ပြုစုပျိုးထောင်ခြင်း အနုပညာ
========================== ====
သားကို လွတ်လပ်တဲ့သူ အဖြစ်ပဲကြီးပြင်းစေချင်တာ
========================== ==
သားလေး မွေးတော့ကျွန်မစိတ်ထဲမှာ အားဖြစ်ခဲ့ရတယ်။ သားလေးဟာ တစ်နေ့ကြီးပြင်းလာတဲ့အခါ…ဆိုတာကို သားရဲ့ခြေဖ၀ါးနုနုနီနီလေး တွေကို မြင်တွေ့ရတဲ့အချိန်ကစပြီး စဉ်းစားလာခဲ့တာ ဒီကနေ့ထိပါပဲ။
နို့ချို့တိုက်ကျွေးတဲ့အ ခါ အမေကို မော့မော့ကြည့်ပြီး ပြုံးပြတဲ့သားရဲ့အပြုံးကို ငေးကြည့်ရင်း အမေ့ရင်ထဲ သားမှသားဆိုတဲ့အသိက နက်ရှိုင်းခဲ့တယ်။
သားလေးက လေးဘက်ထောက်၊ လမ်းလျှောက်ရင်း…တဖြည်းဖြည်းနဲ့ကြီးပြင်းလာတာကို ငေးကြည့်ရင်း မေမေ့သားကို ဘယ်လို သားမျိုး ဖြစ်စေချင်သလဲဆိုတဲ့မေးခွန်းကိုယ့်ကိုယ်ကို စမေးဖြစ်တော့တာပါပဲ။
သားကို ချစ်တဲ့စိတ်နဲ့ သနပ်ခါးလူးပေးတာကစလို့အကျီာင်္လေး၊ ဘောင်ဘီကလေး ၀တ်ပေးတာအဆုံး ထမင်းခွံ့ကျွေးတာတွေကို သားလေး လေးနှစ်ကျော်တာနဲ့ ကျွန်မ ရပ်ပစ်လိုက်တယ်။
အရာရာမှာ အမေကိုသာ အားကိုးတတ်တဲ့သားဖြစ်သွားမှာ စိုးရိမ်လို့။
သူ့ဟာသူ ထမင်းစားတတ်အောင် လေ့ကျင့်ပေးတယ်။
အဲဒါနဲ့ သားလေးကို သူ့ကျောပိုးအိတ် သူလွယ်ပြီး သူ့ထမင်းချိုင့်လေး သူဆွဲလို့။ သူ့ဟာသူ ဖိနပ်စီးပြီး ကျောင်းသွားတတ်တဲ့ကလေးဖြစ်ေ အာင် လေ့ကျင့်ပေးခဲ့မိတယ်။
အမေ မရှိလည်း လောကအလယ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမားရပ်ပြီး
ရှင်သန်နိုင်ဖို့ သားလေး ၅ နှစ်အရွယ်ကတည်းက စတင်လေ့ကျင့်ပေးလိုက်တာ။
အလယ်တန်းအရွယ်ရောက်တော့မီးဖိုချောင်ထဲ ၀င်ဖို့စဉ်းစားလာတယ်။
ယောင်္ကျားလေး မီးဖိုချောင်ထဲဝင်စရာမလိုဘူး …လို့ ကျွန်မ မပြောပါဘူး။
သားချစ်တဲ့ဇနီးနဲ့သားသမီးတွေကို စိတ်လိုလက်ရနဲ့ ချက်ကျွေးတတ်ဖို့  သားလေး လေ့ကျင့်ဖို့လိုတယ်လေ။
သားက သူတတ်တာလေးနဲ့ကျွန်မကြိုက်တ တ်တဲ့ထမင်းကြော်မျိုး ကြော်ကျွေးတတ်တယ်။ ထမင်းဟင်းချက်ကျွေးလာတယ်။ သားချက်တဲ့ဟင်းဟာ ကျွန်မအတွက် အရသာအရှိဆုံးပေါ့။
ဒါပေမဲ့ သားဟာ ထမင်းဝိုင်းမှာ အမေ့ကိုချည် ဦးစားပေးတဲ့သား မဖြစ်စေဖို့၊ မျှမျှတတ စဉ်းစားပေးနိုင်တဲ့သားဖြစ် စေဖို့ ကျွန်မရဲ့လောဘတွေကိုတော့ လျော့မှ ဖြစ်မယ်။
