Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 6, 2017

ဦးကိုနီ၏သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်းမှ ကောက်နုတ်ဖော်ပြပါတယ်

 
 
ဘာသာမတူပေမဲ့ ဆရာ့သမီး ဖြေသွားတာ ဘယ်လောက်များ
တရားရှိလိုက်ပါလဲ။ ကိုယ်သာ သူ့နေရာမှာဆို အစ်မလို စိတ်မျိုး
မွေးနိုင်ကြပါ့မလား ...

ဦးကိုနီ၏သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်းမှ ကောက်နုတ်ဖော်ပြပါတယ်
=============

မေး-ဆရာဦးကိုနီရဲ့အမှတ်လက္ခဏာဟာ အခြေခံဥပဒေ ပြင်/ဖျက် သိမ်းရေးဖြစ် တယ်။ ဒါကြောင့် ပြည်သူအများစုက ဒီလုပ် ကြံမှုဟာ အဲဒီအမှတ် လက္ခဏာပေါ်မှာအခြေခံတယ်လို့ ယူဆ ကြတယ်။ မိသားစုဝင်တွေ အနေနဲ့ကရော ဘယ်လိုနားလည် ပါသလဲ။

ဖြေ-အမှန်အတိုင်းပြောရရင်အဖေ့ရဲ့ (Professional) နဲ့ ကျွန်မရဲ့ (Professional)နဲ့မတူတာရယ်။ ကျွန်မကိုယ်တိုင် ကလည်းနိုင်ငံ ရေး ကို အရမ်းကြီး(Interest)မဖြစ်တာရယ်၊ ဒါကြောင့် ကျွန်မ သိပ်ပြီးတော့ (Comment) မပေးလိုဘူးပေါ့နော်။ ဘာအကြောင်း ကြောင့်ဖြစ် ရတယ်ဆိုတာလည်း ခုနကပြောသလို ကွင်းဆက် တွေမိတဲ့အခါ မှာ ရေရေရာရာပေါ်လာပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မစိတ်ထဲမှာ ဒီနေ့ဒီအချိန်အထိ ဘာသံသယ မှထည့်မထားဘူး။ ဘာသံသယမှ မရှိဘူး။ ဘယ်သူ့ကို မှလည်း သံသယမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့။ အဲဒီလိုပြောလို့ ဒါဟာ ဒီလိုပဲဖြစ်ရ မယ်လို့ပြောရ မယ်လို့ ပြောချင်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မပြောချင် တာက သံသယဆိုတာ အင်မတန်ကြီးတဲ့ အနှောင့် အယှက်ကို ပေးတတ်တယ်ဆိုတော့ ဘယ်သူ့ကိုမှ သံသယမဖြစ်ပါနဲ့။ လုပ် တဲ့သူ ပေါ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ဘာကြောင့်ဖြစ် တယ်ဆိုတာလည်း ကွင်းကွင်းကွက်ကွက်ကြီး သူ့ဟာသူပေါ် လာပါလိမ့်မယ်။ အဲဒီအခါကျမှ ကျွန်မတို့ဆက်ပြီး ကြည့်ရမှာ ပေါ့နော်။ အခုအခြေအနေမှာတော့ ဘာကြောင့်တို့ ဘယ်သူက လုပ်တယ် လို့ပြော လိုက် ရင် မှားနိုင်ပါတယ်။ မဟုတ်ခဲ့ရင်လည်း မကောင်းပါဘူး၊ ဒီကိစ္စက။

မေး-ဖေဖော်ဝါရီ ၃ ရက်နေ့က သမ္မတရုံးက လုပ်ကြံတဲ့သူကို ခိုင်းခဲ့တဲ့သူကို ဖမ်းမိတယ်လို့မကြေညာခင်မှာ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက ဒီအမှုအပေါ်မှာရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်ချက်တွေဟာ အင်မတန်နှေးကွေးတယ်။ အချိန်ကြာ လာတာနဲ့အမျှ အမှုမှန်ပေါ်ပေါက်ရေးကိုထိခိုက်လာနိုင်တယ်လို့ ပြောသွားတယ်။ မိသားစုဝင်တွေအနေနဲ့ရော ဘာပြောချင်ပါသလဲ။

ဖြေ-ခုနက ကျွန်မပြောသလိုပါပဲ။ သူတို့လည်း သူတို့မှာ အကြောင်း ပြ ချက်တွေ ရှိကြပါလိမ့်မယ်။ မိသားစုအနေနဲ့ကတော့ အမှု မှန် ပေါ်စေချင် တာပေါ့။ မြန်မြန်ဆန်ဆန်လည်းဖြစ်စေ ချင်တာပေါ့။ တရားမျှတမှုလည်း ရှိစေချင်တာပေါ့။ ဒါကတော့ ဘယ်မိသား စုဝင်မဆို မေးရင်ဒီလိုပဲဖြစ်မှာပါ။ ဒါက ကျွန်မတို့ ဘက်ကဆန္ဒပေါ့။ သူတို့ဘက်ကလည်း လုပ်ပေးနိုင်တဲ့ အကန့် အသတ်၊ သူတို့ရဲ့အနေအထားတွေရှိပါလိမ့်မယ်။ ကျွန်မတို့ မမြင်နိုင်တဲ့ အခက်အခဲဆိုတာရှိတယ်လေ။ ကိုယ်မကျွမ်း ကျင်တဲ့ကိစ္စကိုတော့ ကျွန်မ မဝေဖန်တာအမှန်ပဲ။ နှေးနေတယ် လို့ပြောရမယ်ဆိုရင်လည်း ကျွန်မကိုယ်တိုင်သေသေချာချာနား မလည်တော့လေ။ ဘာကြောင့်နှေးနေ ရပါတယ်ဆိုတဲ့ သူတို့မှာ ခိုင်လုံတဲ့အကြောင်းပြချက် ရှိတယ်ဆိုရင်တော့ ဒီကိစ္စဖြစ်ချင် ဖြစ်မှာပေါ့။ အချိန်တန်ရင်တော့ အမှန်တရားဆိုတာ သူ့ဘာသာသူပေါ်လာပါလိမ့်မယ်။ ကျွန်မက အဲဒီဟာတစ်ခုတော့ (Request) လုပ်တာပါ။ အမှန်တရားတော့ ပေါ်အောင်လုပ်ပေး ပါ။ အဖေဟာ အမှန်တရားလေးတော့ ရသင့်ပါတယ်။ ဒါလေး ပါပဲ။ မိသားစုဝင်တွေ က တောင်း ဆိုတာလည်းဒါပါပဲ။ အမှန် တရားလေးတော့ ကြိုးစားပြီး ဖော် ထုတ်ပေးကြပါ။ လိုအပ် သလိုဆောင်ရွက်ကြ ပါပေါ့နော်။ ဆောင်ရွက်နေ တဲ့အပေါ်မှာ လည်း ကျွန်မတို့က ကြိုးစားပမ်းစားဆောင်ရွက်ပေးကြတဲ့ သူတွေဆိုရင် ကျေးဇူး တင်ပါတယ်။

