လိုပြုစုသင့်သလဲဆိုတာကို အဓိကအာရုံထားရမယ်။ စာ တစ်ကြောင်းဖတ်လိုက်ရင် ဖတ်သူအဖို့အကျိုးရှိရမယ်။ အရေးအသားတွေ ဟာလည်းလွယ်ကူဖို့လိုတယ်။ ရှင်းလင်းဖို့လိုတယ်။ ဒီနေရာမှာ ကျွန်တော် နမူနာကောင်းတွေက ဆရာကြီး မင်းသုဝဏ်တို့၊ ဆရာကြီးဇော်ဂျီတို့ဖြစ် တယ်။ သူတို့ရဲ့စာတွေဖတ်လိုက်ရရင် မျက်စိထဲကွင်းကခနဲပေါ်လာတယ်။ ဒါကြောင့်လည်း စာရေးသူတွေ၊ စာဖတ်ချင်စိတ်ရှိအောင် ကြိုးစားပေးကြ ပါလို့ တိုက်တွန်းမိတယ်။

လူငယ်တွေစာဖတ်စေချင်ရင် အခုခေတ်လူငယ်တွေရင်းနှီးတဲ့၊ ယဉ်ပါးတဲ့၊ ယဉ်ကျေးမှုကိုသဘောပေါက်ရမယ်။ သူတို့သိချင်တဲ့၊ သူတို့လိုချင်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို စာအုပ်တွေဖတ်ပြီး ရရှိတာ မဟုတ်တော့ဘူး။ ခေတ်မီနည်းပညာတွေသုံးပြီးလိုအပ်သလို ရနိုင်ပြီးလက် ထဲမှာစမတ်ဖုန်းတစ် လုံးရှိရင် ဖတ်ချင်တာကို ကြိုက်တဲ့အချိန်၊ ကြိုက် တဲ့နေရာမှာဖတ်လို့ရတယ်။ ဒီခေတ်မီနည်းပညာတွေကိုအသုံးပြုပြီး စာဖတ်နေကြတာပဲ။ စာအုပ်ဝယ်ပြီးမှ ဖတ်တာ စာဖတ်တယ်လို့ယူဆလို့ မရတော့ဘူး။ အမှန်တော့ စာဖတ်ခြင်းဟာ အသိတရားတိုးမြှင့်မှုပဲဖြစ် တယ်။ အသိတရားတိုးမြင့်အောင် ပုံစံအမျိုးမျိုး နဲ့ဆောင်ရွက်နိုင်တဲ့အခြေ အနေရှိနေပြီ။ ကျွန်တော့်အနေနဲ့ကတော့ လူမှုကွန်ရက်တွေကိုအသုံးပြုပြီး အသိတရာ၊ အသိပညာကိုဘယ်လိုဖြန့်ဝေနိုင်တာကို စဉ်းစားဖို့လိုအပ်နေ တယ်။ အခုခေတ်လူငယ်တွေက တက်ကတယ်။ ပါဝင်လှုပ် ရှားချင်တဲ့ စိတ်များကြတယ်။ စာဖတ်တဲ့အခါစာရေးသူပေးတဲ့အကြာင်းအရာကိုပဲ အစ အဆုံးလက်ခံရတာဖြစ်တယ်။ မိမိရဲ့အမြင်၊ မိမိရဲ့အယူအဆကိုတင်ပြခွင့် မရှိဘူး။ အခုခေတ်မှာ စာဖတ်တဲ့သူတွေကိုယ်တိုင် စာရေးသူနဲ့ထိတွေ့ချင် တယ်။ ဆက်ဆံဆက်သွယ်ချင်တယ်။ ဆွေးနွေးချင်တယ်။ တင်ပြတဲ့ အကြောင်းအရာတွေကို ဝေဖန်ချင်တယ်။ နိုင်ငံခြားမှာတော့ အခုလိုပြုပြင် မှုတွေစတင်နေကြပြီ။ တစ်ဦးတစ်ယောက်ကပေးတဲ့အချက်အလက်၊ အကြောင်းအရာတွေကို ကျန်တဲ့သူတွေက လက်ခံရုံသက်သက် မဟုတ်တော့ဘဲ တစ်ဦးနဲ့တစ်ဦး အမြင်တွေ၊ အယူအဆတွေ မျှဝေပြီး အသိကိုဖြန့်ဖြူးနေကြတာတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စာဖတ်ခြင်းကို စာအုပ်ကတစ်ဆင့် ဖတ်ရမှမဟုတ်ဘဲ မီဒီယာပေါင်းစုံက တစ်ဆင့်ဖတ်ပြီး အသိတိုးစေချင်တာပါပဲ။

ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကို စဉ်းစားတဲ့အခါ ကျွန်တော့်ရဲ့ဆန္ဒ ကတော့ အသိတရားကိုမြတ်နိုးတဲ့၊ ပညာကိုတန်ဖိုးထားတဲ့လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်စေ ချင်တယ်။ စီးပွားရေးအရ၊ လူမှုရေးအရ၊ နိုင်ငံရေးအရ ဖွံ့ဖြိုး မှုလိုအပ်ပေမယ့် ဒီတိုးတက်မှုတွေရဲ့အခြေခံဟာ အသိပညာရှိတဲ့နိုင်ငံ သားတွေဖြစ်တယ်။ အသိ တရားရှိသူတွေဟာ မတူတာကို မြတ်နိုးတတ် တယ်။ လေးစားတယ်။ လက်ခံ တယ်။ အစွန်းတွေကိုရှောင်တယ်။ ကိုယ် ချင်းစာတရားကိုရှေ့တန်းတင်တယ်။ ငါမသိသေး၊ ငါမပြည့်စုံသေးဆိုတာ ကို လက်ခံတယ်။ အသိပညာရှိသူတွေက နူးညံ့တယ်။ တစ်ဖက်သားကို အလေးထားတယ်။ လေးစားတယ်။ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုး တယ်။ မိမိ ထက်မပြည့်စုံတဲ့သူတွေကို စာနာပြီးညှာတယ်။ အကြမ်းဖက် မှုကိုမုန်းတီးတယ်။ မေတ္တာနဲ့ ကရုဏာကိုပွားများတယ်။ အခုလိုအသိ တရားရှိတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ထုတ်ရမှာသာဖြစ်ပါတယ်။

#မြန်မာ့အလင်းသတင်းစာ (24.1.2017)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။