Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 3, 2016

ကျွန်တော်တို့မသိသေးတဲ့ သူ့အကြောင်း


မှတ်စုကြမ်း added 8 new photos — with David Phyo and Than Than Aye.

ကျွန်တော်တို့မသိသေးတဲ့ သူ့အကြောင်း
******************************
ခရစ္စတီယာနို ရိုနယ်လ်ဒိုလို့ပြောလိုက်တာနဲ့ အများစုကသူ့ကို ကမ္ဘာကျော်ဘောလုံးသမား၊ ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်ပြီး ရည်းစားထည်လဲတွဲတတ်သူ၊ငွေကိုရေလိုသုံးဖြုန်းတတ်သူစတဲ့ အကြောင်းအရာတွေနဲ့ ခေါင်းစဉ်တပ်ပြီး သတ်မှတ်ကြမှာပါ။
တကယ်တော့ ကျွန်တော်တို့သိထားတဲ့အကြောင်းအရာတွေရဲ့နောက်ကွယ်မှာ သူ့ငယ်စဉ်ဘဝကအနှိမ်ခံခဲ့ရလို့ ရုန်းကန်ကြိုးစားခဲ့ရတာတွေ၊ လူသားဆန်တဲ့အပြုအမူတွေနဲ့ လှူဒါန်းမှုတွေ၊ သူတတ်နိုင်သလောက် ကမ္ဘာကြီးကို ပိုမိုလှပလာအောင် တဖြည်းဖြည်းချင်း အလှဆင်နေသူတစ်ယောက်အဖြစ် တွေ့မြင်ကြရမှာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပေါ်တူဂီနိုင်ငံ မာဒီယာဒေသမှာ မွေးဖွားခဲ့ပြီး အဲဒီအချိန်တုန်းက ဒီဒေသဟာ ပေါ်တူဂီနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူငယ်စဉ်က အဖေဖြစ်သူဟာ ဥယျဉ်မှုးအလုပ်ကို လုပ်ကိုင်ခဲ့ရကာ အမေဖြစ်သူကတော့ ဆိုင်ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပါတယ်တဲ့။
အသက်(၉)နှစ်အရွယ်တုန်းကရော်နယ်လ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေရဲ့ လှောင်ပြောင်မှုကိုအခံရဆုံးကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အဖေဟာ သူတို့လေ့ကျင့်ရေးကွင်းက အခန်းတွေနဲ့အိမ်သာသန့်ရှင်းရေးလုပ်သားအလုပ်ကို အပိုဝင်ငွေရရှိဖို့ လုပ်ကိုင်ခဲ့ရလို့ပါပဲ။ ဒါပေမယ့်သူဟာ လှောင်ပြောင်မှုတွေအားလုံးကို ကြိုးစားမှုတွေနဲ့ပဲ တုန့်ပြန်ခဲ့ပါတယ်။
အသက် (၁၄)နှစ်မှာတော့ သူ့အဖေဟာ အရက်စတင်စွဲခဲ့ပြီး အကိုဖြစ်သူကတော့ မူးယစ်ဆေးနွံထဲမှာ ကျွံကျသူ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ သူရဲ့ကြိုးစားမှုရလာဒ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက သူ့ကို ပြောင်းရွှေ့ကြေးအမြောက်အများနဲ့ ခေါ်ယူခဲ့ရာ အောင်မြင်မှုစတင်ရရှိခဲ့ပါတယ်။ သူ့ဘဝရဲ့ စတင်အောင်မြင်တဲ့ အခိုက်မှာပဲ အဖေဖြစ်သူဟာ ဆုံးပါးခဲ့ပြီး အစ်ကိုဖြစ်သူ ဆေးသမားကိုလဲ တာဝန်ယူဆေးဖြတ်ပေးခဲ့ရတယ်။
"ဒီအပြစ်အပျက်တွေက ကျွန်တော့်ကို မနေ့ကထက် ပိုမိုကြိုးစားဖို့ တွန်းပို့နေခဲ့တယ်လို့သူကပြောပြခဲ့ပါတယ်။ အခုဆို ရော်နယ်လ်ဒိုဟာ ရွှေဖိနပ်ဆု(၄)ဆု၊ ရွေဘောလုံးဆု (၃)ဆုနဲ့ အောင်မြင်မှုများစွာ ရရှိထားတဲ့ ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။
၂၀၁၆ခုနှစ် သြဂုတ်လထဲမှာပဲ သူ့မွေးရပ်မြေမာဒီယာဒေသလေးဟာ တောမီးလောင်တဲ့အထဲပါသွားခဲ့ပြီး သေကြေဒဏ်ရာရသူများစွာနဲ့လူနေအိမ်ပေါင်းများစွာ လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ ဒီတောမီးလောင်ပြီး(၂)ရက်အကြာမှာပဲ ရော်နယ်လ်ဒိုဟာ သူ့ဒေသလေးရဲ့ ပြန်လည်ထူထောင်ရေးအတွက် မဖော်ပြနိုင်တဲ့လှူဒါန်းငွေနဲ့ အကူအညီများစွာ ပေးလှူခဲ့တယ်။
၂၀၁၆ခုနှစ် ဇွန်လတုန်းက ရီးရဲမက်ဒရစ်အသင်းနဲ့အတူ UEFA Campions League ဗိုလ်စွဲတဲ့အခါ သူ့အတွက်ရရှိတဲ့ ဆုကြေးငွေဒေါ်လာ ခြောက်သိန်းကိုလဲ လှူဒါန်းခဲ့ပါသေးတယ်။

