Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 1, 2016

ဖောက်ထွက်လာတဲ့ `ဒိုးလုံး´

ဖောက်ထွက်လာတဲ့ `ဒိုးလုံး´
♪ ♪ ဘ၀တစ်သက်စာ ... ဘ၀တစ်သက်စာ ... ငါချစ်လို့သွားမယ် ... မင်းတစ်ယောက်သာ ... ထာဝစဉ်မြတ်နိုးခြင်းနဲ့
နှောင်ရစ်ပြီးချစ်ခဲ့ ... အကြိမ်ကြိမ်ဆိုရဲပါရဲ့ .. ငါအသည်းနှလုံးကွဲအက်ခံမယ် .... ♬ ♪
လက်ဖက်ရည်ဆိုင်လေးထဲကနေ ပလက်ဖောင်းပေါ်လွင့်ပျံလာတဲ့ သူ့သီချင်းတွေကို လူငယ်တွေ သတိထား ရင်ခုန်ဖြစ်ခဲ့ကြတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ် ။ ဒိုးလုံးရဲ့ အော်တာနေးတစ် Alternative ဆိုပြီး ပရိသတ်တွေ စတင်စိတ်
ဝင်တစားဖြစ်ခဲ့ကြရပါတယ် ။ Metal , Rap , Hip Hop ဆိုပြီး များပြားလှတဲ့ ဂီတဝေါရဟာရနယ်ပယ်ထဲကို သူက alternative ကိုသယ်ဆောင်လာခဲ့ပြီး ဒီကပရိသတ်တွေ စိတ်ဝင်တစားဖြစ်အောင် လုပ်ခဲ့ ကြိုးစားခဲ့ နိုင်သူတစ်ဦးပါပဲ။ ဒီလိုနဲ့ သူနဲ့တွေ့ဆုံဖြစ်တော့ ပွင့်လင်းလွတ်လပ်ပြီး ခင်တတ်
မင်တတ်ဖော်ရွေတတ်သူတစ်ဦးလို့ မှတ်ချက်ချဖြစ်ပါတော့တယ်။ ဂီတနယ်ပယ်ကို လမ်းသစ်ထွင်ဖောက်ထွက်လာတဲ့ ဒိုးလုံးနဲ့ စကားဝိုင်းစဖြစ်တော့ ....

ှQ - ကိုဒိုးလုံးနာမည်က အမည်ရင်းပဲလား ။
A - ဟုတ်ပါတယ် ။ အမည်ရင်းပါ ။
Q - ဇာတိက ဘယ်ကလဲ ။
A - တောင်ကြီးကပါ ။
Q - ကိုဒိုး က ခရစ်ယာန်ပဲနော် ။
A - ကျွန်တော် ခရစ်ယာန်ပါ ။
Q - ခရစ်ယာန်တစ်ယောက်ဖြစ်ရတဲ့ အတွက် ဂီတဘက်မှာ ပိုအောင်မြင်တယ်လို့ဆိုရင် ကိုဒိုးဘာပြောမလဲ။
A - ခရစ်ယာန် တစ်ယောက်ဖြစ်ရတဲ့အတွက် ကျွန်တော်ငယ်ငယ်က ဓမ္မတေးသီချင်းအမျိုးမျိုးသီဆိုရင်း ဂီတဘက်မှာ
ပိုပြီး ၀ါသနာပါ အားသန်လာတယ်။ အဆို ၊ အတီးတွေမှာ ပိုပြီး အတွေ့အထိများတဲ့အတွက် အောင်မြင်မှုမှာ ပိုပြီး
အထောက်အကူဖြစ်လာရတယ်။ ဗီဇ ၊ ပိုး ၊ Skillful ဆိုတဲ့အပိုင်းကတော့ ဘုရားက ပေးမှသာရနိုင်တယ်လို့ ကျွန်တော်
ယုံကြည်တယ်။
Q - ကိုဒိုးရဲ့ သီချင်းတွေအားလုံးကို ကိုဒိုးပဲ ရေးသလား။
A - ကျွန်တော်ကိုယ်တိုင်မရေးဘဲ ဆိုတဲ့သီချင်း သုံးလေးပုဒ်အပြင် မရှိပါဘူး။
