သင့်အိမ်မှာ မှိုတွေ များလွန်းနေပြီလား
.......................... .......................... . #ဒေါက်တာခင်မိုးမိုး
မှိုတွေက စွတ်စိုပြီး လေကောင်းလေသန့်မရရှိတဲ့ အဆောက်အအုံတွေမှာ အများဆုံးစုဆောင်းနေတတ်ပါတယ်။ မှိုမှာပါဝင်တဲ့ Mycotoxin အဆိပ်အတောက်တွေကြောင့် ကျန်းမာရေးပြဿနာအများစု ဖြစ်လာတတ်ပါတယ်။ သင့်အိမ်မှာရှိ
နေတဲ့ မှိုတွေကို သင်ရဲ့ အရေပြားနဲ့ ထိတွေ့တာ၊ မျိုချမိတာနဲ့ ရှူရှိုက်မိတာတွေကြောင့် သင့်ခန္ဓာကိုယ်ထဲကို ၀င်ရောက်သွားနိုင်ပါတယ်။ အောက်ပါတို့ဟာ မှိုကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေပါ။
#ပန်းနာရင်ကျပ်ဖြစ်ခြင်း
အိမ်တွင်းရှိ မှိုတွေနဲ့ အချိန်အကြာကြီး ထိတွေ့မှုရှိတာကြောင့် ရင်ကျပ်ပန်းနာလိုမျိုး နာတာရှည်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ရင်ကျပ်ပန်းနာဖြစ်တယ်ဆိုပေမ ယ့် ကလေးဘ၀က ရင်ကျပ်ရှိနေတာက အိမ်တွင်းမှာ
စုဆောင်းမှုများနေတဲ့ မှိုတွေကြောင့်ပါ။ ကလေးဘ၀မှာ မှိုနဲ့ ထိတွေ့မှုများခဲ့တာက ရင်ကျပ်ပန်းနာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါ့အပြင် မှိုနဲ့ ထိတွေ့မှုများတာကြောင့် လေပြွန်ရောင်တာလည်း ဖြစ်နိုင်ခြေများပါတယ်။
#ထိပ်ကပ်နာဖြစ်ခြင်း
အိမ်တွင်းမှိုတွေက ထိပ်ကပ်နာဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကလေ့လာမှုအရ အိမ်တွင်းမှာ မှိုတွေ အလွန်များပြားနေတာက ကလေး ငါးနှစ် အရွယ်အထိ ထိပ်ကပ်နာဖြစ်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။
#ခုခံအားစနစ်ကျဆင်းခြင်း
အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးတွေမှာ မှိုကြောင့် ခုခံအားပိုမိုကျဆင်းနိုင်ပါ တယ်။ မှိုက ထွက်ပေါ်လာတဲ့ ဒြပ်ပေါင်းတွေက ခုခံအားနစ်ကို ပျက်စီးစေနိုင်တာကြောင့်ပါ။
#ခေါင်းကိုက်ခြင်း
သင်ဟာ မကြာခဏ ခေါင်းကိုက်တတ်သူဖြစ်နေရင် မှိုဆိပ်တက်နေပါပြီ။ မှိုပိုးတွေက လေထဲမှာ ပျံ့နှံ့နေတဲ့အတွက် သူတို့ကို ရှူရှိုက်မိရာမှာ ဓာတ်မတည့်မှုဖြစ်ပြီး ခေါင်းကိုက်တာပါ။ ခေါင်းကိုက်တာနဲ့အတူ အဆစ်နဲ့ ကြွက်သားနာကျင်တာ၊
မောပန်းတာတွေပါ တွဲဖြစ်တတ်ပါတယ်။
#မျက်စိပြဿနာဖြစ်ခြင်း
လေထဲမှာ ပျံ့နှံ့နေတဲ့ မှိုရဲ့ အဆိပ်အတောက် Mycotoxin တွေက မျက်စိထဲကို အလွယ်တကူ ၀င်ရောက်နိုင်တဲ့အတွက် မျက်လုံးရောင်တာ၊ မျက်စိနာတာလိုမျိုး မျက်စိပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
