လူမိုက်နဲ့ငွေအတူမနေ
ထိုင်းမှာ နာမည်ကြီးသွားတဲ့ အကြော်သည်လင်မယား ထီပေါက်ပြီး ပြဿနာအကြီးအကျယ် ဖြစ်သွားတဲ့ တကယ့်အဖြစ်အပျက်ပါ။ သင်ခန်းစာယူစရာကိစ္စဖြစ်တြာေ ကာင့် မှတ်မိသလောက် ပြန်ရေးတင်လိုက်ပါမယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊
လာအိုနယ်စပ်ဖြစ်တဲ့ Udon Thani (ဥဒုန်ဌာနီ) မြို့မှ ဆင်းရဲသား
အကြော်သည်လင်မယား (နာမည်တွေ မမှတ်မိတော့ပါ) တို့ဟာ ထိုင်းနိုင်ငံရဲ့
အမြင့်ဆုံးထီဆုကို ပေါက်ခဲ့ပါတယ်။
ယောကျာ်းဖြစ်သူက ညစောင့်အလုပ်ကို လုပ်နေသူဖြစ်ပြီး မိန်းမဖြစ်သူက အကြော်ဆိုင်ဖွင့်ကာ ကလေးတစ်ယောက်နဲ့ ဘ၀ကို ရုန်းကနေရတဲ့ အနေအထားပါ။
တစ်နေ့မှာ ယောကျာ်းဖြစ်သူက မိန်းမဆီက ပိုက်ဆံကို မသိအောင်ယူပြီး ထီထိုးထားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံး ထီဆုကိုပေါက်ပြီး စုစုပေါင်း သန်း ၃၀ ခန့် ရရှိမှာဖြစ်ပါတယ်။
ထီပေါက်တယ်လို့ သိရတာနဲ့ ချက်ချင်းပဲ ယောက်ျားဖြစ်သူဟာ တန်းဖိုးကြီး စိမ်ခံကားတစ်စီးကိုဝယ်ကာ မယားငယ်နဲ့အတူ ထွက်ပြေးပါတော့တယ်။
ဒီသတင်းကိုကြားပြီး ပတ်ဝန်းကျင်က ကျန်ခဲ့တဲ့သားအမိကို သနားစာနာပြီး အာဏာပိုင်များကို ၀ိုင်းဝန်းတိုင်တန်းပေးကြတဲ့ အတွက်
ဘဏ်များကလည်း ငွေထုတ်မရအောင် ပိတ်ထားလိုက်ပါတော့တယ်။ အမှုရင်ဆိုင်နေစဉ်
ငွေထုတ်မရတော့တာကြောင့် နောက်ဆုံးတော့ တရားရုံးကဆုံးဖြတ်ပေးတဲ့အတိုင်း ထီပေါက်ခဲ့တဲ့ငွေတွေကို မိန်းမနဲ့ ကလေးစရိတ်အတွက် ထက်ဝက်စီ ခွဲပေးလိုက်ရပါတော့တယ်။
ဒီလူဟာ မရစဖူး၊ မမြင်စဖူးငွေတွေကို စိတ်ကြိုက် သုံးစွဲပါတော့တယ်။ ပင်လယ်ကမ်းခြေတွေနဲ့ အကောင်းဆုံးဟိုတယ်တွေမှာ သွားရောက်အနားယူကာ မစားဖူးတဲ့ အစားအစာနဲ့ မသုံးစွဲဖူးတဲ့ ဈေးအကြီးဆုံးအရာတွေကိုပဲ ၀ယ်ယူပြီး သုံးဖြုံးနေခဲ့ပါတယ်။
လက်ကျန်ငွေကို တောမှာ အိမ်တစ်လုံးဝယ်ပြီး မယားငယ်နဲ့အတူ ဇာတ်မြုပ်ပြီး နေထိုင်ပါတော့တယ်။
သိပ်မကြာခင်မှာပဲ ကံကြမ္မာက မျက်လှည့်ပြလိုက်သလိုပဲ အဲဒီပြည်နယ်မှာ လေမုန်တိုင်းတိုက်ခတ်ပြီး အိမ်တွေပျက်စီးသွားကြတာကြော င့် သူတို့လင်မယားလည်း ကယ်ဆယ်ရေးဌာနက ပေးဝေတဲ့ စားစရာတွေကိုပဲ လာရောက်တန်းစီခဲ့တာကို မီဒီယာစာမျက်နှာများက ဖော်ပြခဲ့ပါတယ်။
နောက်ဆက်တွဲသတင်းများအရ မယားငယ်ကလည်း လက်ထဲငွေမရှိတော့တဲ့သူ့ကို စွန့်ခွါသွားပြီလို့ သိရပါတယ်။ အလုပ်အကိုင်ကောင်းကောင်းမရှိတာကြောင့် လက်ကျန်ငွေကိုပဲ ထိုင်စားနေခဲ့ကြကာ ငွေနည်းသွားတော့ နာမည်ဆိုးထွက်သွားပြီဖြစ်တဲ့ 
