Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 15, 2016

"ကလေးများအတွက် စိတ်ဓာတ်ခွန်အား"

"ကလေးများအတွက် စိတ်ဓာတ်ခွန်အား"

ကလေးများရဲ့ ကျန်းမာကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး မိဘတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဂရုစိုက်ပြီး လေ့ကျင့်ပျိုးထောင်တတ်ဖို့ လိုပါတယ်။

အများအားဖြင့် ကလေးတွေဟာ ရုပ်ပိုင်းမှာ ကြံ့ခိုင်နေသလို ထင်နေရပေမယ့် စိတ်ပိုင်းမှာ ကြံ့ခိုင်မှု အားနည်းနေတတ်တဲ့အခါ ရှိပါတယ်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးမှုနဲ့ ပတ်သက်ပြီး ကလေးတွေကို စောင့်ရှောက်ပေးတဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတို့ဟာ အရမ်းကို သတိထားတတ်ဖို့လိုပါတယ်။

တစ်ချို့မိဘအုပ်ထိန်းသူတွေဟာ ကလေးအပေါ် စိုးရိမ်လွန်ကဲမှုများစွာနဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေ လုပ်တတ်ကြပါတယ်။

မိဘအုပ်ထိန်းသူတွေအနေနဲ့ စိုးရိမ်စိတ်နဲ့ ချုပ်ခြယ်မှုတစ်ခုဟာ တစ်ခါတစ်ရံမှာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို များစွာထိခိုက်စေကြောင်း လူမှုရေးရာကျွမ်းကျင်ပညာရှင်တို့က သုံးသပ်ဖော်ပြကြပါတယ်။ တကယ်တော့ သင့်တင့်မျတစွာ လိုက်လျောမှုပေးခြင်းက ကလေးရဲ့ စိတ်ပိုင်းရုပ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ အထောက်အကူပြုနိုင်ပါတယ်။
ကလေးတွေအားအလေးထားမှုပြပါ
ကလေးတွေဟာ မိမိတို့လို လူသားတစ်ယောက် ဖြစ်တာကြောင့် ခံစားမှု ရှိတတ်ကြရာ သူတို့ကို အလေးထား ဆက်ဆံတတ်ဖို့ လိုပါတယ်။ အများအားဖြင့် လူမှုပတ်ဝန်းကျင်မှာ လူကြီးတွေ အလေးထား ဆက်ဆံခံရတဲ့ ကလေးတွေနဲ့ ဖယ်ကြဉ်ခံရတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဖွံ့ဖြိုးမှုဟာ ကွာခြားမှု ရှိပါတယ်။ မိဘတွေအလေးထား ဆက်ဆံခံရတဲ့ ကလေးတွေဟာ အများအားဖြင့် စိတ်ပိုင်းယုံကြည်မှု အားကောင်းကြကာ ပတ်ဝန်းကျင်မှာ အဆင်ပြေစွာ နေထိုင်တတ်ကြပါတယ်။ မိဘတို့ အလေးထားမှု ကင်းမဲ့တဲ့ကလေးတွေဟာ စိတ်ခံစားမှု လွယ်ကူကာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှု နည်းပါးတတ်ကြပါတယ်။ စိတ်အားငယ်မှုတို့ ကြီးစိုးသွားကာ အရာရာကို အကောင်းမြင်စိတ်တို့ နည်းပါးသွားပြီး ပုန်းလျိုးကွယ်လျိုး နဲ့ ကြေက်ရွံ့အားငယ်စွာ နေထိုင်တတ်ကြပါတယ်။

ကလေးများအား #နွေးထွေးစွာ ဆက်ဆံပေးပါ

နွေးနွေးထွေးထွေး ဆက်ဆံမှု ခံရတဲ့ကလေးငယ် တစ်ယောက်ဟာ ပြောဆိုရလွယ်ကူသလို ပိုမို ကျန်းမာတတ်ကြပါတယ်။ လူကြီးမိဘတို့ရဲ့ စိတ်နှလုံးအနွေးဓာတ်ဟာ ကလေးတို့ စိတ်ပိုင်းဖွံ့ဖြိုးမှု ကို တိုက်ရိုက် သက်ရောက်မှုပေးပါတယ်။

ဥာဏ်ရည်ထက်မြက်ခြင်း သွက်လက်ခြင်း မိမိကိုယ်မိမိ ယုံကြည်မှုတိုးစေခြင်း လူကြီးမိဘတို့ရဲ့ ဆိုဆုံးမသွန်သင်မှု အပေါ် နားလည်လွယ်ကူခြင်း နဲ့ကလေးတို့ရဲ့ စိတ်နှလုံးသားဟာလည်း အကောင်းမြင်စိတ်တို့ ကြီးထွားကာ လူသားတို့အပေါ် ကောင်းမွန်စွာ ပြုမူဆက်ဆံတတ်လာခြင်းတို့ဘဲဖြစ်ပါတယ်။

