Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 1, 2016

သတိထားစရာ ကားဝယ်ရောင်းနှင့် အငှားကမ္ဘာ

သတိထားစရာ ကားဝယ်ရောင်းနှင့် အငှားကမ္ဘာ
🚨🚨🚨🚨🚨

® (ကားဝယ်ရောင်းနှင့် အငှား လောကမှာ မကြာခဏဖြစ်ပျက်တတ် တဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့သမျှ ပြဿ နာလေးတွေကို ဆောင်းပါးဇာတ်လမ်း လေးတစ်ပုဒ်အနေဖြင့် ပြန်လည်ဖော် ပြလိုက်ပါတယ်။ ဒီလို ဖော်ပြတာတွေ ကတော့ ကျွန်တော့်ရဲ့ ကိုယ်တွေ့လေး တွေပါ။ ကိုယ်တိုင်လည်း ပါဝင်ဖြေ ရှင်းပေးခဲ့ရပါတယ်။)

® ကိုဦးတစ်ယောက် မော်တော် ယာဉ်ပွဲစားတန်းမှာ ကားရှာရင်း လမ်း သလားနေတုန်း တိုယိုတာမတ်တူး ရွှေငါးတစ်စီးက ဘေးမှာလာရပ်ကာ
'ကိုဦး'
ဟု ကားမောင်းလာသူက လှမ်းခေါ်လိုက်သည်။ ကိုဦးလည်း ထိုသူကို ကြည့်လိုက်တော့ ဘ၀တူ ကားဝယ်ရောင်း ကိုကျော်ဖြစ်နေ သည်ကို တွေ့လိုက်ရသည်။ ကိုဦးက
''ဟာ ကိုကျော်ပါလား ဒီကားဝယ် လိုက်တာလား။ ကျွန်တော်တောင် မသိလိုက်ဘူး''
ဟု နှုတ်ဆက်ရင်း ပြန်ပြောလိုက်သည်။

ကိုကျော်က သူ့ကားကြီးကို လွတ်သည့်နေရာတွင်ပါကင်ထိုးကာ ကိုဦးထံသို့ ဆင်းလာခဲ့သည်။ ထို့ နောက်
''ဒီကားက မနေ့ကမှ အုံနာ ဘုတ် ထွက်လာတာလေ။ ကျွန်တော့် သူငယ်ချင်းဆီက ပြန်ကောက်ထား လိုက်တာ''
ကိုဦးက
''ပြန်ရောင်းဖို့ လား''
ဟု မေးလိုက်သည်။ ကိုကျော် က
''လောလောဆယ်တော့ လပေးနဲ့ ငှားထားမလားလို့''
ဟုပြောလိုက် တော့ ကိုဦးနံဘေးမှ ပွဲစားမောင်လွင် က
''အစ်ကို့ကားကို လပေးနဲ့ငှားမလို့ လား။ အတော်ပဲ ကျွန်တော့်ကို အသိ တစ်ယောက်က ကားသန့်သန့်လေး တစ်စီးလောက် လပေးနဲ့ငှားချင်တယ် လို့ပြောထားတယ်။ အစ်ကို့ကားဆို သဘောကျမှာပဲ''
ဟုဆိုလိုက်သည်။

® ကိုကျော်က
''မင်းလူက ဘယ် ကလဲ။ ဘာလုပ်ငန်းလုပ်သလဲ"
ဟု ပြန်မေးလိုက်သည်။ မောင်လွင်က
''သူက ကုမ္ပဏီထောင်ထားတယ်။ သူ့ ကုမ္ပဏီက နေပြည်တော်မှာ။ သူ့မှာ လည်း ကားတွေရှိတယ်။ ဒါပေမယ့် သူ့အလုပ်အတွက် နိုင်ငံခြားသားတွေ စီးဖို့ နောက်တစ်စီး လိုနေလို့။ လော လောဆယ် မ၀ယ်သေးဘဲ ငှားမယ်လို့ စိတ်ကူးပြီး ကျွန်တော့်ကိုရှာခိုင်းထား တာ''
ဟု ရှင်းပြလိုက်သည်။ ကိုကျော် က
''ဒါဆိုလည်း ချိတ်လိုက်လေ။ စကားပြောကြတာပေါ့''
ဟု ဆို လိုက်တော့ မောင်လွင်က သူ့ဟန်း ဖုန်းကိုဖွင့်ကာ လှမ်းအကြောင်းကြား လိုက်သည်။