#အရေပြားတွင်အစက်အပြောက်ဖြစ်ခြင်း
မှိုတွေက အရေပြားပေါ်မှာရှိတဲ့မွေးညင်းပေါက်ကတစ်ဆင့် ခန္ဓာကိုယ်ထဲ ၀င်ရောက်ကာ အရေပြားပြဿနာဖြစ်နိုင်ပါတယ် ။ အရေပြားပေါ်မှာ အညိုရောင် အစက်အပြောက်တွေဖြစ်တာ၊ အရည်ကြည်ဖုပေါက်တာနဲ့ အလွန်အမင်းယား
ယံတာတွေဖြစ်ပေါ်တတ်ပါတယ်။ ယားယံတာကြောင့် ကုတ်မိတဲ့အခါမှာ တခြားရောဂါပိုးတွေပါ ၀င်ရောက်လာနိုင်ပါတယ်။
#သွေးလှည့်ပတ်မှုပြဿနာဖြစ်ခြ င်း
မှိုနဲ့ထိတွေ့မှုများတာက သွေးလှည့်ပတ်မှုပြဿနာဖြစ်နို င်ပါတယ်။
အသက်ရှူတာ ဒါမှမဟုတ် အရေပြားမှတစ်ဆင့် ၀င်ရောက်လာတဲ့ မှိုတွေက
သွေးလှည့်ပတ်မှုအဖွဲ့ထဲ ရောက်တဲ့အခါမှာ နှလုံးပျက်စီးနိုင်သလို
သွေးခဲမှုပြဿနာနဲ့ သွေးယု
ိစီးမှုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးခုန်နှုန်းမမှန်တာနဲ့ သွေးပေါင်ချိန်ကျဆင်းတာတွေက မှိုဆိပ်တက်တာကြောင့်ဖြစ်တဲ့ သွေးလှည့်ပတ်မှု ပြဿနာတချို့ပါ။ ခန္ဓာကိုယ်ထဲမှာ မှိုတွေ သိပ်များလွန်းနေရင် ရိုးတွင်းခြင်ဆီပျက်စီးတာ၊
သွေးအန်တာ၊ ဦးနှောက်နဲ့ တခြားကိုယ်တွင်းအင်္ဂါအတွင်း သွေးယိုစီးတာတွေပါ ဖြစ်လာနိုင်ပါတယ်။
#အာရုံကြောပြဿနာဖြစ်ခြင်း
အသက်ရှူတာ၊ မျိုချမိတာ ဒါမှမဟုတ် ထိတွေ့မိတာကြောင့် မှိုရဲ့ အဆိပ်တွေဖြစ်တဲ့ Mycotoxin တွေက ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့အခါမှာ ကိုယ်တွင်းအင်္ဂါအားလုံးနီးပါးကို ဒုက္ခပေးနိုင်ပါတယ်။ ဗဟိုအာရုံကြောစနစ်ထဲကို မှိုတွေေ
ရာက်ရှိသွားတဲ့အခါမှာ အပြုအမူ ပြောင်းလဲတာ၊ အတက်ဝေဒနာနဲ့ ကြွက်သားအားပျော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဦးနှောက်ထဲကို ရောက်ရှိသွားတဲ့အခါမှာလည်း ဥာဏစွမ်းအားတွေထိခိုက်သွားနိုင်ပါတယ်။ အာရုံစူးစိုက်ဖို့ ခက်ခဲတာ၊
မှတ်ဥာဏ်ဆုံးရှုံးတာ၊ စာသင်ကြားဖို့ ခက်ခဲတာ၊ ထိုင်းမှိုင်းနေတာတွေက မှိုဆိပ်ကြောင့်ဖြစ်ပေါ်တဲ့ အာရုံကြောပြဿနာတချို့ပါ။
#စိတ်ဓာတ်ကျခြင်း
စိုစွတ်ပြီး မှိုတွေအများအပြားရှိနေတဲ့အိ မ်မှာ နေထိုင်သူတွေက စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ြေ ခ မြင့်မားပါတယ်။ စိတ်ဓာတ်ကျနေတာကလည်း ရင်ကျပ်ပန်းနာလိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ ဖြစ်နိုင်ခြေမြင့်မားတာနဲ့