ှQ - ဂီတခံစားမှုမှာ သံစဉ်နဲ့စာသား ဘာကပိုပြီး အဓိကကျတယ်လို့ ထင်လဲ။
A - စာသားကောင်းလည်း သံစဉ်မကောင်းလို့ မဖြစ်သလို သံစဉ်ကောင်းလည်း စာသားမကောင်းလို့ ဘယ်လို Top Song တစ်ပုဒ် ဖြစ်လာနိုင်ပါ့မလဲ။
Q - Copy နဲ့ မူပိုင်သီချင်းတွေအပေါ် အမြင်လေးပြောပါဦး။
A - Copy ဆိုတာ စာသား သို့မဟုတ် သံစဉ်၊ ဒါမှမဟုတ် (၂)ခုစလုံးကို Copy လုပ်တာကို Copy Song ။ မူပိုင်ဆိုတာကတော့ တစ်မျိုးမျိုးကို မှီငြမ်းဦးတော့ တစ်ခုကိုမှ Copy မလုပ်လို့ မူပိုင် Song။ ကျွန်တော်ဒီလိုပဲမြင်တယ်။
ှQ - ကိုဒိုးရေးခဲ့တဲ့သီချင်းတွေထဲမှာ ဘယ်သီချင်းကို အနှစ်သက်ဆုံးလဲ။
A - First Series အရိုးထိအောင်ရူးကို တခြားအခွေနဲ့ ၊ တခြားသီချင်းတွေနဲ့ယှဉ်ရင် အားလုံးလိုလို ကျွန်တော်နှစ်သက်တယ်လို့ ပြောလိုရနိုင်ပါတယ်။
Q - လက်ရှိဘာတွေလုပ်နေလဲ။ ဘာတွေဆက်လုပ်ဖို့ရှိလဲ။
A - ကျွန်တော်သီချင်းတွေရေးတယ်။ ဆိုတယ် ။ VCD ရိုက်ဖို့ ပြင်ဆင်နေတယ်။ ကျွန်တော် အဲဒါတွေပဲဆက်လုပ်ဖို့ ရှိပါတယ်။
Q - မော်ဒန်အန်းတစ်အပေါ် ကိုဒိုး ဘာပြောစရာရှိမလဲ။ ကျေနပ်နှစ်သက်နိုင်ရဲ့လား။
A - ပြောစရာအထူးအထွေမရှိပါဘူး။ ကျွန်တော်ဝါသနာပါတာကို လုပ်ရတယ်ဆိုတော့ ကျေနပ်နှစ်သက်ပါတယ်။
Q - Alter Music ကို ဒီမှာ ကိုဒိုးကစတင်မိတ်ဆက်ခဲ့တယ်လို့ ယူဆကြတဲ့အပေါ် ကိုဒိုးအမြင်ပြောပါဦး။
A - ကျွန်တော့်ကို ဒီလို ယူဆကြတဲ့အတွက် ကျွန်တော့်အမြင်ကိုပြောရရင် ကျွန်တော် ဒီအတွက် ထင်မြင်ယူဆဖို့လောက် ဘယ်ကပါ့မလဲ။ ကျွန်တော့်ဘ၀တစ်ခုလုံးနဲ့ရင်းပြီး ဒီလိုဖြစ်အောင် ကျွန်တော့်ဘ၀၊ ကျွန်တော့်တေးသီချင်းနဲ့
ကျွန်တော်တစ်ထပ်တည်းကိုဖြစ်နေပါပြီ။
Q - အားကျလေးစားခဲ့တဲ့ အနုပညာရှင်ရှိလား။
A - အများကြီးရှိတယ်။ အများကြီးကိုရှိတာပေါ့။
Q - ဂီတအပေါ် စိတ်ဝင်တစားဖြစ်တဲ့ အချိန်ကနေပြ်ီး Alter ဆိုပြီး ဖြစ်သွားတဲ့အထိ ဘယ်လိုတွေ့ကြုံ ဖြတ်သန်းခဲ့ရပါသလဲ။
A - ကျွန်တော့်အမေကိုမေးပြီး ၀တ္တုရေးပါဆိုရင်တောင် တစ်နေ့တစ်မျိုး မရိုးတဲ့ပုံပြင်တွေ ဇာတ်လမ်းတွေဖြစ်ဦးမှာလို့
ကျွန်တော့်အမေကဖြေပါလိမ့်မယ်။