® သို့ဖြင့် ကိုကျော်၏ တိုယိုတာ မတ်တူးရွှေငါး ကားအသစ်ကြီးလည်း တစ်လကို ရှစ်သိန်းဖြင့် ငှားဖြစ်သွား တော့သည်။ ငှားသွားသည့်လူကလည်း မွန်မွန်ရည်ရည် အပြောလည်းကောင်း သည်။ လုပ်ငန်းအရ ရန်ကုန်နှင့် နေ ပြည်တော်ကို အမြဲလိုလို ကူးသန်းသွား လာနေရသည်ဟု ဆိုသည်။ အငှား ဖြစ်တော့ စာချုပ်ပါ စည်းကမ်းချက် များကို နှစ်ဦးနှစ်ဖက် သဘောတူညီ လက်မှတ်ရေးထိုးပြီး ကိုဦးတို့က သက် သေလုပ်လိုက်ရသေးသည်။ အားလုံး ပြီးစီးတော့ စရန်ငွေ ဆယ်သိန်းနှင့် တစ်လစာ ငွေရှစ်သိန်းတို့ကို ပေးချေ ၍ ထိုလူက ကိုကျော့် ကားကြီးကို မောင်းကာ ထွက်သွားတော့သည်။

@ ထို့နောက် နောက်လဆန်း ရောက်တော့ ကားငှားသွားသူက ရန်ကုန်ကိုဆင်းသည့်ရက်နှင့် ကြုံလို့ ဆိုကာ ကားငှားခလစာကို လာပေး သွားသည်ဟု ကိုကျော်ကပြောသည်။ ကိုဦးလည်း ဒီလို မှန်မှန်ကန်ကန် လူမျိုးနဲ့ အလုပ်ဖြစ်သည့်အတွက် ကိုကျော်ကိုယ်စား ၀မ်းသာမိသည်။ ထို့နောက် သုံးလမြောက်လည်း ကား ငှားခငွေကို လာပေးသွားသည်ဟုဆို သည်။ အဲ..လေးလမြောက်မှာတော့ ကားငှားသွားသူက တော်တော်နှင့် ပေါ်မလာ။ လေးလမြောက်သာ ကုန် သွားသည်။ သူက ပေါ်မလာ။ ပထမ တော့ ဖုန်းနှင့်အကြောင်းကြားသည်။ နေပြည်တော်မှာ အလုပ်တွေများနေ၍ ရက်ပိုင်းလေးတော့ စောင့်ပေးပါဟု ဆိုလာသည်။
နောက်တစ်ပတ်လောက် ကျတော့ မန္တလေးကို ရောက်နေ၍ လစာငွေကို နောက်တစ်နေ့ ငွေလွှဲဖြင့် ပို့ပေးမည်ဟု ဆိုသည်။ ကိုကျော် လည်း မျှော်ရပြန်သည်။ သုံးလေးရက် လောက်မျှော်ပြီး စိတ်မရှည်တော့၍ ထိုလူ့ထံကိုဖုန်းဆက်သည်။ ဖုန်းက ပိတ်ထားသည်။ နောက်နေ့ စက် သည်။ ပိတ်ထားသည်။ လေးငါးရက် လောက်ဖုန်းမကိုင်တော့ ကိုကျော် ရင် တွေပူလာသည်။