ဆက်စပ်မှုရှိပါတယ်။
#အိပ်မပျော်ခြင်း
လေထဲမှာရှိတဲ့ မှိုအဆိပ်တွေကို ရှူရှိုက်မိတဲ့အခါမှာ နှာခေါင်းလမ်းကြောင်းမှာ ယားယံပြီး ရောင်ရမ်းလာပါတယ်။ ဒါကြောင့် နှာပိတ်တာ၊ နှာရည်ယိုတာ၊ နှာစေးတာတွေဖြစ်ပြီး အိပ်မရနိုင်ဖြစ်တတ်ပါတယ်။
#မှိုမရှိအောင်ကာကွယ်နည်း
♦ သင့်အိမ်တွင်းမှာ စိုထိုင်းဆက ၅၀ ရာခိုင်နှုန်းအထက်ရှိနေတယ်ဆိုရင်
(မိုးတွင်းကာလမှာ အိမ်တိုင်းကတော့ ၅၀ ရာခိုင်နှုန်းထက်မက ရှိပါတယ်)
Dehumidifier ထားပေးပါ။ အိမ်ထဲက ရေတွေကို မကြာခဏ လဲလှယ်ပေးပါ။
♦ လေ၀င်လေထွက်ကောင်းအောင် မြေအောက်ခန်း (Basement)၊ ခေါင်မိုးအောက် (Attic)၊ ဗီဒိုနဲ့ ရေချိုးခန်း လိုနေရာမျိုးမှာရှိတဲ့ အသုံးအဆောင်နဲ့ ပရိဘောဂပစ္စည်းတွေကို မကြာခဏ ရွှေ့ပြောင်းပေးပါ။
♦ မီးဖိုချောင်၊ အ၀တ်လျှော်ခန်း၊လက် ဆေးဘေစင်တွေလိုမျိုး စိုထိုင်းဆများတဲ့ နေရာတွေကို တတ်နိုင်သမျှ ခြောက်သွေ့အောင် ထားပေးပါ။
♦ ရေယိုရေစိမ့်နေတဲ့ နေရာတွေကို ၂၄ နာရီအတွင်း ဖာထေးပြုပြင်ပါ။
♦ မှိုပေါက်ဖွားလွယ်နိုင်တဲ့နေ ရာတွေ ဖြစ်တဲ့ ရေချိုးခန်း၊ အ၀တ်တန်း၊ အ၀တ်ချိတ်၊ ဗီဒိုလိုမျိုးနေရာတွေကို မှို ရှိ မရှိ ပုံမှန် စစ်ဆေးပါ။
♦ ကလေးကစားစရာတွေနဲ့ အ၀တ်အစားတွေကို မကြာခဏ နေရောင်ပြပြီး အခြောက်လှန်းပါ။
♦ လေအေးပေးစက်မှ လေစစ်ဆန်ခါတွေကို မကြာခဏ သန့်ရှင်းရေးပြုလုပ်ပါ။
♦ သင်ရဲ့ အ၀တ်ဗီဒိုက စိုထိုင်းဆရှိနေရင် မှိုမစွဲအောင် ဗီဒိုထဲမှာ မီးလုံးလေး ထွန်းထားပေးပါ။
♦ အိမ်တွင်းမှာ မကြာခဏ သန့်ရှင်းရေးလုပ်ပေးပါ။ သန့်ရှင်းရေးလုပ်တဲ့အခါမှာလ ည်း လက်အိတ်ဝတ်တာနဲ့ မျက်နှာဖုံးစွပ်တာမျိုးတွေ လုပ်ပေးပါ။
♦ ခြံထဲမှာ ကြွေကျနေတဲ့ သစ်ရွက်တွေ၊ ဆွေးနေတဲ့ သစ်ရွက်တွေကို ပုံမှန် ရှင်းလင်းပေးပါ။
♦ အိမ်တွင်းမှာ မှိုပေါက်ဖွားမှု နည်းအောင် ရေတံလျှောက်မှကျလာတဲ့ ရေတွေ ရေစီးရေလာ ကောင်း၊ မကောင်း ပုံမှန် စစ်ဆေးပြုပြင်ပါ။
♦ အိမ်မှာ မှိုတွေကို သိသာထင်ရှားစွာ မြင်နေရရင် အဲဒီမှိုတွေကို ဖယ်ရှားပြီး အိမ်တွင်း စွတ်စိုမှုများရတဲ့အကြောင်းရ င်းကို ရှာဖွေကာ ပြုပြင်ပေးပါ။
#ဒေါက်တာခင်မိုးမိုး
(Good Health Journal 608)
#Good_Health_Journal_Faceb ook_Page တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်း ပါးများကို ဖတ်ရှုနိုင်ပါသည်။
..........................
