"စိတ်ချမ်းသာချင်ရင်"
••••••••••••••••••••••
တစ်ခါတုန်းက.. လယ်သမားကြီးတစ်ဦးရှိသတဲ့…။
သူဟာ နှစ်စဉ် အင်မတန်မှ ဖွံ့ထွားလှပတဲ့ ပြောင်းဖူးတွေကို စိုက်ပျိုးပြီး မြို့ ပေါ်ကသစ်သီးဝလံပြပွဲမှာလည်း နှစ်စဉ်ဆုတွေရပါသတဲ့…။
တစ်နှစ်မှာတော့ သတင်းထောက်တစ်ယောက်က သူ့ကိုအင်တာဗျူးပါတယ်…။ ဘယ်လိုများ ဒီလိုလှပဖွံ့ထွားတဲ့ ပြောင်းဖူးတွေကို စိုက်သလဲပေါ့..။
#သတင်းထောက်ဟာ မေးရင်းနဲ့ လယ်သမားကြီးက သူ့ဆီက မျိုးကောင်းမျိုးသန့်တွေကို လယ်နီးနားချင်းတွေကို မျှဝေပေးတယ်ဆိုတာကို သိရတော့ အံ့သြစွာနဲ့မေးပါတယ်..။
“ နေပါဦးဗျ… ခင်ဗျားက ဘာလို့ ကိုယ့်ဆီက အကောင်းဆုံးမျိုးစေ့တွေကို လယ်နီးနားချင်းတွေဆီ မျှပေးရတာလဲ… သူတို့လည်း ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတာမဟုတ်လား…” ဆိုတော့
#လယ်သမားကြီးက… “ ဒီလိုရှိတယ်ဗျ… လေက ဝတ်မှုန်လေးတွေကို ဟိုဘက်အခင်းကနေ ဒီဘက်အခင်းကို သယ်ဆောင်ပြီး ဝတ်မှုန်ကူးတယ်လေ…တကယ်လို့.. .ကျုပ်လယ်နီးနားချင်းတွေက မျိုးစေ့ညံ့တာတွေစိုက်ထားရင်.. အပြန်အလှန်ဝတ်မှုန်ကူးမှုကြော င့် သူတို့ဆီက အရည်အသွေးညံ့တာတွေ ကျုပ်အပင်တွေဆီ ကူးလာနိုင်တယ်… ကျုပ်က အမျိုးကောင်းတွေစိုက်ထားရင် .. လယ်နီးနားချင်းတွေကိုလည်း…အ မျိုးကောင်းစိုက်နိုင်အောင် ကျုပ်ကူညီရမယ်ဗျ…” လို့ ပြန်ဖြေလိုက်ပါတယ်….။
ဒါဟာ…ကျုပ်တို့ဘဝပဲဗျ…။
ဘဝမှာ ငြိမ်းချမ်းစွာနေထိုင်သွားလိုသူဟာ… ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းအောင် ကူညီရမယ်….။
ဘဝတစ်ခုရဲ့  တန်ဖိုးဆိုတာကို သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ရဲ့  အခြေအနေ နဲ့ တိုင်းတာရမယ်….။
စိတ်ချမ်းသာပျော်ရွှင်ချင်တဲ့ သူဟာ…
သူတစ်ပါးကိုလည်း စိတ်ချမ်းသာပျော်ရွှင်အောင် ကူညီပေးရမယ်..။ ဘာလို့လဲဆိုတော့… တို့တတွေကိုယ်စီ ငြိမ်းချမ်းဖို့ဆိုတာ အားလုံး ငြိမ်းချမ်းမှဖြစ်မယ်…။
ဒါကြောင့် ကိုယ်စိုက်တဲ့ ပြောင်းဖူးကောင်းချင်ရင်.. သူများအခင်းက ပြောင်းဖူးကောင်းအောင်လည်း ကူညီပေးရမယ်ဗျ…နော့ …….။
။ Ref: http:// www.inspirationpeak.com/ ဦးသုည ... စကားလုံးဖလှယ်သည်
Posted by ကိုစိုးနိုင်
••••••••••••••••••••••
တစ်ခါတုန်းက.. လယ်သမားကြီးတစ်ဦးရှိသတဲ့…။
သူဟာ နှစ်စဉ် အင်မတန်မှ ဖွံ့ထွားလှပတဲ့ ပြောင်းဖူးတွေကို စိုက်ပျိုးပြီး မြို့ ပေါ်ကသစ်သီးဝလံပြပွဲမှာလည်း
တစ်နှစ်မှာတော့ သတင်းထောက်တစ်ယောက်က သူ့ကိုအင်တာဗျူးပါတယ်…။ ဘယ်လိုများ ဒီလိုလှပဖွံ့ထွားတဲ့ ပြောင်းဖူးတွေကို စိုက်သလဲပေါ့..။
#သတင်းထောက်ဟာ မေးရင်းနဲ့ လယ်သမားကြီးက သူ့ဆီက မျိုးကောင်းမျိုးသန့်တွေကို
“ နေပါဦးဗျ… ခင်ဗျားက ဘာလို့ ကိုယ့်ဆီက အကောင်းဆုံးမျိုးစေ့တွေကို လယ်နီးနားချင်းတွေဆီ မျှပေးရတာလဲ… သူတို့လည်း ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတာမဟုတ်လား…” ဆိုတော့
#လယ်သမားကြီးက… “ ဒီလိုရှိတယ်ဗျ… လေက ဝတ်မှုန်လေးတွေကို ဟိုဘက်အခင်းကနေ ဒီဘက်အခင်းကို သယ်ဆောင်ပြီး ဝတ်မှုန်ကူးတယ်လေ…တကယ်လို့..
ဒါဟာ…ကျုပ်တို့ဘဝပဲဗျ…။
ဘဝမှာ ငြိမ်းချမ်းစွာနေထိုင်သွားလ
ဘဝတစ်ခုရဲ့  တန်ဖိုးဆိုတာကို သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ရဲ့  အခြေအနေ နဲ့ တိုင်းတာရမယ်….။
စိတ်ချမ်းသာပျော်ရွှင်ချင်တဲ
သူတစ်ပါးကိုလည်း စိတ်ချမ်းသာပျော်ရွှင်အောင် ကူညီပေးရမယ်..။ ဘာလို့လဲဆိုတော့… တို့တတွေကိုယ်စီ ငြိမ်းချမ်းဖို့ဆိုတာ အားလုံး ငြိမ်းချမ်းမှဖြစ်မယ်…။
ဒါကြောင့် ကိုယ်စိုက်တဲ့ ပြောင်းဖူးကောင်းချင်ရင်.. သူများအခင်းက ပြောင်းဖူးကောင်းအောင်လည်း ကူညီပေးရမယ်ဗျ…နော့ …….။
။ Ref: http://
Posted by ကိုစိုးနိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။