ဒီလူကို ပတ်ဝန်းကျင်ကလည်း စီးပွါးအတူလုပ်ဖို့ လက်မခံကြပဲ ရရာအလုပ်ကို
ရှာလုပ်ရင်းနဲ့ အခုတော့ ဆောက်လုပ်ရေးတစ်ခုမှာ အလုပ်ကြမ်းလုပ်နေပြီလို့
သိရပါတယ်။
သင်ခန်းစာ
သစ္စာဖောက်တို့၏ သွားရာလမ်းဟာ မကောင်းတတ်ပါ။ ထို့အတူ လူမိုက်နဲ့ငွေ အတူမနေ ဆိုတဲ့စကားကိုလည်း သတိထားသင့်ကြောင်း ရေးသားမျှဝေလိုက်ပါတယ်။
စောနွဲ့ နေဆိုင်- ပူတာအို
Source : Thairath
ထိုင်းမှာ နာမည်ကြီးသွားတဲ့ အကြော်သည်လင်မယား ထီပေါက်ပြီး ပြဿနာအကြီးအကျယ် ဖြစ်သွားတဲ့ တကယ့်အဖြစ်အပျက်ပါ။ သင်ခန်းစာယူစရာကိစ္စဖြစ်တြာေ
ထိုင်းနိုင်ငံမြောက်ပိုင်း၊
ယောကျာ်းဖြစ်သူက ညစောင့်အလုပ်ကို လုပ်နေသူဖြစ်ပြီး မိန်းမဖြစ်သူက အကြော်ဆိုင်ဖွင့်ကာ ကလေးတစ်ယောက်နဲ့ ဘ၀ကို ရုန်းကနေရတဲ့ အနေအထားပါ။
တစ်နေ့မှာ ယောကျာ်းဖြစ်သူက မိန်းမဆီက ပိုက်ဆံကို မသိအောင်ယူပြီး ထီထိုးထားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံး
ထီပေါက်တယ်လို့ သိရတာနဲ့ ချက်ချင်းပဲ ယောက်ျားဖြစ်သူဟာ တန်းဖိုးကြီး စိမ်ခံကားတစ်စီးကိုဝယ်ကာ မယားငယ်နဲ့အတူ ထွက်ပြေးပါတော့တယ်။
ဒီသတင်းကိုကြားပြီး ပတ်ဝန်းကျင်က ကျန်ခဲ့တဲ့သားအမိကို သနားစာနာပြီး အာဏာပိုင်များကို ၀ိုင်းဝန်းတိုင်တန်းပေးကြတဲ
ဒီလူဟာ မရစဖူး၊ မမြင်စဖူးငွေတွေကို စိတ်ကြိုက် သုံးစွဲပါတော့တယ်။ ပင်လယ်ကမ်းခြေတွေနဲ့ အကောင်းဆုံးဟိုတယ်တွေမှာ သွားရောက်အနားယူကာ မစားဖူးတဲ့ အစားအစာနဲ့ မသုံးစွဲဖူးတဲ့ ဈေးအကြီးဆုံးအရာတွေကိုပဲ ၀ယ်ယူပြီး သုံးဖြုံးနေခဲ့ပါတယ်။
လက်ကျန်ငွေကို တောမှာ အိမ်တစ်လုံးဝယ်ပြီး မယားငယ်နဲ့အတူ ဇာတ်မြုပ်ပြီး နေထိုင်ပါတော့တယ်။
သိပ်မကြာခင်မှာပဲ ကံကြမ္မာက မျက်လှည့်ပြလိုက်သလိုပဲ အဲဒီပြည်နယ်မှာ လေမုန်တိုင်းတိုက်ခတ်ပြီး အိမ်တွေပျက်စီးသွားကြတာကြော
နောက်ဆက်တွဲသတင်းများအရ မယားငယ်ကလည်း လက်ထဲငွေမရှိတော့တဲ့သူ့ကို စွန့်ခွါသွားပြီလို့ သိရပါတယ်။ အလုပ်အကိုင်ကောင်းကောင်းမရှ
သင်ခန်းစာ
သစ္စာဖောက်တို့၏ သွားရာလမ်းဟာ မကောင်းတတ်ပါ။ ထို့အတူ လူမိုက်နဲ့ငွေ အတူမနေ ဆိုတဲ့စကားကိုလည်း သတိထားသင့်ကြောင်း ရေးသားမျှဝေလိုက်ပါတယ်။
စောနွဲ့ နေဆိုင်- ပူတာအို
Source : Thairath
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။