Q - ဒိုးလုံးဆိုပြီးဖြစ်သွားတဲ့အချိန်မှာ အောင်မြင်ကျော်ကြားမှုအပေါ် သာယာမိသလား။
A - Fame ဆိုတဲ့ ကျော်ကြားမှုကို လဲလို့ မရဘူး။ ၀ယ်လို့မရဘူး။ ကျွန်တော်အရမ်းကို သာယာယစ်မူးနေလွန်းလို့
ကျွန်တော့်အမေရဲ့ဆူပူမှုကို နေ့တိုင်းခံရတယ်။ နင့်ရဲ့သရဖူဟာ အေးတဲ့သရဖူမဟုတ်ဘူး။ ပူနေတဲ့ သရဖူတဲ့။ ဟုတ်လိုက်လေ။ ဒီအောင်မြင်ကျော်ကြားမှုကို ထိန်းထားနိုင်ဖို့၊ ထိန်းထားဖို့ ကျွန်တော့်ရဲ့ အဖိုးတန် Personal တွေ
တော်တော်များများပေးလိုက်ရ၊ လဲလိုက်ရပြီလေ။
Q - အရိုးထိအောင်ရူးကနေ အကောင်းဆုံးတေးအထိ ကိုဒိုးလုပ်ခဲ့တာ ....
A - ကျွန်တော့်ရဲ့ Single ခွေတွေရယ်၊ ကျွန်တော့်ကို Wall Sheet ပေါ် ဓာတ်ပုံတင်ကြော်ငြာတဲ့ခွေတွေကတော့ (၇)ခွေ
ရှိပါတယ်။ တစ်ပုဒ် နှစ်ပုဒ် ပါဝင်သီဆိုတဲ့ ခွေတွေလည်း အရင့်အရင်တုန်းက ရှိပါသေးတယ်။
Q - အဲဒီအထဲမှာ ဘယ် Series ခွေကို အနှစ်သက်ဆုံးလဲ။
A - ခုနပြောသလိုပဲ ၊ ပထမဆုံးဖြစ်တဲ့ အရိုးထိအောင်ရူး အခွေလို့ဖြေရမှာပဲ။
Q - ကိုဒိုးကို အနုပညာရှင်တွေထဲမှာ စိတ်ရင်းကောင်းပြီး ဖော်ရွေသူတစ်ယောက်လို့မြင်ကြတယ်။ အဲဒီအချက်ဟာ
လူမှုဆက်ဆံရေးအပိုင်းမှာ အားနည်းချက် ဒါမှမဟုတ် အားသာချက်ဆိုပြီး ကိုဒိုးဘယ်လိုမြင်လဲ။
A - သူများတွေရဲ့ အမြင်ကိုတော့ ကျွန်တော့်အပေါ် ဘယ်လိုမြင်မြင်၊ မြင်မြင်သမျှကို လက်ခံဖို့ အသင့်ပြင်ဆင်ထား
ပါတယ်။ ကျွန်တော်မြင်မြင်သမျှကိုလည်း ကျွန်တော့်ကိုချစ်ခင်အားပေးကြသော တေးချစ်သူအပေါင်းက နားလည်
လက်ခံပေးကြဖို့ တောင်းပန်ရမှာပေါ့နော်။
Q - ခေတ်ပေါ်ဂီတ Metal , Heavy Metal , Rap , Hip Hop တွေထဲကနေ ကိုဒိုးကို ဖောက်ထွက်လာသူလို့ပြောရင်
ဘယ်လိုခံစားရမလဲ။
A - အဲဒီိလိုပြောလာရင်တော့ ကျွန်တော်ကျေနပ်ရပြီပေါ့ ။ ကျွန်တော် ဖောက်ထွက်လာနိုင်အောင်လို့ ဘ၀နဲ့ရင်းပြီး ကြိုးစားခဲ့ရပါတယ်။
Q - ဒိုးလုံးမဖြစ်ခင် ဘ၀ခရီးလမ်းက ကြမ်းတမ်းခဲ့သလား။
A - ကျွန်တော့်သီချင်းတွေဟာ ကျွန်တော်ရဲ့ တကယ့်ဘ၀တွေပါပဲ။
Q - ခေတ်အခြေအနေနဲ့ ဒီနေ့ အဆိုတော် အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါမှာ မိမိဖြစ်တည်မှုအပေါ် ကျေနပ်နှစ်သက်နိုင်သလား။
