ငှက်ပျောသီး နှင့် ၀မ်းချုပ်ခြင်း
************************** **
ငှက်ပျောသီး ပုံမှာပြထားသလို အညိုပြောက်များ ပေါ်လာပြီဆိုရင်
မည့်ပြီလို့ ယူဆရပါတယ် ။
သဘာဝအတိုင်း မှည့်တာဆိုရင် ၀မ်းပျော့စေပါတယ် ။
ငှက်ပျောသီးဟာ အစိမ်းရောင်များနေရင် သကြားဓါတ်ထက်
စတာ့ ( Starch ) ကစီဓါတ် ကော်ဓါတ် ပိုများနေပါတယ် ။
မှည့်သောအခါမှ သကြားဓါတ်က များလာပြီး ကစီဓါတ် လျော့ကျ
သွားပါတယ် ။
ထို့ ပြင် စိမ်းနေစဉ်မှာ pectin အစေးဓါတ် များပြားနေပါတယ် ။
ကစီဓါတ်ဟာ သကြားဓါတ်လို ပျော်ဝင်မှု မမြန်ပါဘူး ။ စေးကပ်
နေတဲ့အတွက် ၀မ်းချုပ်စေပါတယ် ။
Pectin အစေးဓါတ်ဟာလည်း ပွလာပြီး စေးကပ်လာတဲ့အတွက်
ရွေ့ လျားမှု နှေးကွေးပြီး ၀မ်းချုပ်စေပါတယ် ။
သဘာဝအလျောက် အမည်းပြောက်များပေါ်လာပြီး သေချာမှည့်တဲ့
ငှက်ပျောသီး ကို စားရလျင်တော့ ၀မ်းပျော့စေပါတယ် ။
.
ငှက်ပျောသီးကို ၀မ်းချုပ်စေတဲ့ အသီးစာရင်းထဲ ထည့်ရခြင်းအကြောင်း
မရှင်းတဲ့ မိတ်ဆွေများ အတွက် ပြန်ရှင်းပြတာပါခင်ဗျာ ။
ယခုကာလ ဆေးနဲ့ မှည့်အောင်ဖန်တီးထားတဲ့ ငှက်ပျောသီးဘဲ အလွယ်
တကူ ရနိုင်ပါတော့တယ် ။
ငှက်ပျောခြံ ရှိလျှင် ၊ ခြံ နီးလျှင်တော့ ကံကောင်းပါတယ် ခင်ဗျား ။
.
တဆက်တည်း ဒိန်ချဉ် နဲ့ နွားနို့ က ၀မ်းချုပ်စေတယ်ဆိုတာ ရှင်းပြပါမယ် ။
ဒိန်ချဉ် တို့ နို့ တို့ တခါတရံ သောက်မိရင် ၀မ်းပျော့ပျော့ သွားတတ်ပါတယ် ။
စွဲစွဲမြဲမြဲ သောက်လာရင်တော့ ၀မ်းချုပ်စေပါတယ် ။ နူးညံ့ပြီး နှေးကွေးစွာ
အစာချေရခြင်း ၊ စုပုံလာခြင်းကြောင့် ကြာတဲ့အခါ ၀မ်းဟာ ကျစ်ခဲလာ
တတ်ပါတယ် ။ ဒါကြောင့် ၀မ်းချုပ်စေပါတယ် ။
.
ကျန်းမာကြပါစေ
ဒေါက်တာမြင့်သိန်း
၁၅ စက်တင်ဘာ ၂၀၁၅
**************************

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။