မေး-ဒီလိုမျိုးအကြမ်းဖက်လုပ်ကြံမှုနဲ့ပတ်သက်ပြီး မိသားစု အနေနဲ့ ဘာပြောလိုပါသလဲ။

ဖြေ-ကျွန်မကတော့ ဘယ်သူ့ဘယ်သူကိုမှ အကြမ်းဖက်တာ မကြိုက်ဘူး။ ကျွန်မရဲ့စိတ်ရင်းအမှန်ပဲ။ ကိုယ့်အဖေမှ မဟုတ် ဘူး။ အကြမ်းဖက်သော နည်းကို ဘယ်တုန်းကမှ မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်တယ် ဆိုတာ မကောင်းဘူး လို့ လူတိုင်းသိပြီး လူတိုင်းလက်ခံထား တဲ့အနေအထား ပါပဲ။ အကြမ်းဖက်လို့ ဘယ်ဟာကမှ အကောင်းဖြစ်မလာနိုင် ဘူး။ ပစ္စည်း တစ်ခုတောင် အေးအေးဆေးဆေး ယူရင်ပစ္စည်းအကောင်းရ တယ်။ လုယူရင် ပျက်တတ်တယ်။ အကြမ်းဖက်တယ် ဆိုတာ ကလေးနှစ်ယောက်ဆိုရင်တောင် ပစ္စည်းတစ်ခုကိုလုယက်ပြီး ယူကြရင် သူ တစ်ပိုင်းကိုယ်တစ်ပိုင်းပဲရမှာပေါ့။ တစ်ဝက်စီပဲ ရမှာပေါ့။ တစ်ခုလိုချင်ရင်တော့ တောင်းပြီးချော့ပြီး ယူမှရမှာ ပေါ့။ ဖြည်းဖြည်းသက်သာနဲ့ ညင်သာတဲ့နည်းလမ်း၊ စကားပြော ဆိုပြီးတော့ ကောင်းမွန်တဲ့နည်းလမ်း၊ ပညာရှိဆန်တဲ့နည်းလမ်း က ဘယ်အရာအတွက်မဆို ကောင်းပါတယ်။ ဘာသာတရား တိုင်းလည်း ကြိုက်နှစ်သက်ပါတယ်။ ရဟန်းရှင်လူပြည်သူအား လုံးနှစ်သက်တဲ့ နည်းလမ်းက အေးချမ်းတဲ့နည်းလမ်းပါ။ ဒါက တော့ ကျွန်မရဲ့ကိုယ်ပိုင်အမြင်ပါ

မေး-ဒီအမှုနဲ့ပတ်သက်ပြီးတော့ နောက်ထပ်ဘာများပြောလိုပါ သလဲ။

ဖြေ-အဖေကတော့ ကျွန်မပြောခဲ့သလိုပါပဲ သူလုပ်စရာရှိတာ လုပ်တယ်။ သူသေထိုက်လို့သေသွားတယ်ပေါ့။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ပဲ သေသွားတယ်ပေါ့။ အဖေ့အတွက် ကျွန်မ ဂုဏ်ယူပါတယ်။ သူလုပ်ချင်တာ တစ်ခုကို သူဆုံးခန်းတိုင် တဲ့အထိ သူ့အသက်ရှင်နေသရွေ့အ ထိ နောက်ဆုံး သူလုပ်သွား ခဲ့တယ်ပေါ့နော်။ လူဆိုတာက အဖေပြောသလို အသက်က တစ်ချောင်းပဲပါတယ်။ အပိုမပါပါဘူးတဲ့။ တစ်သက်မှာ တစ်ခါ ပဲသေရမယ်။ အဲဒီတော့ ဂုဏ်ရှိစွာနဲ့သေချင်တယ်ပေါ့နော်။ သူပြောတဲ့အတိုင်းလေးပဲ သူဟာသိက္ခာရှိရှိလေးပဲသေဆုံးရတာ ဖြစ်တဲ့အတွက် ကျွန်မက ဂုဏ်ယူပါတယ်။ သူ့လိုသတ္တိမျိုးလည်း ကျွန်မတို့မှာမရှိတော့ ကိုယ့်အဖေဟာ ဒီလောက်သတ္တိရှိတယ် ဆိုတော့ ကျွန်မ ဂုဏ်ယူပါတယ်။

Credit ...Democracytoday via ZarniTike
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားလျှက်
MartinSwe
06-01-2017

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။