A - ကျွန်တော်ရဲ့ ဖြစ်တည်မှုကို ကျွန်တော်ကျေနပ်တယ်။ မကျေနပ်ဘူးလို့ မပြောချင်ဘူး။ အဲဒီဟာတွေပြောရတာ
ဦးနှောက်ထဲထည့်စဉ်းစားနေလို့ ပြီးမယ့်အရာတွေ မဟုတ်လို့ပါ
Q - Alter ဟာ မြန်မာတွေနဲ့ အသားကျပြီလား။
A - ကျွန်တော်မြန်မာပါ ။ ကျွန်တော့်တေးသီချင်းများဟာ နားသောတဆင်ကြတဲ့လူတွေနဲ့ အသားကျနေရင် Alter
ဟာ မြန်မာတွေနဲ့ အသားကျနေပြီပေါ့နော်။
Q - မြန်မာ့ဂီတနယ်ပယ်မှာ ဘယ်ဝိုင်းကို အနှစ်သက်ဆုံးလဲ ။
A - No man is Perpect. No Band is perfect.
ှQ - အောင်မြင်မှုရရှိပြီးသား လူငယ်တစ်ဦးအနေနဲ့ မြန်မာလူငယ်ထုအပေါ် ဘယ်လိုသုံးသပ်မလဲ။
A - မြန်မာလူငယ်ထုဟာလည်း ကမ္ဘာ့တေးဂီတစီးကြောင်းကြီးထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ လိုက်ပါလာပါတယ်။
ကျွန်တော်က သီချင်းပဲ ရေးတတ်ဆိုတတ်တော့ တေးဂီတအကြောင်းပဲပြောရတာပေါ့နော်။
Q - ဘ၀တစ်ခုအောင်မြင်ဖို့ ဘာတွေလိုအပ်မယ်လို့ထင်ပါသလဲ။
A - ကျွန်တော်ဝါသနာပါတဲ့ တေးဂီတကို ကြိုးစားပြီး ဒိုးလုံးလို့ဖြစ်လာခဲ့တဲ့ ဒီကနေ့ ၊ဂီတမှာ အောင်မြင်မှုကိုရတယ်လို့ပြောရင်ရမယ်။ ဘ၀တစ်ခုလုံး မအောင်မြင်သေးတာတော့ ဘာလိုအပ်နိုင်တယ်လို့ မပြောတတ်ဘူး။
Q - ခေတ်ကိုဦးဆောင်ဖို့ ကိုဒိုးလုံးတို့မှာရော တာဝန်ရှိတယ်လို့ထင်ပါသလား။
A - လူမှာ တာဝန်တစ်မျိုးပဲ ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ရှေ့ကဦးဆောင်တဲ့တာဝန်ကိုမယူရင် နောက်ကလိုက်တဲ့ တာဝန်ကိုပဲ ယူရမယ်လေ။ ကျွန်တော်ကတော့ ရှေ့ကဦးဆောင်တဲ့တာဝန်ကိုပဲယူချင်တယ် ။
Q - အမျိုးသားကဇာတ်ရုံမှာ ဆုချိတ်ခဲ့တဲ့ သီချင်းလေးကိုရော ပြန်သုံးစွဲဖို့ အစီအစဉ်ရှိပါသလား ။
A - ပြန်သုံးစွဲဖို့ အစီအစဉ်ရှိပါတယ် ။
ှQ - ကိုဒိုးရဲ့ Studio နဲ့ပတ်သက်ပြီး အတွေ့အကြုံလေးတွေ ပြောပြပါဦး။
A - အဲဒီ Studion ကြီးက ကျွန်တော့်ဦးနှောက်ကို သွေးဆောင်ဖမ်းစားနေတဲ့၊ ကျွန်တော့်ကိုအနားမပေးတဲ့ စက်တွေလေ။ မကိုင်ဘဲ မနေနိုင်ဘူး။
Q - ကိုဒိုးလုံးအနေနဲ့ စာနယ်ဇင်း အင်တာဗျူးများအပေါ် အမြင်လေးပြောပါဦး။