® လေးလမြောက် ကုန်ခါနီးမှာ ကိုကျော်တစ်ယောက် ကိုဦးထံသို့ ရောက်လာသည်။ သူက ကိုဦးကို အကျိုးအကြောင်းပြောပြကာ နေပြည် တော်သို့ ထိုလိပ်စာအတိုင်းလိုက်သွား ချင်သည်ဟု ဆိုလာသည်။ ကိုဦးက လည်း လိုက်သွားချင်သည်ဆိုတော့ လည်း လိုက်ပေါ့ အဖော်အဖြစ်လိုက် ပေးမည်ဟု ပြောလိုက်သည်။ ထို့ နောက် ကိုဦးနှင့်အတူ ပွဲစား မောင်လွင်လည်း ကိုကျော်၏ကားနှင့် အတူ နေပြည်တော်သို့ လိုက်သွား သည်။ လမ်းတစ်လျှောက်လုံး ထို ကားငှားသွားသူပေးထားသည့် ဖုန်း နံပါတ်များကို ခေါ်ကြည့်သည်။ စက် ပိတ်ထားပါသည်ဟုပင် ပြန်ပြောသံ ကိုပဲ ကြားနေရသည်။

® သို့နှင့် နေပြည်တော်ရောက် တော့ သူပေးထားသည့် လိပ်စာ အတိုင်း တိုက်ရိုက်သွားကြည့်သည်။ လိပ်စာက မှားနေသည်။ ထိုလိပ်စာ တွင် သူ့ကုမ္ပဏီမရှိ။ သူ့အိမ်လိပ်စာ နေရာမှာတော့ မိုတယ် တစ်ခုပဲ ရှိသည်။ နောက်ဆုံး ထိုမိုတယ်မှာပဲ ၀င်နားကာ သူ့ကုမ္ပဏီအမည်နှင့် စပ်လျဉ်း၍ ရှာပုံတော်ဖွင့်ရတော့ သည်။ နှစ်ရက်ခန့် ကြိုးစားပြီး ရှာသည်။ မတွေ့။ နောက်ဆုံး ဆိုင်ရာ ပိုင်ရာတွေကို အကြောင်းကြားပြီး ပြန်ခဲ့ကြတော့သည်။

® ကိုဦးလည်း ကိုကျော်အတွက် စိတ်မကောင်း။ ရန်ကုန်ရောက်တော့ သက်ဆိုင်ရာ ရဲစခန်းမှာ အကျိုး အကြောင်းတွေကိုပြောပြပြီး အမှုဖွင့် ထားလိုက်တော့သည်။
ကားငှားလိုက် သည်မှာ
စရန်ငွေ ဆယ်သိန်းနှင့် နှစ်လစာ၊ သုံးလစာ (၂၄) သိန်း။ ပေါင်း (၃၆) သိန်းပဲ ရလိုက်သည်။ သိန်းတစ်ရာ့ရှစ်ဆယ်ကျော်ဖြင့် ၀ယ် ထားသည့်ကားက ပလုံသွားသည်။ လုံးဝ အစအနရှာမတွေ့တော့။ ၀ယ် ရောင်းစခန်းတွေမှ မိတ်ဆွေ ၀ယ် ရောင်းတွေ၊ ပွဲစားတွေကိုလည်း ကား နံပါတ်၊ ကားအမျိုးအစား၊ ကားပုံစံ တို့ကိုပြောပြပြီး တွေ့လျှင်ပြောကြပါ ကျေးဇူးဆပ်ပါမည်ဟုဆိုကာ သတင်း ဖြန့်ထားသည်။ သတင်းဖြန့်ထားပြီး သုံးလကျော်သွားသည်။ မည်သူ့ထံမှ သတင်းမလာ။ ကိုကျော်မှာသာ ဖုန်း သံမြည်တိုင်း သတင်းပေးသူထင်ကာ ဖွင့်ကြည့်ရသည်က အမော။