သားက ကျွန်မအတွက် နံနက်စာ ပြင်ပေးတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ နေ့လည်စာ ပြင်ပေးတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ် ကျွန်မရင်ထဲမှာ ကျေနပ်ပီတိ ဖြစ်လိုက်တာ။
နေထိုင်မကောင်းတဲ့အခါ သားတိုက်တဲ့ဆေးကြောင့်သက်သာသွားရတာမဟုတ်ဘူး၊ သားရဲ့ဂရုစိုက်မှုနဲ့အကြင် နာကြောင့်အမေသက်သာသွားတာလို့ ပြောချင်ပေမဲ့ နှုတ်ခမ်းကို ဖိကိုက်ထားမိတယ်။
အမေ နေမကောင်းဘူးလို့ကြားတဲ့အခါ သားလေး ပြေးလာမိနေမှာ စိုးလို့။
သား လူပျိုပေါက်အရွယ်မှာ ကောင်မလေး သူငယ်ချင်းရှိတယ်ဆိုတော့စိတ်ထဲ အောင့်ခနဲ ဖြစ်သွားတာကို သူ့အဖေ မသိလိုက်ပေမဲ့ကျွန်မသိလို က်တယ်။ ဒါပေမဲ့သားသိအောင် မပြောတော့ဘူး၊ အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ပြုကြတဲ့အခါ
အမေ့ကို ထားခဲ့ဖို့ တွန့်ဆုတ်သွားမှာ စိုးလို့ပါ။
ကျွန်မ မဖြစ်ချင်တဲ့မေမေ ဘ၀ဆိုတာကို သားလေးငယ်ကတည်းက စိတ်ကူးထဲမှာ ပြဋ္ဌာန်းခဲ့ပြီးသားပါ။
သားအပေါ်ကို သ၀န်တိုတတ်တဲ့အမေမျိုး ကျွန်မ မဖြစ်ချင်ဘူး။
သားရဲ့ဦးစားပေး နံပတ်တစ်ကို သာ လိုချင်တဲ့အမေမျိုး ကျွန်မမဖြစ်ချင်ဘူး။
သားသွားမဲ့ခရီးမှာ နောက်ဆံတင်းနေရလို့ လှည့်လှည့်ကြည့်ပေးရတဲ့အမေမျိုး ကျွန်မ မဖြစ်ချင်ဘူး။
သားကို ချစ်တဲ့မိန်းကလေးတွေကို မနှစ်သက်နိုင်တဲ့ အမေမျိုးလည်း မဖြစ်ချင်ဘူး။
သားကိုလည်း မိဘနဲ့ဇနီးကြားဗျာများရမဲ့သားမျိုး မဖြစ်စေချင်ဘူး။
သားဟာ အရာရာတိုင်းကို စိတ်ဆန္ဒရှိသလို လွတ်လပ်စွာ တွေးခေါ်နိုင်တဲ့သား၊
သားဟာ အရာရာတိုင်းမှာ မျှမျှတတ ဆောင်ရွက်နို်င်တဲ့သား။
သားဟာ အရာရာတိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်ကျေနပ်စွာနဲ့ လုပ်ဆောင်နိုင်တဲ့သား အဖြစ်သာ ကျွန်မက မျှော်လင့်ချင်တာ။
အဲဒါကြောင့် သားအတွက် ကျွန်မက ဘယ်လိုဝန်ထုတ်ဝန်ပိုးမျိုးကိုမှ မဖြစ်စေတဲ့ ပေါ့ပါးလွတ်လပ်စေတဲ့ အမေမျိုး ပဲ ဖြစ်ချင်တာပါ။
#မေသင်္ကြန်ဟိန်(မြစ်မခ)
==========================
သားကို လွတ်လပ်တဲ့သူ အဖြစ်ပဲကြီးပြင်းစေချင်တာ
==========================
သားလေး မွေးတော့ကျွန်မစိတ်ထဲမှာ အားဖြစ်ခဲ့ရတယ်။ သားလေးဟာ တစ်နေ့ကြီးပြင်းလာတဲ့အခါ…ဆိ
နို့ချို့တိုက်ကျွေးတဲ့အ
သားလေးက လေးဘက်ထောက်၊ လမ်းလျှောက်ရင်း…တဖြည်းဖြည်းနဲ့ကြ