မှိုတွေက စွတ်စိုပြီး လေကောင်းလေသန့်မရရှိတဲ့ အဆောက်အအုံတွေမှာ အများဆုံးစုဆောင်းနေတတ်ပါတယ
နေတဲ့ မှိုတွေကို သင်ရဲ့ အရေပြားနဲ့ ထိတွေ့တာ၊ မျိုချမိတာနဲ့ ရှူရှိုက်မိတာတွေကြောင့် သင့်ခန္ဓာကိုယ်ထဲကို ၀င်ရောက်သွားနိုင်ပါတယ်။ အောက်ပါတို့ဟာ မှိုကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေပါ။
#ပန်းနာရင်ကျပ်ဖြစ်ခြင်း
အိမ်တွင်းရှိ မှိုတွေနဲ့ အချိန်အကြာကြီး ထိတွေ့မှုရှိတာကြောင့် ရင်ကျပ်ပန်းနာလိုမျိုး နာတာရှည်ကျန်းမာရေးပြဿနာ ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ရင်ကျပ်ပန်းနာဖြစ်တယ်ဆိုပေမ
စုဆောင်းမှုများနေတဲ့ မှိုတွေကြောင့်ပါ။ ကလေးဘ၀မှာ မှိုနဲ့ ထိတွေ့မှုများခဲ့တာက ရင်ကျပ်ပန်းနာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါ့အပြင် မှိုနဲ့ ထိတွေ့မှုများတာကြောင့် လေပြွန်ရောင်တာလည်း ဖြစ်နိုင်ခြေများပါတယ်။
#ထိပ်ကပ်နာဖြစ်ခြင်း
အိမ်တွင်းမှိုတွေက ထိပ်ကပ်နာဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်ကလေ့လာမှုအရ အိမ်တွင်းမှာ မှိုတွေ အလွန်များပြားနေတာက ကလေး ငါးနှစ် အရွယ်အထိ ထိပ်ကပ်နာဖြစ်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။
#ခုခံအားစနစ်ကျဆင်းခြင်း
အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးတွေမှာ မှိုကြောင့် ခုခံအားပိုမိုကျဆင်းနိုင်ပါ
#ခေါင်းကိုက်ခြင်း
သင်ဟာ မကြာခဏ ခေါင်းကိုက်တတ်သူဖြစ်နေရင် မှိုဆိပ်တက်နေပါပြီ။ မှိုပိုးတွေက လေထဲမှာ ပျံ့နှံ့နေတဲ့အတွက် သူတို့ကို ရှူရှိုက်မိရာမှာ ဓာတ်မတည့်မှုဖြစ်ပြီး ခေါင်းကိုက်တာပါ။ ခေါင်းကိုက်တာနဲ့အတူ အဆစ်နဲ့ ကြွက်သားနာကျင်တာ၊
မောပန်းတာတွေပါ တွဲဖြစ်တတ်ပါတယ်။
#မျက်စိပြဿနာဖြစ်ခြင်း
လေထဲမှာ ပျံ့နှံ့နေတဲ့ မှိုရဲ့ အဆိပ်အတောက် Mycotoxin တွေက မျက်စိထဲကို အလွယ်တကူ ၀င်ရောက်နိုင်တဲ့အတွက် မျက်လုံးရောင်တာ၊ မျက်စိနာတာလိုမျိုး မျက်စိပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
#အရေပြားတွင်အစက်အပြောက်ဖြစ
မှိုတွေက အရေပြားပေါ်မှာရှိတဲ့မွေးညင်
ယံတာတွေဖြစ်ပေါ်တတ်ပါတယ်။ ယားယံတာကြောင့် ကုတ်မိတဲ့အခါမှာ တခြားရောဂါပိုးတွေပါ ၀င်ရောက်လာနိုင်ပါတယ်။
#သွေးလှည့်ပတ်မှုပြဿနာဖြစ်ခြ
မှိုနဲ့ထိတွေ့မှုများတာက သွေးလှည့်ပတ်မှုပြဿနာဖြစ်နို
ိစီးမှုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးခုန်နှုန်းမမှန်တာနဲ့ သွေးပေါင်ချိန်ကျဆင်းတာတွေက