® ကိုကျော့်ကားကို ငှားလိုက် သည့် ခုနစ်လမြောက်သောနေ့ တစ် နေ့။ ညနေပိုင်းမှာတော့ ကိုကျော့် ကားနှင့်အတူ ကိုဦးလည်း ကျွန်းတော လမ်းပွဲစားတန်းမှ အိမ်သို့လမ်းကြုံ လိုက်လာသည်။ ကိုကျော်က ကားကို နာနတ်တောလမ်း ခုံးတံတားအောက် မှ ဗဟိုလမ်းပေါ်သို့ တက်လိုက်သည်။ ကားတန်းက လှည်းတန်းခုံးကျော် တံတားအောက်အထိ ကျပ်နေသည်။ တရွေ့ရွေ့ လိမ့်နေရသည်။ ထိုစဉ် ကိုကျော်က သူ့ကားရှေ့သုံးစီးလောက် အကွာမှ ကားတစ်စီးကို အာရုံစိုက်မိ လိုက်သည်။ ပုလဲပေါက် အဖြူရောင် မတ်တူးရွှေငါး။ ကားတွေက ကွယ်နေ ၍ ကားနံပါတ်က မသေချာ။ ကိုကျော် က
''ဟိုရှေ့က ရွှေငါးအဖြူရောင်ကား ကို သတိထားမိလားကိုဦး။ ကျွန်တော့် ကားနှင့်တူသလားလို့''
ဟုပြောလိုက် သည်။ ကိုဦးကလည်း
''အေးဗျ ကား နံပါတ်ကိုကြည့်လိုက်ဦးမယ်''
ဟု ဆိုကာ ပြန်ပြောလိုက်သည်။ ကိုကျော် လည်း ထိုကားနားသို့ ကပ်နိုင်သမျှ ကပ်အောင် ရှေ့ကားများကို လမ်း တောင်း၍ ကျော်လိုက်သည်။

® သေချာသွားသည်။ ကိုကျော် ကားအစစ်။ ကားနံပါတ်လည်းမလွဲ။ ကိုကျောက်ကကပ်လိုက်သည်။ ဟွန်း တီးကာရပ်ခိုင်းသည်။ ထိုကားက မရပ်။ ကိုကျော်က
''နောက်က၀င် တိုက်လိုက်မယ်ဗျာ။ ခင်ဗျား ခါး ပတ်ပတ်ထား''
ဟုဆိုသည်။ ကိုဦး လည်း အားပေးအားမြှောက်လုပ်ကာ ခါးပတ်ကို ပတ်လိုက်သည်။ ထိုစဉ် ကိုဦးကသတိရကာ
''ကျွန်တော်တို့ တိုင်ထားတဲ့ ရဲစခန်းကိုအကြောင်း ကြားလိုက်မယ်''
ဟုပြောလိုက်တော့ ကိုကျော်က သူ့ဖုန်းကို ကိုဦးဆီပေး ကာ အမှုဖွင့်ထားသည့် ရဲစခန်းမှ ရဲအုပ်ဖုန်းနံပါတ်ကိုရှာခိုင်းသည်။ ကိုဦးလည်း ထိုဖုန်းနံပါတ်ကိုရှာ၍ ခေါ်လိုက်သည်။ အဆင်သင့်ပင် တစ် ဖက်က ပြန်ထူးသည်။ ကိုကျော်ကို လမ်းကြောင်းမေးသည်။ ထို့နောက် သူတို့က ထိုကားလာမည့်လမ်းမှ ပိတ် စောင့်နေမည်ဖြစ်သည်ဟု အကြောင်း ပြန်လိုက်သည်။