မျတတဲ့ကန့်သတ်မှု နဲ့ #ကလေးများရဲ့ခံစားမှုကို နားဆင်ပေးပါ

လူဆိုတာ သင်ယူမှု သွန်သင်ဆုံးမမှုတို့နဲ့ ကြီးပြင်းကြရတဲ့ သဘာဝမျိုးဖြစ်ရာ ကလေးတွေအပေါ် သင့်တင့်မျတတဲ့ ကန့်သတ်မှု နဲ့ သူတို့ရဲ့ဘဝကို လွတ်လပ်ခွင့်ပေးဖို့လိုပါတယ်။ လူကြီးမိဘတို့က အရာရာကို လူကြီးတို့ရဲ့စိတ်နဲ့ ရှင်သန်ခိုင်းရာ ကလေးများရဲ့ဘဝဟာ နှလုံးသားမဲ့တဲ့ လူသားတစ်ယောက် ဖြစ်သွားတတ်ပါတယ်။ ခံစားမှုနှလုံးသား ကင်းမဲ့သွားကာ လူ့ရဲ့ တန်ဖိုးရှိ အရင်းအမြစ်တွေဖြစ်တဲ့ ဖန်တီးတီထွင်မှု စွမ်းရည်တို့ ပျက်သုန်းသွားနိုင်ပါတယ်။ ကလေးတွေဖော်ပြလာတဲ့ ခံစားမှုတို့ကိုလည်း အလေးထား နားထောင်ပေးတတ်ဖို့ လိုပါတယ်။ ဒီလိုနားထောင်ပေးခြင်းဖြင့် ကလေးများရဲ့လိုအင်ကို မှန်ကန်စွာ အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ ကလေးများအနေနဲ့ လူကြီးမိဘတို့ရဲ့ အလေးထား နားထောင်ပေးမှုကို ရရှိလာတဲ့အခါ အရာရာကို ယုံကြည်စိတ်နဲ့ ပွင့်လင်းစွာ တိုင်ပင်တတ်တဲ့ အလေ့အကျင့်ကေင်းတို့ ရရှိသွားစေခြင်းဘဲဖြစ်ပါတယ်

ကလေးများနဲ့ #ကစားပေးပါ

ကလေးများနဲ့ အတူတူ ကစားပေးခြင်း ရယ်မောခြင်း နီးနီးကပ်ကပ် ထိတွေ့နေထိုင်ပေးခြင်းတို့ဟာ ကလေးများနဲ့ စိတ်ချင်းရင်းနှီးမှုတစ်ခုကို ရရှိစေပြီး ခိုင်မြဲတဲ့ယုံကြည်မှုတစ်ခုကို ရရှိစေပါတယ်။ ကလေးများနဲ့ ဒီလိုယုံကြည်မှုတစ်ခု တည်ဆောက်ထားတဲ့အခါ အပြန်အလှန်နားလည်မှုတို့ရရှိလာပြီး လူကြီးတို့ရဲ့ ဆိုဆုံးမစကားတို့အပေါ် နားလည်လွယ် လက်ခံလိုက်နာခြင်းဆိုတဲ့ အကျိုးတရားတွေ ရရှိစေလာခြင်းဘဲဖြစ်ပါတယ်။ လူကြီးမိဘတွေကို ယုံကြည်မှုတိုးစေသလို သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုတိုးပွားတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ ပတ်ဝန်းကျင်အပေါ် လူကြီးမိဘတွေအပေါ် အပြုသဘောဆောင်စိတ်ထားတွေ ထားတတ်လာခြင်းဘဲဖြစ်ပါတယ်။

ကလေးများရဲ့လုပ်ဆောင်မှုကို #အသိအမှတ်ပြုပေးပါ

ကလေးများစွမ်းဆောင်ပေးတဲ့ အရာမှန်သမျကို အလေးထားပြပြီး ကျေးဇူးတင်ကြောင်း ပြောဆိုတတ်ဖို့လိုပါတယ်။ ဒါဟာ သူ့ရဲ့လုပ်ဆောင်မှုအပေါ် ယုံကြည်မှုတိုးစေပြီး အရာရာကို ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်တတ်စေဖို့ ဦးတည်သွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။ မိသားစုအတွင်းမှာ မျတစွာလုပ်ဆောင်ပေးတတ်မှုဟာလည်း ကလေးများနဲ့ ယုံကြည်မှု တည်ဆောက်ရာမှာ များစွာအထောက်အကူဖြစ်စေပြီး ကလေးများအနေနဲ့လည်း မျတစွာ လုပ်ဆောင်တတ်ခြင်းဆိုတဲ့ အလေ့အကျင့်ကောင်းတို့ ရရှိသွားစေမှာဖြစ်ပါတယ်။

ကလေးများအပေါ် #ချစ်ကြောင်း အမြဲတမ်းပြောပေးပါ

မိဘတွေအနေနဲ့ ဘယ်လောက်ဘဲ အလုပ်များကြပါစေ ကိုယ့်ရဲ့သားသမီးတွေကို ချစ်ကြောင်း ပြောတတ်ဖို့လိုပါတယ်။ အလုပ်များနေလို့ ကလေးတို့အနားမှာ အမြဲမရှိနိုင်ပေမယ့် ကလေးတို့ကိုချစ်ကြောင်း သတိရကြောင်း ကလေးတို့ကိုတန်ဖိုးထားကြောင်း ပြောပြတတ်ဖို့လိုပါတယ်။ ဒါဟာကလေးတို့ရဲ့ နှလုံးသားထဲ နွေးထွေးလုံခြုံမှုတစ်ခုကို ခံစားရစေပြီး မိဘတို့အပေါ်နားလည်မှုရရှိစေပါတယ်။ မိဘတို့ အလုပ်လုပ်နေခြင်းတို့အပေါ် တန်ဖိုးထားနားလည်တတ်လာခြင်းတို့ဘဲဖြစ်ပါတယ်။

Yangon Life
Posted by Nandar Lwin

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။