သားကို ချစ်တဲ့စိတ်နဲ့ သနပ်ခါးလူးပေးတာကစလို့အကျီ
အရာရာမှာ အမေကိုသာ အားကိုးတတ်တဲ့သားဖြစ်သွားမ
သူ့ဟာသူ ထမင်းစားတတ်အောင် လေ့ကျင့်ပေးတယ်။
အဲဒါနဲ့ သားလေးကို သူ့ကျောပိုးအိတ် သူလွယ်ပြီး သူ့ထမင်းချိုင့်လေး သူဆွဲလို့။ သူ့ဟာသူ ဖိနပ်စီးပြီး ကျောင်းသွားတတ်တဲ့ကလေးဖြစ်ေ
အမေ မရှိလည်း လောကအလယ်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမားရပ်ပြီး
ရှင်သန်နိုင်ဖို့ သားလေး ၅ နှစ်အရွယ်ကတည်းက စတင်လေ့ကျင့်ပေးလိုက်တာ။
အလယ်တန်းအရွယ်ရောက်တော့မီးဖ
ယောင်္ကျားလေး မီးဖိုချောင်ထဲဝင်စရာမလို
သားချစ်တဲ့ဇနီးနဲ့သားသမီးတေ
သားက သူတတ်တာလေးနဲ့ကျွန်မကြိုက်တ
ဒါပေမဲ့ သားဟာ ထမင်းဝိုင်းမှာ အမေ့ကိုချည် ဦးစားပေးတဲ့သား မဖြစ်စေဖို့၊ မျှမျှတတ စဉ်းစားပေးနိုင်တဲ့သားဖြစ်
သားက ကျွန်မအတွက် နံနက်စာ ပြင်ပေးတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ နေ့လည်စာ ပြင်ပေးတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ် ကျွန်မရင်ထဲမှာ ကျေနပ်ပီတိ ဖြစ်လိုက်တာ။
နေထိုင်မကောင်းတဲ့အခါ သားတိုက်တဲ့ဆေးကြောင့်သက်သ
အမေ နေမကောင်းဘူးလို့ကြားတဲ့အခ
သား လူပျိုပေါက်အရွယ်မှာ ကောင်မလေး သူငယ်ချင်းရှိတယ်ဆိုတော့စိ
အမေ့ကို ထားခဲ့ဖို့ တွန့်ဆုတ်သွားမှာ စိုးလို့ပါ။
ကျွန်မ မဖြစ်ချင်တဲ့မေမေ ဘ၀ဆိုတာကို သားလေးငယ်ကတည်းက စိတ်ကူးထဲမှာ ပြဋ္ဌာန်းခဲ့ပြီးသားပါ။
သားအပေါ်ကို သ၀န်တိုတတ်တဲ့အမေမျိုး ကျွန်မ မဖြစ်ချင်ဘူး။
သားရဲ့ဦးစားပေး နံပတ်တစ်ကို သာ လိုချင်တဲ့အမေမျိုး ကျွန်မမဖြစ်ချင်ဘူး။
သားသွားမဲ့ခရီးမှာ နောက်ဆံတင်းနေရလို့ လှည့်လှည့်ကြည့်ပေးရတဲ့အမေမ
သားကို ချစ်တဲ့မိန်းကလေးတွေကို မနှစ်သက်နိုင်တဲ့ အမေမျိုးလည်း မဖြစ်ချင်ဘူး။
သားကိုလည်း မိဘနဲ့ဇနီးကြားဗျာများရမဲ့သ
သားဟာ အရာရာတိုင်းကို စိတ်ဆန္ဒရှိသလို လွတ်လပ်စွာ တွေးခေါ်နိုင်တဲ့သား၊
သားဟာ အရာရာတိုင်းမှာ မျှမျှတတ ဆောင်ရွက်နို်င်တဲ့သား။
သားဟာ အရာရာတိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်ကျေနပ်စွာနဲ့ လုပ်ဆောင်နိုင်တဲ့သား အဖြစ်သာ ကျွန်မက မျှော်လင့်ချင်တာ။
အဲဒါကြောင့် သားအတွက် ကျွန်မက ဘယ်လိုဝန်ထုတ်ဝန်ပိုးမျိ
#မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။