A - စာနယ်ဇင်း အင်တာဗျူးတွေဟာ သူတို့အလုပ်တွေကို သူတို့လုပ်နေကြတဲ့သူတွေ။ အနုပညာသမားတစ်ယောက်
မအောင်မြင်ခင်ဆိုရင် သူတို့နောက်ကိုလိုက်ရတယ်။ သူတို့ကမှ ကိုယ်ဖြစ်ချင်တာ၊ အနုပညာသမားတစ်ယောက်အနေနဲ့
လူသိများထင်ပေါ်ကျော်ကြားလာအောင် ပံ့ပိုးကြော်ငြာပေးမယ့် သူတွေဖြစ်တာကိုး ။ အောင်မြင်ကျော်ကြားပြီဆိုရင်တော့
သူတို့က အနုပညာသမားနောက်ကို လိုက်ကြရပြန်ရော။တစ်ယောက်တစ်လှည့် လိုက်တမ်း ပြေးတမ်းပေါ့နော်။
ှQ - ဒါက ပိတောက်မြေ မဂ္ဂဇင်းတိုက်အတွက် အင်တာဗျူးတာဆိုတော့ ကိုဒိုးအနေနဲ့ ပိတောက်မြေမဂ္ဂဇင်းကတဆင့်
ပရိသတ်ကို ပြောချင်တာရှိရင် ပြောပါဦး။
A - ပိတောက်မြေမဂ္ဂဇင်းမှ တစ်ဆင့် ပရိသတ်အပေါင်း အထူးကျေးဇူးတင်ပါကြောင်းနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၊
ဘုန်းကြီးကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ခင်ဗျား ။ Bye Bye Them .
ပိတောက်မြေမဂ္ဂဇင်းကနေ တေးသံရှင် အဆိုတော်များနဲ့ တွေ့ဆုံပြန်ကြားပေးတဲ့ အစီအစဉ်လေးမှာ ကိုဒိုးလုံးနဲ့
တွေ့ဆုံပြီးတော့ ပရိသတ်အတွက် ခံစားရင်ခုန်နိုင်ကြစေဖို့ အင်တာဗျူးပြီးပြန်တော့ ဦးလူနီလမ်းထဲကအထွက်မှာ
အနောက်ဘက်မှာ ပြာရီမှောင်ညို့နေတဲ့ ကောင်းကင်ပြင်ကြီးကိုကြည့်ရင်း သင်္ကြန်လက်ဆေးမိုးများ ရွာဦးမှာလားလို့
တွေးဖြစ်ပါတယ် ။ သင်္ကြန်လက်ဆေးမိုး ရွာပြီးရင်တော့ ပိတောက်ပန်းတွေပွင့်ဝေ သင်းပျံ့ဦးမှာပဲလို့ ရင်ခုန်လိုက်မိပါတယ်။
ပိတောက်ရနံ့တွေနဲ့အတူ ကိုဒိုးလုံးကို ခူးဆွတ်ပြီး ပရိသတ်လက်ထဲထည့် ပေးလိုက်ရပါတယ်။ ပရိသတ်ရဲ့
ရင်ခုန်မှုများမှာ ကိုဒိုးလုံးရဲ့ အနုပညာများ လန်းဆန်းစွာ ပွင့်ဝေတည်မြဲနိုင်ပါစေလို့ ။
ပိတောက်မြေနှင့် ပရိသတ်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။
#ဇော်ဇော်ပိုက်ထွေး
#ပိတောက်မြေမဂ္ဂဇင်း
#2003_June
စာစီကျေးဇူးရှင် တောင်ပေါ်ကငရှမ်း
#အမည်ရင်းမှာ ခွန်နေလင်းနိုင်ဖြစ်သော်လည်း ဒိုးလုံးဟုသာ ဖြေကြားထားပါသည်။
ဤကား စကားချပ်။
ပထမအကြိမ်တင်ပြီးဖြစ်ပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။