သွေးအန်တာ၊ ဦးနှောက်နဲ့ တခြားကိုယ်တွင်းအင်္ဂါအတွင်း သွေးယိုစီးတာတွေပါ ဖြစ်လာနိုင်ပါတယ်။
#အာရုံကြောပြဿနာဖြစ်ခြင်း
အသက်ရှူတာ၊ မျိုချမိတာ ဒါမှမဟုတ် ထိတွေ့မိတာကြောင့် မှိုရဲ့ အဆိပ်တွေဖြစ်တဲ့ Mycotoxin တွေက ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတဲ့အခါမှာ ကိုယ်တွင်းအင်္ဂါအားလုံးနီးပါ
ရာက်ရှိသွားတဲ့အခါမှာ အပြုအမူ ပြောင်းလဲတာ၊ အတက်ဝေဒနာနဲ့ ကြွက်သားအားပျော့တာမျိုးတွေ
မှတ်ဥာဏ်ဆုံးရှုံးတာ၊ စာသင်ကြားဖို့ ခက်ခဲတာ၊ ထိုင်းမှိုင်းနေတာတွေက မှိုဆိပ်ကြောင့်ဖြစ်ပေါ်တဲ့ အာရုံကြောပြဿနာတချို့ပါ။
#စိတ်ဓာတ်ကျခြင်း
စိုစွတ်ပြီး မှိုတွေအများအပြားရှိနေတဲ့အိ
ဆက်စပ်မှုရှိပါတယ်။
#အိပ်မပျော်ခြင်း
လေထဲမှာရှိတဲ့ မှိုအဆိပ်တွေကို ရှူရှိုက်မိတဲ့အခါမှာ နှာခေါင်းလမ်းကြောင်းမှာ ယားယံပြီး ရောင်ရမ်းလာပါတယ်။ ဒါကြောင့် နှာပိတ်တာ၊ နှာရည်ယိုတာ၊ နှာစေးတာတွေဖြစ်ပြီး အိပ်မရနိုင်ဖြစ်တတ်ပါတယ်။
#မှိုမရှိအောင်ကာကွယ်နည်း
♦ သင့်အိမ်တွင်းမှာ စိုထိုင်းဆက ၅၀ ရာခိုင်နှုန်းအထက်ရှိနေတယ်ဆု
♦ လေ၀င်လေထွက်ကောင်းအောင် မြေအောက်ခန်း (Basement)၊ ခေါင်မိုးအောက် (Attic)၊ ဗီဒိုနဲ့ ရေချိုးခန်း လိုနေရာမျိုးမှာရှိတဲ့ အသုံးအဆောင်နဲ့ ပရိဘောဂပစ္စည်းတွေကို မကြာခဏ ရွှေ့ပြောင်းပေးပါ။
♦ မီးဖိုချောင်၊ အ၀တ်လျှော်ခန်း၊လက် ဆေးဘေစင်တွေလိုမျိုး စိုထိုင်းဆများတဲ့ နေရာတွေကို တတ်နိုင်သမျှ ခြောက်သွေ့အောင် ထားပေးပါ။
♦ ရေယိုရေစိမ့်နေတဲ့ နေရာတွေကို ၂၄ နာရီအတွင်း ဖာထေးပြုပြင်ပါ။
♦ မှိုပေါက်ဖွားလွယ်နိုင်တဲ့နေ
♦ ကလေးကစားစရာတွေနဲ့ အ၀တ်အစားတွေကို မကြာခဏ နေရောင်ပြပြီး အခြောက်လှန်းပါ။
♦ လေအေးပေးစက်မှ လေစစ်ဆန်ခါတွေကို မကြာခဏ သန့်ရှင်းရေးပြုလုပ်ပါ။
♦ သင်ရဲ့ အ၀တ်ဗီဒိုက စိုထိုင်းဆရှိနေရင် မှိုမစွဲအောင် ဗီဒိုထဲမှာ မီးလုံးလေး ထွန်းထားပေးပါ။
♦ အိမ်တွင်းမှာ မကြာခဏ သန့်ရှင်းရေးလုပ်ပေးပါ။ သန့်ရှင်းရေးလုပ်တဲ့အခါမှာလ
♦ ခြံထဲမှာ ကြွေကျနေတဲ့ သစ်ရွက်တွေ၊ ဆွေးနေတဲ့ သစ်ရွက်တွေကို ပုံမှန် ရှင်းလင်းပေးပါ။
♦ အိမ်တွင်းမှာ မှိုပေါက်ဖွားမှု နည်းအောင် ရေတံလျှောက်မှကျလာတဲ့ ရေတွေ ရေစီးရေလာ ကောင်း၊ မကောင်း ပုံမှန် စစ်ဆေးပြုပြင်ပါ။
♦ အိမ်မှာ မှိုတွေကို သိသာထင်ရှားစွာ မြင်နေရရင် အဲဒီမှိုတွေကို ဖယ်ရှားပြီး အိမ်တွင်း စွတ်စိုမှုများရတဲ့အကြောင်းရ
#ဒေါက်တာခင်မိုးမိုး
(Good Health Journal 608)
#Good_Health_Journal_Faceb
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။