® နောက်ဆုံး ကမာရွတ်သံလမ်း ထိပ်တွင် ထိုကားကို ရဲအဖွဲ့မှ တား ဆီးကာ ဖမ်းထားလိုက်သည်။ မောင်း လာသည့်သူတွေလည်း ဘာကြောင့် ဖမ်းမှန်းမသိ။ အံ့အားသင့်နေကြသည်။ နောက်ဆုံးအကျိုးအကြောင်းသိတော့ သူတို့လားရှိုးတွင်နေသည့်သူများ ဖြစ် ကြောင်း၊ ထိုကားကို မန္တလေးကားဝိုင်း ထဲမှ သိန်းတစ်ရာ့ငါးဆယ်ဖြင့် ၀ယ် လိုက်ခြင်းဖြစ်သည်။ ကားအုံနာဘုတ် မရသေး၍ သိန်းသုံးဆယ်ချန်ထားပြီး သုံးလကြာသည်အထိ မရသေး၍ စုံစမ်းရန်အတွက် ရန်ကုန်သို့လိုက်လာ ခြင်းဖြစ်ကြောင်းရှင်းပြသည်။ နောက် ဆုံး စာရင်းရှင်းတော့ သက်သေ အထောက်အထားများ ခိုင်လုံသည့် ကိုကျော်ကကားကိုပြန်သိမ်းပြီး ၀ယ် ထားသူက ထိုကားကို ကိုကျော်ထံမှ ငှားကာလက်လွှဲရောင်းချသွားသော သူကိုတရားစွဲအမှုဖွင့်လိုက်သည်။
🚨🚨🚨သို့ သော် ထိုကားငှားပြီး ပြန်ရောင်းချ သွားသည့် လူလိမ်ကို အခုထက်ထိ မမိသေး။ ဘာပဲပြောပြော ကိုကျော် ကတော့ ရင်ဘတ်ထဲမှ အစိုင်အခဲကြီး တစ်ခုပြုတ်ကျသွားသည်။

® ထိုအဖြစ်အပျက်ကို ပြန်လည် ဆန်းစစ်ကြည့်လိုက်တော့
>> ပထမ အချက် ကားအငှားချထားရာမှာ ငှား မည့်လူပုဂ္ဂိုလ်ကိုယုံကြည်စိတ်ချစွာ ပေးလိုက်ရမည်ဖြစ်၍ ထိုလူ၏ ကိုယ် ရေးအကြောင်းအရာဇစ်မြစ်ကိုမသိ ထားခြင်း၊
>> ဒုတိယအချက် ထိုလူ၏ နေထိုင်ရာလိပ်စာအတည်တကျကို မစုံစမ်းခြင်း၊
>> တတိယအချက်က ငှား သူ၏အလုပ်အကိုင်နှင့် ထိုတန်ဖိုးကြီး မော်တော်ယာဉ်အား လစာပေး၍ သုံးစွဲနိုင်မည့် အဆင့်ရှိ ^မရှိ၊
>> စတုတ္ထ အချက် ငှားသူဘက်က ငှားမည့်သူ ယုံကြည်စိတ်ချလောက်သည့် သက် သေခံမည့်သူ စသည့်စသည်တို့ကို အရင်လေ့လာရမည်။ မှန်းသည့် လစာငွေ၊ စပေါ်ရပြီဆိုသည်နှင့် မယုံ လွယ်သင့်ပေ။ ကားအရောင်းအ၀ယ် လုပ်လျှင်လည်း ကားကောင်းပြီး ကား ဈေးသက်သာသည်ကိုသာကြည့်ပြီး
® ရောင်းသူပြောတိုင်းမယုံဘဲ
>> အုံနာ စာအုပ်၊
>> ကားချက်စီနံပါတ်နှင့် ကိုက် ^မကိုက်၊
>> ကားရောင်းသူ၏ နေထိုင်ရာ လိပ်စာအမှန်အကန်၊ ယာဉ်ထိန်းရုံး (သို့မဟုတ်) သက်ဆိုင်ရာ က.ည.န တွင် ထိုကားနှင့် ပတ်သက်၍ ပြစ် ချက်တစ်စုံတစ်ရာရှိ ^မရှိ စသည်တို့ ကို အရင်ဆုံးစုံစမ်းသင့်သည်။ လက် လွတ်စပယ် အရောင်းအ၀ယ်မလုပ် သင့်။ ထိုသို့ ပြီးစလွယ်အငှားချထား ခြင်း၊ အရောင်းအ၀ယ်လုပ်ခြင်းတို့ ကြောင့် ဒီလိုပြဿနာများစွာ ကြုံတွေ့ နေကြရပါသည်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
awjmyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။