Maung Tun Wai added 2 new photos.Follow
(ကိုဖီအာနန် လေယာဉ်ပေါ်မတက်ခင်
ပြောသွားတာလေး ဖတ်ကျိ ...
အာ့ထက်ရှင်းတာရှိဦးမလား ...
ကော်မရှင်နဲ့ မပူးပေါင်းရင်
ခများတို့အသံတွေ ဆန္ဒတွေ သူတို့မသိနိုင်ဘူး ...
ဒီတော့ ကလန်ကဆန်ဆက်လုပ်နေရင်
နစ်နာမှာက ခများတို့ဘဲ ...)
"လူ့အခွင့်အရေးကို စုံစမ်းဖို့ မဟုတ်ပါဘူး။
အကြံပြုချက် ပေးဖို့ပါ။
ဘာအကြံပြုချက်တွေလဲဆိုတော့
ရခိုင်ပြည်နယ်မှာ
တင်းမာမှုတွေလျော့ပါးအောင်
ဖွံဖြိုးတိုးတက်အောင်
အထောက်အကူဖြစ်မဲ့
အကြံဉာဏ်တွေပေးဖို့ပါ ...။"
မစ္စတာ ကိုဖီအာနန်၏ သတင်းစာရှင်းလင်းပွဲမှ ကောက်နှုတ်ချက်
.............................................................
"ကျနော်တို့ ကော်မရှင် [ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး
ကော်မရှင်]ဟာ လူ့အခွင့်အရေးကို စုံစမ်းဖို့မဟုတ်သလို အစီရင်ခံစာတင်တာလည်း မဟုတ်တဲ့အကြောင်း ဦးစွာ
ပြောလိုပါတယ်။
ကော်မရှင်ရဲ့လုပ်ငန်းတာဝန်က အကြံပြုချက်ပေးဖို့ပါ။ ဒီလိုအကြံပြုချက်ဆိုရာမှာလည်း တင်းမာမှုတွေ
လျော့ပါးအောင်၊ ရခိုင်ပြည်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ
ပေးနိုင်အောင် အထောက်အကူပြုမယ့် အကြံဉာဏ်တွေပေးဖို့ လုပ်ငန်းတာဝန်တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်း အကြံပြုနိုင်မယ်။ မပြုနိုင်ဘူးဆိုတာကတော့ ကျနော်တို့ အစီရင်ခံစာထွက်တဲ့အထိ စောင့်ကြည်ရမယ်လို့ပဲ ပြောရမှာပါ။
အဲဒီတော့ ကျနော်တို့ ဘယ်လိုတွေဆက်လုပ်မယ်ဆိုတာ လက်တွေ့စောင့်ကြည့်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျနော့်ကိုကမ်းလှမ်းသလား၊ ကျနော်ကပဲ ကမ်းလှမ်းခဲ့
သလားဆိုတဲ့အမေးကိုတော့ တိုင်ပင်ဆွေးနွေးမှုတွေ
ရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို အမျိုးသားအဆင့် ကော်မရှင်ဖွဲ့စည်းမယ်၊ ပါဝင်နိုင်မလားလို့ မေးခဲ့တာတော့ ရှိခဲ့ပါတယ်။ ကျနော် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး
တာဝန်ယူနေချိန် ကာလတစ်လျှောက် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ တောက်လျောက်ပဲ မျက်ခြေ
မပြတ် စောင့်ကြည့်ခဲ့ပါတယ်။
တာဝန်ထမ်းဆောင်ပြီးလို့ အခုနောက်ပိုင်း ဆက်နှစ်အတွင်း
မှာလည်း ဆက်ပြီးစောင့်ကြည့်လေ့လာခဲ့ပါတယ်။ အရင်က
ဒီလိုပဲ ထိတွေ့ပြီး ကိစ္စရပ်တော်တော်များများ ဆွေးနွေးတာတွေရှိပါတယ်။ အခုလို ပါဝင်လာတာဟာ ကျနော်တို့က ရဲတွေလို စုံစမ်းစစ်ဆေး၊ စိစစ်ဖို့လာလုပ်တာ မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ အကူအညီပေးဖို့ပဲဖြစ်ပါတယ်။
ကော်မရှင်သည်လည်း မြန်မာကော်မရှင်ပဲဖြစ်ပါတယ်။ မြန်မာကော်မရှင်ထဲမှာ ကျနော်တို့ပါဝင်ဆောင်ရတာပဲ
ဖြစ်ပါတယ်။ နိုင်ငံတကာအတိုင်းအတာပုံစံဝင်အောင် ဆောင်ရွက်တဲ့သဘောဖြစ်ပါတယ်။"
ကိုဖီအာနန်
ဥက္ကဌ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်
(သတင်းနှင့် ဓာတ်ပုံ - ထွန်းဝင်း၊ နော်ခမ်းဆိုင်းအောင်)
မူရင်း လှိုင်ထိပ်ထား ဖေ့ဘုတ်မှ ထပ်ဆင့်ကူးယူဖော်ပြပါတယ်။
8.9.2016
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။