ကင်ဆာရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်တစ်ယောက်ကိုလဲ အားပေးထောက်ပံ့ခဲ့သလို အဲဒီတုန်းက ကလေးငယ်ရဲ့လည်ပင်းက ခွဲစိတ်ဒဏ်ရာအတွက် လူသားခြင်းစာနာစွာ အသိအမှတ်ပြုတဲ့အနေနဲ့ သူ့ဆံပင်ပုံစံမှာ အစင်းရာ(၂)ကြောင်းကိုဆွဲပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။ လူအများစုကတော့ ဒီအပြုအမူကို ဖက်ရှင်ထွင်ပြီး ပုံဖော်ခဲ့တယ်လို့သာ ထင်မှတ်ခဲ့ကြပါတယ်။
သူဟာ ကလေးငယ်တွေအတွက် ရံပုံငွေများစွာလှူဒါန်းခဲ့သလို အဲရစ်(ခ်)ဆိုတဲ့ ၁၁လအရွယ်ကလေးငယ်ရဲ့ ကြီးမားတဲ့ ခွဲစိတ်မှုအတွက်စရိတ်အကုန်လုံးကို စိုက်ထုတ်ပေးခဲ့ပြီး တစ်သက်တာကုသမှုအတွက် ကုန်ကျငွေအကုန်လုံးကိုလဲ တာဝန်ယူပေးခဲ့ပါတယ်။
၂၀၀၅ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံက ဆူနာမီဘေးကို ကြုံတွေ့ခဲ့ရတဲ့ ဒေသကိုသွားရောက်ခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ဒုက္ခသည်တွေကို အားပေးကူညီခဲ့ရင်းက မာကျူနစ်ဆိုတဲ့ အင်ဒိုနီးရှားကလေးငယ်ကိုတွေ့ရှိပြီး ထောက်ပံ့မှုတွေနဲ့ ပညာရေးစရိတ်အလုံးစုံကို တာဝန်ယူပေးခဲ့ပြန်ပါသေးတယ်။ ၁၁နှစ်ဆိုတဲ့ ကာလကိုကျော်ဖြတ်ပြီးချိန်မှာတော့ ထိုကလေးငယ် မာကျူနစ်ဟာ သူ့ရဲ့အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းက စာချုပ်ချုပ်ယူခဲ့ရတဲ့ ဘောလုံးကစားသမားကောင်းတစ်ယောက် ဖြစ်လို့လာခဲ့ပါပြီ။ ရော်နယ်လ်ဒိုဟာ သူရရှိတဲ့ ယူရို ၁.၅သန်းတန်ရွှေဖိနပ်ကိုလဲ ဂါဇာဒေသက ကလေးငယ်တွေ ပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျောင်းဆောက်ဖို့အတွက် လှူဒါန်းခဲ့ပြန်ပါတယ်။
သူ့အကြောင်းကျွန်တော်တို့မသိသေးတဲ့အချက်တစ်ချက်က သူဟာ မကြာခဏသွေးလှူဒါန်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်သူ့ခန္ဓာကိုယ်မှာ တစ်ချို့ဘောလုံးသမားတွေလိုတက်တူးတွေအများအပြားမထိုးထားရခြင်းဖြစ်ပါတယ်တဲ့ ခင်ဗျာ။
"ကျွန်တော်လဲ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ခင်ဗျားလဲ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကူညီနိုင်တယ်။ ကျွန်တော်တို့ အကုန်လုံးကို ကူညီနိုင်ကြပါတယ်"
__________
ခရစ္စတီယာနို ရော်နယ်လ်ဒို
-မှတ်စုကြမ်း #nayaung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။